ယာယီခွင့်လွှတ်ထားပေမယ့်
စကားလုံးတွေက အရှုံးမပေးချင်သေးဘူး...
ငါ့ရဲ့ရပ်တည်ရာကို ညွှန်ပြပေးပါ
အတိတ်ဟာ တစ်ချိန်မှာ
ငါ့ကျောကိုထောက်မဲ့ ဓားတစ်လက်ပေါ့......
အကောင်းချည်းလို့
နင့်အတွက်....ငါတွေးပြီး
အပြစ်ဆိုတာ ငါ့ရင်မှာမဖြစ်ထွန်းဘူး.....
နင့်ကိုကြိုဆိုကမ်းလှမ်းဖို့
ငါ့လက်ချောင်းတွေဟာ
သံစဉ်တစ်ပုဒ်တောင်
ဖြစ်ခွင့်မရလိုက်ပါလား.....
ငါတို့တွေ့နေကျ
အညတရ ဒီဇင်ဘာရဲ့ကြားမှာ
ကွဲပြားနေတဲ့ စိတ်နှစ်ခုညီမျှဖို့
ပုံသေနည်းမှန်ခဲ့ကြရဲ့လား.....။
ချွန်းအုပ် (အရောင်မဲ့ဇုံ)
0 :ဦးမှတ်ချက်ပြုသည်။:
Post a Comment
ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။