skip to main |
skip to sidebar
မတ်တတ် ရပ်ထားရင် ဦးခေါင်းနဲ့ ပခုံးက သူ့မိဘတွေ အထက်မှာ မြင့်မား ထိုးထွက် နေတဲ့ အဲ့ဒီ ဆယ်ကျော်သက် ကောင်မလေး ဟာ အရပ် ၆ ပေ ၁၀ လက်မ ရှိနေတာ တောင် ဆက်ပြီး ကြီးထွားနေဆဲ ပါပဲ။ သူ့ခန္ဓာကိုယ် အလေးချိန်က ၂၈၇ ပေါင် ရှိပါတယ်။ ထိုင်းနိုင်ငံ အရှေ့ပိုင်းမှာ နေထိုင်တဲ့ မာလီဒန်ဒီး အမည်ရှိ ကောင်မလေးဟာ အသက်ငယ်ငယ် ကတည်းက တခြား ရွယ်တူ ကျောင်းသူတွေ ထက် ကြီးထွားနှုန်း အရမ်း မြန်နေကြောင်း သတိပြုမိ ခဲ့ပါတယ်။ သူ အသက် ၉ နှစ် အရွယ်မှာ သူ့မိခင် ဂျီ(၄၀နှစ်) က သူ့ကို ဆရာဝန်ထံ ခေါ်သွားပြီး ပြသ ခဲ့ပါတယ်။ ဆရာဝန်က သူ့ဦးနှောက်မှာ အကျိတ်တစ်ခု ဖြစ်ပေါ် နေပြီး အဲဒီ အကျိတ်က နာ့ဗ်ကြော တစ်ခုကို ဖိထားတာ တွေ့ရှိခဲ့ ပါတယ်။ အဲ့ဒီ နာ့ဗ်ကြော အဖိခံထား ရမှုကြောင့် ကြီးထွားရေး ဟော်မုန်း ထွက်ရှိအောင် အမြဲမပြတ် လှုံ့ဆော် နေတာမို့ ကြီးထွားမှုက ဘယ်တော့မှ မရပ်ဘဲ ရှိနေ ပါတယ်။ ဒါကြောင့် သူဟာ သုံးလတစ်ကြိမ် ကြီးထွားမှုကို ထိန်းချုပ်တဲ့ ဆေးတွေကို အမေရိကန် ဒေါ်လာ ၃,၀၀၀ အကုန်ခံပြီး ထိုးရပါတယ်။ အခုအခါ အသက် ၁၉နှစ် ရှိပြီ ဖြစ်တဲ့ ကောင်မလေးဟာ သူရဲ့ အရပ်ကြောင့် ကျောင်းမှာ သရော် လှောင်ပြောင်တာ ခံရပြီး အပေါင်းအသင်း မရှိဘဲ အမြဲတမ်း အထီးကျန် နေရပါတယ်။ အင်တာနက်သတင်း
0 :ဦးမှတ်ချက်ပြုသည်။:
Post a Comment
ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။