Monday 29 August 2011

ဝတ်ရည်

သမုဒယ၀တ်ရည် ဖြစ်တည်သောပန်း
ရင်ထဲလန်းနေ နမ်းနမ်းမနမ်းနမ်း
ပွင့်နေ၏။

တွယ်တာခြင်းအမြစ် စူးနစ်ဝင်လျှက်
အချစ်သစ်ပင် ခိုင်မြဲရှင်စေ
မြင်မြင်မမြင်မြင် နှောင်ဖွဲ့၏။

စေတနာစိတ် ဝေဆာအရိပ်ဖြင့်
ချွေးသိပ်ချမ်းမြေ့ ဘ၀အမော
ပြယ်လျှောကင်းစေ ငြိမ်းအေးစေလို
ခိုခိုမခိုခို အုပ်ဆိုင်း၏။

သတိရခြင်းငှက် အချစ်ပင်ထက်
မနက်နေ့ည ကာလနှစ်ရှည်
ထာဝရဖြစ်တည် အဝေးဆီမှ
တမ်းတလွမ်းမော ကြေကွဲသောအသံ
ခံစားယုံစေ သူသိလေမလား
မယုံစားရဲ
ကြားကြားမကြားကြား တေးသီ၏။

                                         ထိုပလေပလှော်

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management