Saturday 3 September 2011

မရှိလို့ မဖြစ်တာ


မိန်းမဖြစ်သူသည်ယောင်္ကျား၏ ပုဆိုးအပြဲကိုချုပ်ပေးနေရင်းလှမ်းပြောသည်။
မိန်းမ - ရှင်တို့ယောင်္ကျားတွဟာ ကျမတို့မိန်းမတွေမရှိရင် တော်တော်ဒုက္ခရောက်မယ်။ မိန်းမတွေရှိနေလို့သာ ရှင်တို့ပုဆိုးတွေ၊ ဘောင်းဘီ၊ အင်္ကျီတွေချူပ်ပေးမဲ့သူရှိတာ´
ယောင်္ကျား - `အို မရှိမဖြစ် မဟုတ်ပါဘူးကွာ၊ငါတို့ အဲဒီဘောင်းဘီ၊ပုဆိုးတွေ ၀တ်ရတာလည်းမင်းတို့မိန်းမတွေရှိနေလို့ကွ၊ မိန်းမတွေမရှိရင် ငါတို့ဘာမှဝတ်စရာတောင်မလိုဘူးကွ´

နားမလည်လို့ပါ

ဆရာ - မောင်ခင် မင်းအဖေ မှာ ပိုက်ဆံ ၂၀ ရှိတယ်။ မင်းက သူဆီက ၁၂ ကျပ်မုန့်ဖိုးတောင်းရင်။ မင်းအဖေ ဆီမှာ ဘယ်လောက်ကျန်မလဲ။
မောင်ခင် - ၂၀ ပါ ဆရာ။
ဆရာ -  မင်းဟာသချာင်္ ကို ကောင်းကောင်းနားမလည်ဘူးပဲ။
မောင်ခင် - ဆရာလည်း ကျွန်တော့်အဖေကို နားမလည်ပါဘူး။

Gtalk မှာ Music name ဖော်ခြင်း

ကိုယ်နားထောင်နေတဲ့သီချင်းကို Gtalk မှာပေါ်ချင်တယ်ဆိုရင် သီချင်း Window Media Player နဲ့ ဖွင့် နားထောင်ရပါမယ်။ ကိုယ်သုံးတာကတော့ Window Media Player  Version 11 ပါ။ Windows 7 မှာတော့ မူလWindows ကပါလာတဲ့ Window Media Player နဲ့စမ်းကြည့်တော့ Tools ထဲကမဟုတ်ပဲ orgnize ထဲက options နဲ့ဝင်ရပါတယ်။ ကဲ....အောက်ကနည်းလေးအတိုင်းလုပ်ကြည့်လိုက်ပါ။
(၁) Window Media Player မှာ Tools ကနေ Options ကို ၀င်ပါ။
(၂) Plug-ins ကို ရွေးပါ။
(၃) Background ကို ထပ်ရွေးပါ။ ညာဘက်တွင် Google Talk Music Plug in ဆိုတာ ရှိပါတယ်။ အဲဒါကိုအမှန်ခြစ်ပေးလိုက်ပါ။
(၄) Gtalk တွင် Show Current Music Track ကို ရွေးချယ်ပါ။

Photo Slide Show Software

Photo Slide Show နဲ့ ပတ်သက်ပြီး Internet ထဲမှာ တွေ့မိတာပါ။ တဆင့်ပြန်လည်မျှဝေခြင်တဲ့အတွက် တင်ပေးလိုက်ပါတယ်။ မူရင်းတင်ထားတဲ့သူကို ကျေးဇူးတင်ပါတယ်။ မိမိတို့ သုံးနေတဲ့ Window Movie Maker နဲ့ ခပ်ဆင်ဆင်ပါပဲ။ ဒါပေမယ့် ဒါလေးက Professional လို့ ပြောရမယ်။ လုပ်နည်း စာအုပ်လေးပါ ထည့်ပေးထားတယ်။  

 
Install လုပ်စရာ မလိုဘူး။ Portable ဆိုတော့ ပိုကောင်းတယ် ဆိုရမယ်။ သုံးကြည့်ရင်းမှ အဆင်ပြေသွားမယ် ထင်တယ်။ လုပ်နည်းတွေ များလို့။ လိုအပ်သူများအတွက်
သတိတရ ဖော်ပြပေးလိုက်ပါတယ်။ ဒီမှာ Download လုပ်ယူပါ။ ကဲ ဓါတ်ပုံနဲ့ သီချင်းစာသားတွဲဖက်၍ အလှဆင်နိုင်ကြပါစေ။

ဒဒွေး ရိုက်ရင်အဆင်ပြေအောင်

မြန်မာစာရိုက်တဲ့အခါ ဒဒွေးရိုက်လိုက်ရင် လအဆင့်ပုံစံမျိုး Pagemaker 7.0 မှာပြောင်းတတ်သလို၊ တစ်ခြား program တွေမှာလည်း ဒဒွေး ရိုက်ရင် ပြောင်းသွားတာမျိုးဖြစ်တတ်ပါတယ်။ လက်လှမ်းမီသမျှ ဒဒွေး ရိုက်ရတဲ့အခါ အခက်အခဲမရှိအောင် စုစည်းပေးထားပါတယ်။
အခုပြောမယ့် ဒဒွေးက CS2 version အတွက်ပါ။

InDesign … Edit > Preference > Type ကိုဖွင့်ပြီး Use Typographer’s Quotes ကို အမှန်ခြစ်ဖြုတ်ပါ။

Illustrator … File > Document Setup > Type ကိုဖွင့်ပြီး Use Typographer’s Quotes ကို အမှန်ခြစ်ဖြုတ်ပါ။
Photoshop … Edit > Preference > Type ကိုဖွင့်ပြီး Use Smart Quotes ကို
အမှန်ခြစ်ဖြုတ်ပါ။

PageMaker 7 … File > Preference > General > More > Use Typographer’s Quotes ကို
အမှန်ခြစ်ဖြုတ်ပါ။

Corel Draw 12 … Tools > Options ကိုဖွင့်၊ ပြီးရင် Text > QuickCorrect ကိုထပ်ဖွင့်။ အပေါ်ဆုံး ဒုတိယမြောက် Change Straight quotes to typographic quotes ကို
အမှန်ခြစ်ဖြုတ်ပါ။ (အပေါ်ဆုံးတခုကိုလည်း ဖြုတ်ထားဖို့လိုမယ်ထင်ပါတယ်။ စာကြောင်းရဲ့ ပထမဆုံးစာလုံးတွေကို အကြီးစာလုံးလုပ်ပေးဖို့ဖြစ်ပါတယ်။ မြန်မာစာအတွက်ဆိုရင် အဲဒါကို အမှန်ခြစ်ဖြုတ်ပါ။)

Microsoft Word 2007  > ထိပ်ဆုံးက office button နှိပ်ပြီး word option နှိပ်ပါ။ ပြီးရင်ဘယ်ဖက်ကစာကြောင်းတွေထဲမှာ proofing ရွေးပါ။ ညာဖက်မှာ AutoCorrect options button ဆက်နှိပ်ပါ။ အပေါ်ဖက်အခန်းတွေထဲမှာမှ AutoFormat အခန်းဖွင့်ပြီး "Straight quotes" with "Smart quotes" ကိုအမှန်ခြစ်ဖြူတ်ပါ။ ပြီးရင် အပေါ်ဖက်အခန်းတွေထဲက AutoFormat As You Type အခန်းကိုဖွင့်ပြီး "Straight quotes" with "Smart quotes" ကိုအမှန်ခြစ်ဖြူတ်ပါ။ ပြီးရင် OK နှစ်ခါပေးပြီးထွက်ပါ။ 

Microsoft Word 2003  > Tools > Options နဲ့ဝင်ပြီး အပေါ်ဖက် AutoFormat အခန်းဖွင့်ပြီး "Straight quotes" with "Smart quotes" ကိုအမှန်ခြစ်ဖြူတ်ပါ။ ပြီးရင် အပေါ်ဖက်အခန်းတွေထဲက AutoFormat As You Type အခန်းကိုဖွင့်ပြီး "Straight quotes" with "Smart quotes" ကိုအမှန်ခြစ်ဖြူတ်ပါ။ ပြီးရင် OK နှစ်ခါပေးပြီးထွက်ပါ။ 

                                                                                  အားလုံးပဲအဆင်ပြေကြပါစေ။

အထင်နဲ့အမြင်


" ကျွန်မသားလေး ရေနစ်တုန်းကဆယ်ပြီး အိမ်လာပို့ပေးတာ ရှင်မဟုတ်လား "
" ဟုတ်ပါတယ် ၊ ဒီလိုပေါ့ဗျာ ၊ ကြုံကြိုက်လို့ကယ်တာပဲဟာ ၊ ကျေးဇူးတင်ကြောင်း တကူးတကလာပြောစရာ မလိုပါဘူး "
" ကျေးဇူးတင်ကြောင်း လာပြောတာမဟုတ်ဘူးရှင့် ၊ သူ့လက်ကဟန်းချိန်းပါမလာလို့ "

ဆင်းရဲသား


မူန်ပျပျအလင်ရောင်အောက်
ကုန်ကျမဲ့ အသုံးစရိတ်ငါတွက်နေရတယ်
မနက်ဖြန်အရင်းမပြုတ်ဖို့ .....................

မူန်ပျပျအလင်ရောင်အောက်
အသကုန်ကျတဲ့ စာမေးပွဲအတွက် စာကျက်နေရတယ်
နောက်နှစ်ဘွဲ့ ယူနိုင်ဖို့ ........................

မူန်ပျပျအလင်ရောင်အောက်
အလုံ နားကအမျိုးသမီး တစ်ယောက်အတွက် ခေါင်းခြောက်နေရတယ်
ရွှေလက်စွပ်ဆင်တူဝတ်ရအောင်တဲ့ .........

ဘ၀ကြင်ဖေါ် ရွေးချယ်နည်း

ဒီပို့စ်လေးကို နည်းပညာတို့ရဲ့ဆုံမှတ်များ ဖိုရမ်မှာတွေ့မိလို့၊ ရယ်စရာလေးမို့ ပြန်လည်မျှဝေလိုက်ပါတယ်။ ရယ်မောခြင်းဖြင့် ချမ်းမြေ့ကြပါစေ။

“ အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ်* ကို စဉ်းစားပါ ”

“ ကညာမွန် အညာလွန်ချင်ရင် *ဆရာဝန်* ကို ရွေးပါ ”

“ ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ* ကို ထည့်တွက်ပါ ”

“ အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်ရင် *ကျောင်းဆရာကတော်* လုပ်ပါ ”

“ ပြည်သူထဲ ငြူဆူအမြဲ ဖြစ်နေရင် *ပြည်သူ့ရဲ* တောင် မစဉ်းစားနဲ့ ”

“ အချစ်များပြီး ပစ်ထားမယ်ဆိုရင် *စစ်သား* ကိုလည်း မယူနဲ့ ”

“ အပြတ်ဖြေဖျော် လာဘ်လာဘမျှော်ရင် *နတ်ကတော်* လည်း မရွေးနဲ့ ”

“ အစဉ်အမြဲသိမ်း ရင်ထဲထိန်းချင်ရင် *ယာဉ်ထိန်းရဲ* ကိုလည်း မစဉ်းစားနဲ့ ”

“ ကုန်တာမှိုင် လိုရာမပိုင်ရရင် *Company ပိုင်ရှင်* လည်း အလျှော့မပေးနဲ့ ”

“ အဖြီးအပြတ်လှော် မီးသတ်မတော်ရင် *မီးသတ်ကတော်* လည်း မလုပ်နဲ့ ”

“ ရမက်တပ်ရစ် အရက်မပြတ်ကစ်ရင် *လက်မှတ်စစ်* ကိုလည်း မစဉ်းစားနဲ့ ”

“ ရတက်ဖြစ်အရေး လက်ဖက်ရည်ကစ်ရေး ဆိုရင် *ဆက်သွယ်ရေး* ကောင်လည်း မရွေးနဲ့ ”

“ ယမင်းအပျော်ထား အတင်းပျော်အားနေရင် *သင်္ဘောသား* ကိုလည်း ရှောင်ပါ ”

“ ရှာသမျှ ကုန်မယ်ဆိုရင် ကညာမကျတဲ့ ပါသမျှ *ကုန်သည်* ကိုလည်း မစဉ်းစားနဲ့ ”

“ မယားမပြတ်မော့ အနားကပ်လျော့ရင် *ကားဝပ်ရှော့ဆရာ* လည်း မရွေးနဲ့ ”

“ နောက်မပူ ပြီးစီးချင်ရင်တော့ *တောင်သူဦးကြီး* များကို စဉ်းစားပေါ့ ”

သတင်း(၃)ခု


ခွဲစိတ်ကုသခံထားသော လူနာထံ ဆရာဝန် လာကြည့်သည်။
"ခင်ဗျားကို သတင်းသုံးခုပြောစရာရှိတယ်၊ တစ်ခုက မကောင်းတဲ့ သတင်း၊ နောက်တစ်ခုက ကောင်းတဲ့ သတင်း၊ အဲ နောက်ဆုံးတစ်ခုကတော့အကောင်းဆုံးပဲ၊
- မကောင်းတဲ့ သတင်းက စပြောမယ်၊
မဖြတ်ရမဲ့ ခင်များခြေထောက်ကို ကျွန်တော်တို့ မှားဖြတ်မိတယ်၊
- ကောင်းတဲ့ သတင်းကတော့ ဖြတ်ရမယ့်ခြေထောက်ကို ကျွန်တော်တို့ ထပ်ဖြတ်ပေးမယ်….။
- အဲ …..အကောင်းဆုံး သတင်းကတော့ ဘေးခန်းကလူနာက ခင်းဗျားရဲ့ရှူးဖိနပ်ကို သူဝယ်မယ်တဲ့ "

                                                                                                                Ref: Internet

အမလေး ရှင်မပြန်သေးဘူးလား?


အိမ်ထောင်ရှိသူ အမျိုးသားတစ်ယောက် က သူ့ရဲ့ small လေး ဆီကိုအလည်သွားပါတယ်။ သူ့ရဲ့ small လေးကလဲ သူ့ကိုတွေ့တိုင်း -
"ရှင့်ရဲ့ပသိုင်းမွေးတွေ ကိုရိတ်လိုက်ပါလားရှင်။ ဒါမှရှင်ရဲ့အင်မတန် ခန့်ညားတဲ့ရုပ်ကို ကျွန်မကောင်းကောင်းကြီး ခံစားလို့ရမှာ"
အမျိုးသား - "ငါ့အိမ်က အဖွားကြီးက အဲ့ဒီ ပသိုင်းမွေးကို ကြိုက်တယ်ဟ။ ငါသာအဲ့ဒီ ပသိုင်းမွေး ကိုရိတ်လိုက် ရင်ငါ့ကို သတ်မှာ။ ဒါဆို ချစ်လေးနဲ့ဝေးပြီ။"
Small လေး - "ရိတ်လိုက်ပါဆို၊ ဟွန့် ဟွန့်၊
ကောင်မလေးရဲ့အချွဲကောင်းမှုကြောင့် ထိုအမျိုးသားလည်းသူ့ရဲ့ပသိုင်းမွေးကို ရိတ်လိုက်ပါတယ်။
အဲဒီညမှာပဲ သူကကျောပေးပြီး အိပ်နေသော သူ့မယားကြီးမသိအောင် ခုတင်ပေါ်ကိုတိတ်တိတ်လေး တက်ပြီး လဲလိုက်စဉ်။ မယားကြီး က ရုတ်တရက် နိုးလာပြီးလှည့်မကြည့်ပဲ သူ့ ရဲ့ မျက်နှာ ကို ပွတ်သတ်အာရုံခံလိုက်ခါ "အမလေးရှင်မပြန်သေးဘူးလား။ ခဏ နေရင်အိမ်ကနွားကြီးပြန်လာတော့မှာနော်"

                                                                                                              Ref: Internet

မယားဓါတ်ပုံ

မယား - ရှင် ကျွန်မဓါတ်ပုံ ကို နေ့တိုင်း ရုံးတက်တဲ့ အိတ်ထဲထည့်ထည့်ထားတယ်။ ဘာလို့လဲ။
လင် - သြော် ဘယ်လောက် ကြီးမားတဲ့ အခက်ခဲကြုံရပါစေ မင်းဓါတ်ပုံကိုကြည့်လိုက်တာနဲ့ အားလုံးကို ကျော်အလွှားနိုင်ခဲ့တယ်။
မယား - ကြည့်စမ်း၊ ကျွန်မ ဟာ ရှင့်အတွက် ဘယ်လောက်တောင် တန်ဖိုးရှိသလဲနော်။
လင် - ဟုတ်ပါ့၊ မင်းဓါတ်ပုံကို ကြည့်ပြီး ငါ့ကိုယ်ငါ ပြန်မေးကြည့်တယ်။
"ဒီထက်ဆိုးတဲ့ အခက်အခဲ ဘာရှိနိုင်ဦးမှာလဲ" လို့။

သိထားသင့်သော ကျန်းမာရေးဗဟုသုတများ

လူသားတို့၏ခန္ဓာကိုယ်သည် အံ့သြဖွယ်စွမ်းရည်များဖြင့် ဖွဲ့စည်းတည်ဆောက်ထားပါသည်။ ထိုစွမ်းရည်များထဲမှ တစ်ခုသည် နာမကျန်းဖြစ်နေ ပြီဆိုပါက ထိုအကြောင်းကို ခန္ဓာကိုယ်၏ အစိတ်ပိုင်း တစ်ခုခုက ပြသနေတတ်ခြင်းပင်ဖြစ်သည်။ နံနက်ခင်းမျက်နှာသစ်ပြီးစအချိန်တွင် လူသားတိုင်း တစ်ကြိမ်တော့ မှန်ကြည့်မိတတ်ကြပါသည်။ ထိုအချိန်မျိုးတွင် အချိန်အနည်း ငယ်မျှပေး၍ ကြေးမုံပြင်တွင်ထင်ဟပ်နေသော မိမိတို့၏ ခန္ဓာကိုယ်အစိတ်အပိုင်းပုံရိပ်များကို ကြည့်ရှုစစ်ဆေးပေးခြင်း ဖြင့် ကျန်းမာရေးယိုယွင်းလာမှု၏ အစောပိုင်းလက္ခဏာများကို သိမြင် လာနိုင်သည်ဟု ကျန်းမာရေးဆိုင်ရာပညာရှင်တို့ ဆိုကြ ပါသည်။ ထိုအချိန်မျိုးတွင် မိမိခန္ဓာကိုယ်မှ- (၁)လက်သည်း (၂)ချိုင်း (၃)မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ် (၄)ဦးရေပြား (၅)ဝမ်းဗိုက် (၆)လျှာ (၇)မျက်စိ တို့ကို ကြည့်ရှုစစ်ဆေးသင့်ကြောင်း ပညာရှင်တို့အကြံပြုထားပါသည်။
(၁) လက်သည်း လူသားတို့၏အရေပြားတွင် ခုံးထနေသောမှဲ့များ တွေ့ရတတ်ပါသည်။ ထိုမှဲ့များသည် အရေပြား ကင်ဆာ၏ ရှေးဦးသင်္ကေတဖစ်နိုင်ပါသည်။ မှဲ့ကင်ဆာသည် လက်သည်း၏အောက်ဖက်တွင်လည်း ဖြစ်ပွားနိုင်ပါသည်။ လက်သည်းပေါ်မှ အဝါရောင်၊ အညိုရောင်၊ အမည်းရောင်အစင်းများသည် အရေပြားကင်ဆာ၏ ရှေးဦး ပုံရိပ်ဖြစ် နေတတ်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအစင်းများသည် မှဲ့ကင်ဆာကြောင့် ဆဲလ်များထိခိုက်ပျက်စီးရာမှ ဖြစ်ပေါ်လာတတ်သာကြောင့်ဖြစ်သည်။ မှဲ့ကင်ဆာသည် အရေပြားကင်ဆာများ ထဲတွင် အသေအပျောက်အများဆုံးသောရောဂါ ဖြစ်သည်ဟု နယူး ယောက် စီးတီးမှ အရေပြားအထူးကုဒေါက်တာ အေရီအော့စတိ က ဆိုပါသည်။ သို့ရာတွင် စောစီးစွာသိရှိကုသနိုင်ပါက ၉၅ရာခိုင်နှုန်းမှာ ပျောက်ကင်းနိုင်ပါသည်။ ထို့ကြောင့် လက်သည်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အထက်ပါအချက်များကို စောစီးစွာ သိနိုင်မည်ဖြစ်သည်။ လက်သည်းပေါ်တွင် အဖြူအစင်းများရှိနေပြီး ပင်ပန်းနွမ်းနယ်မှုဒဏ်ကို ခန္ဓာကိုယ်ကခံစားနေရပြီဆိုပါက သတိထားသင့်ပါသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချက်သည် ကျောက်ကပ်များ လုပ်ဆောင်မှုအားနည်းရာမှ ဖြစ်ပေါ်လာတတ်သော သင်္ကေတဖြစ်နိုင်သောကြောင့်ဖြစ်သည်။ ထိုအဖြူစင်းများသည် ဆီးတွင်ပါသွားသော အသားဓာတ်များကို ကျောက်ကပ်က ပြန်လည်စုပ်ယူမထား နိုင်ခြင်းသင်္ကေတဖြစ်သည်ဟု ဒေါက်တာအော့စတိကဆိုပါသည်။ ဆိုလိုသည်မှာ ခန္ဓာ ကိုယ်သည် အသားဓာတ်ထိန်းသိမ်းထားနိုင်မှုထက် ဆုံးရှုံးမှုကပိုများနေကြောင်း၊ ကျောက်ကပ်များလုပ်ဆောင်မှု အားနည်း နေကြောင်းကို ညွှန်ပြခြင်းဖြစ်သည်။ ထို့ကြောင့် ဆရာဝန်နှင့်ပြသကာ ဆီးစစ်ရန်လိုအပ်ကြောင်းညွှန်ပြနေသော အမှတ်အသား ဟု ဆိုရ မည်ဖြစ်သည်။
(၂) ချိုင်း။ တစ်ခါတရံ ချိုင်းတွင် ကြမ်းတမ်းသောအမည်းကွက်များ မြင်တွေ့ရလေ့ရှိပါသည်။ နေရောင်ဒဏ်ခံအဆီ သုတ်လိမ်းထားခြင်း ကြောင့်မဟုတ်ပါက ထိုသင်္ကေတသည် ဆီးချို၊ သွေးချိုရောဂါရှိနေခြင်း သင်္ကေတ ဖြစ်နိုင်သည်ဟု Web MD’s Chief Editor ဒေါက်တာ မိုက်ကယ်စမစ်က ဆိုပါသည်။သွေးထဲတွင် အင်ဆူလင်အမြောက်အများ ရှိနေခြင်းသည် အရေပြားဆဲလ်များကို လျင်မြန်စွာကွဲပြားစေပြီး တစ်ရှုးနှင့်မယ်လနင် ဓာတ်ဖြစ်ပေါ်နှုန်း မြင့်မားစေပါသည်။ ထိုအခါ အရေပြားသည် ကြမ်းတမ်းပြီး ပိုမည်းလာပါသည်။ အများအားဖြင့် ချိုင်းကြား၊ လည်ပင်း၊ ပေါင်ခြံများတွင် အမည်း ကွက်များ တွေ့ရတတ်သည်ဟု ဒေါက်တာ မိုက်ကယ်စမစ်ကဆိုပါသည်။ ထို့ကြောင့် ချိုင်းတွင် ကြမ်းတမ်းသော အမည်းကွက် များတွေ့ရပါက ဆီးချို၊ သွေးချိုရောဂါရှိမရှိကို စစ်ဆေးသင့် ကြောင်း အကြံပြုပါသည်။ ဆီးချို၊ သွေးချိုရောဂါသည် ရောဂါ ဖြစ် ပွား နေကြောင်းကို အများအားဖြင့် မသိရှိကြသောရောဂါဖြစ်သည်။
(၃) မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်။ မျက်ခွံ၊ ဒူးခေါင်းနှင့် တံတောင်ဆစ်တို့တွင် သေးငယ်ပျော့ပြောင်းသော အဖြူရောင် (သို့မဟုတ်) ဝါကျင်ကျင်အလုံးလေးများ တွေ့ရလျှင် သတိထားသင့်သည်ဟု ဒေါက်တာစမစ်ကဆိုပါသည်။ ထိုအလုံးကလေးမျာကိုလည်းတွေ့ရ၊ တစ်ချိန်တည်းမှာပင် ခန္ဓာကိုယ်တွင် ကိုလက်စထရောပမာဏလည်း မြင့်တက်နေပါက အသက်အန္တရာယ်ရှိနိုင်သော နှလုံးရောဂါ၏ လက္ခဏာဖြစ်သည်။ ထိုလက္ခဏာကို သိရှိမြင်တွေ့ရပါက ကျွမ်းကျင်သူဆရာဝန် နှင့် တိုင်ပင် ဆွေးနွေးသင့်သည်ဟုလည်း ဒေါက်တာစမစ်က ဆိုထားပါသည်။
(၄) ဦးရေပြား။ ဦးရေပြားအရေခွံများ ကျွတ်နေသည်ကို တွေ့ရပါက ထိုလက္ခဏာသည် စိတ်ဖိစီးမှု၏လက္ခဏာဖြစ်သည်ဟု ဒေါက်တာစမစ်က ဆိုပါသည်။ ပြင်းထန်သော စိတ်ဖိစီးမှုသည် ခန္ဓာကိုယ်မှ ကော်တီဆုန်း ဟော်မုန်းကို အများအပြားထွက် စေသည်။ ကော်တီဆုန်းဟော်မုန်း သည် ကိုယ်ခန္ဓာခုခံအားနှင် ဇီဝလုပ်ဆောင်မှုတို့ကို ပျက်ပြားစေသည့် အပြင် ဦးရေပြား ကို လည်း သွေ့ခြောက်စေသည်။ ဦးရေပြားသွေ့ခြောက် ပြီး အရေခွံများကျွတ်ခြင်းသည် ဗောက်ပျောက်စေသော ခေါင်း လျှော်ရည် များသုံးစွဲခြင်းဖြင့် ခေတ္တ ပျောက်ကင်းစေနိုင်သော်လည်း လုံးဝပျောက်ကင်းသက်သာစေရန်မူ ဝလင်စွာအိပ်စက်ခြင်း၊ အသက် ပြင်းပြင်းရှုရှိုက်ခြင်း၊ အလုပ်မှခေတ္တအနားယူခြင်းတို့ပြုလုပ်ရန် လိုအပ် ပါသည်။
(၅) ဝမ်းဗိုက်။ အမျိုးသမီးများတွင် ဆီးခုံအောက်ဖက်ပိုင်း၌ အမွေးနုများပေါက်လေ့ရှိသည်မှာ သဘာဝပင်ဖြစ်သည်။ သို့ရာတွင် အမွေးနုများ မဟုတ်ဘဲ အမွေးကြမ်းများ ဆီးခုံတစ်လျှောက်တွင်မကဘဲ ဝမ်းဗိုက်အပေါ်ထိပါပေါက်လာပါက မျိုးဥအိမ်တွင် အရည်အိတ် များစွာ ဖြစ်ပေါ်ခြင်းကြောင့်ဖြစ်သော ရောဂါလက္ခဏာစုထဲမှ တစ်ခုဖြစ်နိုင်ကြောင်း တက္ကဆက်ဆေးတက္ကသိုလ် သားဖွားနှင့်မီးယပ်ဌာန ဒေါက်တာ ပါမာလဘီရင်ကဆိုပါသည်။ ကျားဟော်မုန်း အများအပြားထုတ်လုပ်မှုကြောင့် သွေးဆင်း များခြင်း၊ ကိုယ်အလေးချိန်တိုးခြင်း၊ ဝက်ခြံပေါက်ခြင်း၊ ဝမ်းဗိုက်၊ မျက်နှာ၊ ရင်ဘတ်နှင့်နောက်ကျောများတွင် အမွေးကြမ်းများပေါက်ခြင်း တို့ဖြစ်ပေါ်တတ်ပါသည်။ ထိုရောဂါလက္ခဏာ များ ဖြစ်ပေါ်နေသော အမျိုးသမီး(၁ဝ)ဦးတွင် (၅)ဦးသည် မျိုးမပွားနိုင်ခြင်းနှင့် နှလုံးရောဂါကဲ့သို့သော ရောဂါအန္တရာယ်များ ကြုံတွေ့ရ တတ်ပါသည်။ ထိုလက္ခဏာများဖြစ်ပေါ်ပါက သားဖွားနှင့်မီးယပ်ဆရာဝန်နှင့် ပြသသင့်ပြီး ဟော်မုန်းပမာဏထိန်းညှိရန် လိုအပ် ပါသည်။
(၆) လျှာ။ လျှာသည် ပုံမှန်အရောင်အဆင်းမဟုတ်ဘဲ
အဖြူရောင် ဆေးသုတ်ထားသကဲ့သို့ ဖြူဆွတ်ဆွတ်ဖြစ်နေပါက အိပ်မော ကျနေစဉ် အတွင်း အစာအိမ်မှအစာများ နောက်ပြန်ဖိတ်စင်မှုကြောင့်ဖြစ်နိုင်သည် ဟု ဒေါက်တာဖရိုင်ဟိုမာကဆိုသည်။ ပုံမှန်အားဖြင့် အစာမျိုပြွန် အောက်ခြေရှိ တစ်ဖက်ပွင့်အဆို့ရှင်သည် အစာအိမ်အတွင်းသို့ ရောက်ပြီးသောအစာများကို  ပြန်မဖိတ်စင်အောင် ပြုလုပ်ပေးသည်။ ထိုအဆို့ရှင်မလုံသောအခါ အစာခြေအက်ဆစ်များ ခံတွင်း ဘက်သို့နောက်ပြန်ဖိတ်စင် သော ကြောင့် လည်ချောင်းကွဲပြီး လျှာမှာ လည်း အက်ဆစ်များဖြင့် ဖုံးအုပ်နေကာ အဖြူရောင်ဖြစ်၍ ခံတွင်းနံ့ လည်း ဆိုးရွား နေ ပါလိမ့်မည်။ ထိုရောဂါလက္ခဏာကို ပျောက်ကင်းစေရန် အက်ဆစ် ပြေဆေးသောက်သုံးခြင်း၊ (သို့မဟုတ်)အက်ဆစ် များ သော အစား အစာ၊ ပူစပ်သောအစားအစာတို့ကို ရှောင်ကြဉ်ခြင်းဖြင့် ကုသနိုင်ပါသည်။ မသက်သာပါက ဆရာဝန်နှင့်ပြသရန် လိုအပ်ပြီး ခန္ဓာကိုယ် အတွင်းမှ အက်ဆစ်ထုတ်လုပ်မှုလျှော့ချရန်ဆေးဝါးများ သောက်သုံးသင့်ပါသည်။
(၇) မျက်စိ။ တစ်ခါတစ်ရံတွင် ရုတ်တရက် မျက်ကွင်းညိုလာတတ်ပါသည်။ မျက်ကွင်းညိုရခြင်းတွင် အကြောင်းအရင်းများစွာရှိ တတ်ပါသည်။ ညဥ့်နက်သန်းခေါင်တိုင်အောင် အလုပ်လုပ်ရသောအခါတွင်လည်း မျက်ကွင်းညိုတတ်ပါသည်။ ထိုသို့မဟုတ်ပါလျှင် ရုတ်တရက် မျက်ကွင်းညိုလာမှုသည် ဓာတ်မထည့်မှုကြောင့် ဖြစ်နိုင်ပါသည်။ လူ့ ခန္ဓာကိုယ်သည် ဓာတ် မတည့်ပစ္စည်းနှင့် တွေ့ဆုံပါက ဟစ္စတမင်းဟူသည့် ဓာတုပစ္စည်းတစ်မျိုးထွက်ရှိပါသည်။ ထိုဓာတုပစ္စည်းသည် သွေးကြောများကို သွေးနှင့်အခြားအရည်များဖြင့် ဖောရောင်စေပြီး အရေပြား၏ အပါးလွှာဆုံးနေရာတွင် အမည်းကွက်များ ဖြစ်ပေါ်စေပါသည်။ ထိုသို့ မျက်ကွင်းညိုလာပါက အရေပြားဆိုင်ရာ စစ်ဆေးမှု ပြုလုပ်ခြင်းဖြင့် မျက်ကွင်းညိုခြင်းဖြစ်စေသော ဓာတ်မတည့်သည့်ပစ္စည်းကို သိရှိကုသနိုင်ပါသည်။ တစ်ခါတစ်ရံတွင် မျက်သားအဖြူပေါ်၌ အနည်းငယ် ကြွတက် နေသော အဖုလေးတွေ့ရတတ်ပါသည်။ သာမန်အားဖြင့် အန္တရာယ်မရှိသော မျက်သားတက်ခြင်းဖြစ်နိုင်ပါသည်။ နေရောင်၊ လေ၊ ဖုန်မှုန့်များ ကြောင့် ဆက်သွယ်တစ် ရှုး များ အလွန်အမင်းကြီးထွားလာခြင်းဖြစ် သည်ဟု မျက်စိအထူးကုဒေါက်တာ ထရေစီဂိုးစတိန်းက ဆိုပါသည်။ ထိုအဖုလေး ဆက်လက်ကြီးထွားမလာစေရန် မျက်စိစိုစွတ် နေစေမည့် မျက်စဉ်းကို အသုံးပြုရမည်ဖြစ်ပြီး အပြင်ထွက်လျှင် နေကာ မျက်မှန် တပ်ရန် လိုအပ်ပါသည်။ နံနက်ခင်းမျက်နှာသစ်ပြီးချိန်တိုင်းတွင် မျက်ခုံးမွေးနှုတ်ရုံ၊ ဝက်ခြံညှစ်ရုံသာမပြုလုပ်ဘဲ မိမိခန္ဓာကိုယ် အစိတ်အပိုင်းများကို ကြည့်ရှု စစ်ဆေးပေးခြင်းဖြင့် အရေးကြီးသော ကျန်းမာရေးဆိုင်ရာ သတင်း အချက်အလက်များကို ရှာ ဖွေကြည့်နိုင်ကြပါစေ။

                                                                                                   Ref: Cherry Myay

မှတ်သားလောက်တယ်



သူငယ်ချင်း မင်း…..ဘယ်မြို့က မယ် ၊ ဘယ်တိုင်းက မယ် ၊ မယ်ဗမာ ၊ မယ်ကမ္ဘာတို့ ကြားဖူးတယ် မဟုတ်လား
အေး…ကြားဖူးတယ်။ ဘာဖြစ်လို့လဲ
ငါမနေ့က လမ်းမှာ ကောင်မလေးချောချောတွေ့လို့ စကားလိုက်ပြောရင်းနဲ့ နာမည်မေးလိုက်တော့ သူဘာမယ်ဆိုတာ ပြောပြတယ်ကွ။ အဲဒီမယ်ကိုတော့ မင်း..သိမှာ မဟုတ်ပါဘူး။
ဟုတ်လားကွ….” ဘာမယ်တဲ့တုန်း ”
” ပါးကျိုးမယ် ” တဲ့

                                                                                                             Ref: Internet

မလွဲသောအမှား


အလုပ်တစ်နေရာအတွက် လူတွေ့စစ်ဆေးရာ လူငယ်တစ်ဦးအလှည့်သို့ ရောက်လာ၏။
ရွေးချယ်သူ - မင်းနာမည်
လူငယ် - မောင်လှ
ရွေးချယ်သူ - အထက်လူကြီးက မေးရင် ” ဆရာ ” ထည့်ဖြေရတယ်ကွ။ ပြန်ပြော
လူငယ် -  ဟုတ်ကဲ့ ကျွန်တော့်အမည် ” ဆရာမောင်လှ ”

မြန်မာစာအတွက်

                                                 
 Gtalk မှာ မြန်မာစာ အတုံးတုံးတွေ ဖြစ်နေရင် သူငယ်ချင်းများ ဒီ Font ကိုသုံးကြည့်ပါနော်။

 IEZawGyiGtalkfont Download

Gtalk လှလှလေးသုံးရအောင်

                                                       
ဂျီတော့ကို ပုံစံလှလှလေးတွေနဲ့ချက်ချင်သူတွေအတွက်အဆင်ပြေမယ်လို့ထင်ပါတယ်။သူက အင်စတော လုပ်စရာမလိုပါဘူး။ Desktop မှာတင်ပြီး သုံးရုံပါပဲ။ portable လို့ခေါ်တာပေါ့ဗျာ။ သုံးကြည့်ပါ သူက တစ်ဖက်က စာရိုက်နေရင် စာရိုက်နေပါသည် လို့ပေါ်တယ်ဗျ။အားနည်းချက်တွေတော့ရှိတယ်။ ဥပမာ- ဂျီတော့ တွေအများ ကြီးဖွင့် ချင်ရင်တော့မရဘူးနော်။ သုံးကြည့်ချင်ရင်တော့ ဒေါင်းလိုက်ပါ။



Gtalk Pink Color Download

               (or)
                                                 
 Gtalk Style Download

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management