Tuesday 6 September 2011

Gmail Account အသစ်ဖန်တီးခြင်း

1. Mozilla Firefox (or) Internet Explorer ကိုဖွင့်ပါ။
2. အပေါ်ကဘာပဲဖွင့်ဖွင့် https://www.google.com/accounts ရိုက်ပြီး Enter နှိပ်ပါ။
3. Gmail: Email From Google စာကြောင်းရွေးပါ။
4. Create an Account ဆိုတဲ့ button ကိုနှိပ်ပါ။ အောက်မှာ ပုံနဲ့ပြထားပါတယ်။
5. First name နဲ့ Last name box မှာ ကြိုက်ရာ အမည်တစ်ခုစီပေးပါ။ ဥပမာ first name box မှာ butterboyပေးမယ်၊ last name box မှာ lay ပေးမယ်ပေါ့။
6. ဒါဆိုအောက်က Desired Login Name:  ဆိုတဲ့ box မှာက first name နဲ့ last name ကိုပေါင်းပြီး butterboylay လို့ပေးလိုက်၊ နောက်က @gmail.com ထည့်ပေးစရာမလိုဘူး။ သူ့ဖာသာ သတ်မှတ်ပေးလိမ့်မယ်။
7. check availlability! ဆိုတဲ့ button ကိုနှိပ်ကြည့်မယ်။ butterboylay is available လို့အပြာရောင်လေးနဲ့ပေါ်ရင်ရပြီ၊ not available နောက်နာမည်တစ်ခုကို အပေါ်ကလိုအဆင့်ဆင့်ပြန်ပြီးလုပ်ကြည့်ပါ။
8. Choose a password နဲ့ Re-enter password box မှာ ကိုယ်ပေးချင်တဲ့ လျှို့ဝှက်အမည်ပေးပါ။ တူရမယ်၊ မမေ့ရဘူး။ ကိုယ်ပေးတဲ့ password ဟာဘေးမှာ Strong လို့ပြရင် ပိုပြီးကောင်းတယ်။ 
9. Security question box မှာ Write my own question ကိုရွေးပါ။ ကပ်လျက် box မှာ ဥပမာ How are you? ဆိုရင် Answer box မှာက Yes, I am fine. ပေါ့။
10. Recovery Email box မှာ ကိုယ့်သူငယ်ချင်းတစ်ယောက်ရဲ့ Email ကိုရိုက်ပေးပါ။  ပုံနဲ့ပြထားပါတယ်။
11.  Location box မှာ ကိုယ်ရှိနေတဲ့နိုင်ငံရွေးပါ၊ Myanmar (Burma) ပေါ့။
12. Word Verification box မှာက သူပေးထားတဲ့ အခု အရောင်နဲ့စာလုံးလေးတွေကို သေချာဖတ်ပြီး အောက်ထဲမှာ အကြီး၊အသေး မှန်အောင် ရိုက်ရမယ်။ လုံးဝမှန်အောင်ရိုက်ရမှာနော်။ 
13. ပြီးသွားရင်တော့ အောက်ဆုံးက I accept Create my account ကိုနှိပ်လိုက်ပါ။ သူလက်ခံသွားပြီဆိုရင် အောက်ကပုံလေးအတိုင်း မြင်ရမှာပါ။
14. Show me my account button လေးကိုနှိပ်လိုက်ရင် သင့်ရဲ့ကိုယ်ပိုင် Gmail Account အသစ်ကို ပိုင်ဆိုင်သွားပါပြီ။ 
14. ကိုယ့်ရဲ့ account ကိုသုံးပြီးရင် ပြန်ထွက်တဲ့အခါ Sign Out ဖို့တော့မမေ့ပါနဲ့။ အားလုံးပဲအဆင်ပြေကြပါစေ။

 
                                            

Desktop ခြောက်ဖက်မြင် software

                                                    
ကွန်ပျူတာရဲ့ Desktop ကိုခြောက်ဖက်မြင်နိုင်မည့် software ပါ။ လိုအပ်ရင် ဒေါင်းလိုက်ပါ။ 





Desktop Download

လူကြီးတွေပေးစားမှ မိန်းမရတော့မယ်ဆိုတဲ့ စိုင်းစိုင်းခမ်းလှိုင်

                                             
ဟိုးအရင်က ကိုသားကြီး(ဒွေး)ရိုက်ခဲ့တဲ့ “ဝမ်းနည်းမိုးတိမ်”ဇာတ်ကားကို စိုင်းစိုင်းခမ်း လှိုင်က ဒါရိုက်တာ   မောင်မျိုးမင်း(ရင်တွင်း ဖြစ်) အေးမြတ်သူ၊ ဖူးဖူး၊ အောန်ဆိုင်း၊ အိချောပိုတို့နဲ့ သရုပ်ဆောင်နေပါတယ်။ အရင်က ကိုသားကြီးဇာတ်လမ်းဖြစ်တဲ့အတွက် ကိုသားကြီး သရုပ် ဆောင် ထားတာ ကိုကော ကြည့် ဖြစ်လား    မေး တော့…”ကျွန်တော်မကြည့်ဖူးဘူး။ ကျွန်တော် အဲဒီကား ပြန်ရှာတာ၊ ရှာလို့မတွေ့ဘူး။ ဦးမျိုး ဆီမှာလည်း မရှိတော့ ကျွန်တော်မကြည့်ရ ဘူး။ ဇာတ်လမ်းကိုပဲဖတ်ပြီး ကျွန်တော့် အတွက်ကတော့ အဲဒီဝတ္ထုကိုပဲ ရိုက်တဲ့ သဘောဖြစ်သွားတာပေါ့။ ကိုသားကြီး ရိုက် ခဲ့တုန်းကတအားအောင်မြင်ခဲ့တယ်လို့ လည်း ဦးမျိုးကပြောပါ တယ်။ အခုကတော့ စိုင်းစိုင်း ဗားရှင်းပေါ့ဗျာ”လို့ လက်ရှိရိုက်နေတဲ့ ဇာတ်ကားနဲ့ပတ်သက် ပြီး ပြောပြပါတယ်။
ဒီဇာတ်ကားထဲက မင်္ဂလာဆောင်တဲ့ ဇာတ်ဝင်ခန်းကို သရုပ်ဆောင်နေတာတွေ့ရ တဲ့ စိုင်းစိုင်းခမ်းလှိုင်က အခုလောလောဆယ် တော့ လူကြီးတွေပေးစားမှ မိန်းမရမယ့် သဘောရှိတယ်လို့ပွင့်လင်းစွာပြောလာပါ တယ်။ စိုင်းစိုင်းခမ်းလှိုင်က မလေးရှားနိုင်ငံကို ဖျော်ဖြေရေးအနေနဲ့ သြဂုတ် ၂၉ရက်နေ့က ထွက်ခွာသွားပြီး ၃၁ရက်နေ့ မှာ ပြန်လည် ရောက်ရှိခဲ့ပါတယ်။ ကိုယ်သရုပ်ဆောင်ထား တဲ့ဇာတ်ကားတွေကို ပြန် ကြည့်ပြီးရှက်နေ တုန်းပဲ လို့ ပြောတဲ့ စိုင်းစိုင်းခမ်းလှိုင် က “တချို့ဇာတ်ကား တွေမှာ ဂွမ်းတယ်ဗျာ၊ ရှက်စရာကြီးဆိုတဲ့ အခန်းတွေရှိနေ တုန်းပဲ။ ဒါ ကျွန်တော် မရှက် တမ်း အမှန်တိုင်းပြောတာပါ။ တဖြည်းဖြည်း နဲ့တော့ ကျွန်တော်ပိုပြီး အားရလာ ပါတယ်။ အမှန်တော့ သရုပ်ဆောင်ကောင်းတစ် ယောက်ဆိုတာ ကာရိုက် တာ တော်တော်များများကို ဝင်စားပြီး လုပ်နိုင်ရမှဗျ။ ကျွန်တော်က ကျွန်တော်နဲ့လိုက်တဲ့ ကာရိုက်တာဆိုတာ မရှိ ချင်ဘူး။ ကျွန်တော် သိပ်ကောင်းတဲ့ ဇာတ်လမ်း တွေမှာပေါ့ဗျာ၊ ကြမ်းရင်ကြမ်းသွားမယ်ဗျာ။ နုရင်နုသွားမယ်၊ ပျော့ရင်ပျော့သွားမယ်၊ မာရင်မာသွား မယ်၊ ကျွန်တော်ရိုက်ကြည့်ချင် တယ်။ ကျွန်တော် အရင်တုန်းက ဗီစီဒီထဲမှာ အဆိုတော်ပုံစံ၊ ဂေါ်လီပုံစံတွေနေတာများ တော့ ပရိသတ်ကတော့ ဒီလိုကာရိုက်တာ တွေရိုက်ဖို့ အကြံပေး တာပေါ့ဗျာ။ နောက် ကျွန်တော် “အမုန်းသမိုင်း” လို့ ဂျစ်ကန်ကန် ပုံစံရိုက်တော့လည်း ဒီဇာတ်ကောင်စရိုက်ကို ပရိသတ်လက်ခံတယ်ဆိုတော့ ဒီကာရိုက် တာ လိုက်တယ်ပေါ့။
အာဒမ်၊ ဧဝလိုမျိုး၊ သစ္စာ စောင့်နတ်သမီးလိုမျိုးကြည့် ပြီးတဲ့အချိန်ကျ တော့လည်း မဆိုးပါဘူးပေါ့။ ကျွန်တော်က တော့ လုပ်ပြရမှာ ကြိုးစားရမှာ။ ဆရာဝန် ဖြစ်ပါစေ၊ အင်ဂျင်နီယာဖြစ်စေ၊ ခါးပိုက်နိုက် ဖြစ်ပါစေ၊လူမိုက်ဖြစ်ပါစေ၊ အဲဒီလို ကာရိုက် တာမျိုးစုံမှာ စိုင်းစိုင်းနဲ့လိုက်ပါတယ် ဆိုတာ မျိုးဖြစ်အောင် ကျွန်တော့်ဘက်ကကြိုးစားရ မှာ။ အဓိကက သရုပ်ဆောင်တစ် ယောက်ရဲ့ တာဝန်က ဒီဇာတ်ကားထဲမှာ အကောင်းဆုံး သရုပ်ဆောင်နိုင်ဖို့ပါပဲဗျာ။ အဲဒီ့အတိုင်း အတာထိရောက်အောင်သွားနိုင်ဖို့ ကြိုးစား နေပါတယ်။ အကောင်းဆုံးသီချင်း   တွေရေးနိုင်အောင်လည်းကြိုးစား ပါမယ်”လို့ သူ့ရဲ့ အနုပညာတွေ ပိုပြီးတိုးတက်ကောင်းမွန်လာ အောင် ကြိုးစားနေကြောင်းပရိသတ်ကို အသိပေးပြော ကြားသွားပါတယ်။

                                                                             Ref: ပေါ်ပြူလာ စာပေနှင့်အနုပညာဂျာနယ်

အင်တာနက်မှာစက္ကန့်၆၀တိုင်း ဘာတွေဖြစ်နေသလဲ

                                                  
-Google တွင် ရှာ ဖွေ မှု ပေါင်း ၆၉၄၄၄၅ ရှာ ဖွေ ကြ သည်။ 

-Flickr ဓါတ်ပုံ ဝက်ဘ် ဆိုက် သို့ ပုံပေါင်း ၆၆၀ဝ Upload လုပ်ကြသည်။

 -Youtube သို့ ဗီဒီယို ၆၀ဝ ကျော်လွှင့်တင်ကြသည်။

-Facebook ဝက်ဘ်ဆိုက်တွင် Status Updates ၆၉၅၀ဝ၀Wallpost -၇၉၃၆၄ နှင့် Comments ၅၁၀ဝ၄၀ ရေးသားကြသည်။

-Domain အသစ် ၇၀ ကျော် မှတ်ပုံတင်သည်။

-အီးမေးလ် ၁၆၈၀ဝ၀ဝ၀ဝ ပို့လွှတ်ကြသည်။

-Twitter တွင် အကောင့်သစ် ၃၂၀ နှင့် ရေးသားမှု ၉၈၀ဝ၀ ပြု လုပ်ကြသည်။

-iPhone Application ပေါင်း ၁၃၀ဝ၀ ကျော် Download လုပ်သည်။

-Tumblr Block တွင် ပို့စ်အသစ် ၂၀ဝ၀ဝ ကျော်ရေးသားကြသည်။

-FireFox Browser ၁၇၀ဝ၀ ကျော်ကို Download လုပ်ကြသည်။

-Wordpress ကို အကြိမ် ၅၀ ကျော် Download လုပ်ကြသည်။

-Wordpress Plugin ၁၂၅ ခုကို Download လုပ်ကြသည်။

-Networking ဆိုက် Linkedin တွင် အကောင့် ၁၀ဝ ကျော်ပြုလုပ် ကြသည်။

-Yahooanswers.com သို့ မေးခွန်း ၄၀ ကျော်မေးမြန်းကြသည်။

-answers.com သို့ မေးခွန်း ၁၀ဝ ကျော် မေးမြန်းကြသည်။

-သတင်းဝက်ဘ်ဆိုက်များတွင် ဆောင်းပါးတစ်ပုဒ်တင်သည်။

-Urban Dictionary.com တွင် စကားလုံးသစ်တစ်လုံးတိုးသည်။

-Craigslist တွင် ကြော်ငြာ ၁၂၀ဝ တက်သည်။

-Skype အသုံးပြုသူများက မိနစ်ပေါင်း ၃၇၀ဝ၀ဝ ကျော် စကား ပြောဆိုကြသည်။

-Internet Radio Pandora မှ သီချင်းများကို ၁၃၀ဝ၀ နာရီအထိ နားဆင်ကြသည်။

-Online စာကြည့်တိုက်Scribd မှာ အကြောင်းအရာ ၁၆၀ဝ ကို ဖတ်ကြသည်။

                                                                             


                                                                                            Ref: ရိုးရာလေး

သစ်သားရုပ်လေးတွေနဲ့ USB Stick

                                            
သစ်သား ရုပ်ကလေး တွေနဲ့ USB Stick တွေ တီထွင် လိုက်ပါပြီ။ ဆင်၊ မြင်း၊ ကျား၊ ဝက်ဝံ စတဲ့ တိရစ္ဆာန် လေးတွေကို သစ်သား ပေါ်မှာ သရုပ်ဖော် ပုံထုလုပ်ပြီး USB Stick တပ်ထားတဲ့ အတွက် အမြင်ဆန်းသစ် စေပါတယ်။ လောလောဆယ် တိရစ္ဆာန် ၅ ကောင်နဲ့ ထုတ်လုပ်ထားပြီး နောက် ပိုင်းမှာ အခြား တိရစ္ဆာန်တွေနဲ့ တိုးချဲ့ ထုတ်လုပ် သွားမယ်လို့ ဆိုပါတယ်။ ထုတ်လုပ်သူ အဆို အရကတော့ တောတွင်း တိရစ္ဆာန်လေး တွေကို ကြင်နာ တတ်အောင် အခုလို ပြုလုပ်ထားခြင်း ဖြစ်ကြောင်း ပြောကြား ထားသော်လည်း ပတ်ဝန်းကျင် ထိန်းသိမ်းရေး သမားတွေ က သစ်သား အမြောက်အများ ထုတ်လုပ်မှာကို စိုးရိမ်နေကြပါတယ်။

                                                                                        

စာသားဖတ်ပြီးသီချင်းဆိုပြမယ့်စက်ရုပ်

                                                         
သီချင်းဆို ပြနိုင်တယ်လို့ ဆိုတဲ့ စက်ရုပ်တွေ တော်တော် များများ ရှိနှင့်ပြီး ဖြစ်ပါတယ်။ ဒါပေမဲ့ အများစုက သူတို့ထဲမှာ ကြိုသွင်းထားတဲ့ သီချင်းတွေ ကို ဆိုပြတာမျိုးပါ။ တရုတ်တိုင်ပေ မှာရှိတဲ့ အမျိုးသား သိပ္ပံနဲ့ နည်းပညာ တက္ကသိုလ်က ပညာရှင် တစ်စုက ပေါင်းစု ထုတ်လုပ်လိုက်တဲ့ ဒီစက်ရုပ် ကတော့ သီချင်း စာသားတွေကို ဖတ်ပြီး ပြန်ဆိုပြနိုင်တဲ့ အရည်အချင်း ရှိပါတယ်။ ဗျည်း အက္ခရာတွေကို အင်္ဂလိပ် ဘာသာနဲ့ ရေး ထားတာ မှန်သမျှ ဖတ်တတ်ပြီး သီချင်း ဖြစ် အောင် Pitch တို့ ၊ Rhyme တို့ကို ကွန်ပျူတာ ဦးနှောက်နဲ့ တွက်ချက်ကာ ဆိုပြမှာ ဖြစ်ပါတယ်။ သူ့ကို စမ်းသပ်တုန်းက သီချင်းစာသား တစ်ခုလုံးကို စက္ကန့် လေးဆယ် အတွင်း ဖတ်ပြီး သီချင်း ပြန်ဆိုပြ လေရဲ့။ စက်ရုပ်က ခေါင်းကြီးပဲရှိလို့ အသဲ ယားစရာကြီးဗျ။

                                                            Saturday, 03 September 2011 itWEEKLY Journal

စာတမ်းထိုးပြမယ့် ရုပ်ရှင်ကြည့်မျက်မှန်

                                                 
နိုင်ငံခြား ရုပ်ရှင် ဇာတ်ကားတွေကို ကြည့်ရင် အောက်မှာ စာတမ်းလေး တွေပါ တာကိုတွေ့ရမှာပါ။ အကြောင်းအမျိုးမျိုး ကြောင့် အကြား အာရုံချို့တဲ့ နေသူတွေ အတွက် အသုံးတည့်စေသလို ကိုယ်နား မလည်တဲ့ ဘာသာ စကားကနေ နားလည် တဲ့ဘာသာစကား ဖြစ်အောင် ပြောင်းပေး နိုင်လို့ အဆင်အပြေဆုံး ဖြစ်စေတဲ့ ရုပ်ရှင် စာသား တွေကို မျက်မှန် ပေါ်ကနေတစ်ဆင့် ထိုးပြနိုင်အောင် ဆိုနီကုမ္ပဏီက ကြိုးပမ်းနေပါပြီ။ စာသားတွေက မျက်စိနဲ့နီးပြီး ပိတ်ကား ပေါ်က ပုံရိပ်တွေက မျက်စိနဲ့ ဝေးနေသယောင် မထင်ရစေဖို့ လှည့်စားပေးထားမယ်လို့လည်း ဆိုပါတယ်။ ဒီလိုသာဆိုရင် နားသောတ အာရုံ ဆုံးရှုံးထားသူတွေပါ ရုပ်ရှင်တွေကို ခံစားခွင့် ရရှိလာတော့မှာပါ။


                                                        Ref: Saturday, 03 September 2011 itWEEKLY Journal

အ၀တ်လဲခန်းထဲမှ လျှို့ဝှက်ကင်မရာ ရှာဖွေနည်း

အ၀တ်လဲခန်း ထဲမှာ လျှို့ဝှက် ကင်မရာ တပ်ဆင်ထား မထား ဆိုတာ သိနိုင်မယ့် အချက်တွေကို it Weekly အမျိုး သမီး စာဖတ် ပရိတ်သတ်တွေ အတွက် သိထားသင့်မယ် ထင်လို့ ဖော်ပြလိုက်ပါတယ်။ လျှို့ဝှက် ကင်မရာတွေက သေးငယ်လွန်း တာကြောင့် ဘယ်နားမှာ တပ်ဆင်ထားလဲဆိုတာ တော်တန် ရုံမသိနိုင်ပါဘူး။ ဒီပြဿနာကို ဖြေရှင်းဖို့ အလွယ်ကူ ဆုံးနည်းလမ်းက-
မိမိမှာပါလာတဲ့ မိုဘိုင်းဖုန်းနဲ့ စမ်းသပ်နည်း
(၁) အဝတ်လဲခန်းထဲကို မဝင်မီ မိမိဖုန်းကို ဖုန်းခေါ်ဆိုမှု လုပ်လို့ရ မရ စစ်ဆေးထားပါ။ (၂) အဝတ်လဲ ခန်းထဲကို ရောက်သွား တဲ့အခါ မိုဘိုင်းဖုန်းကို ပြန်ခေါ်ဆိုမှု ပြုလုပ်ကြည့်ပါ။ (၃) ဖုန်းခေါ်လို့ မရဘူးဆိုရင် အဲဒီအဝတ်လဲခန်း ထဲမှာ Spy Cam ရှိနေဖို့ များသွားပါပြီ။ ဖုန်းခေါ်မရတဲ့ အကြောင်းရင်း ကတော့ လျှို့ဝှက်ကင်မရာရဲ့ ဖိုင်ဘာကေ ဘယ် က မိုဘိုင်းဖုန်းလိုင်းကို အနှောင့်အယှက်ဖြစ်စေလို့ပါပဲ။
နှစ်ဖက်မြင်မှန်နဲ့ ရိုးရိုးမှန် ဘယ်လိုခွဲခြားမလဲ
ဟိုတယ်ကြီးတွေရဲ့ သန့်စင် ခန်းတွေ၊ စတိုးဆိုင်ကြီးတွေက အဝတ်လဲခန်းတွေ၊ ဟိုတယ်အိပ်ခန်း တွေမှာ တပ်ဆင် ထား တဲ့ မှန်တွေက တကယ့် ကြေးမုံပြင် အစစ်တွေလား၊ ဒါမှမဟုတ် နှစ်ဖက်မြင်မှန် (Two Way Mirror) တွေလား ဆိုတာ အမျိုးသမီးလေးတွေ သံသယဝင်ခဲ့ဖူး တာရှိသလား။ Two Way Mirror ဆိုတာကတော့ ကိုယ့်ဘက်ကကြည့် ရင် ကြေးမုံပြင် အနေနဲ့ ပုံရိပ်ကိုပြန် မြင်နေရပေမယ့် အခြားတစ်ဖက်က ကြည့်ရင် ကိုယ်လုပ်သမျှကို တစ် ဖက်က လူက အကုန်မြင်နေရမှာပါ။ အပေါ်ယံကြည့်ရုံနဲ့တော့ ကြေးမုံ အစစ်လား၊ နှစ်ဖက်မြင်မှန်လားဆို တာသိနိုင်ဖို့ အင်မတန် ခဲယဉ်းပါ တယ်။ နှစ်ဖက်မြန်မှန်တွေကို သိနိုင် တဲ့ လွယ်ကူ ရိုးရှင်းတဲ့ စမ်းသပ်နည်း တစ်ခုရှိပါတယ်။ (၁)ကိုယ်ရဲ့ လက်ချောင်းကို မှန်ရဲ့ မျက်နှာပြင်နဲ့ ထိထားလိုက်ပါ။ (၂) ကိုယ့်လက်ချောင်း ထိပ်က လက်သည်းခွံနဲ့ မှန်ထဲမှာ ပေါ်နေတဲ့ လက်ချောင်း လက်သည်းခွံနှစ်ခုကြား မှာ အနည်းငယ် ကွာဟနေတယ်ဆို ရင်ဒါဟာ သာမန် ကြေးမုံပြင်ပါ။ (၃)ကိုယ့်လက်ချောင်းလက် သည်းခွံနဲ့ မှန်ထဲမှာပေါ်နေတဲ့ လက်ချောင်းလက်သည်းခွံနှစ်ခုဟာ တိုက်ရိုက် ထိစပ်နေသလို ဖြစ်နေမယ်။ ကြားထဲမှာ အကွာအဝေး မရှိဘူးဆိုရင် တော့ ဒါဟာနှစ်ဖက်မြင်မှန် (Two Way Mirror) ပါပဲ။
ဒီလိုဖြစ်ခြင်း အကြောင်းရင်းက သာမန် ကြေးမုံပြင်တွေမှာ မှန်ရဲ့ တစ် ဘက်မျက်နှာပြင်ကို ပြဒါးသုတ်လိမ်း ထားပြီး မှန်ကြည့် သူဘက်က မျက် နှာပြင်မှာတော့ ပြဒါးသုတ်လိမ်းထား ခြင်းမရှိပါဘူး။ ဒါကြောင့်ကိုယ့်လက် ချောင်းထိပ်နဲ့ မှန်ထဲက ပုံရိပ်ရဲ့ လက်ချောင်းထိပ် ကြားမှာ မှန်တစ်ချပ်စာ ကွာခြားနေတာ ဖြစ်ပါတယ်။ နှစ်ဖက် မြင်မှန်မှာတော့ ပြဒါးကို မှန်ကြည့်သူ ဘက်က မျက်နှာပြင်မှာ သုတ်လိမ်း ထားတာမို့ လက်ချောင်းနဲ့ မှန်ထဲက လက်ချောင်းကြားမှာ ကွာဟမှုမရှိ တော့တာပါ။ ဒါကြောင့် ဘယ်နေရာ မှာပဲဖြစ်ဖြစ်၊ မှန်ရှေ့ရောက်ရင် မှန် မျက်နှာပြင်ကို လက်သည်း ထိပ်လေးနဲ့ ထိကြည့်ဖို့ မမေ့ပါနဲ့။ ဒါကြောင့်ကိုယ်နဲ့မသိတဲ့ နေရာတစ်ခုကို ရောက်ရင် သတိ လက်လွတ် ဘယ်တော့မှ မနေပါနဲ့။ မိမိ ရဲ့ပေါ့ဆမှုက ကိုယ်ရဲ့အရှက်နဲ့သိက္ခာ ကိုအင်တာနက်ပေါ်မှာ ကိုယ်ကိုယ် တိုင်ချပြခဲ့ သလိုဖြစ်နေ တာ တွေ အများကြီးပါ။ ဒီစာလေးကို ဖတ်ရှုမျှ ဝေလိုက်ခြင်းအားဖြင့် မြန်မာအမျိုး သမီးများစွာရဲ့အရှက်နဲ့ သိက္ခာကို ကယ်တင် နိုင်လိမ့်မယ်လို့ မျှော်လင့်ပါ တယ်။
                                                      
                                                                                                        ဟေမာ - It Weekly
                                                                                                        Ref - ရိုးရာလေး

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management