Showing posts with label ထူးဆန်းထွေလာ. Show all posts
Showing posts with label ထူးဆန်းထွေလာ. Show all posts
Tuesday, 11 October 2011
လျှာရှည်ကြသူ စစ်စစ်များ
Record For Longest Tongue
worlds longest tongue
Chanel Tapper Enters 2012 Edition Guinness Book of World Records For Longest Tongue
California Student Chanel Tapper has entered the 2012 Edition of the Guinness Book Of World Records for having the longest tongue in the world.
Her lizard-like tongue measures 3.8 in (9.75cm) from its tip to top lip and is twice as long as the average human tongue.
Chanel Tapper’s impressive record speaking tool is the same width as the palm of your hand and stretches out the same length of a Apple iPhone.
She first noticed her tongue was longer than normal when she was eight-years-old and had photos taken with her mom for Halloween but as she’s got older the reaction she gets from most people is the same when she pops her world record tongue out at them:
“They’ll ask me to do it again.”
“Some girls/women have screamed and jumped back and if there are other people around they person who saw my tongue will tell the nearest next to them.
“I’ll often get asked questions like. ‘can you touch your nose or elbow? and ‘Do you choke people when you kiss them?
“But always one way or the other they’re entertained by seeing it”, said the proud new world record holder.
Also featuring in the new 2012 Guinness World Record Book is Christine Walton, 45, from Las Vegas, who has 10ft 2in (3.1m) fingernails on her left hand and 9ft 7in (2.92m) talons on her right hand. Joining the record holders is Aevin Dugas from New Orleans,US, who also gets an entry for having grown the world’s largest natural Afro. Her massive head of hair has a circumference of 4ft 4in (1.32m).
မြန်မာလိုလျှာရှည်တယ် လျှာရှည်တယ်လို့ပြောကြတာ သူတို့လောက်တော့မရှည်ကြပါဘူးနော်။
Stephen Taylor of the UK holds the record for the world's longest tongue. It measures 9.4 centimetres from the tip to the centre of his closed top lip. German student Annika Irmler holds the record for longest female tongue, at 7 centimetres. The tongue below does not belong to Annika Irmler, but could it be a challenger?
longest tongue
  လျှာကရှည်ယုံတင်မဟုတ်ဘူးနော်...လျှာရှည်ပြားပေါ့။
Annika Irmler: Longest Tongue
Annika Irmler was a student from Germany, with a tongue that is longer than average length of a normal human tongue itself successfully listed in the Guinness Book Of The Record, when he was 12 years old Annika derived from Tangstedt, near Hamburg, Germany was able to lick the bottom of Ice Cream pembungusnya rest shaped like a trumpet was his friends have to scrape the remaining ice.
The longest human tongue ever recorded was that of Stephen Taylor and measures 9.8 centimetres.Is this an unfeasably large tongue? Could it be the largest in the world or can someone beat me to it? I'm laying down the gauntlet, let the tongue wars begin... 
မမြင်ဖူးရင် ယုံချင်မှယုံမှာ.....တော်တော်ကို ရှည်တဲ့ လျှာရှည်သူတွေပဲနော်။
Tuesday, 13 September 2011
ကမ္ဘာ့နားရွက်အရှည်ဆုံး ခွေး
ဒီခွေးကြီးကို မြင်လိုက်တာနဲ့ ခွေးပျံတစ်ကောင်များ ဖြစ်လေမလားဆိုပြီး အားလုံးက ထင်ယောင်ထင်မှား ဖြစ်သွားကြမှာပါ။ ဘယ်ဘဝကုသိုလ်ကံ တွေကြောင့် သူ့ရဲ့နားရွက်က အခုလောက်တောင် ရှည်ထွက်နေရသလဲ မသိပါဘူး။အဲဒါကြောင့် ခွေးချင်းအတူတူ တခြားခွေး တွေထက် ထူးခြားမက ထူးခြားတဲ့ဒီခွေးကြီးကို ကမ္ဘာ့နားရွက်အရှည်ဆုံး ခွေးအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖွဲ့က တညီတညွတ်တည်း အသိ အမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။ နားရွက်ရှည်လျားကြီးမားတဲ့ သူတွေကို Óဏ်ပညာကြီးမားတယ်လို့ပြောချင်ကြတယ်ဆိုရင် ဒီခွေးကြီးဟာလည်း ပညာရှိခွေးကြီး ဖြစ်ကောင်းဖြစ်မယ်ထင် ပါရဲ့။ သူ့ရဲ့နားရွက်ရှည်လျားပုံကို တင်ပြရ မယ်ဆိုရင်ဘယ်ဖက်နားရွက်က၁၂ ၁/၄လက်မ၊ ညာဖက်နားရွက်က ၁၃ ၁/၂ လက်မတောင် ရှိပါတယ်။ လာဗာလို့အမည်ရတဲ့ ဒီခွေးရဲ့ ပိုင်ရှင် ဂျင်နီဖာဝပ်က "သူ့အနားက ဖြတ် သွားတဲ့ကားတွေဆိုရင်သူ့ရဲ့နားရွက်ကို အနီး ကပ်ကြည့်ဖို့ ရှေ့ဆက်မသွားဘဲ ရပ်လိုက် ရတဲ့အထိပါပဲ။ သူဟာ ကမ္ဘာမှာအလွန် အထင်ကြီးစရာကောင်းတဲ့ ခွေးတစ်ကောင်ဖြစ်နေပါပြီ"လို့ ချီးမွမ်းပြော ဆိုသွားခဲ့ပါတယ်။ ဂင်းနစ်အဖွဲ့ရဲ့အဆိုအရ သူ့ရဲ့နားရွက်နှစ်ဖက်အရှည် ဟာ ၂၃.၅ လက်မပဲရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံး လူသား (ဂျန်ရေးဘဲလ်လော်ဝိန်း)ထက် ပိုရှည် သလို ၂၆ လက်မရှိတဲ့ ကမ္ဘာ့အသေးဆုံး တရား ဝင်မောင်းနှင်ခွင့် ရကားထက်လည်း ပိုရှည်ပါ သတဲ့ ။နောက်ပြီး ၆လက်မပဲရှိတဲ့ ကမ္ဘာ့အရပ် အပုဆုံးခွေးလေးကို သူ့ရဲ့ နားရွက်ကြီး ပေါ်မှာ ချော့မော့သိပ်ထားလို့ တောင်ရတယ်လို့ ဆိုပါတယ်။
Friday, 9 September 2011
ခြေအတုနဲ့ တိရိစ္ဆာန်များ
ထိုင်း-မြန်မာ နယ်စပ် က Motala ဆိုတဲ့ဆင်ဟာ ၁၉၉၉ ခုနှစ် လောက်က မြေမြုပ် မိုင်း ကို နင်းမိခဲ့ ၍ ခြေထောက် ကျိုးသွားခဲ့ပါတယ်။ ဆရာဝန်များ က အစွမ်းကုန်ကုသခဲ့သော်လည်း သူရဲ့ရှေ့ခြေထောက် တဖက် ဟာ တခြား ခြေထောက် များထက် တိုသွားခဲ့ပါတယ်။ ၂၀၀၅ ခုနှစ်တွင် ထိုင်းနိုင်ငံ Asian Elephant's hospital မှ Motala အား သစ်သား အမူန်.တွေ နဲ. ဖြည်.ထားတဲ့ခြေအိတ် တခု ကို တပ်ဆင် ပေးခဲ့ခြင်းဖြင့် အခြားခြေထောက်များ နှင့်အညီ ဖြစ်သွားခဲ့ပါတယ်။ Motala ကလဲ ကျေကျေနပ်နပ် နဲ့ အသုံးပြုနေပါတယ်။
Tonka ဆိုတဲ့လိပ် ဟာ ခွေးကိုက်ခံ ရသဖြင့်သူ၏ ခြေတဖတ် ကျိုးသွားခဲ့ပါသည်။ ကျွန်းဆွယ်မှ စေတနာရှင် အလုပ်သမားများမှ အရုပ်ဘီးလုံး ကလေး ဖြင်. လုပ်ရှားစေခဲ့ပါတယ်။ အစပိုင်းမှာတော့ဖြည်းဖြည်း ရွေ့လျားခဲ့ရပြီး ၂ရက် ၃ ရက်လောက် အကြာမှာတော့တော်တော်လေး နေသားကျသွားခဲ့ပါတယ်။
အမေရိကန်နိုင်ငံ ၂၀၀၅ နှစ် ကတ်သရီနာ မုန်းတိုင်း ကြောင့်ပိုင်ရှင်မဲ့ ဖြစ်ခဲ့ရတဲ့Molly ဆိုတဲ့ မြင်းကလေးဖြစ်ပါတယ်။ မုန်းတိုင်း နောက်မှာတော့ သူ့အား ပိုင်ရှင်မဲ့ တိရာစ္ဆာန်များ ထားတဲ့လယ်ကွင်း မှာ ထိန်းသိမ်းထားခဲ့ ပါတယ်။ ထိုအချိန်အတွင်း ခွေးတကောင် ရဲ့ဆိုးဆိုးရွားရွား ကိုက်ဖြတ်ခြင်း ကို ခံခဲ့ ရခြင်းကြောင့်သေလုနီးပါ ဖြစ်ခဲ့ပါတယ်။
သူ့ရဲ့ညာဘက် ခြေထောက် ဟာ ဆိုးဆိုးရွားရွား ပျက်စီးခဲသဖြင့်ဖြတ်တောက် ပစ်လိုက်ရပြီး ခြေတု နဲ့ ဆက်လက် လုပ်ရှားနေပါတော့တယ်။ 
                                                                                                  Ref: Tun Tun
ဝလို့လှလို့တဲ့နော်
ပေါင်ချိန်စက်တောင် နိုင်ပါ့မလား
ဆိုဖာခုံမို့လို့၊ သစ်သားခုံဆို ကျိုးကျလောက်ပါရဲ့
လူတွေမှာ ရည်မှန်းချက်အမျိုးမျိုးရှိကြပေမယ့် သူ့ရဲ့ရည်မှန်းချက်ကတော့ အံ့သြထူးဆန်းစရာပါ။ အသက်(၃၂)နှစ်အရွယ် ဆူဆန်နီဟာ အမေရိကန်နိုင်ငံ အရီဇိုးနားပြည်နယ်သူဖြစ်ပြီး ပေါင် ၁၆၀၀ ရှိတဲ့ကမ္ဘာ့အ၀ဆုံး အမျိုးသမီးဖြစ်လာဖို့ တစ်နေ့ကိုကယ်လိုရီ အနည်ဆုံး ၂၀၀၀၀ စားသောက်ပါတယ်။ အရင်က ကမ္ဘာ့အ၀ဆုံးစံချိန်က ပေါင်၁၆၀၀ ရှိပြီး သူမကတော့ ပေါင်၂၀၀၀ လောက်ထိဝချင်ပါတယ်တဲ့။ ဒီလိုဝလွန်းနေတာကြောင့် အလုပ်မလုပ်နိုင်ဘဲ နေ့စဉ်ပုံမှန်လေ့ကျင့်ခန်းများသာ လုပ်နိုင်ပါတယ်လို့ ဆိုပါတယ်။ ကဲ.....၀ချင်ကြလား တစ်နေ့ကို ကယ်လိုရီ ၂၀၀၀၀ သာစားနော့...။ သူ့လိုပဲ ၀တဲ့အမျိုးသမီးတွေလည်း ရှိပါသေးတယ်။ အောက်ကပုံလေးတွေကိုကြည့်လိုက်ကြပါဦး။ အသက်မရှူကြနဲ့နော်။
Thursday, 8 September 2011
ချိုင်းထောက်မှသည်ကမ္ဘာ့အမြန်ဆုံးသို့
လွန်ခဲ့တဲ့ နှစ်များစွာက အမေရိကား ကင်းဆပ်ပြည်နယ်ရဲ့ အဲလ်(က)ဟာ့တ်  မြို့လေးမှာ ညီအစ်ကို ၂ယောက်ရှိပါတယ်.. သူတို့ညီအစ်ကို ၂ယောက်ဟာ မြို့ကလေးက ကျောင်းတစ်ကျောင်းမှာ အလုပ်လုပ်ပါတယ်.. သူတို့၂ယောက်ဟာ နေ့စဉ်နေ့တိုင်း မနက်စောစော ကျောင်းကို သွားပြီးတော့ ကျောင်းခန်းထဲမှာရှိတဲ့ မီးဖိုကြီးထဲကို ကျောင်းသားတွေ မရောက်ခင် မီးမွှေးပေးရပါတယ်.. ချမ်းအေးလွန်းလှတဲ့ မနက်ခင်း တစ်ခုမှာ အစ်ကိုဖြစ်သူက မီးဖိုကို သန့်ရှင်းရေးလုပ်ပါတယ်.. ပြီးတော့ မီးဖိုကြီးထဲကို ထင်းတွေနဲ့ ဖြည့်နေပါတယ်.. ညီဖြစ်သူက ရေနံဆီပုလင်းကို ကိုင်လာပါတယ်… ပြီးတော့ မီးဖိုပေါ်က သစ်တုံးတွေပေါ် လောင်းချလိုက်ပြီး မီးမွှေး လိုက်ပါတယ်.. ရုတ်တရက် မထင်မှတ်တဲ့ ပေါက်ကွဲ မှုကြီး ဖြစ်ပွားပြီး မီးဖိုဟောင်းကြီးတစ်ခုလုံး ပြိုကျသွားပါတယ်.. အဲဒီမှာ အစ်ကိုဖြစ်သူက သေဆုံး သွားပြီးတော့ ညီဖြစ်သူရဲ့ ခြေထောက်မှာ ပြင်းပြင်းထန်ထန် မီးလောင်ကျွမ်းခြင်းကို ခံလိုက်ရပါတယ်.. နောက်ပိုင်းမှ သိရတာက ပုလင်းထဲကို ရေနံဆီအစား ဓာတ်ဆီကို မှားဖြည့်မိတဲ့အတွက် မီးလောင်လွယ်လွန်းတဲ့ ဓာတ်ဆီကြောင့် ပေါက်ကွဲမှုကြီး ဖြစ်သွားတယ် ဆိုတာပါဘဲ…………….
ဆရာဝန်က ကောင်လေးရဲ့ ခြေထောက်က ဒဏ်ရာကို ကြည့်ပြီး အခြေအနေဆိုးလွန်းတဲ့ အတွက် ဖြတ်တောက်ပစ်မှ ရမယ်လို့ ပြောပါတယ်… ဆရာဝန်ရဲ့ စကားကို ကြားရတဲ့ မိဘတွေမှာ ၀မ်းနည်းပက်လက် ယူကြုံးမရ ဖြစ်ရပါတယ်.. သူတို့မှာ သားတစ်ယောက်လဲ ဆုံးရှုံးရပြီ.. အခု သားအငယ်ရဲ့ ခြေထောက်ကို လဲ ဆုံးရှုံးရ ပြန်ဦးမယ်ဆိုတော့ ဘယ်မှာလာပြီး စိတ်ကောင်းနိုင်ပါတော့မလဲ.. ဒါပေမဲ့လည်း သူတို့ရဲ့ ယုံကြည်ချက် ကိုတော့ မစွန့်လွှတ်ပါဘူး…. သူတို့သားလေး ခြေထောက် ဖြတ်ဖို့ရက်ကို ရွေ့ဆိုင်းပေးဖို့ ဆရာဝန်ကို တောင်းဆိုပါတယ်… အဲလိုနဲ့ တစ်ရက်ပြီးတစ်ရက် ဆရာဝန်ကို တောင်းပန်ပြီး ရက်တွေ ရွေ့နေတုန်းမှာဘဲ ကောင်လေးရဲ့ ခြေထောက် ပြန်ကောင်းလာဖို့ နေ့တိုင်း ယုံယုံကြည်ကြည်နဲ့ ဆုတောင်းရင်းနဲ့ စောင့်ကြည့်နေကြပါတယ်… နှစ်လလောက်အကြာမှာ ဆရာဝန်နဲ့ မိဘတွေအကြား အငြင်းပွားစရာ ဖြစ်လာပါတယ်.. ခြေထောက်ကို ဖြတ်တောက် ကုသဖို့ မကုသဖို့ပေါ့… ဆရာဝန်က ကောင်လေးဟာ လမ်းပြန် လျှောက်နိုင်ဖို့တောင် မလွယ်တော့ ဘူးလို့ ပြောပါတယ်…
သို့သော်လည်း နောက်ဆုံးတော့ သူ့မိဘတွေရဲ့ ဆုံးဖြတ်ချက်နဲ့ ခြေထောက်ကို မဖြတ်တောက် ဖြစ်လိုက်ကြပါဘူး… စီးထားတဲ့ ပတ်တီးတွေကို ဖြေလိုက်တဲ့ အခါမှာတော့ ခြေထောက် မီးလောင်ဒဏ်ရာက ကောင်းမွန်လု နီးပါး ဖြစ်နေပါပြီ.. ဒါပေမဲ့လည်း ကောင်လေးရဲ့ ညာခြေထောက်က ဘယ်ဘက် ခြေထောက်ထက် ၃လက်မတိတိ တိုနေခဲ့ပြီ… ခြေချောင်းလေးတွေ အားလုံးနီးပါးလည်း မီလောင်ကျွမ်းကုန်ပြီ… သူ့လို ငယ်ရွယ်သေးတဲ့ ကောင်လေး တစ်ယောက် အတွက်တော့ ဒီအဖြစ်က ရက်စက်လွန်းပါတယ်.. လမ်းလျှောက် ရင်တောင် ချိုင်းထောက်လေးနဲ့ လျှောက်နေရတဲ့ သူ့အဖြစ်က အနာဂတ်ဆိုတာ မှုန်ဝါးဝါး ဖြစ်လို့နေပါပြီ….. ဒါပေမဲ့ ကောင်လေးက တော်တော်လေးကို စိတ်ဓာတ် ကြံ့ခိုင်ပါတယ်.. လုံးဝကို စိတ်ဓာတ်မကျပါဘူး…သူက သူ့ခြေထောက်တွေ နာကျင်နေတုန်းဘဲ ရှိပေမဲ့ နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းကို ကြိုးစားပြီး လုပ်ပါတယ်..သူ့ကိုယ်သူလဲ အားပေးတယ်.. ငါ လမ်းလျှောက်ကို လျှောက်နိုင်ရမယ်တဲ့.. ဒီလိုနဲ့ တစ်ဖြေးဖြေး သူ့ခြေထောက်အနာလဲ သက်သာလာတယ်.. နောက်တော့ ချိုင်းထောက်ကို လွှင့်ပစ်လိုက်ပြီး ပုံမှန် လူကောင်း တစ်ယောက်လို လမ်းလျှောက်လာနိုင်တယ်…. မကြာခင်မှာ စပြီး အပြေးလေ့ကျင့် ပါတော့တယ်… နေ့စဉ်နေ့တိုင်း ပြေးတယ်.. မပျက်မကွက် ပြေးပါတယ်..
နောက်ဆုံးမှာတော့ စိတ်ဓာတ် ကြံ့ခိုင်သူတွေရဲ့ ရလာဒ်အတိုင်း အောင်မြင်မှု ပန်းတိုင်ကို ရောက်ရှိလို့သွားပါပြီ.. ခြေထောက်တွေ ဖြတ်ပစ်လုခံရဆဲ အခြေအနေမှ ကမ္ဘာ့စံချိန်တင် အပြေးသမား တစ်ယောက်အဖြစ်ကို တက်လှမ်းနိုင်ခဲ့ပါပြီ… ဘယ်သူယုံနိုင်မလဲ…. ချိုင်းထောက်နဲ့ သွားနေရတဲ့ လူတစ်ယောက်က ကမ္ဘာကျော် အပြေးသမားတစ်ယောက် ဖြစ်လာနိုင်လိမ့်မယ်လို့….. ဒီကောင်လေးနံမည်က တစ်ခြားသူမဟုတ်ပါဘူး ကမ္ဘာ့အမြန်ဆုံး လူသားရယ်လို့ ခေါ်တွင်ရတဲ့ ဂလဲန်  ကန်နင်ဟမ် ဖြစ်ပါတယ်.. သူဟာ ပြည်တွင်း ထိပ်သီး မိုးလုံလေလုံကွင်း အတွင်း ကျင်းပသော ပြေး-ခုန်-ပြစ် ပြိုင်ပွဲကြီး ခြောက်ခုတွင် ဗိုလ်စွဲခဲ့ရုံမက  ၁၉၃၆ခုနှစ် အိုလံပစ်ပြိုင်ပွဲမှာတော့ ရွှေတံဆိပ်ဆု ဆွတ်ခူး နိုင်ခဲ့ပြန်ပါတယ်.. ၁၉၃၈ ခုနှစ် အရောက်မှာ သူဟာ ဒါးမောက် တက္ကသိုလ်မှာ ကမ္ဘာ့စံချိန် အသစ်ကို တင်နိုင်ခဲ့ ပါတယ်..  အဲဒီနှစ်မှာဘဲ နယူးယောခ့် တက္ကသိုလ်က ချီးမြှင့်တဲ့ ဒေါက်တာဘွဲ့ကိုလဲ လက်ခံ ရရှိခဲ့ပါတယ်..
                                                                                            ချော (အစိမ်းရောင်လွင်ပြင်) 
ဆောင်းကြမလား ဦးထုပ်တွေနော်
မိန်းမတွေများ လှချင်ရက် စက်စက်ယိုဆိုတာ အရမ်းကို မှန်ပါတယ်နော်.. အောက်က ပုံတွေကို ကြည့်ကြည့်ရင် တွေ့ပါလိမ့်မယ်.. ထူးဆန်းအံ့သြဖွယ် ဒီဇိုင်းများနဲ့ တန်ဆာ ဆင်ထားတဲ့ ဦးထုပ်မျိုးစုံပါ… သူတို့မို့ ဆောင်း ချင်ပါတယ်..  ဒီလိုဦးထုပ်တွေကို...။
           ဒီဦးထုပ်က အင်္ဂလန်ရဲ့ မြင်းပြိုင်ပွဲတစ်ခုမှာ အမျိုးသမီးတစ်ယောက် ၀တ်ဆင်လာတဲ့ ချိစ်တုံးနဲ့ စပျစ်သီး ထည့်ထားတဲ့ ပန်းကန်ပြား ဦးထုပ် ဒီဇိုင်း ဘဲဖြစ်ပါတယ်..
                ဒီပုံလေးကိုတော့ ကင်းကောင်သာ မြင်တွေ့ရင် သဘောကျလောက်ပါတယ်..   မော်ဒယ်တစ်ယောက်   ၀တ်ဆင်   ထားတဲ့  ကင်းကောင်ရဲ့လက် ဒီဇိုင်းပုံဖော်ထားတဲ့ ဦးထုပ်အပြားဘဲဖြစ်ပါတယ်..
               ဒါကတော့ တစ်မျိုးဆန်းနေပြန်တဲ့ ဘောလုံးကွင်းကြီး ခေါင်းပေါ်ရွက်ထားရှာတဲ့ အင်္ဂလန်သူတစ်ဦးပါ..
                 ကဲ… ရေချိုးခန်းကြီးတစ်ခုလုံး ခေါင်းပေါ် ရောက်နေပြန်ပါပြီ..
      မြင်းခေါင်းကြီးက ဒီလိုတော့လဲ လှလိုက်တာ…
ဆက်ကြည့်ဦးနော်...
          အင်္ဂလန်ရဲ့ အလံဒီဇိုင်းက ဒီလိုဖြစ်သွားပြန်ပြီ…
             အာ….. ဒီဆေးလိပ်နဲ့ ဆေးလိပ်ပြာခွက် ဦးထုပ်ကြီးတော့ ဆောင်းချင်ဘူး….
                 မြင်းတွေက ခေါင်းပေါ်မှာ အပြေး ပြိုင်နေကြပြန်ပါရောလား…….
                  အထူးတန်း ပွဲကြည့်စင်က ဒီမှာလေ….
       ဒါလေးက ဖုန်း ကြော်ငြာနေတာလားမသိ
    တော်တော်နေရခက်မဲ့ ဦးထုပ်ဘဲ..
                   လန်ဒန်ဖက်ရှင်ရှိုးတစ်ခုက တေးဂီတနုတ်စ် စာရွက်များနဲ့ ဦးထုပ်… 
                 စာရွက်တွေ မပစ်နဲ့တော့နော်..  ဦးထုပ်လုပ်လို့ရတယ်..
             စားကြဦးမလား..ဟောဒီက
                                                                                            ချော(အစိမ်းရောင်လွင်ပြင်)
Wednesday, 7 September 2011
ကမ္ဘာ့အကြီးဆုံးမိကျောင်းကြီးကို ဖိလစ်ပိုင်မှာတွေ့ရှိ
ကိုယ်အလေးချိန် ၁တန်ရှိပြီး၊ ၂၁ပေရှည်သည့်မိကျောင်းကြီးကို ဖိလစ်ပိုင်နိုင်ငံမှာ အသက်ရှင်လျက်ဖမ်းဆီးရမိခဲ့ပါတယ်။ မိကျောင်းကြီးကို ဖိလစ်ပိုင်နိုင်ငံ မနီလာမြို့အရှေ့တောင်ဘက် မိုင် ၅၀၀ ခန့်  အကွာတွင်ရှိ သည့် အဂူဆန်ခရိုင် အဂူဆန်မြစ်လက်တက် တစ်ခုတွင်ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။ ယင်းမိကျောင်းကြီးသည် ဒေသခံပြည်သူတို့ကို နှစ်ပေါင်း၂၀ကြာအောင်ဒုက္ခပေးနေခဲ့ပြီး ယခုဖမ်းဆီးရရှိခဲ့သည့်အတွက် ဒေသခံများ ၀မ်းမြောက်နေကြသည်။ အဆိုပါ ရေငန်မိကျောင်းမျိုးသည် ပေ၃၀ထိရှည်လျားပြီး နှစ်ပေါင်း၁၀၀ကျော်ထိ အသက်ရှည်ကြသည်။
မြန်မာဒဏ္ဍာရီအဆိုအရ မိကျောင်းအထီးသည် ၁၁ပေရှည်လျှင် လူယောင်ဖန်ဆင်းပြီး ကုန်းပေါ်သို့တက်နိုင်သည် ဆို၏။ 
                                                                                                        Ref: Internet
Friday, 2 September 2011
မြေအောက်ကမ္ဘာထဲမှ အိမ်ကလေး
အိမ်ဆိုတာဟာ မြေပေါ်မှာသာ လှလှပပ တင့်တင့်တယ်တယ် ဆောက်ကြရတယ် မဟုတ်လားရှင်။ ဒါပေမဲ့ အများနဲ့မတူဘဲ မြေကြီးအောက်ထဲမှာမှ ထူးထူးဆန်းဆန်း ဆောက်ထားတဲ့ အိမ်တစ်လုံးအကြောင်း ပြောပြပါဦးမယ်။ အမယ်.. မြေကြီးထဲမှာ ဆောက်ထားတဲ့အိမ်ဆိုလို့ မလှမပ ခပ်စုတ်စုတ် အိမ်တစ်လုံးလို့ မထင်ကြပါနဲ့နော်။ အင်မတန်ခမ်းနားလှပစွာ ဆောက်ထားတဲ့ အိမ်ဖြစ်ပါတယ်။ အိမ်တစ်လုံးမှာ ရှိသင့်တဲ့ ပရိဘောဂ စုံလင်စွာနဲ့ ဆောက်လုပ်ထားတာမို့ နေချင်စရာကောင်းတယ်လို့ ဆိုနိုင်ပါတယ်။
underground home designs swiss mountain house 8 Incredible Underground Residence in Switzerland
အပေါ်က ပုံမှာ အလယ်ကောင်က အဝိုင်းလေးဟာ မြေကြီးထဲက အိမ်ကို ဝင်တဲ့ ဝင်ပေါက်ဖြစ်ပါတယ်။ အိမ်အဝင်ဝဟာ ယခုကဲ့သို့ အဝိုင်းပုံသဏ္ဍာန် ဖြစ်ပြီး  ဘေးပတ်ဝန်းကျင် အိမ်တွေအားလုံးကတော့ ပုံမှန်အတိုင်း မြေပြင်ပေါ်ဆောက်ထားတဲ့ အိမ်များသာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ မြေကြီးထဲက အိမ်ကလေးကို အနီးကပ်ကြည့်ကြည့်ရအောင်လားနော်။
underground home designs swiss mountain house 3 Incredible Underground Residence in Switzerland
တကယ်တမ်းတော့ ဒီမြေအောက်က အိမ်ကလေးဟာ တောင်တန်းတစ်ခုရဲ့ တောင်စောင်းမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အိမ်ဆီရောက်နိုင်ဖို့ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ လျှောက်လမ်းတွေကနေ တက်ရောက်နိုင်ပါတယ်။ ပြီးတော့လည်း ခုလိုတောင်စောင်းမှာ ဆောက်ထားတာ ဖြစ်တဲ့အတွက် တောင်ပေါ်ကနေ ခဲလုံး၊ သို့မဟုတ် အရာဝတ္ထု တစ်ခုခုများ ပြုတ်ကျလာပြီး အိမ်ကလေးကို ထိခိုက်နိုင်မယ် ထင်ပါတယ်နော်။ ဒီလိုဆိုရင်ဖြင့် အဲဒီပြဿနာကို ဘယ်လိုများ ကာကွယ်ထားသလဲလို့ လေ့လာကြည့်ရအောင်နော်။
underground home designs swiss mountain house 2 Incredible Underground Residence in Switzerland
underground home designs swiss mountain house 1 Incredible Underground Residence in Switzerland
အိမ်ကိုမြင်ရတဲ့ ညမြင်ကွင်းပါ။
underground home designs swiss mountain house 16 Incredible Underground Residence in Switzerland
underground home designs swiss mountain house 9 Incredible Underground Residence in Switzerland
အမှန်တော့ အိမ်ဝင်ပေါက် အဝိုင်းကြီးရဲ့ ဘေးပတ်ပတ်လည်ကို မြင်ရတဲ့အတိုင်း သံဆန်ကာများ ကာရံထားတာ ဖြစ်ပါတယ်။ ဒီလိုကာရံထားတဲ့အတွက် အပေါ်က ကျလာမဲ့ ကျောက်ခဲ အမှိုက်သရိုက်တွေ အိမ်ထဲကို မဝင်နိုင်တော့ပါဘူး။ နံရံတွေကို ကျောက်တုံး၊ ကွန်ကရိများဖြင့် ကာရံထားပြီး ပြတင်းများ ၊ တံခါးများကိုတော့ မှန်သားများ တတ်ဆင်ထားကာ ဝက်သစ်ချသားကို အသုံးပြုထားပါတယ်။ ကြီးမားတဲ့ မှန်ချပ်ကြီးများ၊ ပြတင်းပေါက် များကတော့ အိမ်ထဲကို နေရောင်ခြည် များများရောက်နိုင်အောင် ဒီဇိုင်းထုတ်ပြီး ဆောက်လုပ်ထားတာပါ။
underground home designs swiss mountain house 6 Incredible Underground Residence in Switzerland
underground home designs swiss mountain house 11 Incredible Underground Residence in Switzerland
အိမ်အတွင်းထဲရှိ အိပ်ခန်းတစ်ခုနဲ့ အိမ်အဝင်ပေါက်ရဲ့ အနေအထားပါ။ အိမ်အပြင်ကနေ အိမ်တွင်းကို ရေသွယ်ထားတဲ့ ပုံစံလေးက စိတ်ဝင်စားစရာရယ်နော်။
underground home designs swiss mountain house 13 Incredible Underground Residence in Switzerland
အိမ်ထဲကိုဝင်လိုက်တာနဲ့ ဒီအပြင်ဧည့်ခန်းကို ဖြတ်သန်းပြီးမှ အထဲကို ရောက်ပါတယ်။
underground home designs swiss mountain house 5 Incredible Underground Residence in Switzerland
အိမ်အတွင်းဧည့်ခန်း
underground home designs swiss mountain house 7 Incredible Underground Residence in Switzerland
အိမ်ရဲ့ မီးဖိုခန်း
underground home designs swiss mountain house 17 Incredible Underground Residence in Switzerland
အိပ်ခန်းတစ်ခု
underground home designs swiss mountain house 15 Incredible Underground Residence in Switzerland
ရေချိုးခန်း
underground home designs swiss mountain house 12 Incredible Underground Residence in Switzerland
နောက်ထပ် အိပ်ခန်းတစ်ခု
underground home designs swiss mountain house 10 Incredible Underground Residence in Switzerland
underground home designs swiss mountain house 14 Incredible Underground Residence in Switzerland
အောက်ထပ် မြေတိုက်ခန်း 
Image Hosted by PicturePush - Photo Sharing 
သာယာတဲ့ ရှုခင်းပတ်ဝန်းကျင်နဲ့ မြေအောက်အိမ်
Image Hosted by PicturePush - Photo Sharing 
နှင်းဖုံးနေသော ဆောင်းရာသီချိန် မြင်ရပုံ
ဒီမြေအောက်အိမ်ရဲ့ တည်နေရာက ဆွစ်ဇာလန်နိုင်ငံရဲ့ Vals ကျေးရွာကလေးမှာ တည်ရှိတာ ဖြစ်ပါတယ်။  SeARCH and Christian Müller Architects  ကုမ္ပဏီရဲ့ ဒတ်ခ်ျလူမျိုး ဗိသုကာပညာရှင် Bjarne Mastenbroek ရဲ့ လက်ရာဖြစ်ပါတယ်။ ဒီမြေကမ္ဘာအောက်က အိမ်ကိုကြည့်ခြင်းအားဖြင့် ကျွန်မရဲ့ အမြင်တော့ မြေကြီးအောက်မှာ အိမ်ဆောက်ထားတဲ့အတွက် မီးဘေးလည်း စိုးရိမ်ဖို့မလို၊ လေပြင်းမုန်တိုင်းကိုလည်း ကြောက်ဖို့မလို ၊ ပူအိုက်လွန်းတဲ့ နွေရာသီမျိုးမှာလည်း မြေအောက်အိမ်ဟာ အေးမြနေလိမ့်မယ် စသဖြင့် ကောင်းကျိုးတွေ ရှိတယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ကရော ကောင်းကျိုး ဆိုးကျိုး ဘယ်လိုမျိုးများမြင်ပါသလဲရှင်။
Image Hosted by PicturePush - Photo Sharing
သားပိုက်ကောင်ကိုမြိုတဲ့မြွေ
အံ့သြစရာကောင်းလောက်အောင်ပါပဲ ။ အလွန်ကြီးမားတဲ့မြွေကြီးဟာ သူ့ရဲ့ ပါးစပ်ကို ဟလို သားကောင် ကိုမြိုဖို့ ကြံ စည်နေပါပြီ ။ သင် သားပိုက်ကောင်လိုအကောင်မျိုးကို ဒီလိုကြီးမားတဲ့မြွေကြီးက မျိုတာကိုမြင် ဖူးပါသ လား ။ ရှားရှားပါးပါးတွေ့ရခဲတာမို့ တင်ဆက်လိုက်ပါတယ် ။ အသည်းငယ်တတ်ရင်တော့မကြည့်ကြပါနဲ့ အခုတလော အင်တာနက် မှာ ရှာတာ ဒီလို ထိတ်လန့်စရာတွေပဲတွေ့နေရတယ် ကိုယ်ကလည်းမတင်ရင်မနေနိုင်ဘူးကိုး ။ ပုံတွေ ကိုကြည့်ရင်းနဲ့ သူ့အစာ ကိုယ့်အစာ ကိုယ့်စားကျက် သူ့စားကျက် သဘောတရားနောက်ပြီး သား ပိုက်ကောင် ကို နောက်ဆုံး တစ်ကောင်လုံး ၀ါးမြိုလိုက်ပုံတွေကိုမြင်တွေ့ရမှာဖြစ်ပါတယ် ။
                                                                                                       သက်တန့်ချို
Twitter Delicious Facebook Digg Stumbleupon Favorites More
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management