
မျိုးအခွေအတွက် ကြိုးစားနေပါတယ်။ မျိုးတို့တီးဝိုင်းက ဂျပန်သွားတယ်။ အမေရိက၊ စင်ကာပူသွားတယ်။ ဒီတစ်ခေါက်ပြန်လာမှပဲ သေချာလုပ်ရတော့မယ်။ သီချင်းတွေက အားလုံးပြီးသွားပါပြီ။ Title လည်း ပေးပြီး သွားပြီ။ ရှင်ဖုန်းဆိုခဲ့တဲ့ သီချင်းလေးပဲ။ ချစ်ခဲ့ဖူးတယ် ဆိုတဲ့ Title လေးပေးထားတယ်။ ဒီအခွေထဲမှာ ကိုဖိုးကာ၊ ကို Rဇာနည်တို့နဲ့ စုံတွဲဆိုထားတယ်။ အိုင်လပ်ဖ်ယူ ဇာတ်ကားထဲမှာ စကားဆန်းဆန်းလေးတွေ ပြောထားတယ် ဆိုတာက ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာ သင်ပေးတာပါ။ ဒီကားမှာ မျိုးပြောတဲ့ စကားလုံးလေးတွေမှာ မင်းသမီးဖြစ်မယ့် ဇာတာပါလို့လားမသိဘူး၊ လူတိုင်းကို အီစီကလီ လုပ်လိုက်ရမှ ကျေနပ်တယ်ဆိုတာက ဇာတ်ညွှန်းထဲမှာ...