အပြုံးမျက်နှာဖုံးတွေ ကာဆီးထားပေမယ့်
စိတ်ထဲမှာတော့ ငိုနေဆဲ
ငါ့ရှိုက်သံတွေ ဘယ်သူမှ
မကြားနိုင်တဲ့ အထိပေါ့.....
လိမ်ညာမရတဲ့ အတိတ်ကြားမှာ
သိမ်ငယ်မှုတွေနဲ့ ငါ
ခေါင်းတောင်မဖော်ဝံ့ခဲ့ဘူး.....
မျက်ထောင့်နီတွေ စွန်းပေနေတဲ့
အကြည့်တွေကတော့
အခုထိ အရောင်မပြယ်သေးဘူး.....
တကယ်ပါ
အတိတ်သာ အိမ်မက်ဖြစ်ခဲ့ရင်
နာကျင်မှုတွေနဲ့ပဲ ငါကိုယ်တိုင်
နင်းချေလိုက်ချင်ရဲ့.....။
ပိုးသွန်းမြူ
0 :ဦးမှတ်ချက်ပြုသည်။:
Post a Comment
ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။