Thursday, 8 September 2011

ဂတိမတည်ဘူးလို့အပြောခံရမှာကြောက်တဲ့ ဖွေးဖွေး

                                                ချစ်စရာဟန် အမူအရာတွေနဲ့ ပရိသတ် ရင်ထဲမှာ   နေရာတစ်ခု ရလာပြီဖြစ်တဲ့   ဖွေးဖွေးနဲ့ တွေ့ဆုံခိုက်   ဖွေးဖွေးက "သရုပ်ဆောင်လောကကို စိတ်ကူးတွေ မကုန်သရွေ့ လုပ်သွားမှာပါ။ သရုပ်ဆောင် တစ်ယောက် အနေနဲ့ လေ့လာထား ရတာတွေ ရှိတာပေါ့နော်။ ဖွေးဖွေးဆို   နိုင်ငံခြား ကား တစ်ကား မကျန် ကြည့်တယ်။   မြန်မာကားလည်း   ပေါက်ပြီဆို အကုန်ကြည့် တာပါပဲ။ ဦးမျိုးနဲ့ ကိုဝိုင်းဆို ဖွေးရဲ့ဆရာတွေပါ။ သူတို့က အမြဲတမ်း သင်ပေးပါတယ်။ ကိုယ့်ရှေ့က စီနီယာတွေရဲ့ အမူအရာတွေ သရုပ်ဆောင် တာတွေကိုလည်း ကြည့်ပါ တယ်။ ဖွေးက ငယ်ငယ် ကတည်းက အဆိုတော် ဖြစ်ချင်ခဲ့တာ။ အခွေ အတွက် ကိုယ်တိုင် သီချင်းရေး ကိုယ်တိုင်...

မန္တလေးမှာအငြိမ့်ကမယ့် မိုးယုစံ

                                                                                         အခုနောက်ပိုင်း အနုပညာ လောကထဲကို ဝင်ရောက် နေရာ ယူလာတဲ့ မင်းသမီးတွေထဲက ဗီဒီယို လောကမှာ သာမက ရုပ်ရှင်လောကမှာပါ နေရာတစ်ခု အခိုင်အမာရရှိထားသူက သရုပ်ဆောင်မိုးယုစံပါ။ မိုးယုစံနဲ့တွေ့ဆုံတုန်းမှာ ဒီလို မေးဖြစ်ခဲ့ပါတယ်။မိုးယု အခုရိုက်နေတဲ့ ဇာတ်ကားလေးကို ပြောပြပါဦး။“ယောက္ခမဆိုတာ ဂျိုနဲ့လား”အမည် ပေးထားပါတယ်။ အဲဒီဇာတ်ကား ဒါရိုက်တာ ဦးကုသိုလ်၊ ဟိန်း ဝေယံ၊ စိုးမြတ်သူဇာ၊ မြတ်ကေသီ အောင်တို့ ပါဝင်ထားပါတယ်။ဒီဇာတ်လမ်းမှာ ဘယ်လို ကာရိုက်တာမျိုးနဲ့...

Fight Terror War Game လေး

                                                               ဒီဂိမ်းလေးက သေနက်ပစ်တဲ့ ဂိမ်းလေးပါ။ ပေါ့ပေါ့ ပါးပါးလေးနဲ့ ဆော့လို့အရမ်းကောင်းတယ်။ အပျင်းပြေဆော့လို့ရအောင် အောက်မှာဒေါင်းလိုက်ဗျာ။Fterror Game Downl...

ဗုဒ္ဓမြတ်စွာသာသနာ

                                                                                           ပြစ်မရှိ ပြစ်ရှာ။                                           ...

ပန်းသီး စားကြတဲ့ အခါ သတိထားပါ

                                                             ပန်းသီး စားကြတဲ့ အခါ အခွံ့ နွှာစားတဲ့  သူရှိသလို..ဆေးဖက်ဝင်လို့ ဆိုပြီး ပန်းသီး အခွံ့ ကိုပါ စားတတ်ကြပါတယ်။ များသောအားဖြင့် USကလာတဲ့ ပန်းသီးများအပါအဝင် နိုင်ငံရပ်ခြားမှ ဝင်လာတဲ့ပန်းသီးတွေဟာ နှစ်ပေါက်နေပေမယ့် လတ်ဆတ်တဲ့  ပုံစံအတိုင်း အနေအထားမပျက်တွေ့ရှိကြရပါတယ်။ဒါကတော့ပန်းသီးအခွံ့ ကို ဖယောင်းနဲ့ အုပ်ထားတဲ့အတွက် ပြင်ပမှ ဘက်တီးရီးယားပိုးတွေ အလွယ်တကူ မဝင်ရောက်နိုင်တဲ့ အပြင် အရည်ဓာတ်ခမ်းခြောက်ခြင်းလည်းမရှိပါ။ဖယောင်းနဲ...

ရှားစောင်းလက်ပတ်အကြောင်း

                                                             ဒီနေ့မြန်မာ့အသံမှာလာတဲ့ယဉ်တကိုယ်မယ် လေးပြောသွားသလိုပဲ ရှားစောင်းလက်ပတ်လေးအကြောင်းကို သူပြောတာထက်အသုံးဝင်ကြောင်းလေးကို သူငယ်ချင်းတို့ကိုပြောပြပေးချင်ပါတယ်။လူတိုင်း အလှအပကိုမြတ်နိုးကြမယ်လို့ထင်ပါတယ်။ ရှားစောင်းလက်ပတ် ရဲ့ ဂျယ်လီလိုဖြစ်နေတဲ့အသားတုန်တုန်ကလေးတွေ ကို မျက်နှာမှာ အသာလိမ်းပေးပြီး မယ်ဆိုရင်မျက်နှာပေါ်မှာ ဖြစ်တတ်တဲ့ အမဲကွက်တွေ နေလောင်တာတွေကိုကာကွယ်ပေးပါတယ်။ အသားအရေ ခြောက်တာလည်းမဖြစ်တော့ဘူးပေါ့။...

ဗုဒ္ဓဘာသာဝင်ကောင်းဖြစ်ဖို့

မေး။   ။ ဗုဒ္ဓဘာသာကို ကိုးကွယ်တဲ့လူငယ်တစ်ယောက်ဟာ စစ်မှန်တဲ့ ဗုဒ္ဓဘာသာဝင်ကောင်း တစ်ယောက်ဖြစ်ဖို့ ဘာတွေ လိုအပ်ပါသလဲဘုရား။ ဖြေ။   ။ ကမ္မဿကတာသမ္မာဒိဋ္ဌိ = ကောင်းတာလုပ်ရင် ကောင်းကျိုးရမယ်၊ ဆိုးတာလုပ်ရင် ဆိုးကျိုးရမယ်ဆိုတဲ့ အခြေခံ ဥာဏ်အမြင်မှန်ကြီး ရှိဖို့လိုအပ်ပါတယ်။ ဒီနေရာမှာလည်း တခြားဘာသာများနဲ့ ဗုဒ္ဓဘာသာဟာအရှေ့နဲ့အနောက်၊ သမုဒ္ဒရာဟိုဘက်ကမ်းနဲ့ ဒီဘက်ကမ်း၊ မြေပြင်နဲ့မိုးကောင်းကင်လို ကွဲပြားခြားနားလှပါတယ်။ တခြားဘာသာဘုရားတွေက မင်းတို့လူသားတွေကို ငါဖန်းဆင်းထားတာလို့ဟောတယ်။ ဂေါတမဗုဒ္ဓကတော့ မင်းတို့ လူသားတွေကို ဖန်းဆင်းတာဟာမင်းတို့ကိုယ်တိုင်ပဲလို့ ဟောတယ်။ သူတို့ဘုရားရှင်တွေဟာမေတ္တာရှင်၊ကရုဏာရှင်လည်း မှန်တယ်။ ဖန်ဆင်းတာလည်းမှန်တယ်ဆိုရင်- ၁။ အသက်ရှည်တဲ့သူတွေ ဖန်ဆင်းသင့်တယ်၊ အသက်တိုတဲ့သူတွေ ဖြစ်အောင် မဖန်ဆင်းသင့်ဘူး။ ၂။ အနာရောဂါကင်းတဲ့သူတွေ ဖြစ်အောင်သာ ဖန်ဆင်းသင့်တယ်။ အနာရောဂါများတဲ့သူတွေ ဖြစ်အောင်...

ကိုးကွယ်ရာမှာ ယုံကြည်မှုအပြင်

မေး။    ။ ဘာသာတရားတစ်ခုကို ကိုးကွယ်ရာမှာ ယုံကြည်မှုအပြင် ဘယ်လိုအရာတွေလိုအပ်ပါသလဲဘုရား။ ဖြေ။    ။ ဝေဖန်ဆန်းစစ်မှုပညာ လိုအပ်တယ်။ ဗုဒ္ဓဘာသာနဲ့ တခြားဘာသာအားလုံးရဲ့ သိသိ သာသာ ကွဲပြားခြားနားတဲ့ အချက်တစ်ခု ရှိတယ်။ အဲဒါဘာလဲဆိုတော့တခြားဘာသာတွေက ယုံကြည်မှု(သဒ္ဓါ)တစ်ခုနဲ့ပဲတည်ဆောက်ထားတယ်၊ ဗုဒ္ဓဘာသာကတော့ ယုံကြည်မှု(သဒ္ဓါ)၊ ဝေဖန်ဆန်းစစ်မှု(ပညာ)နှစ်ခုလုံးနဲ့ တည်ဆောက်ထားတယ်ဆိုတဲ့အချက်ပါပဲ။ အင်္ဂုတ္တိုရ်ပါဋ္ဌိတော်၊ ကလျာဏမိတ္တသုတ်မှာ ကိုးကွယ်ဆည်းကပ်ရမယ့် ဆရာကောင်းရဲ့အင်္ဂါ(၇)ချက် ဟောထားပါတယ်။ အဲဒါတွေကတော့ -    ၁။ ရိုသေထိုက်သောဂုဏ်   ၂။ ချစ်ခင်ထိုက်သောဂုဏ်    ၃။ ချီးမွမ်း ထိုက်သောဂုဏ်    ၄။ တပည့်လွဲမှားနေလျှင် ဆုံးမရဲသည့်ဂုဏ်   ၅။ တပည့်ကမေးလာလျှင် ကျေနပ်အောင် ဖြေဆိုနိုင်သည့်ဂုဏ်   ၆။ နက်နဲသည့်တ၇ားကို ဟောကြားနိုင်သောဂုဏ်   ၇။ အကျိုးများရာကို...

သက်သက်လွတ်စားခြင်းသည် မြတ်သလား?

အစွန်းသုံးပါးမှ လွတ်ကင်းစင်ကြယ်သော သားငါးကို ရဟန်းတို့အား ဘုရားရှင်ခွင့်ပြုတော်မူ၏။ အရှင်ဒေ၀ဒတ်က ရဟန်းတော်များ အသက်ထက်ဆုံး သားငါးမစားဖို့တားမြတ်ဖို့ရာ လျှောက်ထားသောအခါ ခွင့်မပြုခဲ့၊ မြင်ခြင်း ကြားခြင်း ယုံမှားခြင်းအစွန်းသုံးပါးလွတ်ကင်းစင်ကြယ်သော သားငါးကို စားသောက်ဖို့  ငါဘုရားခွင့်ပြုထားကြောင်း မိန့်ကြားတော်မူ၏။             ထိုထိုပါဠိအရ ဘုရားရှင်ကိုယ်တော်တို့၏ သားငါးဘုဉ်းပေးတော်မူသည်ကို သိရပါ၏၊ အာမဂန္ဓသုတ်အရဆိုလျှင် "ထမင်း ဟင်း သား ငါးတို့ကို အာမဂန္ဓ = အညှီအဟောက်" ဟုဆိုသော အာမဂန္ဓရသေ့ကို သားငါးက အာမဂန္ဓမဟုတ်ကြောင်း ပါဏာတိပါတစသည် ကာမဂုဏ်မှီဝဲမှုစသည် ရသာရုံ၌ တွယ်တာမှုစသည် ဤတရားများသာ အညှီအဟောက် အာမဂန္ဓ ဖြစ်ကြောင်း မိန်းတော်မူခဲ့၏။            ဤသုတ္တန်အရ သားငါးစသည်က ရသေ့ရဟန်း တို့အား အန္တရာယ်ပြုသည်မဟုတ်၊...

မောင်ကောင်းထိုက်ဟာသများ

                                                       ၁။ ပေါ့သွားမှာပေါ့ခွဲစိတ်ပြီးရ်ျ သတိရလာသော လူနာက ဆရာဝန်ကိုပြောသည်။“ဒေါက်တာ ခွဲစိတ်ပြီးမှပဲ ကျွန်တော် တစ်ကိုယ်လုံး ပေါ့သွားသလိုပဲ”“အေးဗျာ၊ ခင်ဗျားမခွဲစိတ်ခင်တုန်းက လက်နှစ်ဖက်၊ ခြေနှစ်ချောင်း ရှိခဲ့တာကလား”၂။ ဖြည်းဖြည်းချင်း“ဒေါက်တာ၊ ဆရာနုတ်လိုက်တဲ့ သွားက အကောင်းချည်း၊ နာနေတဲ့သွားက ဟိုဘက်အခြမ်းမှာ ဗျ”“အေးဆေးပေါ့၊ ကျွန်တော် အဲ့ဘက်ကို ဖြည်းဖြည်းချင်းလာမှာပါဗျ”၃ ။အပြစ်တရားခံ - “လူကြီးမင်းရဲ့ ယောက္ခမ အသက်ကို ကျွန်တော် ကယ်ခဲ့ဖူးတယ်နော်”တရားသူကြီး...

အမတ်ကြီးဦးပေါ်ဦး၏ ဖြတ်ထိုးဥာဏ်

                                                     အပျိုချောရဲ့ခြေသလုံးဖန်နန်းရှင် ဘကြီးတော်မင်းတရားကြီးအနေနဲ့ အင်းဝမြို့တော်ဟောင်းကို မွမ်းမံပြုပြင်တော်မူရာမှာ လမ်းတွေကို ချဲ့ထွင်တာလည်း ပါဝင်တာပေါ့။   လမ်းတွေကို ချဲ့ထွင်ပြုပြင်တဲ့အခါ စေတီတော်တစ်ဆူအနေနဲ့ လမ်းနဲ့မလွတ်ဘူး၊ စေတီတော်ကို ဖျက်ပြီးရွေ့မှ လမ်းဖြောင့်မယ်။ ကျယ်ဝန်းလာမယ်။…သာသနာ့ဒါယကာ မင်းတစ်ပါးအနေနဲ့ ဘာသာရေးကို ထိခိုက်လို့ မဖြစ်ဘူး။ အရေးတယူ အလေးမူရလိမ့်မယ်။ ဒါကြောင့် ဆရာတော် သံဃာတော်များကို ပင့်ဖိတ်ဆွမ်းကပ်တယ်။...

နိဗ္ဗာန်အကြောင်း

                                                            စာရေးသူတို့ ဗုဒ္ဓဘာသာဝင်များ၏ ပန်းတိုင်သည် နိဗ္ဗာန်ဖြစ်သကဲ့သို့ အခြားဘာသာများ၏ ပန်းတိုင်များသည်လည်း နိဗ္ဗာန်နည်းတူ ကောင်းကင်ဘုံရှိကြပါသည်။ ထို့ကြောင့် မိမိတို့ဆိုင်ရာ ပန်းတိုင်များ၏အကြောင်းကို ပြောပြဖို့ဆိုလျှင် မည်သူကမျှ ပြည့်စုံလုံလောက်အောင် မပြောပြနိုင်ကြပါ။ အဘယ့်ကြောင့်ဆိုသော်မည်သူမျှမရောက်ဖူးကြသေးလို့ပါ။ ရောက်ဖူးသူကလည်း ပြန်လည်၍ပြောပြရိုးထုံစံမရှိသောကြောင့်ပင် ဖြစ်ပေသည်။ ပြောပြမည့်လူရော...

ချိုင်းထောက်မှသည်ကမ္ဘာ့အမြန်ဆုံးသို့

 လွန်ခဲ့တဲ့ နှစ်များစွာက အမေရိကား ကင်းဆပ်ပြည်နယ်ရဲ့ အဲလ်(က)ဟာ့တ်  မြို့လေးမှာ ညီအစ်ကို ၂ယောက်ရှိပါတယ်.. သူတို့ညီအစ်ကို ၂ယောက်ဟာ မြို့ကလေးက ကျောင်းတစ်ကျောင်းမှာ အလုပ်လုပ်ပါတယ်.. သူတို့၂ယောက်ဟာ နေ့စဉ်နေ့တိုင်း မနက်စောစော ကျောင်းကို သွားပြီးတော့ ကျောင်းခန်းထဲမှာရှိတဲ့ မီးဖိုကြီးထဲကို ကျောင်းသားတွေ မရောက်ခင် မီးမွှေးပေးရပါတယ်.. ချမ်းအေးလွန်းလှတဲ့ မနက်ခင်း တစ်ခုမှာ အစ်ကိုဖြစ်သူက မီးဖိုကို သန့်ရှင်းရေးလုပ်ပါတယ်.. ပြီးတော့ မီးဖိုကြီးထဲကို ထင်းတွေနဲ့ ဖြည့်နေပါတယ်.. ညီဖြစ်သူက ရေနံဆီပုလင်းကို ကိုင်လာပါတယ်… ပြီးတော့ မီးဖိုပေါ်က သစ်တုံးတွေပေါ် လောင်းချလိုက်ပြီး မီးမွှေး လိုက်ပါတယ်.. ရုတ်တရက် မထင်မှတ်တဲ့ ပေါက်ကွဲ မှုကြီး ဖြစ်ပွားပြီး မီးဖိုဟောင်းကြီးတစ်ခုလုံး ပြိုကျသွားပါတယ်.. အဲဒီမှာ အစ်ကိုဖြစ်သူက သေဆုံး သွားပြီးတော့ ညီဖြစ်သူရဲ့ ခြေထောက်မှာ...

ဆောင်းကြမလား ဦးထုပ်တွေနော်

မိန်းမတွေများ လှချင်ရက် စက်စက်ယိုဆိုတာ အရမ်းကို မှန်ပါတယ်နော်.. အောက်က ပုံတွေကို ကြည့်ကြည့်ရင် တွေ့ပါလိမ့်မယ်.. ထူးဆန်းအံ့သြဖွယ် ဒီဇိုင်းများနဲ့ တန်ဆာ ဆင်ထားတဲ့ ဦးထုပ်မျိုးစုံပါ… သူတို့မို့ ဆောင်း ချင်ပါတယ်..  ဒီလိုဦးထုပ်တွေကို...။           ဒီဦးထုပ်က အင်္ဂလန်ရဲ့ မြင်းပြိုင်ပွဲတစ်ခုမှာ အမျိုးသမီးတစ်ယောက် ၀တ်ဆင်လာတဲ့ ချိစ်တုံးနဲ့ စပျစ်သီး ထည့်ထားတဲ့ ပန်းကန်ပြား ဦးထုပ် ဒီဇိုင်း ဘဲဖြစ်ပါတယ်..                ဒီပုံလေးကိုတော့ ကင်းကောင်သာ မြင်တွေ့ရင် သဘောကျလောက်ပါတယ်..   မော်ဒယ်တစ်ယောက်   ၀တ်ဆင်   ထားတဲ့  ကင်းကောင်ရဲ့လက် ဒီဇိုင်းပုံဖော်ထားတဲ့ ဦးထုပ်အပြားဘဲဖြစ်ပါတယ်..              ...

ဘယ်လိုခေါ်လဲ

အတန်းထဲတွင် ဆရာမက ကျောင်းသားကို မေးသည်။ဆရာမ - ကိုယ်စကားပြောတာကို စိတ်ဝင်စားမှန်းမသိ၊ စိတ်မ၀င်စားမှန်းလည်းမသိပဲ ဇွတ်ပြောနေတဲ့သူမျိုးကို ဘယ်လိုခေါ်လဲ?ကျောင်းသား - ဆရာမလို့ခေါ်ပါတ...

တောက်ပကြည်လင်တဲ့အသားအရေရရှိစေဖို့

စာဖတ်သူများနဲ့ သူငယ်ချင်းများ အတွက် တောက်ပ လန်းဆန်းတဲ့ အသားအရေ ကို ဘယ်လို ဖန်တီးကြမလဲ ဆိုတာနဲ့ပါတ်သက်ပြီး စုဆောင်းထားသမျှ လေးတွေကို အကြံပြု ဖော်ပြ ပေးလိုက်ပါတယ်…ညိုးနွမ်းခြောက်သွေ့နေတဲ့ အသားအရေနဲ့ဆို လူတွေကြား သွာလာတဲ့အခါ မိမိကိုယ်ကို ယုံကြည်စိတ် နည်းစေပါတယ်.. ဒီတော့ စိုပြေ လတ်ဆတ်တဲ့ အသားရေ ရရှိဖို့ အောက်က အချက်လေးတွေကို ကြိုးစားပြီး လုပ်ကြည့်ကြစေလိုပါတယ်…၁. နေ့စဉ်နေ့တိုင်း လေ့ကျင့်ခန်းလုပ်နိုင်ရန် ကြိုးစားပါ… တစ်နေ့လျှင် နာရီဝက်ခန့် လုပ်နိုင်လျှင် ကောင်းပါသည်။ လေ့ကျင့်ခန်း လုပ်ခြင်း၊ လမ်းလျှောက်ခြင်းသည် ကိုယ်ခန္ဓာအတွင်းမှ ချွေးများကို ထွက်လာစေဖြင့် အရေပြားကို သန့်ရှင်းကြည်လင်စေပါသည်။ ၂. ရေများများသောက်ပါ။ တစ်နေ့ကို ရေ ဂခွက်မှာ  ၁၀ခွက် သောက်သင့်ပါသည်။ ရေသည် ကိုယ်ခန္ဓာ အတွင်းရှိ အဆိပ်အတောက်များကို ဖယ်ရှား ပေးပြီး အသားအရေကို တောက်ပ...

စိတ်ဝင်စားဖွယ် ပုံလေးများ

Photoshop နဲ့လုပ်ထားတဲ့ စိတ်ဝင်စားစရာပုံလေးတွေပါ.. အပြင်းလဲပြေ ဗဟုသုတလဲရဖို့ တင်ပေးလိုက်တယ်နော်…                                                                                         ချော (အစိမ်းရောင်လွင်ပြင်)...

တိမ်မင်းသမီးရဲ့ဒဏ္ဍာရီကိုအကောင်းဆုံးဖြစ်ချင်တယ်

                                                                                          “နဝရတ်တို့ဆိုင်က ဒီဇိုင်နာ မကာအိုမှာ သွားပြိုင်တာ ဒီဇိုင်နာ အယောက် နှစ်ဆယ်ထဲက နဝရတ်တို့ဆိုင်က ဒီဇိုင်နာက ဒုတိယဆု ရခဲ့တာ၊ အာရှနိုင်ငံ ပေါင်းစုံထဲမှာ ကိုယ်စားပြု သွားပြိုင်ခဲ့တာပေါ့။ သူညှပ်ခဲ့တဲ့ ဆံပင်ပုံလေးကို အမှတ်တရ ညှပ်ထားတာပါ။  အဓိကကတော့ စိတ်ပဲပေါ့။ နဝရတ် စိတ်ထဲမှာ လွတ်လွတ် လပ်လပ်လေး နေချင်တာရယ် တိမ်မင်းသမီး ဇာတ်ကားကြီး အတွက် လုံးပန်းခဲ့ရတာ အတွက်ကြောင့် လွတ်လပ်သွားအောင် အခုလို ဆံပင်ပုံလေးကို ညှပ်ဖြစ်ခဲ့တာလည်း ပါတာပေါ့”...

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management