ဒီပို့စ်လေးကို နည်းပညာတို့ရဲ့ဆုံမှတ်များ ဖိုရမ်မှာတွေ့မိလို့၊ ရယ်စရာလေးမို့ ပြန်လည်မျှဝေလိုက်ပါတယ်။ ရယ်မောခြင်းဖြင့် ချမ်းမြေ့ကြပါစေ။“ အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ်* ကို စဉ်းစားပါ ”“ ကညာမွန် အညာလွန်ချင်ရင် *ဆရာဝန်* ကို ရွေးပါ ”“ ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ* ကို ထည့်တွက်ပါ ”“ အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်ရင် *ကျောင်းဆရာကတော်* လုပ်ပါ ”“ ပြည်သူထဲ ငြူဆူအမြဲ ဖြစ်နေရင် *ပြည်သူ့ရဲ* တောင် မစဉ်းစားနဲ့ ”“ အချစ်များပြီး ပစ်ထားမယ်ဆိုရင် *စစ်သား* ကိုလည်း မယူနဲ့ ”“ အပြတ်ဖြေဖျော် လာဘ်လာဘမျှော်ရင် *နတ်ကတော်* လည်း မရွေးနဲ့ ”“ အစဉ်အမြဲသိမ်း ရင်ထဲထိန်းချင်ရင် *ယာဉ်ထိန်းရဲ* ကိုလည်း မစဉ်းစားနဲ့ ”“ ကုန်တာမှိုင် လိုရာမပိုင်ရရင် *Company ပိုင်ရှင်* လည်း အလျှော့မပေးနဲ့ ”“ အဖြီးအပြတ်လှော် မီးသတ်မတော်ရင် *မီးသတ်ကတော်* လည်း မလုပ်နဲ့ ”“ ရမက်တပ်ရစ် အရက်မပြတ်ကစ်ရင် *လက်မှတ်စစ်* ကိုလည်း မစဉ်းစားနဲ့ ”“...