ချမ်းချမ်းရဲ့ ပထမအခွေထဲက ပရိသတ်ကြိုက် သီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ ‘တကယ်ဆိုရင် အချစ်ပဲလိုတယ်’ သီချင်းကို ဗီဒီယိုအဖြစ် ရိုက်ကူးဖို့ စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ ဒီဇာတ်ကားမှာတော့ မဟော်ဂနီရဲ့ စင်တင် မင်းသား သူရိယ နဲ့ သီချင်းရဲ့ အဆိုရှင် ချမ်းချမ်းတို့က ပါဝင် သရုပ်ဆောင် ကြမယ်လို့လည်း သိရပါတယ်။ ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်မယ့် ချမ်းချမ်းကို ဇာတ်လမ်းအတွက် ဘယ်လို ကြိုတင် ပြင်ဆင်မှု တွေလုပ်နေပြီလဲလို့ မေးကြည့်တော့… ”အဲဒါက ပြောထားတုန်း ရှိပါသေးတယ်၊ မသေချာသေးပါဘူး။ စဉ်းတော့ စဉ်းစားနေပါတယ်။ အဆင်ပြေတယ် ဆိုရင်တော့ ညှိနှိုင်းပြီး လုပ်ကြမှာပါ” လို့ ပြောပါတယ်။ ချမ်းချမ်း အနေနဲ့ ဗီဒီယိုတွေ မရိုက်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ အရင်က ရိုက်ဖြစ်ခဲ့တယ် ဆိုတာကလည်း ပတ်သက်ရာ ပတ်သက်ကြောင်းတွေ နဲ့ ခင်မင် ရင်းနှီးမှုတွေ ကြောင့် ရိုက်ဖြစ်ခဲ့တာတွေပဲ များကြောင်း ချမ်းချမ်းက...