Friday 16 September 2011

ဖိုလ်ဒါ နဲ့ ဖိုင်လေးတွေကို လုံခြုံစွာသိမ်းရအောင်

                                                        
ကျွန်တော်တို့ဖိုဒါတွေကို လုံလုံခြုံခြုံလေးသိမ်းချင်သူများ အတွက်ဖြစ်ပါတယ်။ ဒီကောင်းလေးက သူကိုဝင်တဲ့ အခါမှာအရင်ဆုံး Password ပေးပြီးဝင်ရပါတယ်။ ပြီးမှမိမိတို့ လော့ချထားချင်တာပဲဖြစ်ဖြစ် ၊ ဖျောက်ထားချင်တဲ့ ဖိုဒါကိုပဲဖြစ်ဖြစ် ရွေးပေးပြီး ထည့်ပေးထားယုံပါပဲ။ ဖိုဒါကို
လော့ထားယုံပဲထားမှာလား ၊ ဒါမှ မဟုတ်လော့ချပြီးတော့ ဖျောက်ထားမှာလား ၊ လော့တော့ချမထားဘူး ဖျောက်ပဲထားမှာလား ဆိုတာကိုတော့မိ မိတို့စိတ်ကြိုက် ရွေးလို့ရပါတယ်။ Password ကိုတော့မမေ့နဲ့ပေါ့ သူငယ်ချင်းရယ်။ လိုအပ်သူများကတော့ အောက်မှာဒေါင်းလိုက်ပါ။





Windows က 32bit လား 64bit လား

                                                  
ကျွန်တော်တို့ Windows 7 အသုံးပြုသူတွေအတွက် မိမိတို့ကွန်ပျူတာမှာ အသုံးပြုနေတဲ့ Windows က 32 Bitsလား 64 Bits လားဆိုတာကိုခွဲခြားလို့ရမဲ့နည်းလမ်းလေးကိုပြောပြ ပေးချင်ပါတယ်။ သိပြီးသားသူတွေအတွက်တော့ မထူးဆန်းပေမယ့် မသိသေးတဲ့သူတွေအတွက်ကတော့ သိထားသင့်တာအမှန်ပါပဲ။မိမိတို့အသုံးပြုနေကွန်ပျူတာ 32 Bits လား 64 Bits လား သိချင်တယ် ဆိုရင် အရင်ဆုံး My Computer ကို Right Click ထောက်လိုက်ပါ..ပြီးရင် System ထဲက  System Type မှာကြည့်လိုက်ပါ။ 32 Bits Opearting System လို့ပြထားရင်မိမိတို့အသုံးပြု နေတဲ့ Windows က 32 Bits ပါ.. 64 Bits Opearting System လို့ပြနေရင်မိမိတို့အသုံးပြုနေတဲ့ကွန်ပျူတာက 64 Bitsပါ..။ဒီလောက်ဆိုရင်တော့ ကိုယ်သုံးနေတဲ့ Windows က 32Bits လား 64Bitsလားအလွယ်တကူကြည့်တက်သွားပြီလို့ထင်ပါတယ်။

CorelDRAW X4 စာအုပ်လေး

CorelDRAW X4 အကြောင်းရေးထားတဲ့ စာအုပ်လေးပါ။ CorelDRAW အကြောင်းလေ့လာချင်တဲ့ သူငယ်ချင်းများအတွက်တော့ အဆင်ပြေမှာပါ။ လိုချင်ရင်တော့ အောက်မှာဒေါင်းလိုက်နော်။


Download  Ifile.it Download  Mediafire

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management