Tuesday 13 September 2011

Gmail မှာ facebook တွဲပြီးသုံးရအောင်

ဖေ့စ်ဘုတ်ခ် အကောင့်ကို ဂျီမေးလ်စာမျက်နှာပေါ်မှာ add လုပ်ပြီး သုံးလို့ရပြီ ဖြစ်ပါတယ်။
အဲ့လိုလုပ်မယ်ဆိုရင် အရင်ဆုံး ဂျီမေးလ်စာမျက်နှာကို ဝင်လိုက်ပါ။ ပြီးရင် sign out လုပ်တဲ့ button ကိုနှိပ်ပြီး Account Settings ထဲဝင်ပါ။ ပြီးရင်တော့ Gmail ဘေးက setting ထဲကအပေါ်ဖက်အခန်း labs ကိုသွားပါ။
Labs ထဲကို ရောက်တဲ့အခါ add any gadget by URL ဆိုတာကို Enable လုပ်ပြီးအောက်ဆုံးဘယ်ထောင့်က  save changes လုပ်လိုက်ပါ။ ဂျီမေးလ်စာမျက်နှာ restart ဖြစ်သွားပါလိမ့်မယ်။ နောက်ထပ် ဂျီမေးလ်စာမျက်နှာ ပြန်ပေါ်လာပြီဆိုရင်တော့ mail setting ထဲကအပေါ်ဖက်ကအခန်း gadgets ကိုသွားပြီး Add ဒီမှာ ပြထားတဲ့(link) hosting.gmodules.com/ig/gadgets/file/104...0329537/facebook.xml လေးဒီ gadgets ထဲမှာ Add ထည့်လိုက်ပါ။
အဲသည်အဆင့်တွေ အားလုံးပြီးသွားရင်တော့ ဂျီမေးလ်စာမျက်နှာရဲ့ ဘယ်ဘက်အောက် နား invite bar ရဲ့ အောက်မှာ facebook link တစ်ခုကို တွေ့ရမှာ ဖြစ်ပါတယ်။ အဲသည် link က extand ကို ကလစ်လိုက်ရင် ဖေ့စ်ဘုတ်ခ်စာမျက်နှာပေါ်လာမှာ ဖြစ်ပါတယ်။အဲ့ဒီ နောက်တော့ ဖေ့ဘုတ်ခ် ဝင်စရာ မလိုပဲနဲ့ ဂျီတော့ကနေပြီး Facebook က သူငယ်ချင်းတွေကို ချက်လို့ရပါပြီခင်ဗျာ။

ကွန်ပျူတာကို ဒီလိုလေးထိန်းရအောင်

(၁) မိမိကွန်ပျူတာကို ပိုမြန်စေဖို့အတွက် Start ကို click ပါ။ Run box ကိုဖွင့်ပါ။ regedit လို့ရိုက်ပါ။ (Registry editor ကိုဆိုလိုတာပါ။)
ဘယ်ဘက် panel မှာ “HEYCURRENT USER” ကိုနိပ်ပါ။ အဲဒီထဲကမှ “control panel” ကို ထပ်ရွေးပါ။
“Control panel” ထဲကမှ Desktop ကို ရွေးပါ။ ညာဘက်Aကွက်မှာပေါ်လာတဲ့ “Menu showdelay” ကို Right click နှိပ်ပါ။ Modify ကိုရွေးပြီး Value ကို “0″ ထားပါ။ ပြီးပြီဆိုတာနဲ့စက်ကို Restart ပြန်လုပ်ပါ။

(၂) မလိုအပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမြန်ဆန် စေပါတယ်။
- Start ကိုသွားပါ။
- Run box ကိုဖွင့်ပါ။
- “gpedit.msc” ဆိုပြီး ရိုက်ပါ။
- ဘယ်ဘက် panel မှာ “computer configuration” ရွေးပါ။
- “Administrative Templates” ကိုရွေပါ။
- “Windows components” ကို ရွေးချယ်ပါ။
- “Terminal services” ကိုရွေးချယ်ပါ။
- ညာဘက် panel မှာ ပေါ်လာမှာဖြစ်တဲ့ “Do not delete Temp Folder Upon
exit” မှာ Right click နှိပ်ပါ။
- Properties ကို ရွေးချယ်ပါ။
- ပြီးရင် “disable” ကို ရွေးချယ်ပါ။

(၃) မလိုအ ပ်တဲ့ ဖိုင်တွေကို ရှင်းပစ်ရင် ပိုမို မြန်ဆန် စေပါတယ်။
နောက်တစ်မျိုး ရှင်းနည်း ရှိပါသေးတယ်။
- Start ကို ကလစ်နှိပ်ပါ။
- Run box ကိုဖွင့်ပါ်။
- “% temp%” လို့ ရိုက်ထည့်ပါ။
- အဲဒီမှာ တွေ့သမျှ ဖိုင်တွေကို ‘Ctrl+A’ နဲ့ Select ပေးပြီး
ဖျက်ထုတ်ပစ်ပါ။ (အ ချို့  လုပ်ဆောင်နေဆဲ
ဖိုင်တွေကိုတော့ ဖျက်လို့မရတဲ့ အ
ကြောင်း ပြောလာတတ်ပါတယ်။)

                                                                                    Ref: အဖြူရောင်သံစဉ်

ကိုယ်မရှိတဲ့အချိန်မှာcomputer ကိုဘယ်သူကိုင်လဲသိရအောင်

ကိုယ်မသုံးတဲ့ အချိန် မိမိကွန်ပျူတာကို ဘယ်သူလာသုံးသွားလဲ ဆိုတာ သိရအောင် ကြည့်တဲ့နည်းဖြစ်ပါတယ်။ ဒီနေရာမှာ ပြောစရာရှိတာက Run ကနေ Recent လို့ ရိုက်ပြီ ဘာတွေ ဖွင့်လဲဆိုတာ ကြည့်မှာပေါ့လို့။ ဟုတ်ကဲ့ဘာတွေ ဖွင့်သွားလဲဆိုတာ ကြည့်လို့ရပေမဲ့ဘယ်အချိန်မှာ ဖွင့်ဘယ်အချိန်မှာ သုံးလဲဆိုတာ မသိနိုင်ပါဘူး။ Recent ကို Delete ပေးသွားရင် ဘယ်လို့မှ သူဖွင့်မဖွင့်မသိနိုင်ပါဘူး။ အင်တာနက် ရတဲ့စက်များကတော့ Firefox တို့ Internet Explorer တို့မှာ History မှာ ၀င်ကြည့်မှာပေါ့လို့ ပြောလို့ရပါတယ်။ ဖျက်သွားရင်ကော ဘယ်လို အစ ရှာမလဲ။ အင်တာနက်မရှိရင်ကော ဘယ်လို ခြေရာခံမလဲ။
ဒါကြောင့် မိမိစက်ကို ဘယ်ချိန်မှာဖွင့်တယ်။ ဘယ်အချိန်မှာ ပိတ်သွားတယ်ဆိုတာ သိရအောင် အောက်ပါအတိုင်း အလွယ်သွားလိုက်ပါဗျာ။


1.Start >> Run မှာ eventvwr.msc ရိုက်ပြီး Enter ခေါက်လိုက်ပါ.။

2.Windows log မှာ Application, Security, နှင့် System မှာ ကြည့်နိုင်ပါတယ်။ အဲဒီမှာ

နေ့ရက် အချိန်နာရီတွေကို တွေ့နိုင်ပါတယ်။ (မှတ်ချက်။ ။ Windows 7 မှာ ရိုက်တဲ့ပုံဖြစ်ပါတယ်။ ) ကျန်တဲ့Tool တွေကို ကိုယ်တိုင်းလေ့လာကြည့်ပါ။

                                                                                                     Ref: အဖြူရောင်သံစဉ် 

ကမ္ဘာ့နားရွက်အရှည်ဆုံး ခွေး

                                                        
ဒီခွေးကြီးကို မြင်လိုက်တာနဲ့ ခွေးပျံတစ်ကောင်များ ဖြစ်လေမလားဆိုပြီး အားလုံးက ထင်ယောင်ထင်မှား ဖြစ်သွားကြမှာပါ။ ဘယ်ဘဝကုသိုလ်ကံ တွေကြောင့် သူ့ရဲ့နားရွက်က အခုလောက်တောင် ရှည်ထွက်နေရသလဲ မသိပါဘူး။အဲဒါကြောင့် ခွေးချင်းအတူတူ တခြားခွေး တွေထက် ထူးခြားမက ထူးခြားတဲ့ဒီခွေးကြီးကို ကမ္ဘာ့နားရွက်အရှည်ဆုံး ခွေးအဖြစ် ဂင်းနစ်ကမ္ဘာ့မှတ်တမ်းအဖွဲ့က တညီတညွတ်တည်း အသိ အမှတ်ပြုလိုက်ပြီဖြစ်ပါတယ်။ နားရွက်ရှည်လျားကြီးမားတဲ့ သူတွေကို Óဏ်ပညာကြီးမားတယ်လို့ပြောချင်ကြတယ်ဆိုရင် ဒီခွေးကြီးဟာလည်း ပညာရှိခွေးကြီး ဖြစ်ကောင်းဖြစ်မယ်ထင် ပါရဲ့။ သူ့ရဲ့နားရွက်ရှည်လျားပုံကို တင်ပြရ မယ်ဆိုရင်ဘယ်ဖက်နားရွက်က၁၂ ၁/၄လက်မ၊ ညာဖက်နားရွက်က ၁၃ ၁/၂ လက်မတောင် ရှိပါတယ်။ လာဗာလို့အမည်ရတဲ့ ဒီခွေးရဲ့ ပိုင်ရှင် ဂျင်နီဖာဝပ်က "သူ့အနားက ဖြတ် သွားတဲ့ကားတွေဆိုရင်သူ့ရဲ့နားရွက်ကို အနီး ကပ်ကြည့်ဖို့ ရှေ့ဆက်မသွားဘဲ ရပ်လိုက် ရတဲ့အထိပါပဲ။ သူဟာ ကမ္ဘာမှာအလွန် အထင်ကြီးစရာကောင်းတဲ့ ခွေးတစ်ကောင်ဖြစ်နေပါပြီ"လို့ ချီးမွမ်းပြော ဆိုသွားခဲ့ပါတယ်။ ဂင်းနစ်အဖွဲ့ရဲ့အဆိုအရ သူ့ရဲ့နားရွက်နှစ်ဖက်အရှည် ဟာ ၂၃.၅ လက်မပဲရှိတဲ့ ကမ္ဘာ့အရပ်အပုဆုံး လူသား (ဂျန်ရေးဘဲလ်လော်ဝိန်း)ထက် ပိုရှည် သလို ၂၆ လက်မရှိတဲ့ ကမ္ဘာ့အသေးဆုံး တရား ဝင်မောင်းနှင်ခွင့် ရကားထက်လည်း ပိုရှည်ပါ သတဲ့ ။နောက်ပြီး ၆လက်မပဲရှိတဲ့ ကမ္ဘာ့အရပ် အပုဆုံးခွေးလေးကို သူ့ရဲ့ နားရွက်ကြီး ပေါ်မှာ ချော့မော့သိပ်ထားလို့ တောင်ရတယ်လို့ ဆိုပါတယ်။

                                                                                       

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management