Showing posts with label အထွေထွေဗဟုသုတများ. Show all posts
Showing posts with label အထွေထွေဗဟုသုတများ. Show all posts

Tuesday, 6 September 2011

အင်တာနက်မှာစက္ကန့်၆၀တိုင်း ဘာတွေဖြစ်နေသလဲ

                                                  
-Google တွင် ရှာ ဖွေ မှု ပေါင်း ၆၉၄၄၄၅ ရှာ ဖွေ ကြ သည်။ 

-Flickr ဓါတ်ပုံ ဝက်ဘ် ဆိုက် သို့ ပုံပေါင်း ၆၆၀ဝ Upload လုပ်ကြသည်။

 -Youtube သို့ ဗီဒီယို ၆၀ဝ ကျော်လွှင့်တင်ကြသည်။

-Facebook ဝက်ဘ်ဆိုက်တွင် Status Updates ၆၉၅၀ဝ၀Wallpost -၇၉၃၆၄ နှင့် Comments ၅၁၀ဝ၄၀ ရေးသားကြသည်။

-Domain အသစ် ၇၀ ကျော် မှတ်ပုံတင်သည်။

-အီးမေးလ် ၁၆၈၀ဝ၀ဝ၀ဝ ပို့လွှတ်ကြသည်။

-Twitter တွင် အကောင့်သစ် ၃၂၀ နှင့် ရေးသားမှု ၉၈၀ဝ၀ ပြု လုပ်ကြသည်။

-iPhone Application ပေါင်း ၁၃၀ဝ၀ ကျော် Download လုပ်သည်။

-Tumblr Block တွင် ပို့စ်အသစ် ၂၀ဝ၀ဝ ကျော်ရေးသားကြသည်။

-FireFox Browser ၁၇၀ဝ၀ ကျော်ကို Download လုပ်ကြသည်။

-Wordpress ကို အကြိမ် ၅၀ ကျော် Download လုပ်ကြသည်။

-Wordpress Plugin ၁၂၅ ခုကို Download လုပ်ကြသည်။

-Networking ဆိုက် Linkedin တွင် အကောင့် ၁၀ဝ ကျော်ပြုလုပ် ကြသည်။

-Yahooanswers.com သို့ မေးခွန်း ၄၀ ကျော်မေးမြန်းကြသည်။

-answers.com သို့ မေးခွန်း ၁၀ဝ ကျော် မေးမြန်းကြသည်။

-သတင်းဝက်ဘ်ဆိုက်များတွင် ဆောင်းပါးတစ်ပုဒ်တင်သည်။

-Urban Dictionary.com တွင် စကားလုံးသစ်တစ်လုံးတိုးသည်။

-Craigslist တွင် ကြော်ငြာ ၁၂၀ဝ တက်သည်။

-Skype အသုံးပြုသူများက မိနစ်ပေါင်း ၃၇၀ဝ၀ဝ ကျော် စကား ပြောဆိုကြသည်။

-Internet Radio Pandora မှ သီချင်းများကို ၁၃၀ဝ၀ နာရီအထိ နားဆင်ကြသည်။

-Online စာကြည့်တိုက်Scribd မှာ အကြောင်းအရာ ၁၆၀ဝ ကို ဖတ်ကြသည်။

                                                                             


                                                                                            Ref: ရိုးရာလေး

သစ်သားရုပ်လေးတွေနဲ့ USB Stick

                                            
သစ်သား ရုပ်ကလေး တွေနဲ့ USB Stick တွေ တီထွင် လိုက်ပါပြီ။ ဆင်၊ မြင်း၊ ကျား၊ ဝက်ဝံ စတဲ့ တိရစ္ဆာန် လေးတွေကို သစ်သား ပေါ်မှာ သရုပ်ဖော် ပုံထုလုပ်ပြီး USB Stick တပ်ထားတဲ့ အတွက် အမြင်ဆန်းသစ် စေပါတယ်။ လောလောဆယ် တိရစ္ဆာန် ၅ ကောင်နဲ့ ထုတ်လုပ်ထားပြီး နောက် ပိုင်းမှာ အခြား တိရစ္ဆာန်တွေနဲ့ တိုးချဲ့ ထုတ်လုပ် သွားမယ်လို့ ဆိုပါတယ်။ ထုတ်လုပ်သူ အဆို အရကတော့ တောတွင်း တိရစ္ဆာန်လေး တွေကို ကြင်နာ တတ်အောင် အခုလို ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ပြောကြား ထားသော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ က သစ်သား အမြောက်အများ ထုတ်လုပ်မှာကို စိုးရိမ်နေကြပါတယ်။

                                                                                        

စာသားဖတ်ပြီးသီချင်းဆိုပြမယ့်စက်ရုပ်

                                                         
သီချင်းဆို ပြနိုင်တယ်လို့ ဆိုတဲ့ စက်ရုပ်တွေ တော်တော် များများ ရှိနှင့်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုက သူတို့ထဲမှာ ကြိုသွင်းထားတဲ့ သီချင်းတွေ ကို ဆိုပြတာမျိုးပါ။ တရုတ်တိုင်ပေ မှာရှိတဲ့ အမျိုးသား သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်က ပညာရှင် တစ်စုက ပေါင်းစု ထုတ်လုပ်လိုက်တဲ့ ဒီစက်ရုပ် ကတော့ သီချင်း စာသားတွေကို ဖတ်ပြီး ပြန်ဆိုပြနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ဗျည်း အက္ခရာတွေကို အင်္ဂလိပ် ဘာသာနဲ့ ရေး ထားတာ မှန်သမျှ ဖတ်တတ်ပြီး သီချင်း ဖြစ် အောင် Pitch တို့ ၊ Rhyme တို့ကို ကွန်ပျူတာ ဦးနှောက်နဲ့ တွက်ချက်ကာ ဆိုပြမှာ ဖြစ်ပါတယ်။ သူ့ကို စမ်းသပ်တုန်းက သီချင်းစာသား တစ်ခုလုံးကို စက္ကန့် လေးဆယ် အတွင်း ဖတ်ပြီး သီချင်း ပြန်ဆိုပြ လေရဲ့။ စက်ရုပ်က ခေါင်းကြီးပဲရှိလို့ အသဲ ယားစရာကြီးဗျ။

                                                            Saturday, 03 September 2011 itWEEKLY Journal

စာတမ်းထိုးပြမယ့် ရုပ်ရှင်ကြည့်မျက်မှန်

                                                 
နိုင်ငံခြား ရုပ်ရှင် ဇာတ်ကားတွေကို ကြည့်ရင် အောက်မှာ စာတမ်းလေး တွေပါ တာကိုတွေ့ရမှာပါ။ အကြောင်းအမျိုးမျိုး ကြောင့် အကြား အာရုံချို့တဲ့ နေသူတွေ အတွက် အသုံးတည့်စေသလို ကိုယ်နား မလည်တဲ့ ဘာသာ စကားကနေ နားလည် တဲ့ဘာသာစကား ဖြစ်အောင် ပြောင်းပေး နိုင်လို့ အဆင်အပြေဆုံး ဖြစ်စေတဲ့ ရုပ်ရှင် စာသား တွေကို မျက်မှန် ပေါ်ကနေတစ်ဆင့် ထိုးပြနိုင်အောင် ဆိုနီကုမ္ပဏီက ကြိုးပမ်းနေပါပြီ။ စာသားတွေက မျက်စိနဲ့နီးပြီး ပိတ်ကား ပေါ်က ပုံရိပ်တွေက မျက်စိနဲ့ ဝေးနေသယောင် မထင်ရစေဖို့ လှည့်စားပေးထားမယ်လို့လည်း ဆိုပါတယ်။ ဒီလိုသာဆိုရင် နားသောတ အာရုံ ဆုံးရှုံးထားသူတွေပါ ရုပ်ရှင်တွေကို ခံစားခွင့် ရရှိလာတော့မှာပါ။


                                                        Ref: Saturday, 03 September 2011 itWEEKLY Journal

အ၀တ်လဲခန်းထဲမှ လျှို့ဝှက်ကင်မရာ ရှာဖွေနည်း

အ၀တ်လဲခန်း ထဲမှာ လျှို့ဝှက် ကင်မရာ တပ်ဆင်ထား မထား ဆိုတာ သိနိုင်မယ့် အချက်တွေကို it Weekly အမျိုး သမီး စာဖတ် ပရိတ်သတ်တွေ အတွက် သိထားသင့်မယ် ထင်လို့ ဖော်ပြလိုက်ပါတယ်။ လျှို့ဝှက် ကင်မရာတွေက သေးငယ်လွန်း တာကြောင့် ဘယ်နားမှာ တပ်ဆင်ထားလဲဆိုတာ တော်တန် ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူ ဆုံးနည်းလမ်းက-
မိမိမှာပါလာတဲ့ မိုဘိုင်းဖုန်းနဲ့ စမ်းသပ်နည်း
(၁) အဝတ်လဲခန်းထဲကို မဝင်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရ မရ စစ်ဆေးထားပါ။ (၂) အဝတ်လဲ ခန်းထဲကို ရောက်သွား တဲ့အခါ မိုဘိုင်းဖုန်းကို ပြန်ခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။ (၃) ဖုန်းခေါ်လို့ မရဘူးဆိုရင် အဲဒီအဝတ်လဲခန်း ထဲမှာ Spy Cam ရှိနေဖို့ များသွားပါပြီ။ ဖုန်းခေါ်မရတဲ့ အကြောင်းရင်း ကတော့ လျှို့ဝှက်ကင်မရာရဲ့ ဖိုင်ဘာကေ ဘယ် က မိုဘိုင်းဖုန်းလိုင်းကို အနှောင့်အယှက်ဖြစ်စေလို့ပါပဲ။
နှစ်ဖက်မြင်မှန်နဲ့ ရိုးရိုးမှန် ဘယ်လိုခွဲခြားမလဲ
ဟိုတယ်ကြီးတွေရဲ့ သန့်စင် ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အဝတ်လဲခန်းတွေ၊ ဟိုတယ်အိပ်ခန်း တွေမှာ တပ်ဆင် ထား တဲ့ မှန်တွေက တကယ့် ကြေးမုံပြင် အစစ်တွေလား၊ ဒါမှမဟုတ် နှစ်ဖက်မြင်မှန် (Two Way Mirror) တွေလား ဆိုတာ အမျိုးသမီးလေးတွေ သံသယဝင်ခဲ့ဖူး တာရှိသလား။ Two Way Mirror ဆိုတာကတော့ ကိုယ့်ဘက်ကကြည့် ရင် ကြေးမုံပြင် အနေနဲ့ ပုံရိပ်ကိုပြန် မြင်နေရပေမယ့် အခြားတစ်ဖက်က ကြည့်ရင် ကိုယ်လုပ်သမျှကို တစ် ဖက်က လူက အကုန်မြင်နေရမှာပါ။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံ အစစ်လား၊ နှစ်ဖက်မြင်မှန်လားဆို တာသိနိုင်ဖို့ အင်မတန် ခဲယဉ်းပါ တယ်။ နှစ်ဖက်မြန်မှန်တွေကို သိနိုင် တဲ့ လွယ်ကူ ရိုးရှင်းတဲ့ စမ်းသပ်နည်း တစ်ခုရှိပါတယ်။ (၁)ကိုယ်ရဲ့ လက်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။ (၂) ကိုယ့်လက်ချောင်း ထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာ ပေါ်နေတဲ့ လက်ချောင်း လက်သည်းခွံနှစ်ခုကြား မှာ အနည်းငယ် ကွာဟနေတယ်ဆို ရင်ဒါဟာ သာမန် ကြေးမုံပြင်ပါ။ (၃)ကိုယ့်လက်ချောင်းလက် သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံနှစ်ခုဟာ တိုက်ရိုက် ထိစပ်နေသလို ဖြစ်နေမယ်။ ကြားထဲမှာ အကွာအဝေး မရှိဘူးဆိုရင် တော့ ဒါဟာနှစ်ဖက်မြင်မှန် (Two Way Mirror) ပါပဲ။
ဒီလိုဖြစ်ခြင်း အကြောင်းရင်းက သာမန် ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ် ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်း ထားပြီး မှန်ကြည့် သူဘက်က မျက် နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထား ခြင်းမရှိပါဘူး။ ဒါကြောင့်ကိုယ့်လက် ချောင်းထိပ်နဲ့ မှန်ထဲက ပုံရိပ်ရဲ့ လက်ချောင်းထိပ် ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေတာ ဖြစ်ပါတယ်။ နှစ်ဖက် မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူ ဘက်က မျက်နှာပြင်မှာ သုတ်လိမ်း ထားတာမို့ လက်ချောင်းနဲ့ မှန်ထဲက လက်ချောင်းကြားမှာ ကွာဟမှုမရှိ တော့တာပါ။ ဒါကြောင့် ဘယ်နေရာ မှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန် မျက်နှာပြင်ကို လက်သည်း ထိပ်လေးနဲ့ ထိကြည့်ဖို့ မမေ့ပါနဲ့။ ဒါကြောင့်ကိုယ်နဲ့မသိတဲ့ နေရာတစ်ခုကို ရောက်ရင် သတိ လက်လွတ် ဘယ်တော့မှ မနေပါနဲ့။ မိမိ ရဲ့ပေါ့ဆမှုက ကိုယ်ရဲ့အရှက်နဲ့သိက္ခာ ကိုအင်တာနက်ပေါ်မှာ ကိုယ်ကိုယ် တိုင်ချပြခဲ့ သလိုဖြစ်နေ တာ တွေ အများကြီးပါ။ ဒီစာလေးကို ဖတ်ရှုမျှ ဝေလိုက်ခြင်းအားဖြင့် မြန်မာအမျိုး သမီးများစွာရဲ့အရှက်နဲ့ သိက္ခာကို ကယ်တင် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်။
                                                      
                                                                                                        ဟေမာ - It Weekly
                                                                                                        Ref - ရိုးရာလေး

Friday, 2 September 2011

အညောင်းမိတာ သက်သာစေဖို့

ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ထိုင်ခုံအကြောင်း ပြောပြချင်ပါတယ်။

ကွန်ပြူတာကို အမြဲလိုလိုအသုံးပြုနေရသူတွေမှာ ဖြစ်တတ်တာတွေက အညောင်းမိတာ၊ ခါးနာတာ၊ မျက်ရည်ပူတွေ ကျလာတာ စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်. ခါးနာတာတို့ အညောင်းမိတာတို့အတွက် နောက်ဆုံးပေါ် memory foam လို့ခေါ်တဲ့ ခေါင်းအုံးလေးတွေ၊ ကျောမှီလေးတွေနဲ့ အဆင်ပြေအောင် ပြုပြင်လို့ရပါတယ်...။



 
                                                                                              Ref: ရန်အောင်

လူမသိသေးတဲ့ ဘီဂိတ်လ် ရဲ့အကြောင်း

ဒီစာလေးကတော့ အင်တာနက်မှာတွေ့မိတာပါ။ တွေ့တွေ့ခြင်းအရမ်းသဘောကျသွားတာနဲ့ ပြန်လည်မျှဝေလိုက်ပါတယ်။ ကမ္ဘာ့အချမ်းသာဆုံး စာရင်ဝင် Microsoft Company ကိုတည်ထောင်ခဲ့တဲ့ သူဌေးကြီး Bill Gate အကြောင်းလေးပါ။ ဖတ်ကြည့်လိုက်ပါဦး။ 

                                                     Microsoft နဲ့ဘီဂိတ်လ်
 


                                                   ဒါကသူ့ရဲ့ ငယ်ဘ၀ပုံရိပ်ပါ။                           
                          ဒီလို စုတ်ချွန်းချွန်းပုံလေးက ဒီလောက်တော်မယ် မထင်ရဘူးနော်။      

                            Microsoft နဲ့မအောင်မြင်ခဲ့ရင်တောင် မင်းသားလုပ်စားမှာပါတဲ့....
                                                                                                               

၁။ စက္ကန့်တိုင်းလျှင် အမေရိကန် ၂၅၀ ဒေါ်လာဝင်ငွေရှိပြီး တစ်ရက်တာကာလအတွက် ဒေါ်လာသန်း ၂၀ ၀င်ငွေရှိ၍ တစ်နှစ်ဝင်ငွေ ၇.၈ဘီလီယံရှိသည်။

၂။ အကယ်၍ သူသည် ဒေါ်လာတစ်ထောင်ပြုတ်ကျသွားခဲ့သည်ဆိုပါလျှင် ဘယ်တော့မှပြန်ကောက်လိမ့်မည် မဟုတ်ပါ။ အဘယ်ကြောင့်ဆိုသော် အဆိုပါပြန်လည်ကောက်ယူမည့်အချိန် ၄ စက္ကန့်တွင်ပင် သူသည် ဒေါ်လာတစ်ထောင် ပြန်လည်ရရှိခဲ့ပြီးဖြစ်သောကြောင့်တည်း။

၃။ အမေရိကန် ဖက်ဒရယ် အစိုးရ၏ ပြင်ပကြွေးမြီသည် ၅.၆၂ ထရီလီယံမျှရှိသည်။ အကယ်၍ ဘီလ်ဂိတ်သာ အဆိုပါ အကြွေးကို ပေးဆပ်ရမည်ဆိုပါက ၁၀နှစ်မပြည့်မီကာလတွင်ပင် အကြွေးကျေသွားလိမ့်မည်။

၎။ ကမ္ဘာပေါ်ရှိလူတိုင်းကို ၁၅ ဒေါ်လာစီ အလှူဒါနပြုခဲ့သည်ဆိုသော် ၎င်းအိတ်ကပ်ထဲတွင်
ဒေါ်လာ ၅ သန်းခန့် ကျန်ရှိနေဦးမည် ဖြစ်သည်။

၅။ အမေရိကန်အားကစားလောကတွင် အချမ်းသာဆုံးစာရင်းဝင်ဖြစ်သော မိုက်ကယ်ဂျော်ဒန်
၂၂၇ နှစ်ခန့် မစားမသောက်ဘဲစုမှ ရရှိမည့် ၀င်ငွေသည် ဘီလ်ဂိတ်၏ လက်ရှိပိုင်ဆိုင်မှုကိုမှီနိုင်မည်။

၆။ ဘီလ်ဂိတ်တွင် တိုင်းပြည်တစ်ခုရှိသည် ဆိုပါလျှင် ကမ္ဘာပေါ်တွင် ၃၇ယောက်မြောက်အချမ်းသာဆုံးပုဂ္ဂိုလ် ဖြစ်လိမ့်မည်။

၇။ ဘီလ်ဂိတ်၏ ပိုင်ဆိုင်မှုကို တစ်ဒေါ်လာတန်များဖြင့် စီတန်းလိုက်မည်ဆိုပါက ကမ္ဘာမှ လကမ္ဘာအထိ စီတန်းနိုင်ပြီး အသွားအပြန် ၁၄ကြိမ် စီတန်းနိုင်မည်။ ထိုသို့ပြုလုပ်ရန် နှစ်ပေါင်း ၁၄၀၀ ကြာမြင့်မည်ဖြစ်ပြီး ဘိုးအင်း ၇၄၇လေယာဉ်ဖြင့် ဆိုပါက ၇၁၃ ခေါက်တိတိ သယ်ယူပို့ဆောင်ပေးရမည်ဖြစ်သည်။

၈။ အသက် ၉၀ ပျမ်းမျှနှုန်းအရ တွက်ချက်မည်ဆိုပါက ယခု ဘီလ်ဂိတ်၌ ရှိနေသောအသက်အရွယ်မှ
မသေဆုံးခင်အချိန်အထိ သူ၏ စည်းစိမ်ဥစ္စာများကို တစ်နေ့လျှင် ၆.၇၈ သန်းသုံးဖြုန်းပစ်မှသာ ကုန်ဆုံးနိုင်ပေမည်။
 
၉။ သို့ရာတွင် ကျွန်ုပ်တို့ကွန်ပျူတာသုံးစွဲနေကြသော Windows သမားများသည် Microsoft
Windows Error တက်စဉ်တိုင်း ( သို့မဟုတ် ) Hang သွားသည့်အချိန်တိုင်းတွင် အမေရိကန်တစ်ဒေါ်လာနှုန်းမျှသာ ဘီလ်ဂိတ်ကို တောင်းခံရမည်ဆိုပါက သူသည် သုံးရက်အတွင်း ဒေ၀ါလီခံသွားရနိုင်ပေသည်။

စူပါကွန်ပျူတာပုံတွေပါ


                                                      Super Computer
                                

ဒါကတော့ ဂျပန်နိုင်ငံက ထုတ်လုပ်တဲ့ ကမ္ဘာ့အမြန်ဆုံး စူပါကွန်ပျူတာပါ။ နာမည်က K လို့ပေးထားပြီး အရင်(၆)လလောက်က တရုတ်ပြည်ကတင်ထားတဲ့ အမြန်ဆုံးဆိုတဲ့ စံချိန်ကို ချိုးခဲ့တယ်လို့ဆိုပါတယ်။ သူ့ရဲ့လုပ်ဆောင်ချက်နှုန်းကတော့ ရိုးရိုး PC computer အလုံးရေ (၁)သန်းရဲ့ စုပေါင်းချိတ်ဆက်ထားတဲ့ အင်အားနဲ့ညီမျှတယ်လို့ ဆိုပါတယ်။   
Super Computer 

ဒါကြီးထားဖို့ အခန်းကြီးကြီးလိုမှာပေါ့နော့....

အောင်မလေး....ကြိုးတွေကလည်းအများကြီးပဲ။ ကြွက်ကိုက်ချင်စရာ

  အရပ်တိုင်းနေတယ်ထင်တယ်။

မျက်မှန်တွေ ပါဝါတိုးပြီးရင်း တိုး။


ဒါက IBM ကထုတ်တဲ့ Mainframe ကွန်ပျူတာ။


မြန်နှုန်းမြင့် စူပါကွန်ပျူတာတွေကို အမေရိကန်က အများဆုံးပိုင်ဆိုင်တယ်။ (၄)လုံးတောင်မှ ဆိုဘဲ။
                                                                  

Thursday, 1 September 2011

Facebook လုံခြုံရေးနှင့် ပတ်သက်ပြီး သိသင့်တဲ့ မေးခွန်းငါးခု


                                          
သိပ်မကြာခင်အပတ်က ဝေါလ်စထရီဂျာနယ်မှာ Facebook Application တွေနဲ့ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်ပါဝင်လာခဲ့ပါတယ်။
ဒီဆောင်းပါးရဲ့အဆိုအရတော့ Facebook ရဲ့ third-party developer တွေဟာ ၎င်းတို့ရဲ့ App တွေကတစ်ဆင့် user တွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်ဒေတာတွေကို တရားမ၀င်ရယူသုံးစွဲနေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒါဟာအမှန်ဆိုရင်တော့ facebook ဟာ user တွေ ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု privacy ကိုချိုးဖောက်နေတာပါပဲ။ ဒါပေမဲ့ အဲဒါတကယ်ရောဟုတ်ပါ့မလား။ ဒါ့ကြောင့် နည်းပညာလောကရဲ့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ မေးမြန်းပြီး၊ Facebook ရဲ့အကြောင်း ၎င်းရဲ့ Application တွေအကြောင်း၊ User တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပိုင်းတွေကိုပါ အများသိရှိရအောင် အမေးအဖြေပုံစံနဲ့ ပြန်လည်တင်ပြခဲ့ပါတယ်။

Q - Facebook ပေါ်က thirdparty app တွေဟာကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တကယ်ပဲ ရယူချိတ်ဆက်နိုင်ပါသလား။
A - အများစုက အဲသလိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့အဲဒါက သင်က သူတို့ကိုခွင့်ပြုချက် permission ပေးမှလုပ်နိုင်ကြတာပါ။ Connect with Facebook ဆိုတဲ့ခလုတ်ကို သင်က ကလစ်ခေါက်မယ်။ ပြီးတော့ဘယ်လို information တွေကို သင်ရဲ့စာမျက်နှာကနေ လွှဲပေးနေတယ်ဆိုတာမသိရင်တော့ အဲဒီလိုရယူသွားစေနိုင်မှာပါပဲ။ ဒါ့ကြောင့်သင်က ကိုယ့်ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူက access လုပ်နေတယ်ဆိုတာ သတိထားစဉ်းစားမှာပါ။

Q - ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရီဂျာနယ်မှာဖြစ်ခဲ့တဲ့ကိစ္စက ဘာကြောင့်ဖြစ်တာပါလဲ။
A - ဝေါလ်စထရီဂျာနယ်ကတော့ သူတို့တွေ့ခဲ့တဲ့ကိစ္စကို “ဖေ့စ်ဘွတ်ခ်ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရမှု (Facebook privacy breach)” လို့ခေါ်ထားတယ်။ ဒါပေမဲ့ဒီကိစ္စကို အဲဒီလိုကြီး ခေါင်းစဉ်တပ်လို့တော့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ Facebook မှာအဲဒီလိုဖောက်ခံရတာ ပေါက်ကြားသွားနိုင်တဲ့ ယိုပေါက်ရှိတာမျိုး တစ်ခါမှမဖြစ်ခဲ့လို့ပါ။ “ချိုးဖောက်ခံရတယ်” လို့ပြောတာဟာ အမှန်ကတော့ user တစ်ချို့ရဲ့ Information တွေဟာ Facebook နဲ့ချိတ်ဆက် sync up လုပ်ထားတဲ့ third-party application တွေဆီ လွှဲပြောင်းရောက်သွားလို့ပါ။ အဲဒီထဲမှာ user ID နံပါတ်တွေ (အဲဒါက User တစ်ဦးစီရဲ့ profile ကိုရှာလို့ရတယ်လေ)။ ပြီးတော့ အဲဒီထဲမှာပါဝင်တဲ့ Public information တွေစသဖြင့် အဖွဲ့ဝင် member တွေရဲ့အများ Public ရှေ့တင်ထားတဲ့ information တွေသာဖြစ်ပါတယ်။ ဂျာနယ်ရဲ့ဆောင်းပါးမှာပါတာကတော့ app developer တွေဟာ အဲဒီ user ID နံပါတ်တွေကို တခြားကုမ္ပဏီတွေဆီလွှဲပြောင်းပေးတာ၊ ရောင်းချလိုက်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီပြင်ပကုမ္ပဏီတွေဆိုတာက ဒေတာစုဆောင်းတဲ့ကုမ္ပဏီတွေ သို့မဟုတ် ကြော်ငြာကုမ္ပဏီတွေဖြစ်ပြီး သူတို့ရဲ့ database တွေမှာ Facebook Profile data တွေကို သူတို့အလွယ်လုပ်နိုင်ဖို့ စုဆောင်းကြတာသာ ဖြစ်ပါတယ်။ ဒါမျိုးက တကယ့်ပြဿနာတော့မဟုတ်ပါဘူး။ Facebook ဟာယခင်ကတည်းက ၎င်းရဲ့ user ID နံပါတ်တွေကို တလွဲသုံးလို့မရအောင် ကာကွယ်ထားပြီးသားပါ။ ဒါ့ကြောင့် ကိုယ်ရေးအချက်အလက်တွေ ချိုးဖောက်ခံရတာမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ Facebook developer blog တစ်ခုမှာလည်း “ကျွန်ုပ်တို့ရဲ့ပေါ်လစီကတော့ user data တွေကို ကာကွယ်ထားတယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ user information တွေကိုသဘောတူညီချက်မရဘဲ access လုပ်လို့မရပါဘူး။ ဒါ့အပြင်ဒီလို user တွေ ရဲ့အခွင့်အရေး၊ လုံခြုံမှုကိုချိုးဖောက်တဲ့ application မှန်သမျှကိုလည်း ဖြတ်တောက်တာ၊ ပိတ်ပစ်တာမျိုးပဲလုပ်ဖို့ ကျွန်တော်တို့ အခိုင်အမာ ဥပဒေပြဋ္ဌာန်းပြီးသားပါ” လို့ဖော်ပြထားပါတယ်။

Q - Facebook ဟာဒီလိုမျိုး user data တွေကို ကြားခံ third-party developer တွေကချိုးဖောက်တာကို အမြတ်ထုတ်တာကို တကယ်ပဲတိုက်ပွဲဝင်နေတာလား။
A - Facebook ဟာနာမည်ကြီး developer တွေကိုတောင်မှ ဒီလိုမျိုးပေါ်လစီနဲ့မကိုက်ညီလို့ block လုပ်ခဲ့တာတွေ သမိုင်းမှာ အများကြီးရှိဖူးပါတယ်။ တစ်ခါတုန်းကဆို developer တစ်ဦးဟာ Facebook widget တွေထုတ်တဲ့နာမည်ကြီး Slide ကုမ္ပဏီကထုတ်တဲ့ Top Friends app မှာလုံခြုံရေးကုမ္ပဏီ Sophos က ပညာရှင်ချတ်ဝစ်စနီယူးစကီးကလည်း “Facebook ဟာယခင်ကတည်းက ဒီလိုပြဿနာ တွေကိုသိထားပြီးသားမို့ privacy policy ကိုပြဋ္ဌာန်းပြီး လုံခြုံရေးကောင်းအောင်လုပ်ခဲ့သလို၊ app ထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်း အဲဒီလိုမရိုးမသားမလုပ်နိုင်အောင် သေသေချာချာ သတိပေးထားပြီးသားပါ” လို့ပြောပါတယ်။

Q - ဒါဆိုကျွန်ုပ်တို့ user တွေဟာthird-party app တွေနဲ့ဒေတာ share မိတာမျိုးမဖြစ်အောင် ဘယ်လိုအကောင်းဆုံးထိန်းချုပ်နိုင်မလဲ။
A - သင်ဟာ Super Poke app ကိုနောက်ထပ်မသုံးတော့ဘူးဆိုရင် ဘာ့ကြောင့်သင့်ရဲ့ဒေတာတွေကို access လုပ်ဖို့ ဆက်ခွင့်ပြုနေတော့မှာလဲ။ ဒါမျိုးကိုဆိုရင် သင်ဟာ Facebook က ယမန်နှစ်က စလုပ်ပေးခဲ့တဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလည်းဖြစ်တဲ့ application dashboard မှာ ရှာဖွေလုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ Facebook ပေါ်မှာအလွယ်တကူ access လုပ်လို့ရတဲ့ Feature တော့မဟုတ်ဘူးပေါ့။ သင်ဟာ Facebook စာမျက်နှာရဲ့ အပေါ်ညာဘက်ထောင့်က Account menu ကိုသွားပြီး၊ privacy setting မှာရွေးချယ်ရပါမယ်။ အဲဒီနောက်အဲဒါ Loading ၀င်တာနဲ့ Application and Websites Link က ဘယ်ဘက်ထောင့်အောက်ခြေမှာ ပေါ်လာပါမယ်။ သင်ဟာဒီလိုနည်းမျိုးနဲ့ ကိုယ့်ရဲ့ app dashboard ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

Q - ဒါမျိုးကိုအခြား online နဲ့ offline ကုမ္ပဏီတွေကလုပ်တာနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိမလဲ။ သူတို့ကရော ကျွန်ုပ်တို့ရဲ့ကိုယ်ရေးအချက်အလက်တွေယူပြီး ရောင်းစားတာမျိုးကို သိနိုင်ပါ့မလား။
A - အဲဒါကိုဖြေရရင်တော့ Farm-Ville ဂိမ်းနဲ့နမူနာပေးရမယ်။ အမှန်ပြောရရင်တော့ Facebook app အများစုဟာ FarmVille နဲ့ သင်ပတ်သက်သမျှထဲက သင့်ရဲ့ဒေတာတွေကို FarmVille ကသိတာထက်တောင် အများကြီးပါသိနိုင်သလို၊ သင့်ကိုယ်ရေးအချက်တချို့ကိုလည်း လွှဲပြောင်းရောင်းစားကောင်း ရောင်းစားနိုင်တယ်။ ဒါပေမဲ့သင်ဟာ ယနေ့ခေတ်မော်ဒန်စားသုံးသူ စီးပွားရေးဖြစ်စဉ်မှာ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်နေတာကိုတွက်မိရင်ဒီလောက် ကိုယ်ရေးအချက်တွေဖြစ်တဲ့ နာမည်တို့၊ အသက်တို့၊ လူမျိုး၊ အသားအ ရောင်စတဲ့အချက်အလက် တွေကိုသူများက သိသွားတာမအံ့သြပါနဲ့။ ခရက်ဒစ်ကုမ္ပဏီတွေ၊ အွန်လိုင်း retailer program တွေ၊ အွန်လိုင်း ခရီးသွားဘွတ်ကင်ဆိုက်တွေမှာ သင်ဟာကိုယ့်ရဲ့အချက်အလက်တွေ ဖြည့်နေရ၊ Share လုပ်နေရတာမဟုတ်လား။ Facebook app တွေက သင့်ရဲ့အချက်အလက်တွေ ရထားတယ်ဆိုတာ အနည်းငယ်ပါ။ အွန်လိုင်းဥပဒေဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Fox Rothschild ကကျွမ်းကျင်သူ စကော့တ်ဗားနစ်စ် ကတော့ ဒီလိုပြောထားပါတယ်။ “ဘယ်အချိန်ပဲဖြစ်ဖြစ် သင်ဟာအလိုရှိလာရင် အင်တာနက်ပေါ်တက်ပြီး ဟိုတယ်ဆိုက်တွေ၊ ရောင်းဝယ်ရေးဆိုက်တွေမှာ ကိုယ့်ရဲ့နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ နေရပ် စသဖြင့် အချက်အလက် information တွေဖြည့်နေရတာပဲမဟုတ်လား။ ဒါတွေကိုသင်က ဂရုတစိုက်နဲ့ဖြည့်ထားမယ်။ ပြီးတော့လုံခြုံစွာပြန်ထွက် log out လုပ်ထားမယ်ဆိုရင် ဘယ်သူကသင့် information တွေကို ယူပြီးရောင်းစားတာ၊ ကြော်ငြာတာတွေလုပ်လို့ရမှာလဲ” လို့သူကပြောပါတယ်။ သင်ဟာ FarmVille မှာ Profile ကိုဖြည့်ရရင် သူပေးထားတဲ့အတိုင်း အပြည့်အ၀အတိအကျလိုက်နာပြီး ဖြည့်စရာမှမလိုတာ။ ဒါ့ကြောင့် သင့်လုံခြုံရေးကို သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။

                                  Ref: Understanding what Facebook apps reall Know (FAQ)
                                  ရေးသားသူ -  ဆန်းသော်တာ

Gtalk ကဲ့သို့ အသုံးပြုနိုင်မည့် Mtalk

မြန်မာနိုင်ငံ၏ပထမဆုံးသော အွန်လိုင်းမှပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်၊ ချက်တင် အသုံးပြုခြင်းများကို ၀န်ဆောင်မှုပေးမည့် Mtalk ဆားဗစ်ကို မကြာမီကာလအတွင်း အများပြည်သူသို့ စတင်သုံးစွဲခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုအား ပြည်တွင်းမှနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Technology Gateway မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ Mtalk ဆားဗစ်မှာ မြန်မာပြည်တွင်း၌လူသုံးများလျက်ရှိသော Gtalk နှင့် Pfingo ကဲ့သို့ ၀န်ဆောင်မှုများအတိုင်း ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။ “ Mtalk ဆားဗစ်ကို စပြီးအကောင်အထည်ဖော်ခဲ့တာကြာပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာရှိတဲ့သူတွေအနေနဲ့ နိုင်ငံတကာသို့ အွန်လိုင်းပေါ်ကနေဖုန်းခေါ်တာတို့၊ chatting လုပ်တာတွေကို ပြည်တွင်းကနေ ၀န်ဆောင်မှုပေးချင်တာကြောင့်ဖြစ်ပါတယ်။ နောက်ထပ် ၂လ၊ ၃လအတွင်းလောက်မှာ Pfingo လိုမျိုးအကောင့်ရှိရုံနဲ့ ပြည်တွင်းရော၊ ပြည်ပရော အွန်လိုင်းကနေ ဖုန်းခေါ်ပြောဆိုနိုင်မဲ့ဝန်ဆောင်မှုကို စတင်တော့မှာဖြစ်ပါတယ်” ဟု Myanmer Technology Gateway မှ တာဝန်ရှိသူ ဦးအောင်ကျော်စိုးဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။ လက်ရှိအချိန်တွင် Mtalk Application အားစတင်သုံးစွဲရန် Download လုပ်ခွင့်ပေးထားပြီး သုံးစွဲသူ၏အမည်နောက်တစ်ခုနှင့် email Chatting အသုံးပြုနိုင်ကြောင်းသိရသည်။ Mtalk ၏၀န်ဆောင်မှုတွင် ထူးခြားချက်မှာ Mtalk အသုံးပြု သူများသည် Gtalk အသုံးပြုသူများကိုပါဖိတ်ခေါ်၍ပြောဆိုနိုင်ခြင်း၊ Mtalk မှတဆင့် နိုင်ငံတကာဖုန်းများကို တိုက်ရိုက်ခေါ်ဆိုနိုင်သည့် ၀န်ဆောင်မှုများကိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ လတ်တလောမှာအီးမေးလ်နဲ့ chatting ကိုအခမဲ့သုံးခွင့်ပေးမယ်၊ VOIP ကိုစမ်းသုံးခွင့်ပေးမယ်၊ အွန်လိုင်းပေါ်ကနေ ဖုန်းခေါ်ဆိုတဲ့စနစ်အတွက်ကိုတော့ ငွေပေးသွင်းတဲ့စနစ်နဲ့ စီစဉ်ထားပါတယ်။ လောလောဆယ်ကတော့ ဘယ်လောက် ပေးသွင်းရမယ်ဆိုတာကို မသတ်မှတ်ရသေးပါဘူး” ဟုတာဝန်ရှိသူဦးဇော်မင်းဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။ ယင်းကုမ္ပဏီ၏ Mtalk အတွက် အသုံးပြုသည့်ဆာဗာမှာ ပြည်တွင်း၌ပင်ရယူထားကြောင်းသိရသည်။

                                                                                   Ref: Myanmar Internet Journal

ကွန်ပျူတာ Hardware အခြေခံ သဘောတရားများ



                                           
ကွန်ပျူတာအမျိုးအစားများ
ကွန်ပျူတာရဲ့ စွမ်းဆောင်နိုင်တဲ့ အမြန်နှုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ terminal အရေအတွက်အပေါ် မူတည်ပြီး အကြမ်းအားဖြင့် (၄) မျိုးခွဲခြားထားပါတယ်။
1. Super Computer - အလွန်မြင့်မားတဲ့ စွမ်းဆောင်နိုင်မှုရှိပါတယ်။ Super Computer တွေကို သိပ္ပံဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့ ရာသီဥတုခန့်မှန်းခြင်း၊ ဆေးသုတေသနပြုလုပ်ခြင်း စတဲ့လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။
2. Mainframe Computer - Mainframe Computer ကို အဖွဲ့အစည်းကြီးတွေမှာ data တွေကို ဗဟိုတွက်ချက်မှု ပြုလုပ်ပေးဖို့အတွက် အသုံးပြုပါတယ်။ ဘဏ်၊ လေကြောင်းလိုင်း၊ အာမခံလုပ်ငန်း၊ စာပို့လုပ်ငန်း၊ တက္ကသိုလ် နဲ့ အကောက်ခွန်လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။
3. Mini Computer - Mainframe Computer ထက် ချိတ်ဆက်နိုင်တဲ့ terminal အရေအတွက်နဲ့ စွမ်းဆောင်နိုင်မှု နည်းပါးပါတယ်။ ကွန်ပျူတာနဲ့ တွက်ချက်လုပ်ဆောင်ရတဲ့ လုပ်ငန်းနယ်ပယ်အသီးသီမှာ အသုံးပြုပါတယ်။
4. Micro Computer (Personal Computer PC) - သူတို့ကိုတော့ Network တစ်ခုဆီကိုချိတ်ဆက်ပြီး terminal အဖြစ်သုံးခြင်းဖြင့် Personal Computer နဲ့ Workstation အဖြစ်အသုံးပြုပါတယ်။ Micro Computer တွေကို အိမ်၊ ကျောင်း၊ ရုံးနဲ့ စီးပွားရေးအဖွဲ့အစည်းတွေမှာ ကျယ်ပြန်စွာအသုံးပြုပါတယ်။ အများအားဖြင့်တော့ တစ်ဦးချင်းသုံးရတဲ့စနစ်ဖြစ်ပါတယ်။ Personal Computer တွေကို အရွယ်အစား ပမာဏအပေါ်မူတည်ပြီးတော့ အမျိုးအစားထပ်ခွဲထားပါသေးတယ်။
(1) Desktops
(2) Laptops
(3) Notebooks
(4) Pocket PC or Hand Held PC
(5) Palmtops ( Screen ပေါ်တွင် pen ဖြင့်ရေးသား၍ data များကို ထည့်သွင်းနိုင်သည်။)
ကျွန်တော်တို့ အများဆုံးအသုံးပြုနေကြတာကတော့ Micro Computer တွေထဲက အမျိုးအစားတွေ ဖြစ်ပါတယ်။ အများအားဖြင့်တော့ Desktop တွေပဲ အသုံးပြုကြတာများပါတယ်။ PC Computer များကို တပ်ဆင် အသုံးပြုရာတွင် (၂) မျိုးခွဲ၍ ခေါ်ဆိုနိုင်ပါတယ်။ Branded Compter နဲ့ Clone Computer ဆိုပြီး ခေါ်ဆိုကြပါတယ်။
Branded Computer တွေမှာ Monitor ၊ System Unit ၊ Keyboard ၊ Mouse စသည့် ပစ္စည်းတိုင်းမှာ ၄င်းတို့ရဲ့ Company အမှတ်တံဆိပ် တပ်ထားတာဖြစ်ပါတယ်။ Branded Computer များဟာ ၄င်းတို့ Computer မှာ ပါဝင်တဲ့ အစိတ်အပိုင်း အားလုံးကို ၄င်းတို့ Company က ထုတ်လုပ်တာ မဟုတ်ဘဲ Clone Computer တွေအတိုင်း အခြား Company တွေက ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ သို့သော် ၄င်းတို့ သုံးစွဲသော ပစ္စည်းတိုင်းပေါ်တွင် ၄င်းတို့၏ Branded တံဆိပ် ထပ်မံတပ်ထားခြင်းဖြင့် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်းကို သိသာစေပါတယ်။ Branded ပစ္စည်းတိုင်းဟာ Clone တွေထက် ပိုကောင်းပြီး၊ အသစ်ဆိုရင် ဈေးနှုန်းနှစ်ဆနီးပါး ပိုကြီးပါတယ်။ထင်ရှားတဲ့ Branded Computer တွေကတော့ Compaq, HP, Toshiba, Epson, Zenith, Ast, Dell တို့ဖြစ်ကြပါတယ်။ Compaq ကတော့ နာမည် အကြီးဆုံးနဲ့ လူကြိုက်အများဆုံးပါ။
Clone Computer တွေကတော့ Branded Computer တွေလို သီးခြားတံဆိပ် တပ်ဆင်ထားခြင်းမရှိဘဲ အဆင် ပြေသလို ပေါင်းစပ်တပ်ဆင်ထားတဲ့ Computer တွေကို ခေါ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ အခုအများဆုံး အသုံးပြုနေတာ Clone Computer တွေပါ။
ကဲ ဒါဆိုရင် ၀ယ်ယူဖို့ ရွေးချယ်ရင် ဘယ်ကွန်ပျူတာမျိုးကို ရွေးမလဲ။ အသစ်ဝယ်ယူဖို့ ဆိုရင်တော့ ဈေးနှုန်းတစ်ဝက် သက်သာသွားတဲ့အတွက် ကျွန်တော်ကတော့ Clone Computer ကိုပဲသဘောကြတယ်။ အကောင်းဆုံး၊ အမြန်ဆုံး၊ အမာဆုံး ပစ္စည်းတွေကိုသာ တပ်ဆင်လိုက်မယ် ဆိုရင် Branded Computer တွေလိုပဲ သုံးလို့ကောင်းပါတယ်။ ဈေးလည်းသက်သာ ၊ ပစ္စည်းတစ်ခုခု ပျက်ရင်လည်း ပြင်ရတာ လွယ်တယ်။ သူများဆီက တစ်လက်ကျ (Second hand) ကွန်ပျူတာတွေကို ၀ယ်မယ်ဆိုရင်တော့ Branded Computer တွေကို ပိုပြီးသဘောကျပါတယ်။ ဘာလို့လည်းဆိုတော့ ဈေးနှုန်းသက်သာသွား လို့ပါဘဲ။ ဒါပေမယ့် Branded Computer ပဲဖြစ်ဖြစ် Clone Computer ပဲဖြစ်ဖြစ် ကွန်ပျူတာတစ်လုံး ဖွဲ့စည်းထားပုံနဲ့၊ အခြေခံ အလုပ်လုပ်ပုံခြင်းကတော့ အတူတူပါပဲ။
ကွန်ပျူတာတစ်လုံးတွင် အခြေခံအားဖြင့် အောက်ပါ အစိတ်အပိုင်းများ ပါဝင်ပါသည် ။
(1) Processor or Central Processing Unit (CPU)
(2) Motherboard (Main Board)
(3) Memory
(4) Hard Disk
(5) VGA Card
(6) CD/DVD Drive (R/RW)
(7) Keyboard
(8) Mouse
(9) Casing
(10) Monitor တို့ပါဝင်ပါသည် ။

                                                                                                 Ref: Internet


Saturday, 27 August 2011

အတိုင်းအတာလေးများ

ကွန်ပျူတာသုံးသူများဟာ ကွန်ပျူတာနဲ့ပတ်သက်တဲ့ အတိုင်းအတာလေးတွေကို သိသင့်ပါတယ်။ ဥပမာ - memory card တစ်ခုကိုသုံးရင် 1GB ရှိတယ်ဆိုပါစို့။ အဲဒီ 1GB ဟာ 1024 MB ရှိတယ်။ 
 birnarry bit (0,1) = 1 bit
8 bits = 1 character (စာလုံးတစ်လုံး)
1character = 1 byte (B)
1024 bytes = 1 Kilobyte (KB)
1024 Kilobytes = 1 Megabyte (MB)
1024 Megabytes = 1 Gigabyte (GB)
1024 Gigabytes = 1 Terabyte (TB)
ဒီအတိုင်းအတာလေးကို ဖတ်ကြည့်ရင် နားလည်သွားမယ် ထင်ပါတယ်။

CD Rom များအကြောင်း

တော်တော်များများကတော့ CD Rom အကြောင်းသိကြမှာပါ။ တကယ်လို့ မသိသေးတဲ့သူတွေရှိရင်လည်း ဗဟုသုတနေနဲ့ ဖတ်ကြည့်ပါ။ 
1. CD ROM ( Compact Disc Read Only Memory ) ဖတ်ရုံသာဖတ်နိုင်တယ်။
2. CD RW ( Compact Disc Read/Write ) ဖတ်လည်းဖတ်နိုင်၊ CD လည်းကူးနိုင်တယ်။
3. Combo Drive - CD ကူးနိုင်၊ DVD ကိုဖတ်နိုင်တယ်။
4. DVD ROM - DVD ကိုဖတ်ရုံသာဖတ်နိုင်တယ်။
5. DVD RW - ဖတ်လည်းဖတ်နိုင်၊ DVD ခွေလည်းကူးနိုင်တယ်။ 
6. Blu-ray ROM,  blu-ray ခွေကို ဖတ်နိုင်တယ်။ ရုပ်/သံကြည်လင်ပြတ်သားသည်။
7. Blu-ray RW , blu-ray ခွေကိုဖတ်နိုင်၊ ခွေလည်းကူးနိုင်တယ်။

Virus ဖြစ်လာပုံ

     လူကိုအကျိုးပြုတဲ့ software (or) program ရှိတယ်။ အကျိုးမပြုတဲ့ program ရှိတယ်။ အကျိုးရုတ်စေတဲ့ software/program ကို virus လို့ခေါ်နိုင်တယ်။
     အကျိုးပြု program ကိုတီထွင်သူဆိုရင် 'programmer' လို့ခေါ်ဆိုပြီး၊ အကျိုးရုတ်စေတဲ့ program ကိုတီထွင်သူကိုတော့ 'hacker' လို့ခေါ်ပါတယ်။
     ဟိုးအရင်ကတော့ တစ်ယောက်နဲ့တစ်ယောက်စကြတယ်။ နောက်ကြတယ်။ အခုတော့ စတာ၊ နောက်တာလောက်မဟုတ်တော့ပဲ သတင်းတွေထောက်လှမ်းကြတယ်။ data တွေခိုးတယ်၊ လုပ်ငန်းကြီးဖိုင်တွေကို ခိုးတယ်၊ ဖျက်တယ် စသည်ဖြင့် တစ်ဆင့်တစ်ဆင့်နဲ့ virus ဟာကြီးထွားလာခဲ့တယ်။
      virus ဟာ အင်တာနက်မှ လွယ်ကူစွာပျံ့နှံ့ပါတယ်။
      စက်ထဲကို virus ၀င်ပြီဆိုရင် software တွေကို ဖျက်စီးပါတယ်၊ hardware ကိုတော့ မဖျက်စီးပါဘူး။ virus ၀င်လာရင် စက်ကနှေးလာတယ်၊ မလိုအပ်တဲ့ folder တွေဝင်လာတယ်။ တစ်ချို့ virus က windows ကိုတောင် ဖျက်ဆီးတတ်ပါတယ်။ အဲဒါကတော့ အတော်ဆိုးဝါးတဲ့ virus ပါ။
      virus ကိုကာကွယ်ဖို့က Anti virus software များကို install လုပ်ထားရမယ်။ updates အသစ်၊အသစ် လုပ်ပေးရမယ်။ updates ကို ၀င်လာတဲ့ virus အသစ်သိဖို့ လုပ်ရပါမယ်။
     virus တွေက 1980 ၀န်းကျင်က စတင်ပေါ်ပေါက်လာခဲ့ပါတယ်။ စတင်ပေါ်ပေါက်လာတဲ့ virus အမည်ကတော့ ELK Cloner ဖြစ်တယ်။ အနှစ် ၂၀ကျော်ရှိခဲ့ပါပြီ။ ခုချိန်မှာတော့ virus ဟာ အမျိုးပေါင်းများစွာ ပေါ်ထွက်နေပါပြီ။

Hacker အကြောင်းသိကောင်းစရာ

ကျွန်တော်တို့တွေ တော်တော်များများက Hacker အကြောင်းကိုစိတ်ဝင်စားကြတယ်။ ဒါပေမယ့် တစ်ချို့တွေက Hacker ဆိုတာ ကွန်ပျူတာရဲ့ program များကိုဖျက်စီးတတ်တဲ့ အဖျက်သမားလို့ပဲမြင်ကြတာ များတယ်။ တကယ်တော့ Hacker ဆိုတာ အဆိုးချည်းပဲမဟုတ်ပါဘူး။ ကောင်းတဲ့ Hacker လည်းရှိပါတယ်။ သိပြီးသူများလည်း ရှိပါတယ်။ မသိသေးသူတွေအတွက် ရည်ရွယ်ပြီး ဝေမျှခြင်းဖြစ်ပါတယ်။
Hacker (၄)မျိုးရှိပါတယ်။ 1. White Hacker 2. Grey Hacker 3. Blue Hacker 4. Black Hacker ဆိုပြီး ခွဲထားပါတယ်။
1. White hacker ဆိုတာက - လုံခြုံရေးစနစ်အတွင်း ချိုးဖောက်ဝင်ရောက်တဲ့ရည်ရွယ်ချက်မှာ ဘယ်သူ့ကိုမှ ထိခိုက်ပျက်စီးစေလိုတဲ့ ရည်ရွယ်ချက်မပါသူတွေ။
2. Grey hacker ဆိုတာက - White hacker တွေနဲ့စိတ်ထား၊လုပ်ဆောင်ချက်တွေတူပေမယ့် တစ်ခါ တစ်ရံမှာ ပြဿနာတွေ လုပ်တတ်တဲ့သူတွေ။
3. Blue hacker ဆိုတာက - computer လုံခြုံရေးအဖွဲ့တွေနဲ့ မပတ်သက်ဘဲ ပြင်ပမှာ သီးခြားရပ်တည်ကြ သူတွေ။ သူတို့က software တွေရဲ့အားနည်းချက်ကို ရှာဖွေဖို့ဖိတ်ခေါ်တဲ့အခါမှာ ၀င်ရောက်ဆောင်ရွက်ကြ သူတွေ။ တစ်ခါတစ်ရံမှာတော့ software တွေရဲ့အားနည်းချက်ကို မဖိတ်ခေါ်ပဲ ရှာဖွေပြီး ထုတ်ဖော်ပြော ကြားလေ့ရှိတယ်။
4. Black hacker ဆိုတာက - အကြမ်းဖက်မှုတွေနဲ့ အချက်အလက်တွေကို ခိုးဝှက်ယူငင်ကြတဲ့သူတွေ။ ဆိုက်ဘာ ရာဇ၀တ်သားတွေကို ခေါ်ဆိုတဲ့ အမည်နဲ့တူတယ်။ 
မှတ်ချက်။   ။ computer စနစ်ကို ထိုးဖောက်ဝင်ရောက်တဲ့ နည်းလမ်းများစွာရှိရာမှာ ဘုံကျတဲ့နည်းလမ်း တွေကတော့ source code တွေကို ရှာဖွေပြီး တိုက်ခိုက်ကြတယ်။

ပန်းလေးများအကြောင်း

ကိုယ်ချစ်တဲ့သူတွေကို ပန်းလေးတွေလက်ဆောင်ပေးတဲ့အခါမှာ ပန်းရဲ့သက်ရောက်မှု ဖွင့်ဆိုချက်လေးတွေ ကိုသိစေချင်လို့ တင်ပြပေးလိုက်တာပါ။
၁) ကံကော်ပန်း               - မပြောင်းလဲတဲ့ ထာဝရအချစ်

 ၂)ကြာပန်း                     - မိတ်ဆွေတွေရဲ့ ဖြူစင်ခြင်းမျိုးနဲ့ ခင်မင်ကြရအောင်..

 ၃)ခရေပန်း                     - မေ့မသွားပါနဲ့...

 ၄)ခေတ္တာပန်း                  - အားငယ်ရသူမို့ညှာတာပါ...

 ၅)ချယ်ရီပန်း                   - တစ်နေ့နေ့တော့ ဝေးရဦးမယ်...

 ၆)ခေါင်းလောင်းပန်း         - အမြန်ဆုံးနီးဆပ်ချင်တယ်....

 ၇)ဂန္တာမာပန်းအဖြူ           - ငြိမ်းချမ်းပါစေ..

 ၈)ဂန္တာမာပန်းအဝါ            - သတိရနေမယ်....

 ၉)ဂမုန်းပန်း                    - မျှော်လင့်ခြင်းကြီးစွာနဲ့စောင့်နေမယ်..သူ

၁၀)စံပါယ်ပန်း                  - မင်းရဲ့အချစ်ကိုလက်ခံလိုက်တယ်...

၁၁)ဆပ်သွားဖူးပန်း           -  သစ္စာမရှိသူကြောင့်ဝမ်းနည်းရတယ်...

၁၂)ဆောင်တော်ကူးပန်း     - မင်းကြောင့်ရူးနေရပြီ

၁၃)ညမွှေးပန်း                 - အရာရာမင်းအတွက်ဖြစ်စေရမယ် လို့ဆန္ဒပြု့ပါတယ်....

၁၄) ဒေလီယာပန်း            - မကြာခင်မှာ ဆုံတွေ့ကြရအောင်...

၁၅)ဒန်းပန်း                    - ဘဝကိုအရှုံးမပေးပါနဲ့.

၁၆)ပိတောက်ပန်း             - မင်းဟာကိုယ့်အတွက်ရှားပါး ဆုလာဒ်ပါ...

၁၇)ဒေါနပန်း                   - တို့တွေ ခွဲခွာကြစို့...
                               ကိုကျော်ကျော်ဦး ဘလော့မှ မျှဝေပါတယ်။ 
                                                         

Virus ဆိုသည်မှာ


လူတွေရော အားလုံးပါပဲ တစ်ခုခုဆို Virus လို့ပဲ သိပါတယ်။
တကယ်တော့ Virus အနွယ်ဝင် အမျိုးအစားများရှိနေပါတယ်။
အဲဒါတွေအကြောင်းရှင်းလင်းပြထားတဲ့ မေးလ်တစ်ခု ရောက်ရှိလာတာကြောင့်
ပြန်လည် ဖော်ပြလိုက်ရပါတယ်။
မူလရေးသားသူ ဆရာမျိုးသူရနှင့် ပြုစုပေးသူအားအထူးကျေးဇူးတင်ရှိ ပါတယ်။

၁။Computer Virus

Computer virus ဆိုတာ သူ့ကိုသူ attach လုပ်ထားတဲ့ program (သို့) file
တစ်ခုဖြစ်ပြီး ကွန်ပျူတာတစ်ခုကနေ တစ်ခုကို
ပြန့ှ်နှံ့ကူးစက်နိုင်ပါတယ်..လူ တွေမှာ Virus ကူးသလိုပဲ
ပြန့်နှံ့ပြီးတော့ ကွန်ပျူတာရဲ့ System ကိုပုံမှန်အလုပ်မလုပ်အောင်
နှောက်ယှက်မယ်၊ Windows ကို Error တွေများလာအောင်လုပ်မယ်၊ user data
တွေကို ဖျက်ဆီးမယ်၊ Hardware တွေ Software တွေ အရေးကြီးတဲ့ File တွေကို
ဖျက်ဆီးမယ်... စတာတွေကို လုပ်ဆောင်ပါတယ်..
ဒါပေမယ့် Virus အများစုဟာ executable fileတွေဖြစ်ကြပါတယ်.. ဥပမာ..
chrome.exe, system.bat , flashy.com (http://flashy.com/) စသဖြင့်ပေါ့
.. သူတို့ဟာကွန်ပျူတာထဲမှာ ရှိနေရင်တောင်မှ သင်ကိုယ်တိုင်မှ
သွားမဖွင့်ရင်/ သွားမ run မိရင် ကွန်ပျူတာကို ဘာမှ မထိခိုက်နိုင်ပါဘူး...
ဒါကြောင့် မှတ်ထားရမှာက လူ၏ လုပ်ဆောင်ချက်မပါဝင်ပဲ Computer Virus သည်
မပျံ့နှံ့ မကူးစက်နိုင်ပါ...
Virus ပျံ့နှံ့နိုင်တဲ့ နည်းလမ်းတွေကတော့ အမျိုးမျိုးရှိပါတယ်...for ward
E-mail က attached file တွေ၊ memory stick(flash/thumb drives) တွေ၊ Full
sharing ကနေ virus infected file ထည့်တာတွေ၊ သူငယ်ချင်း အချင်းချင်း
မသိပဲနဲ့ Virus infected file ကို share လုပ်မိတာတွေ ..
စသဖြင့်ပေါ့...ဗျာ

၂။Malware

Malware ဆိုတာ အင်္ဂလိပ်စကား ၂ လုံး Malicious Software ကိုပေါင်းစပ်ပြီး
ကွန်ပျူတာပညာရှင်တွေက အလွယ်ခေါ်ကြတဲ့ virus လို program တွေပါပဲ.. အဲဒိ
Malware ကကွန်ပျူတာပိုင်ရှင်ရဲ့ ခွင့်ပြုချက်မရပဲ ၊ မသိစေပဲ single
computer / server / computer network ထဲ ၀င်ပြီး
ကွန်ပျူတာ System
ပျက်ဆီးစေနိုင်အောင် ၊ အနှောက်အယှက်ဖြစ်အောင် ရေးလေ့ရှိကြပါတယ်..
Malware တစ်ခုမှာ Computer VIrus , worms, trojan horses, most rootkits,
spyware, dishonest adware, crimeware and other malicious and unwanted
software တွေပါဝင်လေ့ရှိပါတယ်..

၃။worm

worm ဆိုတာက virus နဲ့ဆင်တူအောင်ရေးထားကြတာပါ ပဲ.. virus တစ်ခုရဲ့
Sub-class လို့လည်းခေါ်လို့ရပါတယ်... သူကတော့ Virus လို လူကဖြန့်မှ
ပျံ့တာမျိုးမဟုတ်ပဲ သူပါသူ Computer network ထဲမှာရှိတဲ့
အခြားကွန်ပျူတာတွေကို လူရဲ့လုပ်ဆောင်ချက်လုံးဝမပါပဲနဲ့ 
ပျံ့နှံ့စေတာဖြစ်ပါတယ်...သူ့ပါသူ ဖြန့်နိုင်တဲ့
စွမ်းရည်ရှိတာပေါ့နော်...
အကြီးမားဆုံး အန္တရာယ်ကတော့ သူ က သူ့ပါသူ System file တစ်ခုလို
အယောင်ဆောင်ပြီး သူ့ကိုယ်သူ သန်းပေါင်း ၁၀၀ လောက် copy ပွားနိုင်ပါတယ်၊
Hard disk ရဲ့ used space ကို များလာစေတယ်..Computer ရဲ့ System memory
usage တွေ များလာစေတယ်.. network bandwidth တွေကိုတက်လာစေတယ်... Run
ထားတဲ့ program တွေကို not responding ခဏခဏဖြစ်လာစေတယ်.. လူသိများတဲ့
worm ကတော့ Blaster worm ပါ.. ထွင်လိုက်တဲ့လူကတော့ ၂၀၀၅ ခုနှစ်တုန်းက
အသက် ၁၈နှစ် အရွယ် Jeffrey Lee Parson ဖြစ်ပြီး ထောင် ၁၈ လ
ကျသွားခဲ့ပါတယ်.. Blaster worm က windows စတက်တာနဲ့ Registry ကီး
HKEY_LOCAL_MACHINE\SOFTWARE\Mi crosoft\Windows\CurrentVersion
\Run\windows auto update = msblast.exe မှာ နေရာယူပါတယ် ၊ msblast.exe
ဆိုတာက တော့ နာမည်တူပေးထားတာပေါ့
Blaster worm က Computer System ထဲမှာ ရှိနေပြီဆိုတာနဲ့ Cracker တွေက
ကွန်ပျူတာကို Remote လုပ်ပြီး ထိန်းချုပ်နိုင်အောင် ရေးထားပါတယ်..


၎။Trojan horse

Trojan horse ကို Trojan လို့လည်းခေါ်ပါတယ်..Trojan ဆိုတဲ့
မြင်းရုပ်ကြီးအကြောင်း ငယ်ငယ်က ကမ္ဘာ့သမိုင်းမှာသင်ဖူးကြမှာပေါ့ .. Tri
ဇာတ်ကားလည်း ကြည့်ဖူးကြမှာပါ... အဲဒိထဲကလိုပဲ
အလုပ်လုပ်တယ်လို့ပြောလို့ရပါတယ် ... :P ပုံမှန်အားဖြင့် အသုံးဝင်တဲ့
Software တွေမှာ ထည့်ထားတတ်ကြပါတယ်... ဥပမာပေါ့ဗျာ... Game တစ်ခုကို
Install ပြီးဆော့နေပေမယ့် အခြားတစ်ဖက်မှာ Hacker တွေ Cracker တွေက
ကွန်ပျူတာထဲကို ၀င်မွှေနေလို့ရအောင်လုပ်ပေးနေတယ် .. အဲဒီတော့ အဲဒိ Game
ကို Trojan horse လို့ခေါ်တာပေါ့ .. တစ်ကယ်တော့ Game က တရားဝင်ထုတ်ထားတဲ့
Game ပဲ.. ဒါပေမယ့် Virus infected ဖြစ်နေတဲ့ Game
လို့ပြောရလိုဖြစ်နေတာပေါ့. .
နမူနာ Trojan Horse ကတော့ waterfalls.scr ဆိုတဲ့ free waterfall screen
saver ပဲဖြစ်ပါတယ်..

Trojan horse တစ်ခုဟာ အောက်ပါအချက်များကို လုပ်ဆောင်ပေးနိုင်ပါတယ်...
* Remote Access
* Data Destruction
* Downloader/dropper
* Server Trojan(Proxy, FTP , IRC, Email, HTTP/HTTPS, etc.)
* Disable security software
* Denial-of-service attack (DoS)


၅။Spyware

သူကတော့ သူခိုးပေါ့နော်.. Spy တွေ ဘယ်လိုအလုပ်လုပ်သလဲဆိုတာသိကြမှာ ပါ..
သူလဲအဲလိုပါပဲ...
သူက ကွန်ပျူတာကို ထိခိုက်ဖျက်ဆီးချင်မှ ဖျက်ဆီးမယ်.. ဒါပေမယ့်
ကွန်ပျူတာမှာသုံးနေတဲ့ user ရဲ့ အမျိုးမျိုးသော အချက်အလက်တွေ၊
အရေးကြီးတဲ့ Data တွေကို သူ့ရဲ့ Main server တစ်ခုခုကို နေ့စဉ်
သတင်းပို့ပေးနေတယ်... Spyware တွေက များသောအားဖြင့် Web browser တွေကနေ
ဝင်နိုင်ပါတယ်... ပြီးရင် သူက Browser home page
ကိုပြောင်းထားတတ်ပါတယ်..သင့်ကို Error message တွေ
အမျိုးမျိုးပြမယ်..(ဥပမာ- သင့်ကွန်ပျူတာမှာ problems
တွေများနေပြီ..အဲဒါတွေပြင်ချင်ရ င် အောက်ကခလုတ်ကို နှိပ်ပါ) စသဖြင့်
ဆွဲဆောင်မယ်၊ သင်က link တစ်ခုကို click လိုက်ပေမယ့် သင်မဖွင့်ပဲနဲ့ အခြား
Porn Site တွေ အလိုလိုပွင့်လာမယ် စသဖြင့်ပေါ့ဗျာ... တစ်ချို့ လူတွေက http
cookie တွေကို Spyware တွေလို့ ထင်ကြပါတယ်.. တကယ်တော့မဟုတ်ပါဘူး ဒါပေမယ့်
အဲဒိ cookie ထဲမှာ Spyware က track လုပ်နိုင်တဲ့ Data တွေပါလာတတ်တာကြောင်
့ Spyware Remover တော်တော်များများက Cookie တွေကို ဖျက်ပစ်ကြတာပါ.
Spyware ကို ကာကွယ်ချင်ရင်တော့ pop-ups ကျလာတဲ့ link တွေကို
ရှောင်တာကောင်းပါတယ်... Free Spyware Remover တွေနဲ့လည်းကာကွယ်နိုင်ပါတယ
်...

၆။Adware

Adware ဆိုတာကတော့ Advertising-supported software (သို့) software
package တစ်ခုဖြစ်ပါတယ်.... သူကတော့ Screen မှာ Automatic
ပေါ်လာအောင်ဖန်တီးထားပြီး Download အတင်းလုပ်ခိုင်းပါတယ်... :D
အချို့သော Adware များဟာ Spyware များဖြစ်တတ်ကြပါတယ်... ဒါကတော့ဒီလောက်ပဲ :D

၇။Crimeware

Crimeware ဆိုတာကတော့ Spyware, Adware, Malware
အမျိုးအစားတွေထဲမှာပါပါတယ် .. သူ့ရဲ့ရည်ရွယ်ချက်ကတော့ financial crime
တွေအတွက်ရည်ရွယ်ပြီးရေးကြတာများ ပါတယ်..
သူက user password တွေ၊ links တွေ၊ အချက်အလက်တွေ ကို မှတ်သားထားနိုင်ပြီး
သူ့ကို Run ထားတဲ့လူက ပြန်ဖွင့်ကြည့်ပြီး user data တွေကို
ခိုးယူနိုင်တာပေါ့.... ဥပမာပြောရရင်
ခုခေတ်စားနေတဲ့ key logger တို့ .. keystroke logging software တို့ဟာ
Crimeware အမျိုးအစားတွေပဲဖြစ်ပါတယ်. .

ဆရာမျိုးသူရ စာအုပ်မှ ကောက်နုတ်တင်ပြသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management