Scan Disk သည် Windows Utilities tools တွေထဲက တစ်ခု ဖြစ်ပါတယ်။ Hard Disk ပေါ်မှာ ဖြစ်ပေါ်နေတဲ့error တွေ problem တွေ မှန်သမျှကို စစ်ဆေးပေးပါတယ်။ ပြန်ပြင်ဖို့ဖြစ်နိုင်တဲ့ error တွေကိုပြုပြင်ပေးပါတယ်။ စစ်လို့ရသမျှ ပြဿနာတွေကို မဖြေရှင်းနိုင်ဘူးဆိုလျင်တောင် Hard disk မှာပြဿနာတွေ ရှိနေပြီဆိုတာ ဖော်ပြပေးပါတယ်။Scan Disk လုပ်လိုက်ခြင်းအားဖြင့် Bad sector ဖြစ်နေတာတွေ၊ Cluster ပျောက်နေတာတွေ၊ Fileတည်နေရာလွဲနေတာတွေကို ပြန်ပြင်ပေးပါလိမ့်မယ်။Scan Disk လုပ်တော့မယ်ဆိုလျင် အဓိက အချက်က administrator နဲ့ logon ၀င်ထားရမှာ ဖြစ်ပါတယ်။ကိုယ်စစ်မယ့် Disk ရဲ့ အရွယ်အစား၊ သူ့ထဲမှာရှိတဲ့ Data ပမာဏ၊ System ထဲမှာရှိတဲ့ Processor နဲ့Memory စသည်တို့ အပေါ်မှာ မူတည်ပြီး Scan disk run တဲ့ အချိန်တွေကွာသွားပါတယ်။Scan Disk စစ်နေတုန်းမှာ ကိုယ်ကစစ်နေတဲ့ Drive ထဲက File တစ်ခုကို ဖွင့်ထားမယ်ဆိုလျင် Scan diskက ဆက်ပြီး အလုပ်လုပ်တော့မှာ မဟုတ်ပါဘူး။ပထမဦးဆုံး My computer ကို Double click ခေါက်ပြီး ဖွင့်လိုက်ပါ။ ကွန်ပျူတာထဲမှာရှိတဲ့ Hard Disk ရဲ့partition တွေကို မြင်ရပါလိမ့်မယ်။ကိုယ်စစ်ချင်တဲ့ Drive ကို Right click ခေါက်ပြီး Properties ကိုသွားပါ။ ပေါ်လာတဲ့ box ထဲက Tools Tabထဲကို သွားပါ။Tools Tab ရဲ့ အပေါ်ဆုံးအကွက်မှာ error checking လို့ ရေးထားတဲ့ နေရာလေး တွေ့မှာပါ။ ဒီvolumeမှာ error တွေ စစ်ပေးပါမယ်လို့လည်း ရေးထားခြင်းဖြစ်ပါတယ်။ error checking အကွက်ရဲ့အောက်ခြေညာထောင့်က check now လို့ရေးထားတဲ့ button လေးကို နှိပ်လိုက်ပါ။ check disk optionbox လေး ပေါ်လာပါလိမ့်မယ်။ဒီ box မှာ check box လေးနှစ်ခု ပါပါတယ်။ Automatically fix file system errors ဆိုတဲ့ check boxလေးကို on ပေးခဲ့ရမယ်ဆိုလျင်တော့ File တွေကို စိစစ်ပြီးတော့ နေရာတကျ fix လုပ်ပေးသွားပါလိမ့်မယ်။bad sector ကိုစစ်ပြီးတော့ recover လုပ်ချင်တယ်ဆိုလျင်တော့ Scan for and attempt recovery ofbad sectors ဆိုတဲ့ check box လေးကို on ပေးရပါမယ်။ check box နှစ်ခုလုံးကို on ပေးခဲ့လျင်တော့အထက်ပါလုပ်ငန်းစဉ် နှစ်ခုစလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ပြီးရင် start ကို click နှိပ်လိုက်ပါ။ phase တစ်ခုချင်း check လုပ်ပါလိမ့်မယ်။ Scan Disk မလုပ်မီ file တွေapplication တွေကို ပိတ်ထားခဲ့ရပါတယ်။ လက်ရှိအသုံးပြုနေဆဲ windows ရှိနေတဲ့အပိုင်းကို Scan Diskလုပ်မယ်ဆိုလျင်တော့ Restart လုပ်ပေးပြီး စစ်ရပါလိမ့်မယ်။ Restart ပြန်တက်လာပြီး Log onမ၀င်မီအချိန်မှာ Scan Disk လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားပါလိမ့်မယ်။အကယ်၍ Hard Disk သည် NTFS File System နဲ့ Format ချထားခဲ့မယ်ဆိုလျင် File တွေ နေရာပြန်ချတာမျိုး၊ မကောင်းတဲ့ Cluster တွေကို ပြန်အစားထိုးတာမျိုး မရှိမဖြစ်လိုအပ်တဲ့ Information တွေကိုCopy လုပ်ပြီး သိမ်းထားပေးတာမျိုးစတာတွေကို windows ကနေ အလိုအလျောက် လုပ်ပေးပါလိမ့်မယ်။Scan Disk စစ်ဆေးတာကို windows ထဲကနေ မဟုတ်ဘဲ Third Parties software တွေနဲ့လည်းစစ်လို့ရပါတယ်။ ဥပမာ-Norton Disk Doctor လို့ဟာမျိုး ဖြစ်ပါတယ်။
Ref: နေရိုင်း
0 :ဦးမှတ်ချက်ပြုသည်။:
Post a Comment
ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။