Sunday 28 August 2011

နောက်ပြန် နာမ်ပျောက်

လူတစ်ယောက်ဟာ ဆိုင်ကယ်စီးရင် လေတိုးသက်သာအောင်ဆိုပြီး အနွေးထည်ကို နောက်ပြန်ဝတ်တတ်သတဲ့။ တစ်နေ့တော့ အရက်မူးပြီး သူဆိုင်ကယ်မှောက်တယ်။ ဆိုင်ကယ်မှောက်တဲ့နေရာကို ရဲတွေရောက်လာတယ်။

ပထမရဲ ။။။။။ ဟာ...တော်တော်ဖြစ်သွားတာပဲ။

ဒုတိယရဲ ။။။။။ ဟုတ်တယ်။ ကြည့်စမ်း.. ခေါင်းတောင် နောက်ပြန်လည်သွားပြီ။

ပထမရဲ ။။။။။။ အသက်ရှုနေသေးတယ်။ ခေါင်းကို တည့်ပေးလိုက်ကြရအောင်

ဒုတိယရဲ ။။။။။ လာ.. ၁..၂.. ၃...အင်း.. ခေါင်းတည့်သွားပြီ။
ပထမရဲ ။။။။။ ဟာ.....အခုမှ အသက်လုံးဝမရှူတော့ဘူး။

သားအိမ်နှစ်ခုနှင့် သားငယ်နှစ်ယောက်မွေးဖွားနိုင်ခဲ့ သူ

အိန္ဒိယနိုင်ငံမြောက်ပိုင်းဒေသရှိ ပတ္တနားမြို့တွင် ခန္ဓာကိုယ်အတွင်းသားအိမ်နှစ်ခုရှိနေသည့် အမျိုးသမီး
တစ်ဦးသည် အဆိုပါသားအိမ်တစ်ခုစီမှ ကျန်းမာသန်စွမ်းသည့် ကလေးနှစ်ယောက်အား မွေးဖွားခဲ့ သည်
ဟုဆိုပါတယ်...
ကလေးငယ်တစ်ဦးစီဟာ သားအိမ်တစ်ခုစီတွင် သန္ဓေတည်နေခဲ့ပြီးမွေးဖွားခဲ့ တာမို့ ထိုကဲ့ သို့ အဖြစ်မျိုးအ
နေဖြင့် တစ်ကမ္ဘာလုံးတွင် တစ်နှစ်လျှင်တစ်ကြိမ်ခန့် လောက်သာဖြစ်လေ့ ရှိတာမို့ ဆရားဝန်များအနေနှင့်
ဤဖြစ်ရပ်မျိုးအား ရှားရှားပါးပါးမြင်တွေ့ ခဲ့ ရသောကြောင့် အလွန်အံ့ အားသင့် ခဲ့ ကြရပါတယ်...

Mamma1 300x258 Two Healthy Baby Boys Born From Woman With Two Wombs picture
အံ့ သြရယ်လို့ တဲ့ မှ မကုန်နိုင်....

အသက် ၂၈ နှစ်အရွယ်ရှိ ဒေ၀ီ ဟာ သားငယ်နှစ်ဦးကို တစ်လစီခြားပြီး သားမျိုးဥအိမ်တစ်ခုစီကနေသန္ဓေ
တည်ခဲ့ တာဖြစ်ပါတယ်...
ဖြစ်နိုင်ချေ သန်း ၅၀ တွင် တစ်ကြိမ်သာအောင်မြင်စွာ သန္ဓေတည်မွေးဖွားနိုင်မည့်ဖြစ်ရပ်တွင် ခဲယဉ်းစွာဖြစ်
တည်ကာ ဗိုက်ခွဲပြီးမွေးဖွားခဲ့ ရသည့် ထိုအမျိုးသမီးဟာ အစပထမတွင် အမွှာပူးကိုယ်ဝန်ရှိနေခဲ့ သည်ဟု
ထင်မှတ်နေခဲ့ ပြီး သူမတွင် သားအိမ်နှစ်ခုရှိနေမှန်း လုံးဝမသိရှိခဲ့ ပါဘူး...
" မွေးဖွားဖို့ ဗိုက်နာမှပဲ ကျွန်မဒီအကြောင်းကိုသိရပါတော့တယ်...ကျွန်မဖြင့် ဘယ်လိုဆက်စခန်းသွားရမယ်
တောင်မသိတော့ ပါဘူး...ဗိုက်ကလည်းနာ၊ ကြောက်ကလည်းနေမိတာပါပဲ...
ဒါပေမယ့် လည်း ဘေးမသီရန်မခပဲဖြတ်ကျော်လာနိုင်ခဲ့ တာမို့ ဝမ်းသာပျော်ရွှင်မိပါတယ်..."  လို့ သူမက
ပြောကြားခဲ့ ပါတယ်...
" ကျွန်တော်ဖြင့် ဒီလိုဖြစ်ရပ်မျိုးတစ်ခါမှ မကုသပေးခဲ့ ဖူးလို့ အံ့ အားသင့် သွားခဲ့ ရပါတယ်..." လို့ သားဖွား
မီးယပ်ဆိုင်ရာ ဆရာဝန်ဒစ်ပတီဆင်း ကပြောကြားခဲ့ ပါတယ်...
ယခုကဲ့ သို့ အလွန်ရှားပါးသည့် ဖြစ်တောင့် ဖြစ်ခဲဖြစ်ရပ်မျိုးတွင် သားအိမ်တစ်ခုချင်းစီဟာ သားဥအိမ်နှင့်
မျက်နှာချင်းဆိုင်တည်ရှိနေသည့် သားဥပြွန်နှင့် တည်ရှိနေတာဖြစ်ပြီး သန္ဓေတည်ခဲ့ ပါက ကိုယ်ဝန်ဆောင်
သူအနေနှင့် လမစေ့မှမွေးဖွားရခြင်း၊ သန္ဓေမအောင်နှုန်းမြင့် မားခြင်း၊ ဆက်တိုက်ကိုယ်ဝန်ပျက်တတ်ခြင်း၊
သားအိမ်အတွင်းသန္ဓေသားကြီးထွားမှု လျော့ နည်းခြင်း၊ မီးဖွားပြီးသွေးဆင်းခြင်းများ ဖြစ်ပေါ်စေတတ်ပါ
တယ်...
ဒေ၀ီနှင့် သားကလေးတွေအတွက်ကတော့ သားအိမ်နှစ်ခုရှိတာ တစ်ခုထက်ပိုကောင်းတာအသေအချာပါပဲ။
                                                            
                                                                                  ကိုပီတာရဲ့အတွေးပုံရိပ်မှ .....

Brower တစ်ခုတည်းမှ Gmail Account များကိုတစ်ပြိုင်နက်အသုံးပြုခြင်း

Browser တစ်ခုတည်းမှ Gmail Account များကို တစ်ပြိုင်နက် အသုံးပြုနိုင်စေမယ့် နည်းလမ်းကို ဖော်ပြပေးချင်ပါတယ်....မသိတဲ့သူများအတွက်ရည်ရွယ်ပါတယ်
ဟိုးအရင်က Gmail account တွေကို တစ်ပြိုင်နက်တည်းအသုံးပြုချင်ရင် အခြား Browser တွေကနေ ဖွင့်နေရတာဖြစ်ပေမယ့်အခုနောက်ပိုင်း google က ထည့်သွင်းပေးလိုက်တဲ့ feature အသစ်ကြောင့် browser တစ်ခုပေါ်ကနေ Gmail account များစွာကို တစ်ပြိုင်နက် အသုံးပြုနိုင်ပြီဖြစ်ပါတယ်... နည်းလမ်းလေးကိုပြောပြမယ်နော်...

အရင်ဆုံး default အဖြစ်သုံးမယ့် Gmail အကောင့်ကို sing in ဝင်လိုက်ပါ။ အဲဒီနောက်
Picture
Picture
Picture
Picture
Picture
Picture
ညာဘက်အပေါ်မှာ ရှိနေတဲ့.. setting  ကို Click ပါ...
အဲဒီနောက် Account and import >>> Account setting  ဆက်တိုက်သွားပါ....
Account Setting ကိုနှိပ်တဲ့အခါ နောက်ထပ် tabတစ်ခုမှာ My account ဆိုတဲ့  ခေါင်းစဉ်နဲ့ ပေါ်လာပါလိမ့်မယ်...အဲဒီမှာ profile setting ရဲ့အောက်ဆုံးမှာ multiple sing in ရဲ့ ဘေးမှ edit ကို နှိပ်၍ on ပြောင်းပေးပါ.. အဲဒီနောက် save ကိုနှိပ်ပါ...
အားလုံးပြီးသွားရင်တော့ ဝင်ထားတဲ့အကောင့်ရဲ့ ညာဘက်အပေါ်ဘက်က drop-drown menu(  ပုံ (၆ ) )ပေါ်လာပါလိမ်မည်။ အခြားအကောင့်ကိုအသုံးပြုလိုတဲ့အခါ.. ယင်း drop down menu ရှိ sing in to another account ကိုနှိပ်ကာ ပြုလုပ်အသုံးပြုနိုင်ပါပြီ..
                             ကိုကျော်ကျော်ဦး ဘလော့မှ တဆင့်ဝေငှပါတယ်။ အဆင်ပြေကြပါစေ။

အခက်အခဲဟာ တိုးတက်ဖို့ရာ အကြောင်း

Life is a series of test,

ဘဝဆိုတာဟာ စာမေးပွဲအဆင့်ဆင့်ပဲ။
နေ့တိုင်း စာမေးပွဲ အစစ်ခံနေရတာနော်။ ဒါကြောင့် ဘဝဆိုတဲ့ကျောင်းဆိုတဲ့ တရားလေးကို ဘုန်းကြီး ဟောခဲ့တာ။ ဘဝဆိုတာ ကျောင်းပါ။ နေ့တိုင်း သင်ခန်းစာတွေ ရနေတယ်။ နေ့တိုင်း စာမေးပွဲတွေ စစ်နေတယ်။
but if you pass your test, you look back upon them as good experiences.
စာမေးပွဲ အောင်သွားလို့ရှိရင်တော့ အဲဒီအခက်အခဲတွေကို အဲဒီအတွေ့အကြုံတွေကို အင်မတန် ကောင်းတယ်၊ အင်မတန် အကျိုးများတယ်လို့ ပြန်မြင်၇တယ်။
ကိုယ့်ကိုယ်ကိုယ် ပြန်မေးကြည့်ပါ၊ အခက်အခဲ တစ်ခုခုကို တကယ် အကောင်းဆုံးနည်းနဲ့ ဖြေရှင်းလိုက်လို့ အခက်အခဲ ပြေလည်သွားတဲ့အခါမှာ စိတ်ထဲမှာ ဘယ်လိုခံစားရလဲ။ ပိုပြီးတော့ လူကြီးဆန်တဲ့ စိတ်ဓာတ်မျိုးကို ခံစားရတယ်နော်။ ပိုပြီးတော့ ရင့်ကျက်သွားတဲ့ ခံစားမှုမျိုးကို ရတယ်။ ပိုပြီးတော့ မြင့်မြတ်သွားတဲ့ ခံစားမျိုးကို ရတယ်။
Concealed in every new situation we face there is spiritual lesson to be learned and a spiritual blessing for us if we learn that lesson.
အတွေ့အကြုံတိုင်းရဲ့ နောက်ကွယ်မှာ မြင့်မြတ်တဲ့ သင်ခန်းစာရှိတယ်။ အဲဒီသင်ခန်းစာကို ကိုယ်က ရလိုက်တယ် ဆိုရင် ကိုယ့်အတွက် အဲဒါဟာ မင်္ဂလာတစ်ခု ပါပဲ။
blessing ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို မင်္ဂလာလို့ အဓိပ္ပာယ်ကောက်တယ်။ ဒါဖြင့် မင်္ဂလာဆိုတဲ့ အဓိပ္ပာယ် ကကော ဘာလဲလို့မေးရင် ဘယ့်နှယ်ဖြေမလဲ။ မင်္ဂလာဆိုတဲ့ အဓိပ္ပာယ်က ရိုးရိုးပြောရရင်တော့ အောင်မြင်ဖို့ ကြီးပွားဖို့ ပြည့်စုံဖို့ တိုးတက်ဖို့ရာ အကြောင်းတဲ့။
အဲဒီတော့ အခက်အခဲတစ်ခုကို ရင်ဆိုင်လိုက်တိုင်း ရင်ဆိုင်လိုက်တိုင်း၊ အတွေ့အကြုံတစ်ခုထဲက မြင့်မြတ်တဲ့ သင်ခန်းစာတစ်ခုကို ရလိုက်တိုင်း ရလိုက်တိုင်း ကိုယ့်အတွက် အဲဒါ တိုးတက်ဖို့၊ ကြီးပွားဖို့၊ ပြည့်စုံဖို့၊ အောင်မြင်ဖို့ရာအတွက် အကြောင်းတစ်ခု တိုးတက်လာပြီ။ ကိုယ်ဟာ ပိုပြီးတော့ အောင်မြင်တဲ့သူ ဖြစ်ပြီ။
It is good to be tested.
အစမ်းခံရတာ အစစ်ခံရတာ အင်မတန်ကောင်းပါတယ်။
ပြီးခဲ့တဲ့နှစ်ပတ်လောက်ကပဲ ဒကာမကြီးတစ်ယောက်က လာပြောတယ်။ (သူ့ဘဝမှာ ဒုက္ခတွေ တော်တော် များတယ် ထင်ပါတယ်။) 'အရှင်ဘုရား ဘဝဆိုတာ အစမ်းခံရတာများ ဖြစ်နေရော့လား' တဲ့။ မှန်ပါတယ်။ အစမ်းခံနေရတာပါပဲ။
It is good to be tested. We grow and learn through passing test.
စာမေးပွဲတွေကို အစစ်ခံပြီးတော့ အောင်မြင်သွားတဲ့အခါမှာ ပိုပြီးတော့ ဉာဏ်ကြီးတဲ့လူ ဖြစ်လာတယ်။ ကြီးပွား တဲ့လူ ဖြစ်လာတယ်။ အသိဉာဏ်ကော၊ စိတ်ဓာတ်ကော ကြီးပွားလာတယ်။
I looked upon all my tests as good experiences.
အစမ်းခံခဲ့ရတာတွေဟာ အားလုံးကောင်းပါတယ်လို့ပဲ မြင်လာမယ်။
ဘုန်းကြီးလည်း ငယ်ငယ်လေးကတည်းက လောကဓံတွေ အများကြီးကြုံခဲ့ရတာပဲ။ အခုပြန်ပြီးတော့ စဉ်းစားကြည့်တဲ့ အခါမှာ အဲဒါတွေ အားလုံးဟာ တော်တော် အကျိုးများပါတယ်။ အင်မတန် ကောင်းပါတယ်။
                                                                                              ဆရာတော် ဦးဇောတိက

ဒေါသဖြစ်ရင် အဆိပ်သင့်သလို

(ဒေါသကိုနားလည်ပါ စာအုပ်မှ)
ဘုရားဟောထားတာရှိတယ်။
" သဒေါသံဝါ စိတ္တံ၊ သဒေါသံ စိတ္တန္တိ ပဇာနာတိ " တဲ့။ " ဒေါသနှင့်တကွဖြစ်သော စိတ်ကို ဒေါသနှင့် တကွဖြစ်သော စိတ် ဟူ၍ သိ၏" တဲ့။ ဒီထက်ရိုးအောင်၊ ရှင်းအောင်ပြောရရင် " ဒေါသစိတ်ကို ဒေါသစိတ်ဟူ၍ သိ၏" တဲ့။ ဒေါသစိတ်ကိုလို့ ဆိုကတည်းက ငါ့ဒေါသလို့ မဆိုလိုဘူးနော်- ငါမဟုတ်ဘူး။ ဒေါသကို ကြည့်တတ်တဲ့ အလေ့အကျင့်ကို များများလုပ်လာလို့ရှိရင် တစ်ခါတစ်လေ ဒေါသစိတ်ကလေး နည်းနည်းလေး ပေါ်လာတာနဲ့ ချက်ချင်း မြင်လိုက်တဲ့အခါ၊ ကိုယ်က မဖန်တီးဘဲနဲ့ဖြစ်လာတာပါလား ဆိုတာ ကောင်းကောင်း သိတယ်။ အလိုမကျတာနဲ့ တွေ့တဲ့အတွက်ကြောင့် ဗြုန်းခနဲဒေါသစိတ်ကလေးတစ်ခု ပေါ်လာတယ်။ အဲဒီလို မြင်လိုက်တဲ့အခါ ဒီဒေါသဟာ ငါ မဟုတ်ပါလားဆိုတာ ပိုရှင်းတယ်။ ငါမဟုတ်တဲ့ ဒေါသကို မြင်လိုက်တယ်။ ဒေါသနဲ့ ငါနဲ့ တခြားစီဖြစ်သွားရင် ဒီဒေါသကို ကိုင်တွယ်ရတာ၊ အင်မတန် လွယ်သွားတယ်။ဒါကို သဘောပေါက်ဖို့ အင်မတန် အရေးကြီးတယ်။
ဘယ်လို ကိလေသာဖြစ်ဖြစ်၊ လောဘဖြစ်ဖြစ်၊ ဒေါသဖြစ်ဖြစ်၊ မာနဖြစ်ဖြစ် ငါဆိုတဲ့ သက္ကာယ ဒိဋ္ဌိ ရဲ့ အထောက်အပံ့ကို မရရင်သူ သိပ်အားမကြီးဘူး။ ဖြစ်ကြောလည်း မရှည်ဘူး။ မြန်မြန်နဲ့ ပြေသွားတယ်။
ကြောက်တာ၊ စိုးရိမ်တာ၊ ပူပန်တာ၊ သောက ဖြစ်တာလည်း ဒေါသတစ်မျိုးပဲနော်၊ ဒေါသ ဆိုလို့ စိတ်ဆိုးတာ တစ်ခုတည်းလို့မယူဆပါနဲ့။ ကိုယ့်ကျန်းမာရေးနဲ့ ပတ်သက်လို့ ဖြစ်ဖြစ်၊ အလုပ်အကိုင်နဲ့ ပတ်သက်လို့ ဖြစ်ဖြစ် တစ်ခုခု နဲ့ ပတ်သက်လို့ ကြောက်တာ၊ စိုးရိမ်တာ၊ ပူပန်တာ အားလုံးဟာ ဒေါသဘဲ။ အဲဒီတော့ ဒေါသဖြစ်တဲ့ အခါ ကိုယ့်ခန္ဓာကိုယ် မှာဘယ်လို ခံစားရသလဲ၊ သေသေချာချာကြည့်ပါ။ ခန္ဓာကိုယ် ပူလာတယ်။ ချွေးတွေ ပြန်လာတယ်။ အသက်ရှူ မြန်လာတယ်။ နှလုံးခုန် မြန်လာတယ်။ အဲဒီအချိန်မှာ စိတ်ကလည်း မငြိမ်တဲ့အတွက်ကြောင့်စဉ်းစားတာ၊ တွေးခေါ်တာ တွေဟာ အေးအေးဆေးဆေး အစီစဉ်တကျမဖြစ်တော့ဘူး။ ယောက်ယက်ခတ်ပြီးတော့ ဟိုရောက် ဒီရောက်ဖြစ်တယ်။ အစီစဉ်မရှိတော့ဘူး။ တကယ်လုပ်သင့်တာ၊ ဦးစားပေးသင့်တာကို မလုပ်တော့ဘဲ၊ စိတ်လိုက်မာန်ပါနဲ့ မလုပ်သင့်တာတွေ လုပ်မိတယ်။ မပြောသင့်တာတွေ ပြောမိတယ်။
ဒေါသဖြစ်တာဟာ အဆိပ်ကို မြိုတာနဲ့တူတယ်။ ဒေါသဖြစ်ရင် ခန္ဓာကိုယ်ရော၊ စိတ်ပါ အဆိပ်သင့်သလို ဖြစ်သွားတယ်။ ဒေါသဖြစ်တဲ့အခါ ခန္ဓာကိုယ်မှာ ဓာတ်အပြောင်းအလဲဖြစ်တယ်။ခန္ဓာကိုယ် ပျက်ဆီးမှုနှုန်း ပိုများလာတယ်။ ဒါကြောင့် ဒေါသများများ ဖြစ်ရင်မြန်မြန်အိုတယ် ။
ဒေါသဟာ လေးဘက်လေးတန် အရပ်မျက်နှာအားလုံးပေါ်မှာ အကျိုးသက်ရောက်မှုရှိတယ်။ ဒေါသ ဖြစ်နေတဲ့အခါ ကြည့်ရတာမကောင်းတော့ဘူး။ မျက်စိ ရဲ့ မြင်နိုင်စွမ်း လျော့သွားတယ်၊ ဒါကြောင့် ဒေါသကြီးလွန်း တဲ့အခါ ဘာမှမမြင်တော့ဘူး။ မှောင်သွားတယ် လို့ တချို့ပြောကြတယ်။ အကြောက်လွန်တာလည်းတူတူပါဘဲ။
ဒေါသ ဖြစ်နေတဲ့အခါ နားကလည်းကောင်းကောင်းမကြားတော့ဘူး ၊ ဒါကြောင့် နားကြား လွဲတတ်တယ်။ ဒေါသ ဖြစ်နေတဲ့အခါ စားချင်သောက်ချင်စိတ်မရှိဘူး၊ စားရင်လည်းစားလို့မကောင်းဘူး။ အရသာကို ကောင်းကောင်းမသိဘူး။ အနံ့ကိုလည်း ကောင်းကောင်းမသိဘူး။ ဒါကြောင့်ဒေါသ ဖြစ်နေတုန်းမှာ ထိခိုက်ဒါဏ်ရာရရင်မနာဘူး။ ဒေါသ ပြေသွားတဲ့အခါ ကျမှ နာတယ်။ ဒေါသဖြစ်နေရင်အိပ်လို့ မပျော်ဘူး၊ အိပ်ရေး ပျက်တယ်။ အကြောင်းတစ်ခုခုကြောင့် တစ်ယောက်ယောက်ကို ဒေါသ ဖြစ်နေရင်ဘာမှမဆိုင် တဲ့သူတွေကိုပါဒေါသနဲ့ ပြောမိတတ်တယ်။ ဘာမှ အပြစ်မရှိတဲ့ သူဟာ သူ့ကိုဒေါသ ကြီးကြီးနဲ့အော်တာ ငေါက်တာ ကိုခံရတဲ့ အခါ ဘာမှ အပြစ်မရှိပဲ မတရားခံရလို့ စိတ်ပျက်နာကြည်းသွားမယ်။
ဒေါသ ဟာ ကိုယ့်အကျိုးရော သူတပါး အကျိုးကိုပါမသိ တော့ဘူး ၊ မမြင်တော့ဘူး ။
"ဒေါသော အတ္တံ နဇာနာတိ ၊ ဒေါသော ဓမ္မံ နပဿတိ "
ဒေါသ ဟာ အကျိုးကို လည်း မသိဘူး ၊ အကြောင်းကိုလည်း မမြင်ဘူး။
ဒေါသ က ဆင်ခြင်နိုင်တဲ့ စွမ်းရည်ကို ဓားပြတစ်ယူသွားတယ်။ ပြောသင့်တယ်၊ မပြောသင့်ဘူး ဆိုတာ မဆင်ခြင်နိုင်တော့ဘူး။လုပ်သင့်တယ်၊ မလုပ်သင့်ဘူး ဆိုတာကိုလည်း မသိတော့ဘူး၊ အကျိုးရှိတယ်၊ အကျိုးမရှိဘူး ဆိုတာလည်း မသိတော့ဘူး။
ဒေါသ ဖြစ်လာရင် စနစ်မရှိတော့ဘူး။ discipline မရှိတော့ဘူး။ စည်းကမ်းမရှိတော့ဘူး။ ဒေါသက ကိုယ့်ကို စနစ်မရှိတဲ့ သူ၊ စည်းကမ်းမရှိတဲ့ သူ ဖြစ်အောင်လုပ်တယ်။
ဒေါသ နည်းသွားရင်ကြောက်တာ၊ စိုးရိမ်တာ နည်းသွားတယ်။ ဒေါသ ဖြစ်တာကို သိတာ များလာလေလေ ဒေါသ နည်းသွားလေလေဘဲ။ ကြောက်တာ၊ စိုးရိမ်တာ ကို သိလေလေ ကြောက်တာ စိုးရိမ်တာ နည်းသွားလေလေဘဲ။ အဲဒါ တကယ် လက်တွေ့ လုပ်ကြည့်မှပဲသိမယ်။
                                                              ဆရာတော် ဦးဇောတိက

Gtalk ကို alarm ပေးထားမယ်

Gtalk ကိုမဖွင့်ပဲနဲ့ သူငယ်ချင်းတွေ အွန်လိုင်းမှာတက်လာရင် သိအောင်လုပ်လို့ရတဲ့ နည်းပါ။
အရင်ဆုံး G talk ကို sing in ဝင်လိုက်ပါ...
ပြီးရင် setting ကိုသွားပါ....
setting ကိုဝင်ပြီးတာနဲ့ Notification ဆိုတဲ့tab ကလေးတစ်ခုရှိပါတယ်...
အဲဒီ tab ကိုဖွင့်လိုက်ပါ...Notification ဆိုတဲ့ tab ထဲမှာ Friend Online ဆိုတဲ့boxကလေးတစ်ခုရှိပါတယ်.
အဲဒီ box ထဲက show notification ဆိုတဲ့ စာသားရဲ့ရှေ့က လေးထောင့်တုံးလေးကို အမှန်ခြစ်ပေါ်အောင် click နှိပ်လိုက်ပါ... ပြီးရင် Ok နဲ့ ထွက်လိုက်ပါ...
သူငယ်ချင်းတွေအွန်လိုင်းပေါ်တက်လာတာနဲ့... desktop screen ရဲ့ညာဘက်ထောင့်မှာတက်လာသူရဲ့ အမည်ကို ပြပါလိမ့်မယ်....အဲဒီအခါကျရင် သူများထက်အရင် လှမ်း chat လိုက်ပေါ့ဗျာ။

Gtalk အတွက်အလွယ်ဖျက်နည်းလေးနော်

ဒီနည်းကတော့ အရင်နည်းထက် ပိုပြီးလွယ်ကူတဲ့နည်းပါ။ လွယ်သလောက် တကယ်လည်း စိတ်ချရကြောင်း အာမခံပါတယ်။ Gtalk ကိုသုံးပြီးတာနဲ့ sign out နဲ့ထွက်လိုက်ပါ။ User name box ကမိမိအမည်ကို ဖျက်ပစ်ပါ။ အောက်ခြေ taskbar ရဲ့ထောင့်က Gtalk ပုံလေးပေါ် right click နှိပ်ပြီး Exit နဲ့ထွက်ပါ။


                   အပေါ်မှာ ပုံလေးနဲ့ပြထားပါတယ်။ အားလုံးပဲ အဆင်ပြေကြပါစေဗျာ။
                     

G talk မှာ မိမိလိပ်စာမကျန်စေချင်ရင်

Gtalk သုံးပြီးရင် Gtalk box မှာ မိမိရဲ့ account လုံးဝမကျန်ခဲ့စေချင်ရင် ဒီနည်းအတိုင်းလုပ်ကြည့်ပါ။ Gtalk ကို Internet ဆိုင်တွေမှာ သုံးပြီးတိုင်း ကိုယ့် account ကိုလုံခြုံစေဖို့ ဒီနည်းလေးက အကောင်းဆုံးပါ။
၁။ အရင်ဦးဆုံး Start ထဲက Run ကိုနှိပ်ပါ။
    (သို.မဟုတ်)Window+R ကိုတွဲဖိပါ။

၂။ Run Box ကျလာပါက Regedit ကိုရိုက်ထည့်ပေးပါ။
     Box ကျလာပါလိမ့်မည်။

၃။ ထို Boxထဲတွင် Folder ၅ခုတွေ.ပါလိမ့်မည်။
     ထို Folder ၅ခုမှ ဒုတိယမြောက် HKEY_CURRENT_USER ဘေးရှိ + ကိုနှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၎။ Software ရှာပါ။တွေ.ပါကSoftware ဘေးရှိ +ကိုဆက်နှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၅။ Google ကိုရှာပါ။တွေ.ပါက Google ဘေးရှိ + ကိုဆက်နှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၆။ Google Talk ကိုရှာပါ။
     တွေ.ပါက Google Talk ဘေးရှိ +ကိုနှိပ်ပါ။
     List ကျလာပါလိမ့်မည်။

၇။  Account နှိပ်ပါ။
     Gmail Address များကိုတွေ.ရပါလိမ့်မည်။
     အကယ်လို.မိမိ Gtalk ၀င်ခဲ့ တယ်ဆိုရင်တော့မိမိGmail Address နာမည် ပေါ်နေပါလိမ့်မည်။
     ဖျက်လိုပါက မိမိနာမည် ပေါ်တွင် Right ကလစ်နှိပ်၊Delete ကိုနှိပ်လိုက်ပါ။
     Name/Type/Data တို.အောက်ကျန်ခဲ့ပါက Name အောက်ရှိ ab ပေါ်တွင် Right
     ကလစ်နှိပ်၊Delete ကိုနှိပ်ပေးပါ။

    
ဒါကတော့ ကိုဇော် ရဲ့နည်းလေးအတိုင်း ဝေမျှတာပါ။

မစားရ အအေးပတ်

ဖိုးထူးတစ်ယောက်လယ်တောထဲထိုင်နေစဉ်၊ ငှက်ကလေးတစ်ကောင်ဘေးနားလာနားသည်။ ဒီနေ့ဟင်းမကောင်းတာမို့ အတော်ပဲ ဟုတွေးရင်း လေးခွနှင့် ပစ်ချလိုက်သည်။ သူပစ်ထားသောငှက်ကို အမွေးနှုတ်ရင်း စဉ်းစားနေစဉ် ငှက်ကလေးက သတိရသွားကာ ထပြေးသွားတော့သည်။ စိတ်နာနာနှင့် အိမ်ပြန်ရောက်တော့ ချဉ်ပေါင်ဟင်းနှင့်ထမင်းစားနေခိုက် မိုးရွာလာသည်ကို မြင်တော့ ဖိုးထူးထအော်သည်။ 
´ဒီအချိန်ဆို ဒင်းအအေးပတ်လို့သေမှာ´

လိုက်မမီတော့ ....ပါလား

အလုပ်ပါးသောကြောင့် chatting ရိုက်နေသူလေးအား ၀န်ထမ်းတစ်ဦးက ....
”သမီးတို့ ခုလိုအချိန်ဖြုန်းနေမယ့်အစား ဒီဇိုင်းလေးဘာလေး ဆွဲကြည့်ပါလား၊ တိုးတက်တာပေါ့”
”အခုလည်းတိုးတက်အောင် လုပ်နေတာပါ”
”chatting ထိုင်တာ တိုးတက်အောင်လုပ်နေတာ ဟုတ်လား”
”ဟုတ်တယ်လေ၊ chatting ထိုင်နေတဲ့ သမီးရည်းစားက နာမည်ကြီးဒီဇိုင်နာပါ”
”ဟိုက်”

                                      ပြည်မြန်မာဂျာနယ်မှ......

အရူးကတစ်မူးသာ

လူသုံးယောက်ချောင်းတစ်ခုကို ဖြတ်ကူးဖို့နည်းလမ်း ရှာနေကြသည်။
ပထမတစ်ယောက်က ကျန်နှစ်ယောက်ကို လှမ်းပြောလိုက်သည်။
”ဟေ့...သောင်တွေ ၊ ဟေ့...သောင်တွေ ဒီဘက်တိုလာ” လို့ခေါ်တယ်။
ဒုတိယတစ်ယောက်က ” မင်းစီကားပြောတာ ပီဝူး” တဲ့။
နောက်ဆုံးတစ်ယောက်က ထပ်ပြောလိုက်တာက
”မင်းလဲ အကျူကျူပဲ”

ပြောလိုက်ချင်ဘူး......တကယ်ပဲ

ဗေဒင်ဆရာထံသို့ လူတစ်ဦးရောက်လာပြီး....
”ဆရာ...ကျွန်တော့်မိန်းမ နေမကောင်းလို့ မနေ့က အမေရဲ့ထဘီတွေလျော်တာ မိန်းမရဲ့ထဘီတစ်ထည် ညှပ်ပါသွားတယ် ”
”အဲဒီတော့”
”ကျွန်တော် ဘုန်းကံနိမ့်သွားပြီလား၊ တွက်ချက်ပေးပါဦး”
(တွက်ချက်ပြီးသော်)
”အင်း ...တစ်ထည်တည်းညှပ်ပါလာတာက ခင်ဗျားအမေထဘီဗျ”
”ဟိုက်”

                                           ပြည်မြန်မာဂျာနယ်မှ.....

ဈေးကွက်အမြင်

စာနယ်ဇင်းသမားနှစ်ဦးတွေ့ကြရာဝယ် - 
”ဈေးကွက်စီးပွားရေးအရ သရုပ်ဆောင်တွေအဆိုတော်လုပ်၊ အဆိုတော်တွေသရုပ်ဆောင်လုပ်နဲ့ ခင်ဗျားကော”
”ကျုပ်က စာနယ်ဇင်းသမားမို့ မော်ဒယ်လ်တွေ အင်တာဗျူးနေရတော့၊ နီးစပ်မှုအရလုပ်မယ့်လုပ်....”
”ဘာလဲ မော်ဒယ်လ် လုပ်မယ် ဆိုပါတော့”
”ဒီထက်တွက်ခြေကိုက်တဲ့ အလှဖန်တီးရှင် လုပ်မလားလို့”
”ဟိုက်”

                                              ပြည်မြန်မာဂျာနယ်မှ.......

ဒီလောကရဲ့အထာ

ပင်စင်စားတစ်ဦး ဂေါက်သီးရိုက်အပြန်တွင် မိတ်ဆွေက -
”တပြုံးပြုံးနဲ့ခါတိုင်းလို ပြိုင်ဘက်တွေအပေါ် နိုင်ခဲ့ပြန်ပြီပေါ့”
”တပည့်တပန်းတွေကိုတောင် အနိုင်မရိုက်နိုင်တော့ပါဘူးဗျာ” 
”အလေ့အကျင့်နည်းသွားလို့ဖြစ်မယ်” 
”ဟုတ်ဘူး၊ အလုပ်က ပင်စင်ယူလိုက်လို့ပါ” 
”ဟိုက်”
                                 ပြန်မြန်မာဂျာနယ်မှ .............

တော်သေးတာပေါ့

လင်မယားနှစ်ယောက်တွင် သားလေးယောက်ရှိသည်။ ထူးဆန်းသည်မှာ အကြီးသုံးယောက်မှာ ဆံပင်နီနီ၊ အသားလတ်လတ်၊ အရပ်မြင့်မြင့်ဖြစ်သည်။ အငယ်ဆုံးမှာ ဆံပင်နက်နက်နှင့် အရပ် ပုပုဖြစ်သည်။ ဖခင်ဖြစ်သူသည် နောက်ဆုံးတွင် မကျန်းမမာဖြစ်ပြီး သေလုဆဲဆဲတွင် ဇနီးဖြစ်သူကို သေချာ မေးလိုက်သည်။

``အချစ်ရယ် ကိုယ်မသေခင် ကိုယ့်ကို ရိုးရိုးသားသား ပြောစမ်းပါ။ အငယ်ဆုံး သားလေးက ကိုယ့်ရဲ့          ကလေးဆိုတာ။´´


``ဘုရားအဆူဆူကို ကျိန်ပြီး ပြောရဲပါတယ်။ ရှင့်သားမှ ရှင့်သား အစစ်ပါ။´´
   ဟု ဇနီးဖြစ်သူက ပြန်ပြောလိုက်သည်။

ထိုစကားကို ကြားပြီးသည်နှင့် ခင်ပွန်းဖြစ်သူသည် ပြုံးလျှက် ကွယ်လွန်သွားသည်။ ထိုအခါ ဇနီးဖြစ်သူက ရေရွတ်ပြောဆို လိုက်သည်။ ``တော်သေးတာပေါ့ ... တခြား သုံးယောက်ကို မေးမသွားလို့´´

                                                                                     
(ကိုညီနေမင်းမှ)ပြန်လည်ဝေမျှသည်။
                                                                      

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management