အရောင်တွေပြောင်းလဲနေတဲ့
ချစ်ကမ္ဘာကြီးမှာ
ငါက..ခြစားနေတဲ့
သဖန်းသီးတစ်လုံးသာသာပေါ့....
ကျင်တွယ်နဲ့ချိန်ဆဖို့ထက်
အကြင်နာမဲ့ ၀င်လာတဲ့မင်းက
ငါ့ဘ၀ကို တိုင်းထွာပြခဲ့တယ်လေ.....
တကယ်ပါချစ်သူ...
အခုမှ
အပေါ်ယံတိုင်းတာခဲ့တဲ့ မင်းထက်
ခပ်ပါးပါးဖိနပ်တစ်ရံကို
ငါပိုပြီး...
တန်ဖိုးထားတတ်ခဲ့တော့တယ်.....။
မှင်နီ (အရောင်မဲ့ဇုံ)
0 :ဦးမှတ်ချက်ပြုသည်။:
Post a Comment
ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။