Tuesday 30 August 2011

ပါးစပ်ရာဇ၀င်

လျှောက်ခဲ့ကြဘူးတယ်...
ညနေကြွေလုလုမှာ ပန်းရနံ့တွေရှူရှိုက်လို့...
အဖြူစင်ဆုံးအချစ်နဲ့
ရမ္မက်တွေသွေးမဆာစတမ်း
ဟောဒီ...ကျောင်းတော်ကလမ်းအတိုင်း
အကြင်နာရစ်သမ်တွေ ပုံမှန်စီးဆင်းရင်းပေါ့....
အဆောင်ရှေ့အုတ်ခုံမှာ
ရင်ခုန်သံတွေရပ်တန့်နားစွင့်
တစ်ညတာဝေးလွင့်ဖို့ ငါတို့လက်တွေပြခဲ့ရ....
နောက်တော့ကြယ်ရောင်မှေးမှေး
ဂစ်တာသံအေးအေးနဲ့
ငါတို့ဆွေးကြမယ်....
အဲဒီညတွေ မိုးသောက်တဲ့အခါ
ညို့ငင်ခံရတဲ့ ခြေလှမ်းတွေနဲ့
မင်းရှေ့ကိုငါရောက်လာမယ်....
ဒီလိုနဲ့ပဲ ငါတို့ဟာအနာဂတ်မှာ
ဒဏ္ဍာရီတွေ ဖြစ်လာလိမ့်မယ်...
နောက်တော့
ငါတို့ရဲ့ သမိုင်းတွေကိုတူးဖော်ကြတဲ့အခါ
ချစ်ခြင်းနဲ့ ယက်ထားတဲ့လမ်းလေးရယ်
ခွဲခဲ့ရတဲ့ ဒီဇင်ဘာကျောင်းပိတ်ချိန်ရန်
တွဲထားတဲ့ ပန်းရောင်လက်ဖ၀ါးတစ်စုံရယ်ပဲ
တွေ့ကြလိမ့်မယ်ကွယ်.....။

                    ဖြိုးဝေခ ( GTC မှလမ်းလျှောက်တတ်သော သူငယ်ချင်းများအတွက်)

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management