တစ်ခါတုန်းက...စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေ ကြည့်ရှုစစ်ဆေးရန်ဆေးရုံသို့ ရောက်ရှိလာသည်။ ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည် သူ့အား တောက်လျှောက် စိုက်ကြည့်နေလေသည်....။
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအားကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆိုပြီး အသားကုန်သာ လိမ့်ပြေးလေတော့သည်....။ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ရောက်ရှိ၍လမ်းပိတ်သွားလေသည်။ ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံ့ထားလိုက်လေသည်…။ လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်...။

" ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့
0 :ဦးမှတ်ချက်ပြုသည်။:
Post a Comment
ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။