ဆုပန်ထွာရဲ့ မွေးနေ့က အောက်တိုဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ ဘန်ကောက်က ပြန်ရောက်တာနဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်မယ့် ဇာတ်ကား အတွက် ချောင်းသာကို တန်းသွားရမှာ ဖြစ်တဲ့အတွက် မွေးနေ့ကိုတော့ ရိုက်ကွင်းပေါ်မှာပဲ ဖြတ်သန်းဖြစ်မှာပါ။ မွေးနေ့ အလှူအဖြစ် နာရေးကူညီမှု အသင်းကိုလှူဖို့ စီစဉ်ထားပြီး ချောင်းသာက ပြန်လာမှပဲ လှူဖြစ်မှာပါ။ နာရေးကူညီမှု အသင်း(ရန်ကုန်) မှာ လှူဖြစ်ရတဲ့ အကြောင်းပြောတဲ့ ဆုပန်ထွာက ”သေသွားတဲ့ လူတွေအပေါ်မှာ မပန် တာဝန် မကျေတာတွေ သိပ်များနေပြီ။ လူတွေကို ဒီအတိုင်းဆို မပန်မကြောက်ဘူး။ သေပြီဆို မပန် တအားကြောက်တာ။ မပန်အဖေ သေတုန်းကတောင် မပန် အနားမကပ်ဘူး။ ကိုယ့်ဘက်က တာဝန်မကျေဘူး ထင်ခဲ့လို့ ခုလို လှူ ဖြစ်မှာပါ။ စိတ်ထဲမှာ ဖြစ်နေတာကတော့ နာရေးကူညီမှု အသင်းကို လှူချင်နေတယ်”လို့ ပြောပြပါတယ်။
ဆုပန်ထွာက နိုဝင်ဘာမှာ မလေးရှားကို သီချင်းဆိုဖို့ သွားမှာဖြစ်ပြီး သူမရဲ့ တစ်ကိုယ်တော် အခွေထဲက သီချင်းတွေပဲ သီဆိုမှာပါ။ နိုဝင်ဘာလ ကုန်ရင်တော့ သူမရဲ့ ‘မတည့်အတူနေ’ ဗီစီဒီ ထွက်မှာဖြစ်ပြီး ဆွစ်ဇာလန်မှာ ကိုယ်တိုင် ရိုက်ခဲ့တဲ့ သီချင်းကို ဒါရိုက်တာ ဆုပန်ထွာ လို့ တပ်မှာ ဖြစ်တဲ့အတွက် လန့်နေမိတယ်လို့ ပြောပါတယ်။ ”ဆွစ်ဇာလန်မှာ ရိုက်လာတဲ့ သီချင်းအတွက်တော့ မပန်ကိုယ်တိုင် တည်းဖြတ်မှ ရမှာလေ။ ဒါရိုက်တာ နာမည်တပ်မှာဆိုတော့ အဲဒါကိုလည်း ကြောက်တယ်။ တကယ့် ဒါရိုက်တာ မဟုတ်တဲ့ အခါကျတော့ ရိုက်ခဲ့လို့သာ ကိုယ့်နာမည် တပ်ရမှာ၊ အမှန်တကယ် တော့ မပန် မတပ်ချင်ဘူး။ ကိုယ့်မှာ ဒါရိုက်တာ အရည်အချင်းလည်း မရှိသေးပါ ဘူး။ ဒါပေမဲ့ မပန်လည်း ကြိုးစားပြီးရိုက်ခဲ့တာပါ” လို့ ဒါရိုက်တာ နာမည်တပ်ဖြစ်ပုံကိုလည်း ရှင်းပြခဲ့ပါတယ်။
ခိုင်ဝေလွင်
0 :ဦးမှတ်ချက်ပြုသည်။:
Post a Comment
ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။