Friday 26 August 2011

GOM Player နဲ့သီချင်းဖွင့်ကြမယ်


                                                                                                                     
သီချင်းဖွင့်ဖို့ Player ကောင်းလေးပါ။ သူက format တော်တော်များများကို ဖွင့်လို့ရတယ်။ Window Media Player ကဖွင့်လို့မရတဲ့ format ကို သူနဲ့ဖွင့်လို့ အဆင်ပြေတယ်။ ကဲ...ဒေါင်းလိုက်ကြဦးနော်။





GOM Player Download

Avira Personal Antivirus Version 10

                                                       
 Antivirus Software တွေထဲမှာ ဒီကောင်လေးက Free သုံးရတာ အရမ်းကောင်းပါတယ်။သူ့မှာအားနည်းတာ ရှိပေမယ့် Free ရတော့သုံးသူများပါတယ်။ လိုအပ်ရင်အောက်မှာဒေါင်းနော်။

Avira Antivirus Download

Nero 10 လေးသုံးရအောင်

                                              
ဒီ Nero ကတော့ လူတိုင်းသိပြီးသားဖြစ်မယ်ထင်လို့ မရှင်းပြတော့ပါဘူး။ ဒါလေးက လက်ရှိ နောက်ဆုံး version10 ဖြစ်တာမို့ နောက်ဆုံးထွက်ကိုမှ သုံးချင်သူများအတွက် ဝေမျှလိုက်ပါတယ်။ သုံးကြည့်ပါဦးနော်။ Blu-ray ခွေလည်း ကူးလို့ရတယ်။ အရင်ကထက် လုပ်ဆောင်ချက်တွေ ပိုမိုစုံလင်တာမို့ဒေါင်းလိုက် တော့နော်။





Nero Version 10.0 Download

Any Video Converter Version 3.27

                                               
ဒီ Converter လေးကတော့ လက်ရှိနောက်ဆုံး version 3.27 ပါ။ သုံးလို့ အဆင်ပြေမယ်ထင်ပါတယ်။ Convert လုပ်ချင်သူများ ဒေါင်းလိုက်ပါ။





Any Video Converter Download

Skype လေးနဲ့ချက်ရအောင်

                                                      
Skype ဆိုတာက G-talk လို Chat လို့ရတယ်။ VZO လို တစ်ယောက်မျက်နှာတစ်ယောက်ကြည့်လို့ရတယ်။ ဖုန်းခချွေတာတဲ့အနေနဲ့ သုံးရအောင်လို့ ကဲ Skype ကိုဒေါင်းလိုက်ရအောင်။





Skype Lastest Version Download

Mozilla Firefox

                                                
Mozilla Firefox ဆိုတာ Internet ရှာဖွေရေးမှာ အသုံးလိုအပ်တဲ့  software တစ်ခုပါ။ အခု version အသစ်လေးက သုံးလို့ကောင်းပါတယ်။ သုံးကြည့်စေချင်တယ်။ လိုချင်တဲ့သူများ အောက်မှာ download ဆွဲလိုက်ပါ။





Mozilla Firefox Download

CCleaner လေးပါ



 ဒီနေ့တော့ အင်တာနက်ကို အမြဲထိတွေ့နေတဲ့သူ၊ Security ကို ဂရုစိုက်တဲ့သူ၊ ကွန်ပျူတာရဲ့ Health ကို ဂရုစိုက်တဲ့သူတိုင်း ဒါလေးကို လက်ကိုင်ထားကြပါတယ်။ သုံးရတာ လွယ်ကူသလို ကောင်းလည်း ကောင်းမွန်ပါတယ်။ ကိုယ်က အင်တာနက်သုံးတယ်၊ ပရိုဂရမ်တွေ အများကြီးသုံးတဲ့ အခါမျိုးမှာ ယေဘုယျအားဖြင့် ကိုယ်မမြင်နိုင်တဲ့ ဖိုင်တွေက စက်ပိတ်လိုက်ရင်တောင် တချို့နေရာတွေမှာ ကျန်နေတတ်ပြီး ကြာလာတဲ့အခါ ကိုယ့်စက်မှာ နေရာကျဉ်းလာတာမျိုး၊ စက်လေးလံလာတာမျိုးတွေ ဖြစ်တတ်ပါတယ်။ ဒီကောင်လေးက ဒါတွေကို ရှင်းပေးနိုင်ပါတယ်။ ပြီးတော့ Reg အမှားတွေကိုလည်း ပြင်ပေးနိုင်တယ်။ တစ်ခုခု မှားပြီး လုပ်လိုက်မိရင်
စက်ဖွင့်မရတာမျိုးအထိ ဖြစ်တတ်တယ်။ ကျွန်တော်သုံးခဲ့သမျှမှာတော့ ဒါလေးက အကောင်းဆုံးပါပဲ။သုံးကြည့်စေချင်ပါတယ် ခင်ဗျာ။

CCleaner Download

ဖုန်းအတွက် Wallpaper လှလှလေးများ


 ဒီတစ်ပတ်တော့ ဖုန်းအတွက် Wallpaper လှလှလေးတွေ တင်ပေးလိုက်ပါတယ်။လိုချင်တဲ့သူငယ်ချင်းများ ကြိုက်နှစ်သက်ရာကို အလွယ်ယူလို့ အဆင်ပြေအောင်တစ်ခုချင်းတင်ပေးထားပါတယ်။











VZO Chat လေးပါ



 ဒီ Software လေးက တစ်ယောက်မျက်နှာ တစ်ယောက်ကြည့်ပြီး Chat လို့ရတဲ့ Software လေးပဲဖြစ်ပါ
တယ်။ကဲ....တစ်ယောက်မျက်နှာကို ဟို တစ်ယောက်က ကြည့်ကာချက်ကြရအောင် ဒေါင်းလိုက်ပါဦး။





VZO Chat Download

ကမ္ဘာမှာ ဈေးအကြီးဆုံး ခွေး

အံ့သြဖွယ်ရာ၊ ပေါင်စတာလင်တစ်သန်း ( ဒေါ်လာ၁.၅၄၈၅သန်း ) ရှိမယ်ဆိုရင် သင့်ကို တန်ဖိုးအကြီးဆုံး သတ္တ၀ါတစ်ကောင် ပို့ပေးပါလိမ့်မယ်။ အနီရောင် တိဘက်ခွေးဘီလူးတစ်ကောင်ကတော့ တရုတ်နိုင်ငံသုံးယွမ်ငွေ ၁၀ သန်း (ဒေါ်လာ ၁.၅ သိန်း)နဲ့ဝယ်ယူခြင်းခံရလို့ တန်ဖိုးအကြီးဆုံး ဆိုတဲ့ ဘွဲ့ကို ပိုင်ဆိုင်သွားပါပြီ။ တရုတ်နိုင်ငံမြောက်ပိုင်းမှ ကျောက်မီးသွေးတွင်းသူဌေးတစ်ဦးက ၀ယ်ယူသွားတာဖြစ်ပါတယ်...
အလေးချိန်ပေါင် ၁၈၀ ရှိပြီး ကြက်သား၊ အမဲသားအပါအ၀င်၊ တန်ဖိုးကြီသည့်တရုတ်ရိုးရာအစားအစာ များဖြစ်သည့် ပင်လယ်ရေခူ၊ မုတ်ကောင်များကိုသာစားတတ်သည့် အဆိုပါခွေးအတွက်ကတော့ယခုလို သန်းကြွယ်သူဌေးပိုင်တာ ကံကောင်းတယ်လို့ ပြောရမလားပဲ။

Pricey pup: A Red Tibetan Mastiff called Big Splash has become the world's most expensive dog

မြန်မာငွေနဲ့ဆိုရင်တော့ ..ဟဲဟဲ မပြောရဲတော့ပါဘူးနော်။ အဲဒီအဖျားတောင် မချမ်းသာလို့။

တိဘက်ခွေးဘီလူးများဟာ ကိုယ်အလေးချိန် ၂၈၆ ပေါင် ( ရပ်ဘီကစားသမားတစ်ယောက်ရဲ့ ကိုယ်အလေး
ချိန်နီးပါး ) အထိရှိလာနိုင်တာမို့ သူ့ ရဲ့ ပိုင်ရှင်ကတော့ အိမ်ကြီးကြီးတစ်လုံးလည်း လိုအပ်မှာအမှန်ပါပဲ...
၁၁ လသားရှိသည့် ထိုခွေးဘီလူးဟာ ချွတ်ယွင်းချက်မရှိသည့် အကောင်းဆုံးမျိုးဖြစ်တာမို့ သူ့ အတွက် ယခု
လောက်ငွေကုန်ကြေးကျခံပြီး ၀ယ်ယူခြင်းဟာ လုံးဝတန်ပါတယ်လို့ ခွေးမျိုးစပ်ရောင်းသူ လူလျန်း ရဲ့ အဆို
အရသိရပါတယ်....

Worth its weight in gold? The Red Tibetan Mastiff has become a sought-after breed among rich Chinese, with one selling recently for almost £1mရွှေနဲ့ ချိန်စက်ပြီးဝယ်လေသလားပါပဲ...
                                                                            Worth its weight in gold?


ဒီခွေးကို ပြုစုစောင့်ရှောက်ဖို့ ၀န်ထမ်းတွေအများကြီးခန့် ရ၊ လစာငွေတွေအများကြီးပေးရပါတယ်....
ပိုင်ရှင်အနေနှင့် ထို ပိုက်ဆံကြီးကို ခွေးအမတစ်ကောင်နှင့်မျိုးစပ်ပါက တစ်ကြိမ်လျှင် ဒေါ်လာ ၁၅၀၀၀ ရ
ရှိတောင်းယူနိုင်မှာဖြစ်ပါတယ်... " လို့ မျိုးစပ်ရောင်းသူ ကဆိုပါတယ်...ဒါက ချမ်းသာတဲ့သူတွေမှ ဖြုန်းနိုင်တဲ့သဘောပေါ့။

အနီရောင်ဟာ တရုတ်လူမျိုးများရဲ့ ကံကောင်းခြင်းဖြစ်လို့ ဒီလိုခွေးကိုပိုင်ဆိုင်ရင် ကံကောင်းခြင်းတွေ ယူဆောင်လာနိုင်တယ်လို့ အယုံကြည်ရှိကြပါတယ်။

ခွေးများဟာ လူအဖြစ်ပြန်ဝင်စားနိုင်ဖို့ သို့ တည်းမဟုတ် ရှန်ဘားလားဟုခေါ်သည့် ကောင်းကင်ဘုံ၊နတ်နန်း
သို့ ရောက်ရှိနိုင်ရန် ကုသိုလ်ကံအလုံအလောက်မရှိသေးသသည့် ဘုန်းတော်ကြီးများ၊ သီလရှင်များ၏၀ိဥာဉ်များ ပြန်ဝင်စားကြသည်ဟု တိဘက်များကယုံကြည်ကြပါတယ်...
အဆိုပါတိဘက်ခွေးဘီလူးများကိုပိုင်ဆိုင်ခဲ့ ကြသူများတွင် ၀ိတိုရိယဘုရင်မကြီး၊ စတုတ္တမြောက်ဂျော့ ဘုရင်
နှင့် အနောက်ဥရောပကိုအောင်နိုင်စေရန်အတွက် (ချီတက်ခဲ့ စဉ်) ၎င်း၏စစ်တပ်နှင့် အတူ ခွေးပေါင်း ၃၀၀၀၀ ကိုတစ်ပါတည်းခေါ်ဆောင်သွားခဲ့ သည့် မွန်ဂိုဘုရင် ဂျင်ဂျစ်ခန် လည်း ပါဝင်ပါတယ်...
ယခုအခါတွင်ဗြိတိန်နိုင်ငံ၌ တိဘက်ခွေးဘီလူးပေါင်း အကောင် ၃၀၀ ခန့် သာရှိပြီး ခွေးသားပေါက်လေးများ
အား တစ်ကောင်လျှင် ဒေါ်လာ ၁၄၀၀ မှ ၁၅၀၀ ကျော်အထိ သင့် တင့် မျှတသော နှုံးထားဖြင့် ရောင်းချနေ
ကြပါတယ်...
တိဘက်ခွေးဘီလူး သားဖေါက်ရေဂျိန်းစ်ပယ်လီကတော့ "  ထိုခွေးဘီလူးများဟာ အလွန်တတ်သိလိမ္မာကြပြီး ဘေး
အန္တရယ်များကျရောက်မှာကိုလည်း အလွန်တိကျစွာ အာရုံခံသိရှိနိုင်ကြပါတယ်...
တိဘက်ခွေးဘီလူးများကို မူလက ကျွဲ၊နွား၊သိုး၊ဆိတ် မွေးမြူရေးတိ၇ိစ္ဆာန်များအားထိန်းကျောင်းရန်အသုံးပြု
ခဲ့ ကြပြီး သူတို့ ဟာတစ်ခြားသောတိရိစ္ဆာန်များနှင့် လည်း သင့် မြတ်ကာ ကလေးများကိုလည်း ချစ်ခင်တွယ်
တာတတ်ကြပါတယ်...
ကျွန်တော့ မှာ ခြောက်ကောင်ရှိပြီး သူတို့ ကိုချစ်ကြောင်းမပြယင်၊ ဂရုမစိုက်ပဲနေယင် တီဗီရှေ့ မှာသာ သွား
ထိုင်နေကြတော့ တာပါပဲ..." လို့ ပြောပြခဲ့ ပါတယ်...

ယခင်က ကမ္ဘာ့ ဈေးအကြီးဆုံး၊ တန်ဖိုးအကြီးဆုံးခွေးဘွဲ့ ကို ယခင်နှစ်က ပေါင်စတာလင် ၉၁၅၀၀၀ ( ဒေါ်
လာ ၁၄၉၉၃၅၉ နီးပါး) တန်ဖိုးရှိသည့် ခြင်္သေ့ နီ ဟုအမည်ရသည့် တိဘက်ခွေးဘီလူးက ပိုင်ဆိုင်ရရှိခဲ့ ပါ
တယ်...ခုတော့ သူက စံချိန်ချိုးသွားပြီတဲ့။
ဘယ်လိုလဲ.... ၀ယ်ချင်ရင်ထီထိုးကြနော့။

ဓါတ်ပုံတစ်ပုံ ရဲ့ နောက်ကွယ်

ပူလစ်ဇာဆုရ ဆူဒန်နိုင်ငံတွင်ရိုက်ကူးခဲ့ သည့် ဓါတ်ပုံ....
Pulitzer Prize winning photograph in Sudan by Kevin Carter.


 
ဓါတ်ပုံဆရာ

ဒီဓါတ်ပုံကတော့ တကယ့် ကိုကြေကွဝမ်းနည်းစရာကောင်းလှပါတယ်...
၁၉၉၃ ခုနှစ်၊ မတ်လ တွင် ကီဗင်ကာတာတစ်ယောက် ဆူဒန်နိုင်ငံတောင်ပိုင်းသို့ ခရီးထွက်ခဲ့ ပြီးယခုဓါတ်ပုံ
ကိုရိုက်ယူခဲ့ တာဖြစ်ပါတယ်...
ထိုဓါတ်ပုံဟာသူ့ ကို နာမည်ကျော်ပူလစ်ဇာဆုကိုဆွတ်ခူးရယူနိုင်ခဲ့ သလိုသူ့ ရဲ့ သေမင်းကိုပါယူဆောင်လာ
ခဲ့ ပါတယ်...
ဓါတ်ပုံထဲမှာ အစားအစာငတ်မွတ်ခေါင်းပါးမှုဒါဏ်ကြောင့် အဟာရဓါတ်ပြတ်ကာသေလုမြောပါးဖြစ်နေသည့် 
ကလေးငယ် (မိန်းကလေး)တစ်ယောက်ဒုက္ခသည်ခိုလှုံရေး (ကယ်ဆယ်ရေးစခန်း) သို့ ရောက်အောင် အား
တင်းပြီး သွားနေခိုက် မောပန်းနွမ်းနယ်လွန်းလို့ ခေတ္တနားနေစဉ် လင်းတတစ်ကောင်က ထိုကလေးငယ်လေး
သေမည့် အချိန်ကို အနီးအနားတွင်စောင့် ဆိုင်းနေတာဖြစ်ပါတယ်...
ဒီဓါတ်ပုံကြောင့် အာဖရိကတိုက်ရဲ့ ဆာဟာရသဲကန္တာရအတွင်းတစ်စိတ်တစ်ပိုင်းပါဝင်တည်ရှိနေသည့် ဆူဒန်နိုင်ငံရဲ့ တုန်လှုပ်ခြောက်ခြားဖွယ်ရာ ( အငတ်ဘေး ) အခြေအနေအမှန်ကို တစ်ကမ္ဘာလုံးက သတိပြုမိခဲ့ပါတယ်။
ဓါတ်ပုံဆရာဟာ ကလေးငယ်ကို ကူညီကယ်တင်မည့်အစား မိနစ် ၂၀ လုံးလုံးအဆိုပါဓါတ်ပုံရိုက်
ကူးနိုင်ဖို့ ပြင်ဆင်စောင့် ဆိုင်းနေခဲ့ သည့် အပေါ် အသေအချာစစ်ဆေးမေးမြန်းခံခဲ့ ရပါတယ်...
ထိုဓါတ်ပုံရိုက်ကူးခဲ့ ပြီး ၃ လအကြာမှာတော့ သူဟာ ကိုယ့် ကိုယ်ကိုသေကြောင်းကြံကာ သေဆုံးသွားခဲ့ ရ
ပါတော့ တယ်....။

မယုံကြည်နိုင်စရာ မျက်လှည့်ဆရာ

မျက်လှည့် ပညာရှင်အများစုကတော့ မယုံကြည်နိုင်လောက်ဖွယ်ရာပြကွက်တွေကို လူတွေရဲ့ အမြင်အာရုံကို
လှည့် စားပြီးပြသကြတာဖြစ်ပါတယ်..ဒါပေမယ့် အတိုင်းအတာ တစ်ခုထိပဲနော်။

မျက်လှည့် လောကတွင် ဒိုင်နမိုဟု နာမည်ကြီးသော၊ အမည်ရင်း စတိဗ်ဖရိန်း ဟုခေါ်
သော မျက်လှည့် ဆရာကတော့ ၊ လူတိုင်းပါးစပ်အဟောင်းသားဖြစ်စေသည့် စွန့် စားခန်းအဖြစ် (မြစ်ထဲတွင်ဘယ် ပစ္စည်းအကူအညီမျှမပါပဲ) ရေပေါ်တွင်လမ်းလျှောက်ပြခဲ့ ပါတယ်...
အသက်၂၈နှစ်၊ ဘရက်ဖို့မှာ မွေးခဲ့တဲ့ မျက်လှည့် ဆရာဟာ လန်ဒန်မြို့ပါလီမန်လွှတ်
တော် အဆောက်အဦရှေ့ရှိ သိမ်းမြစ်ထဲတွင် ရေပေါ်မှာ လမ်းလျှောက်ပြတာ မြစ်လယ်တောင်ရောက်နေပြီ။

Biblical epic: Magician Dynamo poses while standing in the middle of the River Thames where he performed an illusion in which he appeared to walk on water
 မြစ်လယ်တောင် ရောက်နေပြီဆိုတော့ .... ရှားမှရှားပါပဲလားနော်။
Tread carefully: Stunned onlookers watch from Westminster Bridge as Dynamo gets his feet wet
 ပရိတ်သတ်ကြီးလည်း တအံ့တသြ။

Feat of Parliament: Perhaps Dynamo, real name Steve Frayne, could magic up a solution to the deficit problem
  လွှတ်တော်ကြီးဆီကိုများ အလည်သွားလေတော့ မလား...
Tread carefully:  Dynamo gets his feet wet and heads towards the Houses of Parliament
 
သူ့ကိုအားပေးတဲ့သူတွေထဲမှာ နာမည်ကျော်တွေဖြစ်တဲ့  Jay-Z ၊ Coldplay ၊ Will Smith ၊ Busta Rhymes နှင့် Paris Hilton တို့ တောင်ပါဝင်ကြပါတယ်...
သူ့ကိုနာမည်ကျော်စေခဲ့တာက ဗြိတိန်နိုင်ငံမှ သရုပ်ဆောင် မက်လူးကပ်စ် ကို အာဆင်နယ်
အသင်းရဲ့ အဲမရိတ်ကစားကွင်းမှာ လေထဲမြောက်နေအောင် ဈန်ပျံစေခဲ့ သလ၊ို ဘီဘီစီ အားကစားသတင်းအစီအစဉ် တစ်ခုတွင် ရော်ဘီဝီလီယံ နှင့် ဒါဗီနာမက်ကော တို့ ရှေ့ မှောက်တွင် လက်မှတ်ထိုးထားသည့်ထီလက်မှတ် များကိုလည်း ပိုက်ဆံအဖြစ် ပြောင်းလဲပြခဲ့တာတွေပါ။
၎င်းတင်ဆက်ပြသနေခဲ့ သည့် ပြကွက်ဆန်းအစီအစဉ်အသစ်များတွင် ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ချံပီယံ ဒေး

ဗစ်ဟေး၊ မန်ချက်စတာရော့ စတား အိုင်ယန်ဘရောင်းနှင့် ပေါ့ စတား နာတာလီအင်ဘဂူဂလီယာ စသည့် 

ကမ္ဘာကျော်သည့် အထင်ကရများ ပါဝင်ခဲ့ ပါတယ်....

သူ့ ရဲ့ ပြကွက်ဆန်း အတွဲ ၁ တွင်တော့ သူ့ ရဲ့ နာမည်ကျော် လေထဲမြောက်တက်၊ ဈန်ပျံသည့် ပြကွက်ကိုပြ

သခဲ့ ပြီး နာမည်ကျော် မီယာမီကမ်းခြေတွေလည်းကလေးမလေးတစ်ယေက်ရဲ့ နေလောင်အသားအရေအ

ကွက် ကိုလည်း ရွေ့ လျားအောင်လုပ်ဆောင်ပြနိုင်ခဲ့ ပါတယ်...




I hope he can swim: Frayne stands still in the middle of the fast-moving River Thames
 ရေမှကူးတတ်ပါလေစ....မတော်လို့ မြုပ်သွားယင်အခက်
တသွင်သွင်စီးနေသည့် သိမ်းမြစ်ရေပြင်ထက်ဝယ် မလှုပ်မယှက်တောင်ရပ်ပြနိုင်ခဲ့ တယ်...
I hope he can swim: Frayne stands still in the middle of the fast-moving River Thames


Fast hands: Dynamo began his magic career learning card tricks from his grandfather
 မျက်လှည့် အစ ဖဲချပ်က....

ဆက်လက်တင်ဆက်ဦးမည့် မျက်လှည့် ဆရာရဲ့ ပြကွက်ဆန်းများတွင် မိုဘိုင်းဖုံးတစ်လုံးကို ဘီယာပုလင်းထဲ
သို့ ရောက်အောင်ထည့် သွင်းခြင်း၊ သြစထရီးယန်းတောင်တန်းများမှ နှင်းများအား စိန်တုံးလေးများအဖြစ်သို့ 
ပြောင်းလဲပြခြင်းနှင့် ဟောလီးဝုဒ်မှ နာမည်ကျော် ချတိုးမားမောင့် ( Chateau Marmont ) ပြတိုက်တွင် လိပ်

ပြာရုပ်များအား အတောင်တစ်ဖျတ်ဖျတ်ခပ်ကာအသက်သွင်း
ပြစေမည့် ပြကွက်များလည်း ပါဝင်ဦးမှာဖြစ်ပါ
တယ်....

ဒေးဗစ်ကော့ ပါးဖီးတောင် ဆရာခေါ်ရမယ့်သူထင်တယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management