Q. ဒေဝီတစ်ပါးရဲ့အမှတ်တရများက ဖြူဖြူမျှော်လင့်သလောက် ဖြစ်ခဲ့ရဲ့လားA.ဖြူဖြူက ဒီအခွေကို ဒီဈေးကွက်အတွက် ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။ ဖြူဖြူရဲ့ ရည်ရွယ်ချက်ကမြန်မာနိုင်ငံမှာ ဒီသီချင်းတွေကို ဒီလိုဆိုနိုင်တဲ့လူရှိတယ်ဆိုတာကို အပြင်ကလူတစ်ယောက်လောက်ကပဲနားထောင်ဖူး၊ ကြားဖူး၊ အသိအမှတ်ပြုတယ်ဆိုရင်ကို ဖြူဖြူရဲ့ ရည်ရွယ်ချက်က အထမြောက်သွားပြီ။ ဖြူဖြူလုပ်တာက ရောင်းရဖို့ ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူး။Q. ဒါဆိုရင် လုပ်ဖြစ်ရတဲ့အကြောင်းအရင်းကA. ဒါ ဖြူဖြူပထမခြေလှမ်းစတာပါ။ ပထမခြေလှမ်းဆိုတာမှာဖြူဖြူ့အတွက်ရယ်မဟုတ်ဘူး။ ဖြူဖြူရဲ့ ပထမခြေလှမ်းကိုကြည့်ပြီးဖြူဖြူ့ထက်တော်တဲ့၊ တတ်တဲ့မျိုးဆက်တွေပေါ်ထွက်လာစေချင်တာပါ။ “မ” တို့သိတဲ့အတိုင်းပဲ ကြယ်ကလေးများရဲ့ မိုးကောင်းကင်ဆိုတဲ့ TVအစီအစဉ်မှာ ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ကလေးတွေဆို ဖြူဖြူတို့သီချင်းတွေနဲ့ပြိုင်ကြတယ်။...