This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.

This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.

This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.

Showing posts with label နည်းပညာများ. Show all posts
Showing posts with label နည်းပညာများ. Show all posts
Wednesday, 19 October 2011
E-mail အလကားပို့ရအောင်
တစ်ခါတလေ မိမိတို့mail တွေဖွင့်မရဘဲ ကြုံနေတဲ့အခါ မိမိအကောင့်အသုံးပြုစရာမလိုဘဲ မေးလ်ပို့လို့ရတဲ့ note2email ဆိုဒ်လေးကို မိတ်ဆက် ပေးတာပါရစေ။ ဒါပေမယ့် တစ်စောင် ပို့ပြီရင်တော့ နောက်တစ်စောင် ပို့ဖို့ကို စောင့်ရပါတယ်နော်။ Free ဆိုတော့ဒီလောက်တော့ရှိမှာပေါ့။ မေးလ်တွေဖွင့် မရတဲ့အချိန်မှာတော့ တော်တော်လေးအဆင်ပြေပါတယ်။အောက်ကနည်းလေးအတိုင် စမ်းသုံးကြည့်လိုက်ပါ။
၂။ Email Addressနေရာမှာမိမိပို့ချင်တဲ့ Email အကောင့်ကို ရိုက် လိုက်ပါ။
၃။Title မှာကတော့ မိမိရေးချင်တဲ့ အကြောင်းအရာ ရေးလိုက်ပါ။
၎။ Note နေရာမှာ မိမိရေးချင်တဲ့ ပို့ချင်တဲ့စာတွေကို ရေးလိုက်ပေါ့။
၅။ Encryption Key နေရာမှာ ဘာမှမရေးလည်းရပါတယ်။
၆။ ပြီးရင် ပုံကိုကြိုက်နှစ်သက်ရာ ထပ်ရွေးလိုက်ပါ။
၇။ ပြီးရင်Send It ကို နှိပ်လိုက်ပါ။
အားလုံးအဆင်ပြေပါစေခင်ဗျာ။
Friday, 14 October 2011
Bootmgr Is Missing Error Vista ဖြေရှင်းနည်း

Windows တွေမှာ ဒီ error မျိုးတက် တက်ပါတယ်။အရင်ဆုံး ကျွန်တော်တို့ ဒီ Error မျိုး တက်ပြီဆိုရင် Windows ကို Repair လုပ်ပေးလိုက်ပါ ။ကျွန်တော် Repair လုပ်နည်း အဆင့်ဆင့်ကိုလည်း အောက်မှာ ပုံလေးတွေနဲ့ အသေးစိတ် ဖော်ပြပေးထားပါတယ်။





ဒီအဆင့်ပြီးပြီ ဆိုရင်တော့ မိမိတို့ စက်ဟာ Restart ကျသွားပါလိမ့်မယ်။ပြီးရင် အပေါ်ကအဆင့်တွေအတိုင်း ပြန်သွားပြီး System Recovery Option ကိုရောက်တဲ့အခါကျရင် Commant Prompt ကိုဖွင့်လိုက်ပါ ။ ပြီးရင် အောက်မှာ ပေးထားတဲ့ Command လေးကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ပြီးရင် စက်ကို Restart ချလိုက်ပါ။

bootrec /fixboot

အပေါ်ကအဆင့်တွေ အတိုင်း ပြီးသွားပြီဆိုရင်တော့ Bootmgr Is Missing Error ကိုဖြေရှင်းလို့ ရသွားပါလိမ့်မယ်ခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။
Wednesday, 12 October 2011
Folder Icon လေးကို ပုံချိန်းရအောင်
ဒါကတော့ကျွန်တော်တို့Destopပေါ်မှာရှိတဲIconလေးတွေကိုကျွန်တော်တို့ကြိုက်တဲ့ပုံလေးတွေပြောင်းပြီးထား
ချင်တဲ့ သူများအတွက်နည်းလမ်းလေးပါ။လုပ်နည်းလေးကတော့လွယ်ပါတယ်။
1.အရင်ဆုံးStartကိုနှိပ်ပြီးSearchProgramsandFilesဆိုတဲ့ဘောက်လေးထဲမှာPaintကိုရိုက်ပြီး Enterခေါက်လိုက်ပါ။Start ကိုနှိပ်လိုက်တာနဲ့လဲ Paint ဆိုတာလေးကိုတွေ့ ပါလိမ့်မယ်။Paint ကိုဖွင့်လိုက်ပါ။
2.Paint ပေါ်လာရင် Open ကနေမိမိတို့ကြိုက်တဲ့ ပုံလေးကိုရွေးလိုက်ပါ။Ctrl+Oကိုနှိပ်လိုက်ရင်လဲရပါတယ်။
3.ဓာတ်ပုံပေါ်လာရင် Save as မှာ BMP နဲ့ Save လိုက်ပါ။Save as box ပေါ်လာရင် file name ကို ရှေ့ကမိမိတို့ ကြိုက်တဲ့နာမည်ပေးပြီး .ico နဲ့ Save လိုက်ပါ။ဥပမာ - ( kohtway.ico )
4.ပြီးရင်ကျွန်တော်တို့ပြောင်းချင်တဲ့ Forder Icon လေးကို Right Click ထောက်ပါ။ပြီးရင် Properties ကိုနှိပ်လိုက်ပါ။ Customize ကိုသွားပါ။ Change Icon ကိုနှိပ်လိုက်ပါ။
5.Browser ထဲကနေပြီးကျွန်တော်တို့ခုနက Save ထားတဲ့ပုံလေးကိုရွေးလိုက်ပါ။ပြီးရင် OK ။ Apply ။ OK
ပေးလိုက်ပါ။ဒါဆိုရင် Forder Icon လေးက ကျွန်တော်တို့ ချိန်းလိုက်တဲ့ပုံလေးနဲ့ဖြစ်သွားပါပြီ။
ချင်တဲ့ သူများအတွက်နည်းလမ်းလေးပါ။လုပ်နည်းလေးကတော့လွယ်ပါတယ်။
1.အရင်ဆုံးStartကိုနှိပ်ပြီးSearchProgramsandFilesဆိုတဲ့ဘောက်လေးထဲမှာPaintကိုရိုက်ပြီး Enterခေါက်လိုက်ပါ။Start ကိုနှိပ်လိုက်တာနဲ့လဲ Paint ဆိုတာလေးကိုတွေ့ ပါလိမ့်မယ်။Paint ကိုဖွင့်လိုက်ပါ။
2.Paint ပေါ်လာရင် Open ကနေမိမိတို့ကြိုက်တဲ့ ပုံလေးကိုရွေးလိုက်ပါ။Ctrl+Oကိုနှိပ်လိုက်ရင်လဲရပါတယ်။
3.ဓာတ်ပုံပေါ်လာရင် Save as မှာ BMP နဲ့ Save လိုက်ပါ။Save as box ပေါ်လာရင် file name ကို ရှေ့ကမိမိတို့ ကြိုက်တဲ့နာမည်ပေးပြီး .ico နဲ့ Save လိုက်ပါ။ဥပမာ - ( kohtway.ico )
4.ပြီးရင်ကျွန်တော်တို့ပြောင်းချင်တဲ့ Forder Icon လေးကို Right Click ထောက်ပါ။ပြီးရင် Properties ကိုနှိပ်လိုက်ပါ။ Customize ကိုသွားပါ။ Change Icon ကိုနှိပ်လိုက်ပါ။
5.Browser ထဲကနေပြီးကျွန်တော်တို့ခုနက Save ထားတဲ့ပုံလေးကိုရွေးလိုက်ပါ။ပြီးရင် OK ။ Apply ။ OK
ပေးလိုက်ပါ။ဒါဆိုရင် Forder Icon လေးက ကျွန်တော်တို့ ချိန်းလိုက်တဲ့ပုံလေးနဲ့ဖြစ်သွားပါပြီ။
မသိသေးတဲ့သူငယ်ချင်းများအတွက်ပါ။
Zawgyi-One နှင့် Unicode တွဲသုံးရအောင်
ကျွန်တော်ဒီနေ့တော့ Zawgyi-One Install လုပ်နည်းနဲ့ အခုနောက်ပိုင်းပေါ်လာတဲ့ Unicode နဲ့Zawgyi-One နှစ်မျိုးလုံးကိုမိမိတို့ရဲ့ကွန်ပျူတာမှာလွယ်လွယ်ကူကူနဲ့အသုံးပြုနိုင်စေဖို့အတွက်ပါ။ Zawgyi-One ကို Install လုပ်တဲ့အခါမှာ 32 Bits အတွက်အခက်အခဲမရှိပေမယ့် 64 Bits အတွက် Install လုပ်တဲ့အခါမှာအခက်အခဲလေးတွေရှိတက်တာကိုတွေ့ရပါတယ်။ ကျွန်တော်တို့ Zawgyi-One ကိုအရင်ဆုံး အောက်မှာမိမိတို့အဆင်ပြေတဲ့ လင့်ကနေဒေါင်းလော့ချလိုက်ပါ။
Zawgyi-One ကို Install လုပ်နည်း
အရင်ဆုံးZawgyiOne20060620ကိုInstallလုပ်လိုက်ပါ.ZawgyiOne20060620ကိုInstallလုပ်ပြီးပြီဆိုရင်တော့ Keyboardအတွက်32BitsဆိုတဲFolderထဲမှာရှိတဲ့zfkegwc2ကိုInstallလုပ်ပေးလိုက်ပါ။ဒါဆိုရင်32BitsUsers များအတွက် မိမိတို့ရဲ့ ကွန်ပျူတာမှာ Zawgyi-Oneဖောင့်ကိုကောင်းကောင်းအသုံးပြုလို့ရသွားပြီဖြစ်ပါတယ်။
For 64 Bits
32 Bitsအတွက်Instalလုပ်ပြီးသွားပြီဆိုရင်တော့ကျွန်တော်တို64BitsUserများအတွက်ZawgyiOneဖောင့်ကို အသုံးပြုလို့ရအောင်ဘယ်လိုဆက်လုပ်ရမယ်ဆိုတာကိုပြောပြပေးပါမယ်။တစ်ချို့ဒီအဆင့်လေးကိုမသိတဲ့အတွက်Zawgyi-One ကိုသုံးလို့မရတာတွေဖြစ်တက်ပါတယ်။ဒေါင်းလော့ချထားတဲ့ဖိုဒါလေးထဲ32Bitsအတွက်Installလုပ်ပြီးသွားပြီဆိုရင်တော့ 64 Bits ဆိုတဲ့ Folder လေးထဲကိုသွားလိုက်ပါ။ပြီးရင်အဲ့ဒီဖိုဒါလေးထဲက install_me ဆိုတာလေးကို Install လုပ်ပေးလိုက်ပါ။ပြီးရင်မိမိတို့ ကွန်ပျူတာကို restart ချပေးလိုက်ယုံပါပဲ။ဒါဆိုရင် 64 Bits မှာ Zawgyi-One ကိုအသုံးပြုရတာ အဆင်ပြေသွားပါလိမ့်မယ်။
Zawgyi-One Download
Download From Ifile.it
Download From Mediafire
Zawgyi and Unicode
နောက်တစ်ခုကတော့ Unicode ရော Zawgyi-One ရော Install လုပ်ပြီးသုံးချင်သူတွေအတွက်အဆင်ပြေ
မယ့်နည်းလမ်းလေးပါ။အပေါ်မှာရှင်းပြခဲ့သလို မိမိတို့ရဲ့ကွန်ပျူတာမှာ Zawgyi-One Font ကို Install လုပ်
ပြီးပြီဆိုရင်တော့ ကျွန်တော်တို့ Unicode ကို မိမိတို့စက်မှာသွင်းဖို့အတွက် Unicode Font တွေကိုဒေါင်းလော့ချလိုက်ပါ..Unicode အတွက် ဖောင့်တွေကိုဒေါင်းလော့ချပြီးပြီဆိုရင်တော့ အထဲမှာပါတဲ့ mm3 , winuniiw , yunghkio_pop_april_22_ship စတဲ့ ဖောင့်တွေအကုန်လုံးကို Install လုပ်လိုက်ပါ.ဒါဆိုရင်မိမိတို့ရဲ့စက်မှာ Zawgyi-One ရော Unicode ရော နှစ်မျိုးလုံးနဲ့ရေးထားတဲ့ စာတွေကိုဖတ်လို့ရသွားပါပြီ။နောက်ထပ် Unicode လက်ကွက်ကိုအသုံးပြုနိုင်ဖို့အတွက် မိမိတို့ရဲ့ ကွန်ပျူတာမှ KeyMagic လေးကို Install လုပ်လိုက်ပါ။ဒါဆိုရင် ကျွန်တော်တို့ကZawgyi-One ကိုအသုံးပြုမယ် ဆိုရင် ကီးဘုတ်က Shift နဲ့ Ctrl ကိုနှိပ်ပြီးပြောင်းသုံးနိုင်သလို
Unicode လက်ကွက်ကိုသုံးမယ်ဆိုရင်လဲ Keyboard မှ Ctrl + Shift + Z ကိုနှိပ်ပြီးပြောင်း သုံးလို့ရသွားပါပြီ။
ဒါကတော့ လက်ရှိအသုံးပြုနေကြတဲ့ Zawgyi-One နဲ့ Unicode နှစ်မျိုးလုံးကိုမိမိတို့ရဲ့ ကွန်ပျုတာမှာ လွယ်လွယ်ကူကူနဲ့ အသုံးပြုနိုင် ဖို့အတွက် ဖြစ်ပါတယ်။
Unicode Fonts Download
Download From IFile.it
Download From Mediafire
KeyMagic Download
Download From Ifile.it
Download From Mediafire
Saturday, 24 September 2011
Photoshop သမားများအတွက်( အကောင်းဆုံး)
Photoshop သမားများအတွက်ပါ။ Photoshop ရဲ့ လျှို့ဝှက်ချက်တွေ အထဲမှာ movie တွေနဲ့ သေသေချာချာ ရှင်းပြထားပါတယ်။ တော်တော်လေးကောင်းပါတယ်။ ဆိုက်ကတော့ အတော်လေး ကိုကြီးပါတယ်။ Download လုပ်ထားသင့်ပါတယ်။ တစ်ကယ့်ကို Professional ကျကျ လုပ်ပြ ထားတာပါ။ အဲ့ကောင်လေးကို ဖတ်ပြီးရင် ဒီဇိုင်းပိုင်းကိုတော့ တော်တော်လေး ကျွမ်းကျွမ်းကျင်ကျင် ကိုင်တွယ်နိုင်သွားပါပြီ။
Friday, 16 September 2011
Windows က 32bit လား 64bit လား
ကျွန်တော်တို့ Windows 7 အသုံးပြုသူတွေအတွက် မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Windows က 32 Bitsလား 64 Bits လားဆိုတာကိုခွဲခြားလို့ရမဲ့နည်းလမ်းလေးကိုပြောပြ ပေးချင်ပါတယ်။ သိပြီးသားသူတွေအတွက်တော့ မထူးဆန်းပေမယ့် မသိသေးတဲ့သူတွေအတွက်ကတော့ သိထားသင့်တာအမှန်ပါပဲ။မိမိတို့အသုံးပြုနေကွန်ပျူတာ 32 Bits လား 64 Bits လား သိချင်တယ် ဆိုရင် အရင်ဆုံး My Computer ကို Right Click ထောက်လိုက်ပါ..ပြီးရင် System ထဲက System Type မှာကြည့်လိုက်ပါ။ 32 Bits Opearting System လို့ပြထားရင်မိမိတို့အသုံးပြု နေတဲ့ Windows က 32 Bits ပါ.. 64 Bits Opearting System လို့ပြနေရင်မိမိတို့အသုံးပြုနေတဲ့ကွန်ပျူတာက 64 Bitsပါ..။ဒီလောက်ဆိုရင်တော့ ကိုယ်သုံးနေတဲ့ Windows က 32Bits လား 64Bitsလားအလွယ်တကူကြည့်တက်သွားပြီလို့ထင်ပါတယ်။
Tuesday, 13 September 2011
Gmail မှာ facebook တွဲပြီးသုံးရအောင်
ဖေ့စ်ဘုတ်ခ် အကောင့်ကို ဂျီမေးလ်စာမျက်နှာပေါ်မှာ add လုပ်ပြီး သုံးလို့ရပြီ ဖြစ်ပါတယ်။
အဲ့လိုလုပ်မယ်ဆိုရင် အရင်ဆုံး ဂျီမေးလ်စာမျက်နှာကို ဝင်လိုက်ပါ။ ပြီးရင် sign out လုပ်တဲ့ button ကိုနှိပ်ပြီး Account Settings ထဲဝင်ပါ။ ပြီးရင်တော့ Gmail ဘေးက setting ထဲကအပေါ်ဖက်အခန်း labs ကိုသွားပါ။
Labs ထဲကို ရောက်တဲ့အခါ add any gadget by URL ဆိုတာကို Enable လုပ်ပြီးအောက်ဆုံးဘယ်ထောင့်က save changes လုပ်လိုက်ပါ။ ဂျီမေးလ်စာမျက်နှာ restart ဖြစ်သွားပါလိမ့်မယ်။ နောက်ထပ် ဂျီမေးလ်စာမျက်နှာ ပြန်ပေါ်လာပြီဆိုရင်တော့ mail setting ထဲကအပေါ်ဖက်ကအခန်း gadgets ကိုသွားပြီး Add ဒီမှာ ပြထားတဲ့(link) hosting.gmodules.com/ig/gadgets/file/104...0329537/facebook.xml လေးဒီ gadgets ထဲမှာ Add ထည့်လိုက်ပါ။
အဲသည်အဆင့်တွေ အားလုံးပြီးသွားရင်တော့ ဂျီမေးလ်စာမျက်နှာရဲ့ ဘယ်ဘက်အောက် နား invite bar ရဲ့ အောက်မှာ facebook link တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲသည် link က extand ကို ကလစ်လိုက်ရင် ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ နောက်တော့ ဖေ့ဘုတ်ခ် ဝင်စရာ မလိုပဲနဲ့ ဂျီတော့ကနေပြီး Facebook က သူငယ်ချင်းတွေကို ချက်လို့ရပါပြီခင်ဗျာ။
ကွန်ပျူတာကို ဒီလိုလေးထိန်းရအောင်
(၁) မိမိကွန်ပျူတာကို ပိုမြန်စေဖို့အတွက် Start ကို click ပါ။ Run box ကိုဖွင့်ပါ။ regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကိုနိပ်ပါ။ အဲဒီထဲကမှ “control panel” ကို ထပ်ရွေးပါ။
“Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်Aကွက်မှာပေါ်လာတဲ့ “Menu showdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့စက်ကို Restart ပြန်လုပ်ပါ။
(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon
exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။
(၃) မလိုအ ပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး
ဖျက်ထုတ်ပစ်ပါ။ (အ ချို့  လုပ်ဆောင်နေဆဲ
ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အ
ကြောင်း ပြောလာတတ်ပါတယ်။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကိုနိပ်ပါ။ အဲဒီထဲကမှ “control panel” ကို ထပ်ရွေးပါ။
“Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်Aကွက်မှာပေါ်လာတဲ့ “Menu showdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့စက်ကို Restart ပြန်လုပ်ပါ။
(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon
exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။
(၃) မလိုအ ပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး
ဖျက်ထုတ်ပစ်ပါ။ (အ ချို့  လုပ်ဆောင်နေဆဲ
ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အ
ကြောင်း ပြောလာတတ်ပါတယ်။)
Ref: အဖြူရောင်သံစဉ်
ကိုယ်မရှိတဲ့အချိန်မှာcomputer ကိုဘယ်သူကိုင်လဲသိရအောင်
ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက Run ကနေ Recent လို့ ရိုက်ပြီ ဘာတွေ ဖွင့်လဲဆိုတာ ကြည့်မှာပေါ့လို့။ ဟုတ်ကဲ့ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ဘယ်အချိန်မှာ ဖွင့်ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင် ဘယ်လို့မှ သူဖွင့်မဖွင့်မသိနိုင်ပါဘူး။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။
ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ။
1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ
နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာ ရိုက်တဲ့ပုံဖြစ်ပါတယ်။ ) ကျန်တဲ့Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ။
Ref: အဖြူရောင်သံစဉ်
ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ။
1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။
2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ
နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာ ရိုက်တဲ့ပုံဖြစ်ပါတယ်။ ) ကျန်တဲ့Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ။
Ref: အဖြူရောင်သံစဉ်
Saturday, 10 September 2011
အခမဲ့ Image Hosting ဆိုက်များ
အခမဲ့ Image Hosting ဆိုက်များလိုအပ်ရင်သုံးလို့ရအောင်ပါ။
- 4FreeImageHost
- Alkaspace
- Allyoucanupload
- BagThatPic
- BlogPulp
- DropFiles
- EasyPics
- ElectronicFiles
- ezyPhotoShare
- Flickr
- Forumsigs
- FreeFileHosting
- FreeImageHome
- FreeImageHost
- FreeImageHosting
- FreeMyImage
- FreeShare
- Hostforpic
- i-ImageHost
- Image4you
- ImageBeaver
- ImageCabin
- ImageCave
- ImageCloset
- ImageDip
- ImageDoll
- ImageGrip
- ImageHigh
- ImageHostFree
- ImageOx
- ImageShack
- ImageUpload
- ImageUploads
- ImageVenue
- ImageViper
- Img4Free
- ImgFreeHost
- Imgjax
- imgPire
- ImgSync
- ImgUpp
- InstantImageHosting
- iWebPhoto
- KeepMyFile
- LargeImageHost
- MiamiHost
- myNetImages
- Myonlineimages
- Mypicshare
- pHosted
- PhotoAmp
- Photobucket
- PhotoCrib
- PhotoJerk
- Photolinko
- PhotoPeg
- Photoserver
- Picasa Web
- Picburst
- picLynk
- PicTiger
- PictureRack
- Piczs
- Pixloads
- PixUpload
- PostThatPic
- Prntscrn
- ProPhotoHost
- Ruid
- Sourimage
- Superfilehosting
- Supload
- TheImageHosting
- TheImagePlace
- ThePixPlace
- TurboImageHost
- Upithere
- Upload2
- Uploadhouse
- UploadYourImages
- Village Photos
- Warst
- Ximages
- Xs.to
- Yoxio
Tuesday, 6 September 2011
Gmail Account အသစ်ဖန်တီးခြင်း
1. Mozilla Firefox (or) Internet Explorer ကိုဖွင့်ပါ။
2. အပေါ်ကဘာပဲဖွင့်ဖွင့် https://www.google.com/accounts ရိုက်ပြီး Enter နှိပ်ပါ။
3. Gmail: Email From Google စာကြောင်းရွေးပါ။
4. Create an Account ဆိုတဲ့ button ကိုနှိပ်ပါ။ အောက်မှာ ပုံနဲ့ပြထားပါတယ်။
5. First name နဲ့ Last name box မှာ ကြိုက်ရာ အမည်တစ်ခုစီပေးပါ။ ဥပမာ first name box မှာ butterboyပေးမယ်၊ last name box မှာ lay ပေးမယ်ပေါ့။
6. ဒါဆိုအောက်က Desired Login Name: ဆိုတဲ့ box မှာက first name နဲ့ last name ကိုပေါင်းပြီး butterboylay လို့ပေးလိုက်၊ နောက်က @gmail.com ထည့်ပေးစရာမလိုဘူး။ သူ့ဖာသာ သတ်မှတ်ပေးလိမ့်မယ်။
7. check availlability! ဆိုတဲ့ button ကိုနှိပ်ကြည့်မယ်။ butterboylay is available လို့အပြာရောင်လေးနဲ့ပေါ်ရင်ရပြီ၊ not available နောက်နာမည်တစ်ခုကို အပေါ်ကလိုအဆင့်ဆင့်ပြန်ပြီးလုပ်ကြည့်ပါ။
8. Choose a password နဲ့ Re-enter password box မှာ ကိုယ်ပေးချင်တဲ့ လျှို့ဝှက်အမည်ပေးပါ။ တူရမယ်၊ မမေ့ရဘူး။ ကိုယ်ပေးတဲ့ password ဟာဘေးမှာ Strong လို့ပြရင် ပိုပြီးကောင်းတယ်။
9. Security question box မှာ Write my own question ကိုရွေးပါ။ ကပ်လျက် box မှာ ဥပမာ How are you? ဆိုရင် Answer box မှာက Yes, I am fine. ပေါ့။
10. Recovery Email box မှာ ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ Email ကိုရိုက်ပေးပါ။ ပုံနဲ့ပြထားပါတယ်။
11. Location box မှာ ကိုယ်ရှိနေတဲ့နိုင်ငံရွေးပါ၊ Myanmar (Burma) ပေါ့။
12. Word Verification box မှာက သူပေးထားတဲ့ အခု အရောင်နဲ့စာလုံးလေးတွေကို သေချာဖတ်ပြီး အောက်ထဲမှာ အကြီး၊အသေး မှန်အောင် ရိုက်ရမယ်။ လုံးဝမှန်အောင်ရိုက်ရမှာနော်။
13. ပြီးသွားရင်တော့ အောက်ဆုံးက I accept Create my account ကိုနှိပ်လိုက်ပါ။ သူလက်ခံသွားပြီဆိုရင် အောက်ကပုံလေးအတိုင်း မြင်ရမှာပါ။
14. Show me my account button လေးကိုနှိပ်လိုက်ရင် သင့်ရဲ့ကိုယ်ပိုင် Gmail Account အသစ်ကို ပိုင်ဆိုင်သွားပါပြီ။
14. ကိုယ့်ရဲ့ account ကိုသုံးပြီးရင် ပြန်ထွက်တဲ့အခါ Sign Out ဖို့တော့မမေ့ပါနဲ့။ အားလုံးပဲအဆင်ပြေကြပါစေ။
Saturday, 3 September 2011
Gtalk မှာ Music name ဖော်ခြင်း
ကိုယ်နားထောင်နေတဲ့သီချင်းကို Gtalk မှာပေါ်ချင်တယ်ဆိုရင် သီချင်း Window Media Player နဲ့ ဖွင့် နားထောင်ရပါမယ်။ ကိုယ်သုံးတာကတော့ Window Media Player Version 11 ပါ။ Windows 7 မှာတော့ မူလWindows ကပါလာတဲ့ Window Media Player နဲ့စမ်းကြည့်တော့ Tools ထဲကမဟုတ်ပဲ orgnize ထဲက options နဲ့ဝင်ရပါတယ်။ ကဲ....အောက်ကနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ။
(၁) Window Media Player မှာ Tools ကနေ Options ကို ၀င်ပါ။(၂) Plug-ins ကို ရွေးပါ။
(၃) Background ကို ထပ်ရွေးပါ။ ညာဘက်တွင် Google Talk Music Plug in ဆိုတာ ရှိပါတယ်။ အဲဒါကိုအမှန်ခြစ်ပေးလိုက်ပါ။
(၄) Gtalk တွင် Show Current Music Track ကို ရွေးချယ်ပါ။
ဒဒွေး ရိုက်ရင်အဆင်ပြေအောင်
မြန်မာစာရိုက်တဲ့အခါ ဒဒွေးရိုက်လိုက်ရင် လအဆင့်ပုံစံမျိုး Pagemaker 7.0 မှာပြောင်းတတ်သလို၊ တစ်ခြား program တွေမှာလည်း ဒဒွေး ရိုက်ရင် ပြောင်းသွားတာမျိုးဖြစ်တတ်ပါတယ်။ လက်လှမ်းမီသမျှ ဒဒွေး ရိုက်ရတဲ့အခါ အခက်အခဲမရှိအောင် စုစည်းပေးထားပါတယ်။
အခုပြောမယ့် ဒဒွေးက CS2 version အတွက်ပါ။
အခုပြောမယ့် ဒဒွေးက CS2 version အတွက်ပါ။
InDesign … Edit > Preference > Type ကိုဖွင့်ပြီး Use Typographer’s Quotes ကို အမှန်ခြစ်ဖြုတ်ပါ။
Illustrator … File > Document Setup > Type ကိုဖွင့်ပြီး Use Typographer’s Quotes ကို အမှန်ခြစ်ဖြုတ်ပါ။
Photoshop … Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို အမှန်ခြစ်ဖြုတ်ပါ။
PageMaker 7 … File > Preference > General > More > Use Typographer’s Quotes ကို အမှန်ခြစ်ဖြုတ်ပါ။
Corel Draw 12 … Tools > Options ကိုဖွင့်၊ ပြီးရင် Text > QuickCorrect ကိုထပ်ဖွင့်။ အပေါ်ဆုံး ဒုတိယမြောက် Change Straight quotes to typographic quotes ကို အမှန်ခြစ်ဖြုတ်ပါ။ (အပေါ်ဆုံးတခုကိုလည်း ဖြုတ်ထားဖို့လိုမယ်ထင်ပါတယ်။ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို အကြီးစာလုံးလုပ်ပေးဖို့ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို အမှန်ခြစ်ဖြုတ်ပါ။)
Microsoft Word 2007 > ထိပ်ဆုံးက office button နှိပ်ပြီး word option နှိပ်ပါ။ ပြီးရင်ဘယ်ဖက်ကစာကြောင်းတွေထဲမှာ proofing ရွေးပါ။ ညာဖက်မှာ AutoCorrect options button ဆက်နှိပ်ပါ။ အပေါ်ဖက်အခန်းတွေထဲမှာမှ AutoFormat အခန်းဖွင့်ပြီး "Straight quotes" with "Smart quotes" ကိုအမှန်ခြစ်ဖြူတ်ပါ။ ပြီးရင် အပေါ်ဖက်အခန်းတွေထဲက AutoFormat As You Type အခန်းကိုဖွင့်ပြီး "Straight quotes" with "Smart quotes" ကိုအမှန်ခြစ်ဖြူတ်ပါ။ ပြီးရင် OK နှစ်ခါပေးပြီးထွက်ပါ။
Microsoft Word 2003 > Tools > Options နဲ့ဝင်ပြီး အပေါ်ဖက် AutoFormat အခန်းဖွင့်ပြီး "Straight quotes" with "Smart quotes" ကိုအမှန်ခြစ်ဖြူတ်ပါ။ ပြီးရင် အပေါ်ဖက်အခန်းတွေထဲက AutoFormat As You Type အခန်းကိုဖွင့်ပြီး "Straight quotes" with "Smart quotes" ကိုအမှန်ခြစ်ဖြူတ်ပါ။ ပြီးရင် OK နှစ်ခါပေးပြီးထွက်ပါ။
Friday, 2 September 2011
Gtalk တွေအများကြီး ဖွင့်ရအောင်
ဒီနည်းကတော့ Gtalk တွေအများကြီးဖွင့်ပြီး သူငယ်ချင်းတွေအတူတူတွဲလျက် chatting ထိုင်လို့ရတယ်နော်။ သိပြီးသားသူတွေကတော့ သည်းခံနော်။ မသိသေးတဲ့သူတွေအတွက် မျှဝေလိုက်ပါတယ်။
ဦးဆုံး Desktop ပေါ်မှာရှိတဲ့ Gtalk icon ပေါ်ကို right click နှိပ်ပြီး Properties နဲ့ဝင်ပါ။ အောက်မှာ ပုံနဲ့ပြထားပါတယ်။
Target box မှာ နောက်ဆုံးက startmenu စာကိုဖျက်ပြီး nomutex ရိုက်ပါ။ ပြီးရင် Apply၊ OK
ကဲ သူငယ်ချင်းများရေ......ကြိုက်သလောက်သာ Chat ကြပေတော့။
(လက်မလည်ရင်တော့ တာဝန်မယူဘူးနော်)
RAM နည်းနေလျှင် အလွယ်ဆုံး မြှင့်တင်နည်း
နံပါတ်တစ်...
အနည်းဆုံး 1 GB လောက်ရှိမယ့် Thumb Drive လေးတစ်ခု ၀ယ်လိုက်ပါ။ မဟုတ်လည်း ငှားပေါ့နော်။
Capacity များလေကောင်းလေဆိုပါတော့ဗျာ. ဒါပေမယ့် သိပ်အများကြီးလည်း မလိုပါဘူး။
အနည်းဆုံး 1 GB လောက်ရှိမယ့် Thumb Drive လေးတစ်ခု ၀ယ်လိုက်ပါ။ မဟုတ်လည်း ငှားပေါ့နော်။
Capacity များလေကောင်းလေဆိုပါတော့ဗျာ. ဒါပေမယ့် သိပ်အများကြီးလည်း မလိုပါဘူး။
နံပါတ်နှစ်...
အဲဒီ့ Thumb Drive လေးကို ကွန်ပြူတာမှာ တပ်လိုက်ပါ. ကိုယ့်ကွန်ပြူတာမှာ အဲဒီ့ Drive လေးပေါ်လာ အောင်စောင့်ပါ. မှတ်ထားလိုက်ပါ. ဥပမာ Drive F: စသည်ဖြင့်ပေါ့ဗျာ.
နံပါတ်သုံး...
တစ်ခြားစက်တွေ ဘယ်လိုနေတယ်တော့မသိဘူး. ကျွန်တော်ကတော့ XP ရော Windows 7 ရောကို သုံးနေတယ် သဘောတရားချင်းအတူတူပဲ. ဒါကြောင့် Vista Users တွေ၊ တစ်ခြား Windows သုံးသူတွေလည်း ကျွန်တော်ခု ဆွေးနွေးမယ့် အိုင်ဒီယာလေးကိုပဲ ကြည့်လိုက်ပါ. လိုက်ရှာကြည့်လိုက်ပါ. အဆင်ပြေပါလိမ့်မယ်.
လောလောဆယ်တော့ XP/Win 7 သမားတွေအတွက်ပဲ ရည်ရွယ်ပြောလိုက်မယ်ဗျာ. နော်. Windows 7 မှာကျတော့ နည်းနည်းလေး ကွဲတယ်. အဲဒါကို ကြားညှပ်ပြီး ဆွေးနွေးပေးသွားပါမယ်.
(၁) My Computer ကို သွားပါ. Right Click နှိပ်ပြီး Properties ကိုသွားလိုက်ပါ.
XP သမားတွေမှာ ဒီလိုပေါ်တယ်.
အဲဒီ့ Thumb Drive လေးကို ကွန်ပြူတာမှာ တပ်လိုက်ပါ. ကိုယ့်ကွန်ပြူတာမှာ အဲဒီ့ Drive လေးပေါ်လာ အောင်စောင့်ပါ. မှတ်ထားလိုက်ပါ. ဥပမာ Drive F: စသည်ဖြင့်ပေါ့ဗျာ.
နံပါတ်သုံး...
တစ်ခြားစက်တွေ ဘယ်လိုနေတယ်တော့မသိဘူး. ကျွန်တော်ကတော့ XP ရော Windows 7 ရောကို သုံးနေတယ် သဘောတရားချင်းအတူတူပဲ. ဒါကြောင့် Vista Users တွေ၊ တစ်ခြား Windows သုံးသူတွေလည်း ကျွန်တော်ခု ဆွေးနွေးမယ့် အိုင်ဒီယာလေးကိုပဲ ကြည့်လိုက်ပါ. လိုက်ရှာကြည့်လိုက်ပါ. အဆင်ပြေပါလိမ့်မယ်.
လောလောဆယ်တော့ XP/Win 7 သမားတွေအတွက်ပဲ ရည်ရွယ်ပြောလိုက်မယ်ဗျာ. နော်. Windows 7 မှာကျတော့ နည်းနည်းလေး ကွဲတယ်. အဲဒါကို ကြားညှပ်ပြီး ဆွေးနွေးပေးသွားပါမယ်.
(၁) My Computer ကို သွားပါ. Right Click နှိပ်ပြီး Properties ကိုသွားလိုက်ပါ.
XP သမားတွေမှာ ဒီလိုပေါ်တယ်.
Windows 7 သမားတွေမှာတော့ ဒီလိုပေါ်တယ်.
(၂) Advanced Tab လေးကို နှိပ်ပါ. (Win 7 သမားတွေအတွက်ကတော့ ဘယ်ဖက် ကော်လန်လေးမှာ ရှိနေတဲ့ Advanced System Settings ဆိုတာလေးကို ရွေးပေးရမှာ ဖြစ်ပါတယ်.) ပြီးရင်တော့ Performance Settings ကို ဆက်သွားပါ.
(၃) Advanced ကို ဆက်နှိပ်ပါ.
(၄) Virtual Memory ဆိုပြီး Pop Up Window လေးတစ်ခု ပွင့်လာပါလိမ့်မယ်. Change ကိုနှိပ်ပါ. အဲဒီ့ထဲမှာမှ ခုနက ကျွန်တော်တို့ရဲ့ Thumb Drive လေးကို ရွေးပေးပါ. ကျွန်တော့်မှာတော့ Drive F လို့ပေါ်ပါတယ်. အဲလိုရွေးလိုက်တာနဲ့ Paging File Size for Selected Drive ဆိုတဲ့ စာကြောင်းလေးအောက်မှာ ကိုယ့်ရဲ့ Thumb Drive လေးပေါ်လာမှာဖြစ်ပြီး Space Available ဆိုတာလေးလည်း ပေါ်လာပါလိမ့်မယ်.
င်္For XP
For Win 7
(၅) Win 7 သမားတွေအတွက်ကတော့ Automatically manage paging file size for all drives ဆိုတဲ့ Box လေးကို Uncheck ပြန်လုပ်ပေးရပါမယ်. XP သမားတွေကတော့ မလိုပါဘူး. ပြီးသွားရင်တော့ Custom Size ကို ရွေုးလိုက်ပါ. Space Available မှာ ပေါ်နေတဲ့ Thumb Drive ရဲ့ storage capacity လေးကို အပေါ်ကွက်လပ်လေးမှာရော အောက်ကွက်လပ်လေးမှာပါ ရိုက်ထည့်ပေးလိုက်ပါ.
(၆) Set ကိုနှိပ်ပါ၊ Ok ကိုနှိပ်ပါ။
(၇) ကွန်ပျူတာကို Restart ပြန်လုပ်ပါ။
Ref: ရန်အောင်
မိမိ Folder ကို Lock ချနည်း
Securities Tab ကိုရွေးပါ ……. Group or user name မှာနာမည်တခုကိုရွေးပါ။
Permissions for users မှာ Deny check box အားလုံးကိုအမှန်ခြစ်ပေးပါ။
Securities box ကျလာရင် yes ပေးးပါ။
တကယ်လို့ Securities tax မရှိဘူးဆိုရင်……..My computer >>Tool menu>>Folder option >>View tab မှာ Use Simple File Sharing
ကိုအမှန်ခြစ်ဖြုတ်ပေးပါ…………။
Ref: Internet
Thursday, 1 September 2011
Memory Stick မရခဲ့ရင်
Memory Stick ကို ကွန်ပျူတာမှာ ထိုးတပ်လိုက်တယ်။ ကွန်ပျူတာက ငါသိပါတယ်ဆိုတဲ့သဘောနဲ့ Tray icon မှာ မြှားအစိမ်းလေးပေါ်ပေးတယ်။ အိုကေပေါ့။ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ ဟောဗျာ. Removable Disk icon လည်း ပေါ်မလာဘူး။
အဲဒါ ဟိုတစ်နေ့က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ စက်တစ်လုံးပေါ့။ စက်က တခြားဘာမှမဖြစ်ဘူး။ MP3, MP4, Digital Camera နဲ့ Memory Stick တွေပဲ သုံးမရတော့တာ။ ကွန်ပျူတာကသိပြီး My Computer မှာ ပေါ်မလာတော့တာ။ (အဲဒီ MP3 တွေ MP4 တွေက တခြားကွန်ပျူတာမှာ သွားတပ်ရင်ကောင်းတယ်)
အေးကွ အဲဒီလိုဖြစ်ရင် ဒီလိုလုပ်လိုက်ကွာ…
လို့ ကျွန်တော်မပြောသေးပါဘူး။ ကျွန်တော် ဖြေရှင်းဖို့ ကြိုးစားခဲ့တာလေးကို ရေးပြချင်သေးတယ်။
အေးကွ အဲဒီလိုဖြစ်ရင် ဒီလိုလုပ်လိုက်ကွာ…
လို့ ကျွန်တော်မပြောသေးပါဘူး။ ကျွန်တော် ဖြေရှင်းဖို့ ကြိုးစားခဲ့တာလေးကို ရေးပြချင်သေးတယ်။
ပထမဆုံး ကျွန်တော် Disk Management Console ကို ဖွင့်လိုက်တယ်။ အဲဒီမှာ Stick ကို သိပေမဲ့ Drive Letter ကို Assign လုပ်မထားတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း Stick အတွက် Drive Letter ကို assign လုပ်လိုက်ပါတယ်။ (G: ဆိုပြီးတော့ပါ) ဒါပေမယ့်လည်း My Computer မှာ မပေါ်သေးပါဘူး။
အဲဒါနဲ့ Run ထဲမှာ G: လို့ရိုက်ပြီး Enter ခေါက်လိုက်တယ်။ G: က ဖျက်ခနဲပွင့်လာပြီး ပြန်ပျောက်သွားတယ်။ နောက်တစ်ဆင့်အနေနဲ့ Command Prompt ကနေ G: ကို access လုပ်ဖို့ ကြိုးစားလိုက်တယ်။ ရတယ်။ ကဲ ဒါဆို Windows Explorer က ဖြစ်နေတာ သေချာသွားပြီပေါ့။
အဲဒါနဲ့ပဲ Registry Editor ကိုဖွင့်ပြီး ပြင်ဖို့ကြိုးစားပါတယ်။ My Computer မှာပေါ်တဲ့ C: တွေ D: တွေကို MountPoint လို့ သုံးစွဲတယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ အဲဒါနဲ့ပဲ Registry Editor မှာ MountPoint နဲ့ ပတ်သတ်တဲ့ Value တွေကို လိုက်ရှာကြည့်ပါတယ်။ မသကာင်္တာတွေ့ရင် ဖျက်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။
ဒါလည်း မရသေးပါဘူး။
တခြား Program တွေကြောင့်များလားဆိုပြီး Install လုပ်ထားတဲ့ Program တွေကို လိုက်ကြည့်လိုက်ပါတယ်။ အဲဒီမှာ Daemon Tools တင်ထားတာကို တွေ့လိုက်ရပါတယ်။ DT က သုံးမှာမို့တင်ထားတာလားလို့ Customer ကို မေးကြည့်တော့ မဟုတ်ဘူး ဘယ်သူတင်ထားမှန်းမသိဘူးလို့ ဖြေတာနဲ့ ကျွန်တော်လည်း Daemon Tools ကို Uninstall လုပ်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။
ဒါလည်း မရသေးပါဘူး။
ကျွန်တော် ခေါင်းစားရပါပြီ။ အဲဒါနဲ့ပဲ Customer ကို အခုတော့ မရသေးဘူးဗျာ။ ကျွန်တော် အင်တာနက်ထဲ ရှာလိုက်ဦးမယ်လို့ ပြောပြီး ရက်ချိန်ပေးလိုက်ပါတယ်။ ပြီးတော့ အင်တာနက်ထဲ မွှေရတော့တာပေါ့။
အဲဒီအခါမှာမှ ကိုယ်နဲ့ဘ၀တူတွေအများကြီးပါလားဆိုတာ သိလိုက်ရပါတယ်။ အမလေးဗျာ Forum တွေထဲမှာ မေးတာ ဖြေထားတာတွေ တပုံကြီးပဲ။ သူတို့ရဲ့အမေးအဖြေတွေကို သေချာလိုက်ဖတ်ကြည့်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အဖြေကို မတွေ့ဘူး။ နောက် နာရီဝက်လောက်ရှာကြည့်တော့မှ Forum တစ်ခုမှာ တွေ့သွားပါတယ်။ ဖြေတဲ့သူက Daemon Tools (DT) ကြောင့် ဖြစ်တာလို့ ဖြေထားတယ်။ အံကိုက်ပဲလေ။ ကျွန်တော်လည်း DT ကို မသင်္ကာဖြစ်နေတာကိုး။ ပြီးတော့ သူက ဆက်ပြောပါတယ်။ DT ကို ဖြုတ်ပါတဲ့။ ပြီးတော့ DT က install လုပ်တဲ့အခါမှာ Driver တစ်ခုကို C:\Windows\System32\Drivers အောက်မှာ သွားထည့်တယ်တဲ့။ အဲဒါကိုပါ ဖျက်ပါလို့ ပြောပါတယ်။ Driver ရဲ့ နာမည်က sptd.sys တဲ့။ ကိုင်း အိုကေပြီပေါ့ဗျာ။
နောက်ရက်ကျတော့ ဖြစ်တဲ့စက်ကို ဖွင့်ပြီး DT ကိုဖြုတ်၊ ပြီးတော့ C:\Windows\System32\Drivers အောက်မှာ ရှိတဲ့ sptd.sys ဆိုတဲ့ ဖိုင်လေးကို ဖျက်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။ ပြီးတော့ Stick လေး ထိုးကြည့်လိုက်တယ်။
ဟော My Computer မှာ ပေါ်လာလိုက်တာမှ ပြူးလို့ဗျာ။
Adobe PageMaker 7.0 ၏ Plugs in error ဖြေရှင်းနည်း
ဖြေရှင်းနည်းကတော့ Adobe PageMaker 7.0.1 Update ကို Install လုပ်ပေးလိုက်ရင်လည်း အဆင်ပြေသွားတာ ရှိပါတယ်။ တစ်ခါတစ်လေမှာ မရတဲ့အခါကျရင် မိမိရဲ့ ကွန်ပျူတာထဲမှာ သွင်းထားတဲ့ Adobe Software တွေ အကုန်လုံးကို Uninstall လုပ်ပြီး Page Maker 7.0 ကို ပြန်တင်လိုက်ရင် အဆင်ပြေသွားပါတယ်။
Adobe Software တွေဆိုတဲ့ နေရာမှာ ဥပမာအားဖြင့် Adobe Page Maker, Adobe Acrobat Reader, Adobe Photoshop, Adobe illustrator, Adobe Indesign, Adobe Premier စသဖြင့်ပေါ့ဗျာ။ ဒါတွေအကုန်လုံးကို ဖြုတ်ချပြီး Page Maker အရင် ပြန်တင်ပြီး ကျန်တဲ့ Software တွေကို ပြန်တင်လိုက်ရင် ဒီ Plugs in Error ကို ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။
Ref: Internet
Computer Service အကြောင်း သိကောင်းစရာ
အဓိကလိုအပ်တာကတော့ Windows XP Installer CD ပါပဲ။ CD Rom ထဲကို ခွေထည့်လိုက်ပါ။ ပြီးတာနဲ့ စက်ကို Restart လုပ်လိုက်ပါ။ Del Key ကို နှိပ်ထားလိုက်ပါ။ (တစ်ချို့သော Motherboard တွေမှာတော့ F1 Key တို့၊ F2 Key တို့ နှိပ်ရတာရှိပါတယ်။ ဒါကတော့ တူချင်မှ တူပါလိမ့်မယ်။) Del Key ကို နှိပ်ပြီးပြီဆိုရင် CMOS Setup ထဲကို ၀င်သွားပါလိမ့်မယ်။ အပြာရောင် Screen လေးနဲ့ပါ။ အဲဒီ Setup ထဲမှာ Advanced CMOS Setup ကို ထပ်ပြီးဝင်ပါ့မယ်။ ထပ်မံပြီး Boot Sequence ကို ထပ်ဝင်လိုက်ပါ။ First boot Device မှာ CD Rom ကို ရွေးချယ်လိုက်ပါ။ (ဒါကတော့ Windows XP Installer CD နဲ့ Boot တက်ပြီး ပြင်ဆင်နိုင်အောင်လို့ပါ၊ တစ်ချို့စက်တွေမှာတော့ Boot ရွေးချယ်ရတာ အခုကျွန်တော်ပြောသလို တူချင်မှ တူပါလိမ့်မယ်။ အဓိကကတော့ CD နဲ့ Boot တက်သွားရင် ရပါပြီ) CMOS Setup ကနေ ပြန်ထွက်ဖို့အတွက် Save & Exit Setup (သို့မဟုတ်) F10 Key ကို နှိပ်ပြီး ထွက်လိုက်ပါ။ စက်က Restart ပြန်ဖြစ်သွားပါလိမ့်မယ်။ ခဏစောင့်လိုက်တာနဲ့ Boot from CD...... ဆိုပြီး တက်လာပါလိမ့်မယ်။ ပြီးတာနဲ့ Press any key boot from CD... ဆိုပြီး တက်လာတာနဲ့ Key တစ်ခုခုကို နှိပ်လိုက်ပါ။ CD ခွေထဲကနေပြီး Boot တက်နေတဲ့ အပြာရောင် Screen နဲ့ Run နေတာကို တွေ့ရပါလိမ့်မယ်။ တစ်အောင့်လောက်ကြာရင် Recovery Console နေရာကို တွေ့တာနဲ့ Repair ပြန်လုပ်ဖို့အတွက် R Key ကို နှိပ်ပါ။ ခဏလောက်စောင့်လိုက်ပါ။ ပြီးတာနဲ့ 1: C:\windows လို့ တွေ့ရပါလိမ့်မယ်။ 1 Key ကို နှိပ်လိုက်ပါ။ administrator password တောင်းပါလိမ့်မယ်။ password ပေးထားရင် ရိုက်ထည့်ပေးပါ။ မပေးထားရင် Enter ခေါက်လိုက်ပါ။ ဒါဆိုရင် C:\windows> ဆိုတဲံ C: Prompt လို့ခေါ်တဲ့ Command Prompt ကို မြင်ရပါလိမ့်မယ်။ chkdsk ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Check Disc Run နေတာကို မြင်ရပါလိမ့်မယ်။ ၁၀၀% ပြီးတာနဲ့ C:\windows> ဆိုပြီး ပြန်မြင်ရပါလိမ့်မယ်။ chkdsk /r ကို ဆက်ရိုက်ပြီး Enter ခေါက်လိုက်ပါ။ (chkdsk နဲ့ /r ကြားမှာ Spacerbar ခြားပါတယ်။) Check Disc Recovery Run နေတာကို ၁၀၀% ပြီးအောင် ထပ်စောင့်လိုက်ပါ။ ပြီးတာနဲ့ restart ရိုက်ပြီး စက်ကို Reset ချလိုက်ပါ။ Del Key ကို နှိပ်ပြီး CMOS Setup ထဲမှာ Boot Device တွေကို Hard Disk ကနေ Boot တက်ဖို့အတွက် ပြန်လည်ပြင်ဆင်လိုက်ပါ။ ပြီးတာနဲ့ Boot Screen မှာ Loading လုပ်ပြီး Welcome Screen ကို ပြန်မြင်ရပါလိမ့်မယ်။
ဒါနဲ့မှအဆင်မပြေရင်တော့ Windows ကို Repair ပြန်လုပ်ရပါမယ်။ အဆင်ပြေနိုင်ကြပါစေ။
Ref: Internet
Windows 7 မှာ Install လုပ်လို့မရတဲ့ software လေးများရှိခဲ့ရင်
Windows 7 ဟာတစ်ချို့ software တွေကို install လုပ်လို့မရတာမျိုးရှိပါတယ်။ ရခဲ့ရင်လည်း ဖွင့်လို့၊သုံးလို့မရတာမျိုး ဖြစ်တတ်ပါသေးတယ်။ အဲဒီလိုဖြစ်ခဲ့ရင် အောက်ကနည်းလေးကို လုပ်ကြည့်ပါ။
၁။ Install လုပ်ချင်သည့် ဆော့ဝဲလ်၏ ပုံ ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
၂။ Box ကျလာလျှင် Compatibility tab ကို ရွေးပါ။

၃။ Run this program in compatibility mode for: ကို check အမှန်ခြစ်တပ်။
၎။ Window XP (Service Pack 3) ဒါမှမဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
၅။ Apply လုပ် Ok ။
၆။ မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်ကြည့်ပါ။
Install လုပ်လို့ရသော်လည်း သုံးလို့မရခဲ့ပါက သွင်းထားတဲ့ ပုံပေါ် right click လုပ်ပြီး အပေါ်ကအတိုင်းလုပ်လိုက်ပါ။
အဆင်ပြေပါစေ....... ကိုထွေး
၁။ Install လုပ်ချင်သည့် ဆော့ဝဲလ်၏ ပုံ ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
၂။ Box ကျလာလျှင် Compatibility tab ကို ရွေးပါ။

၃။ Run this program in compatibility mode for: ကို check အမှန်ခြစ်တပ်။
၎။ Window XP (Service Pack 3) ဒါမှမဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
၅။ Apply လုပ် Ok ။
၆။ မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်ကြည့်ပါ။
Install လုပ်လို့ရသော်လည်း သုံးလို့မရခဲ့ပါက သွင်းထားတဲ့ ပုံပေါ် right click လုပ်ပြီး အပေါ်ကအတိုင်းလုပ်လိုက်ပါ။
အဆင်ပြေပါစေ....... ကိုထွေး