Sunday 23 October 2011

Tune UP Utilities


မိမိတို့ ကွန်ပျူတာတွေရဲ့ စွမ်းဆောင်ရည်ကို ပြည့်ပြည့်၀၀ ထိန်းသိမ်းဆောင်ရွက်နိုင်ဖို့ဆိုရင် Tuneup Utilities 2011 က အကောင်းဆုံးလို့ဆိုပါတယ်။ အလိုရှိသူများနဲ့ စမ်းသပ်သုံးစွဲကြည့်လိုသူများ အောက်မှာ ဒေါင်းလုပ်ယူလိုက်ကြပါခင်ဗျာ။ Keygen လေးပါ ထည့်ပေးထားပါတယ်။ အားလုံးအဆင်ပြေကြပါစေဗျာ။

Wondershare Data Recovery 2.0.0.48


Wondershare Data Recovery အသုံးပြုဖို့အတွက် အောက်မှာပေးထားတဲ့လင့်မှာ ဒေါင်းလုပ်ယူလိုက်ပါ။ WinRar ကိုဖြည်ပြီး အထဲမှာပါတဲ့ ws-datarecovery_full542 ကို install လုပ်ပါ။ အဲဒီလို အင်စတောလုပ်တဲ့နေရာမှာတော့ တစ်ခုသတိထားရမှာက အကယ်၍ မိမိရဲ့ Drive: C ထဲက Data တွေကို Recovery လုပ်မယ်ဆိုရင် အခြား partition တွေဖြစ်တဲ့ Drive:D, Drive:E ဒါမှမဟုတ် USB Drive တို့မှာ အင်စတောလုပ်ဖို့ သတိပေးပါလိမ့်မယ်။ ဒါကြောင့် Browse မှာ အင်စတောလုပ်မယ့် directory ကိုရွေးပေးလိုက်ပါ။ အင်စတော လုပ်ပြီးရင် software ကို run ပါ။ Text file ထဲမှာပါတဲ့ Licensed E-mail နဲ့ Registration Code တွေကိုဖြည့်ပြီး register လုပ်ပါ။  အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

 
 

All Driver








               

Friday 21 October 2011

Westward I: Heroes of the Frontier

                                                            

ဒီဂိမ်းလေးက အင်မတန်မှကို လွယ်ကူစွာကစားနိုင်မယ့်ဂိမ်းလေးဖြစ်ပါတယ်။ ကစားသူအနေဖြင့် မိမိရဲ့ မြို့လေးကို စည်ပင် ၀ပြောသာယာအောင်။ ကြိုးပမ်းတည်ဆောက်ရပြီး.. စားနပ်ရိက္ခာဖူလုံအောင် ဆောင်ရွက်ပေးရသလို အဖျက်သမား(ဓါးပြ)များရန်ကလည်း ကာကွယ်ပေးရပါသေးတယ်။ မြို့သူမြို့သားများကိုလည်း သင့်တော်ရာ လုပ်ငန်းဌာနများမှာ ခန့်အပ် တာဝန်ပေး ခိုင်းစေရပါတယ်.. စား/၀တ်/နေရေး ပြေလည်အောင် ဖန်တီးပေးနိုင်ရင်.. အခြားမြို့သူမြို့သားများလည်း သင့်ရဲ့မြို့ကို ပြောင်းရွှေ့အခြေချ နေထိုင်လာကြပါလိမ့်မယ်.. ဒီလိုမှ မဟုတ်ရင်တော့.. အားလုံး သင့်ရဲ့မြို့ကို စွန့်ခွာသွားကြပါလိမ့်မယ်။ 




PLAYBOY The Masion (Full version..ISO)

                                                          
ဒီဂိမ်းလေး ကစားကြည့်ချင်ရင်တော့ အောက်မှာ ဒေါင်းလုပ်ယူလိုက်ပါ။ ဒီဂိမ်းက ဒေါင်းလုပ်ယူပြီးရုံနဲ့ ကစားလို့မရသေးပါဘူး။ ISO နဲ့ပေးထားတာဆိုတော့ WinRar ကို ဖြည်ပြီးရင် CD/DVD နဲ့Burn ပြီးမှ   Install လုပ်ပြီး ကစားရမှာပါ။ အဆင်ပြေပါစေခင်ဗျာ။


အပိုင်း(၁)

အပိုင်း(၂)

အပိုင်း(၃)

အပိုင်း(၄)

အပိုင်း(၅)


 Link တွေမရရင်အောက်မှာပေးထားပါသေးတယ်။

Download Links:
Part(1)....http://www.mediafire.com/?zviwvymp55v
Part(2)....http://www.mediafire.com/?zhgwacy3ua1
Part(3)....http://www.mediafire.com/?hkgncm3ixfn
Part(4)....http://www.mediafire.com/?aarinvh81bt
Part(5)....http://www.mediafire.com/?aj4trt1ltm1

Womens Murder Club 2



လူသတ်မှုကို လိုက်လံစုံစမ်းဖော်ထုတ်ရတဲ့ ဂိမ်းပဲ ဖြစ်ပါတယ်။ ဂိမ်းအမျိုးအစားက Hidden Objects လို့ ပြောလို့ရသလို Strategy အမျိုးအစားလို့လည်း သတ်မှတ်လို့ရပါတယ်။ အရွယ်မရွေးဆော့ကစားလို့ရပါတယ်။ အောက်မှာဒေါင်းလုပ်ယူလိုက်ပါ။ ဒေါင်းလုပ်ယူဖို့ နှစ်နေရာပေးထားပါတယ်။ တစ်ခုနဲ့အဆင် မပြေရင် တစ်ခုပေါ့။ အဆင်ပြေပျော်ရွှင် နိုင်ကြပါစေခင်ဗျာ။
             
                     (OR)  


Windows Password Unlocker


Windows Password ကို ဘယ်လို unlock လုပ်ရမလဲဆိုတာ ဖော်ပြပေးလိုက်ခြင်းဖြစ်ပါတယ်။ အောက်မှာ ဖော်ပြထားတဲ့ အဆင့်တွေအတိုင်း လိုက်လုပ်ကြည့်လိုက်ပါ။
၁။    အရင်ဆုံး Windows Password Unlocker ကို  ဒေါင်းလုပ်ယူလိုက်ပါ။

၂။    အဲဒီ ဒေါင်းလုပ်ယူထားတဲ့ ဖိုင်ကို double click လုပ်ပြီး run လိုက်ရင် iso (image) ဖိုင်လေး    ရလာပါလိမ့်မယ်။

၃။    အဲဒီ iso (image) ဖိုင်လေးကို Burning software တစ်ခုခုကိုသုံးပြီး CD နဲ့ burn လိုက်ပါ။
၎။    ပြီးရင် Burn ထားတဲ့ CD ကို Windows Password ဖြုတ်ချင်တဲ့ကွန်ပျူတာမှာထည့်ပြီး reboot လုပ်လိုက်ပါ (Windows Installation အတိုင်း)။ 

၅။    အပေါ်ကပုံအတိုင်းပေါ်လာတဲ့အခါ မိမိ reset လုပ်ချင်တဲ့ account အမျိုးအစားကိုရွေးပြီး reset လုပ်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

Adobe PageMaker 7.0 (Serial Key)



Adobe PageMaker 7.0 Full Version လေးတင်ပေးလိုက်ပါတယ်။ သူကစာစီ ၊စာရိုက်နေရာမှာတော့ အရမ်းသုံးလို့ကောင်းတယ်။ နှစ်ပိုင်းခွဲပြီးတင်ထားပေးပါတယ်။ Serial Key လေးက 1039-1121-2998-7586-7388-7545 ပါ။ အဆင်ပြေပါစေခင်ဗျာ။

Serial No.  1039-1121-2998-7586-7388-7545



Adobe Photoshop 7.0



 Adobe Photoshop 7.0 ကို အသုံးပြုချင်သူများ အောက်မှာ ဒေါင်းလုပ်ယူလိုက်ကြပါ။ part 1 နဲ့ part 2 ဆိုပြီး နှစ်ပိုင်းခွဲတင်ထားပါတယ်။ ဖိုင်ဖြေရင် part 1 ကနေစပြီးဖြေပါ။ အသုံးပြုနည်းကတော့ အထဲမှာထည့်ပေးထားပါတယ်။ Serial ကတော့ ဖြည်လိုက်တဲ့ Folder ထဲမှာ Notepad နဲ့ရေးထားပါတယ်။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

Adobe Photoshop 7.0 Part One Download      


Adobe Photoshop 7,0 Part Two Download      

Thursday 20 October 2011

ချမ်းချမ်း ဇာတ်ကားတွေဆက်ရိုက်ဖြစ်ဦးမှာလား

ချမ်းချမ်းရဲ့ ပထမအခွေထဲက ပရိသတ်ကြိုက် သီချင်းတစ်ပုဒ်ဖြစ်ခဲ့တဲ့ ‘တကယ်ဆိုရင် အချစ်ပဲလိုတယ်’ သီချင်းကို ဗီဒီယိုအဖြစ် ရိုက်ကူးဖို့ စီစဉ်လျက် ရှိကြောင်း သိရပါတယ်။ ဒီဇာတ်ကားမှာတော့ မဟော်ဂနီရဲ့ စင်တင် မင်းသား သူရိယ နဲ့ သီချင်းရဲ့ အဆိုရှင် ချမ်းချမ်းတို့က ပါဝင် သရုပ်ဆောင် ကြမယ်လို့လည်း သိရပါတယ်။ ဇာတ်ကား မှာ ပါဝင်သရုပ်ဆောင်မယ့် ချမ်းချမ်းကို ဇာတ်လမ်းအတွက် ဘယ်လို ကြိုတင် ပြင်ဆင်မှု တွေလုပ်နေပြီလဲလို့ မေးကြည့်တော့…
”အဲဒါက ပြောထားတုန်း ရှိပါသေးတယ်၊ မသေချာသေးပါဘူး။ စဉ်းတော့ စဉ်းစားနေပါတယ်။ အဆင်ပြေတယ် ဆိုရင်တော့ ညှိနှိုင်းပြီး လုပ်ကြမှာပါ” လို့ ပြောပါတယ်။ ချမ်းချမ်း အနေနဲ့ ဗီဒီယိုတွေ မရိုက်ဖြစ်တာ တော်တော်ကြာခဲ့ပါပြီ။ အရင်က ရိုက်ဖြစ်ခဲ့တယ် ဆိုတာကလည်း ပတ်သက်ရာ ပတ်သက်ကြောင်းတွေ နဲ့ ခင်မင် ရင်းနှီးမှုတွေ ကြောင့် ရိုက်ဖြစ်ခဲ့တာတွေပဲ များကြောင်း ချမ်းချမ်းက ပြောပါတယ်။ နောက်ပိုင်းမှာလည်း ဗီဒီယိုတွေ အများကြီး ရိုက်ဖြစ်မှာ မဟုတ်ဘဲ၊ ကိုယ့်အတွက် တကယ်ကို အကျိုးရှိမယ့် ဇာတ်ရုပ်ဖြစ်မယ် ဆိုရင်တော့ ရိုက်ဖို့ စဉ်းစားဖြစ်မှာ ဖြစ်ကြောင်း၊ အခု လောလောဆယ်တော့ မရှိသေးပါဘူးလို့ ချမ်းချမ်းက ဆိုလာပါတယ်။ ချမ်းချမ်းရဲ့ ဒုတိယ တစ်ကိုယ်တော် အခွေဖြစ်တဲ့ ‘သိပ်ချစ်တယ် အရမ်းမုန်းတယ်’ အခွေကို နိုဝင်ဘာလထဲမှာ ထွက်ဖို့ စီစဉ်ထားကြောင်း သိရပါတယ်။ ဒီအခွေအပေါ် ပရိသတ်ရဲ့ အားပေးမှုကိုလည်း ချမ်းချမ်းက ရင်ခုန်နေကြောင်း၊ ဒုတိယ အခွေကိုလည်း ပထမအခွေလိုပဲ အကောင်းဆုံး ကြိုးစားထားကြောင်း ချမ်းချမ်းကပြောပါတယ်။
လင်းအက္ခရာ

ပန်းလှိုင်ဆေးရုံမှာသားဦးလေးမွေးမယ့် စည်သူလွင်ဇနီး

အခုဆိုရင် စည်သူလွင်ရဲ့ ဇနီး နွယ်မာကျော်က ရင်သွေးလေးကို လွယ်ထားရတာ ၆ လကျော်  ၇ လထဲကို  ရောက်လာပြီ ဖြစ်ပါတယ်။ ရင်သွေးလေးက သားဦးလေး ဖြစ်တဲ့အတွက် မိခင်လောင်း တစ်ယောက် အနေနဲ့ သားကို ကိုယ့်ရဲ့ ခင်ပွန်းဖြစ်သူလို အနုပညာရှင် တစ်ယောက် ဖြစ်စေချင်လား ဆိုတော့ ”ဒါကတော့ မပြောတတ်သေး ဘူး။ ကလေး အပေါ်မှာပဲ မူတည်ပါတယ်”လို့ ဆိုလာပါတယ်၊၊ ယောက်ျားလေးပဲ ဖြစ်မလား၊ မိန်းကလေးပဲ ဖြစ်မလား ဆိုတာကို စိတ်ကနှစ်ခွ ဖြစ်နေပေမယ့်၊ ယောက်ျား လေး ဆိုတာကို သိရတော့ တအားကို ပျော်ရွှင်မိကြောင်း နွယ်မာကျော်က ပြောပါတယ်။
”မိခင်လောင်း တစ်ယောက်ရဲ့ ခံစားချက်ကတော့ ပျော်တာပေါ့။ အခု ကိုယ်ဝန်က ၇ လထဲကို ဝင်လာပြီဆိုတော့၊ တချို့က ၇လနဲ့လည်း မွေးတတ်တယ်လို့ ပြောကြတော့ အသွားအလာကို ဆင်ခြင်တယ်။ မိဘတစ်ယောက် အနေနဲ့ ကိုယ့်သားသမီးနဲ့ ပတ်သက်တဲ့ အစီအစဉ် တွေကတော့ အများကြီးပါပဲ။ ဒီအချိန်မှာ ကိုယ့်ကို မွေးခဲ့တဲ့ အမေကို သတိရပြီး ကိုယ်ချင်းစာတတ်လာတယ်” လို့ပြောပါတယ်။ စည်သူလွင် နဲ့ နွယ်မာကျော်တို့ရဲ့ မိသားစု ရည်ရွယ်ချက်ကတော့ ရင်သွေး နှစ်ယောက် လောက်ယူဖို့ စီစဉ်ထားကြကြောင်း၊ သားဦးလေးကိုတော့ ဇန်နဝါရီ ပထမအပတ်လောက်မှာ ပန်းလှိုင်ဆေးရုံမှာပဲ ခွဲပြီးမွေးဖို့ များကြောင်း သိရပါတယ်။ စည်သူလွင်က အောက်တိုဘာ ၁၆ ရက်နေ့ မန္တလေး ဒိုင်းမွန်းပလာဇာမှာ ကျင်းပခဲ့တဲ့ ဂျက်မြသောင်းရဲ့ဖျော်ဖြေပွဲမှာ ဂျက်မြသောင်းရဲ့ သီချင်းနှစ်ပုဒ်ကို သီဆိုဖျော်ဖြေ ခဲ့သေးကြောင်း နွယ်မာကျော်က သတင်းပေး ခဲ့ပါသေးတယ်။
လင်းအက္ခရာ

မွေးနေ့အလှူအဖြစ် နာရေးကူညီမှုအသင်းကိုလှူမယ်ဆိုတဲ့ ဆုပန်ထွာ

ဆုပန်ထွာက ဒါရိုက်တာ မိုက်တီး ရိုက်ကူးတဲ့ ဒီဗီဒီဇာတ်ကားမှာ သရုပ်ဆောင်ဖို့ အတွက် အောက်တိုဘာ ၁ဝ ရက်က ဘန်ကောက်ကို သွားပါတယ်။ ဒီဇာတ်ကားမှာ ဆုပန်ထွာက ကုမ္ပဏီတစ်ခုကနေ ဘန်ကောက် ကိုသွားဖို့ ကံစမ်းမဲ ဖောက်တဲ့ သူတွေကို ဦးဆောင်ခေါ်သွားသူအဖြစ် သရုပ်ဆောင်မှာ ဖြစ်ပါတယ်။ ဘန်ကောက် မှာ ဝတ်ဖို့ အဝတ်အစားအတွက် ဒီဇိုင်နာနဲ့ တိုင်ပင်ပြီး ချုပ်ထားတယ်လို့ ပြောတဲ့ ဆုပန်ထွာက ”အဝတ်အစား ကို ဒီဇိုင်နာ မပုံ့နဲ့ အပ်ထားတယ်။ အားလုံးထဲ မှာ ဖန်စီဝတ်လို့ သိပ်အဆင်မပြေဘူး။ အားလုံးရဲ့ ခေါင်းဆောင် လုပ်ရမယ်၊ အဖွဲ့ကို ထိန်းပြီးသွားရမယ့် တာဝန်ခံအနေ နဲ့လိုက်ရမှာ ဆိုတော့ အင်္ကျီလှလှလေးတွေ ဝတ်ဖို့ စဉ်းစားထားပါ တယ်”လို့ ပြောပါတယ်။
ဆုပန်ထွာရဲ့ မွေးနေ့က အောက်တိုဘာ ၂၁ ရက်နေ့ ဖြစ်ပါတယ်။ ဘန်ကောက်က ပြန်ရောက်တာနဲ့ ဒါရိုက်တာ ဝင်းထွန်းထွန်း ရိုက်မယ့် ဇာတ်ကား အတွက် ချောင်းသာကို တန်းသွားရမှာ ဖြစ်တဲ့အတွက် မွေးနေ့ကိုတော့ ရိုက်ကွင်းပေါ်မှာပဲ ဖြတ်သန်းဖြစ်မှာပါ။ မွေးနေ့ အလှူအဖြစ် နာရေးကူညီမှု အသင်းကိုလှူဖို့ စီစဉ်ထားပြီး ချောင်းသာက ပြန်လာမှပဲ လှူဖြစ်မှာပါ။ နာရေးကူညီမှု အသင်း(ရန်ကုန်) မှာ လှူဖြစ်ရတဲ့ အကြောင်းပြောတဲ့ ဆုပန်ထွာက ”သေသွားတဲ့ လူတွေအပေါ်မှာ မပန် တာဝန် မကျေတာတွေ သိပ်များနေပြီ။ လူတွေကို ဒီအတိုင်းဆို မပန်မကြောက်ဘူး။ သေပြီဆို မပန် တအားကြောက်တာ။ မပန်အဖေ သေတုန်းကတောင် မပန် အနားမကပ်ဘူး။ ကိုယ့်ဘက်က တာဝန်မကျေဘူး ထင်ခဲ့လို့ ခုလို လှူ ဖြစ်မှာပါ။ စိတ်ထဲမှာ ဖြစ်နေတာကတော့ နာရေးကူညီမှု အသင်းကို  လှူချင်နေတယ်”လို့ ပြောပြပါတယ်။
ဆုပန်ထွာက နိုဝင်ဘာမှာ မလေးရှားကို သီချင်းဆိုဖို့ သွားမှာဖြစ်ပြီး သူမရဲ့ တစ်ကိုယ်တော် အခွေထဲက သီချင်းတွေပဲ သီဆိုမှာပါ။ နိုဝင်ဘာလ ကုန်ရင်တော့ သူမရဲ့ ‘မတည့်အတူနေ’ ဗီစီဒီ ထွက်မှာဖြစ်ပြီး ဆွစ်ဇာလန်မှာ ကိုယ်တိုင် ရိုက်ခဲ့တဲ့ သီချင်းကို ဒါရိုက်တာ ဆုပန်ထွာ လို့ တပ်မှာ ဖြစ်တဲ့အတွက် လန့်နေမိတယ်လို့ ပြောပါတယ်။ ”ဆွစ်ဇာလန်မှာ ရိုက်လာတဲ့ သီချင်းအတွက်တော့ မပန်ကိုယ်တိုင် တည်းဖြတ်မှ ရမှာလေ။ ဒါရိုက်တာ နာမည်တပ်မှာဆိုတော့ အဲဒါကိုလည်း ကြောက်တယ်။ တကယ့် ဒါရိုက်တာ မဟုတ်တဲ့ အခါကျတော့ ရိုက်ခဲ့လို့သာ ကိုယ့်နာမည် တပ်ရမှာ၊ အမှန်တကယ် တော့ မပန် မတပ်ချင်ဘူး။ ကိုယ့်မှာ ဒါရိုက်တာ အရည်အချင်းလည်း မရှိသေးပါ ဘူး။ ဒါပေမဲ့ မပန်လည်း ကြိုးစားပြီးရိုက်ခဲ့တာပါ” လို့ ဒါရိုက်တာ နာမည်တပ်ဖြစ်ပုံကိုလည်း ရှင်းပြခဲ့ပါတယ်။
ခိုင်ဝေလွင်

ဇာတ်ကားရိုက်ကူးပြီး အိန္ဒိယကို ခဏပြန်သွားတဲ့ လိုင်လာခန်း

 အောက်တိုဘာလ ၁၂ရက်နေ့ ညနေပိုင်းမှာ အိန္ဒိယနိုင်ငံကို ပြန်သွားပြီ ဖြစ်တဲ့ လိုင်လာခန်းကို “တိုက်ဆိုင်မှုရှိရင်” ဇာတ်ကား ရိုက်တုန်းက အမှတ်တရ အဖြစ်အပျက် တွေကို မေးကြည့်တော့ “နှစ်အတော်ကြာ ဗမာစကား မပြောခဲ့ရတော့ နည်းနည်း ခက်တယ်။ ပြောမယ့် ပြောရတော့လည်း ကဗျာဆန်တဲ့ စကားတွေ ပြောခဲ့ရတယ်။ ဒိုင်ယာလော့တွေ ကျက်ပြီး ပြောရတယ်။ တစ်ရက်နှစ်ရက်က ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှု သိပ်မရှိခဲ့ဘူး။ ရယ်ချင်သလို၊ ငိုချင်သလို ဖြစ်နေတယ်။ ကုလားကား မှာက သိပ်ပြဿနာ မရှိပေမယ့် မြန်မာကားရိုက်တော့ ကိုယ့်ဘာသာ အံ့သြနေတယ်။ ဒါလေးကတော့ ပျော်စရာလေး တစ်ခုပါ။ တခြား အခက်အခဲကတော့ သိပ်မရှိပါဘူး။ ကိုပြေတီဦးတို့၊ ဦးမျိုးမင်းတို့ကလည်း အကြံဥာဏ်တွေ ပေးပါတယ်။ ဝိတိုရိယ ဆေးရုံမှာ ရိုက်တုန်းက ခွဲစိတ်ခန်းဝင်တဲ့ ဝတ်စုံ ဝတ်လိုက်ရတာ၊ တွန်းလှည်းကို ၄ခါ လောက် စီးလိုက်ရတော့ မူးပြီး မျက်လုံး ဖွင့်လို့ မရတော့တာ တွေကတော့ အမှတ်တရပါပဲ”လို့ ပြောပါတယ်။
ရုပ်ရှင် အဖွဲသားအားလုံးနဲ့ ပျော်ပျော်ပါးပါး စလိုက်နောက်လိုက် တအားပျော်ဖို့ ကောင်းတယ်လို့ လိုင်လာခန်းက ပြောလာပါတယ်။ ပထမဦးဆုံး ဇာတ်ကားမှာ ကိုယ်နဲ့ တွဲပြီး သရုပ်ဆောင်နေတဲ့ သူတွေရဲ့ အမြင်ကို မေးကြည့်တော့ “ကိုပြေတီဦးက သရုပ်ဆောင် ကောင်းတစ်ယောက်ပါ။ မြန်မာနိုင်ငံက ရှုတင်နဲ့ မစိမ်းအောင် ကူညီပေး ကြပါတယ်။ ဦးမျိုးမင်းက သူ့ရဲ့ဇာတ်ကားမှာ သရုပ်ဆောင်မှုကို မလျှော့စေချင်ဘူး။ ရက်တိုတိုလေး ရိုက်ခဲ့ရပေမယ့် အတွေ့အကြုံ အများကြီးရခဲ့ပါတယ်။ ၁၄ရက်နဲ့ ဇာတ်ကား တစ်ကားပြီး သွားတော့ စိတ်ထဲမှာ တကယ် ဟုတ်ကောဟုတ်ရဲ့လားလို့ ထင်နေတယ်” လို့ပြောပါတယ်။
ထွဋ်မြတ်

ပြေတီဦး+အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးဦးလေး


                                             
                                                                                                                             
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီး ဦးရတနာလေးကို အောက်တိုဘာလထဲမှာ မွေးဖွားမယ်ဆိုတဲ့ သတင်းတွေ ကို ပရိသတ်တွေက ဂျာနယ် တွေထဲမှာဖတ်ပြီးတအား ကို ကျေနပ်ပီတိ နဲ့ စိတ်ဝင်စားနေကြပါတယ်။ အောက်တိုဘာလမှာ မွေး မယ်လို့ သိရပြန်တော့လည်း ဘယ်ရက်မှာမွေးမှာလဲဆိုတာကို ပရိသတ်တွေက သိချင်ကြပြန်တဲ့ အတွက် ပေါ်ပြူလာဂျာနယ်ကို တယ်လီဖုန်းတွေ  ဆက်မေး လာကြပါတယ်။
မီဒီယာ တွေ ဆိုတာကလည်း အနုပညာရှင်နဲ့ ပရိသတ်တွေကြား ကနေ  ပေါင်းကူးပေးတဲ့ တံတားဖြစ်တဲ့အတွက် ဘယ်နေ့မွေးမလဲဆိုတာကို ပရိသတ်တွေသိရဖို့ အိန္ဒြာကျော်ဇင်ဆီ မေးတဲ့အခါမှာတော့ အောက်တိုဘာ ၁၄၊၁၅ လောက်မွေးဖြစ်ဖို့ များကြောင်း၊ ဝိတိုရိယဆေးရုံမှာ မွေးဖို့များ ကြောင်း၊ ရင်သွေးကို ဗိုက်ခွဲပြီးပဲ မွေးဖွား တော့မှာဖြစ်ကြောင်း ပေါ်ပြူလာကို သတင်း ပေးလာပြန်ပါတယ်။ ပေါ်ပြူလာကလည်း ဒီ သတင်း ကိုပရိသတ်တွေသိဖို့ အောက်တိုဘာ ၁၃ ရက်ညနေမှာ အိန္ဒြာကျော်ဇင် ဆေးရုံ တက်မယ်၊ ၁၄ ရက်နေ့ မနက်ပိုင်းမှာ မွေးမယ် ဆိုတဲ့သတင်းကို ရရှိလာပြန်တော့ အိန္ဒြာ   ကျော်ဇင်ဆေးရုံတက်တဲ့ပုံလေးကို ပရိ သတ်တွေမြင်ရဖို့အတွက် ဝိတိုရိယ ဆေးရုံမှာ ညနေပိုင်းလောက်ကတည်းက ပေါ်ပြူလာ အဖွဲ့ကကြိုပြီး ဓာတ်ပုံရိုက် ဖို့ စောင့် ခဲ့ကြ ပြန်ပါတယ်။ည ၈ နာရီလောက်မှာတော့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ နှစ်ဖက် မိဘဆွေမျိုးတွေ ရောက်လာကြပါတယ်။ ခင် ပွန်းဖြစ်သူပြေတီဦးက မကြာ ခင်မွေးဖွားတော့ မယ့် ဇနီးဖြစ်သူကို တယုတယနဲ့တွဲခေါ်နေ တာကိုလည်း တွေ့ရပြန်တော့ ဒီဓာတ်ပုံတွေ ကိုလည်း ပရိသတ်တွေမြင်ကြရဖို့ ပေါ်ပြူလာ က စိတ် ကြိုက် ရိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မနက်ပိုင်းမှာတော့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ရဲ့ သမီး ဦးလေးကို မွေးဖွားခဲ့ပါတော့တယ်။ အိန္ဒြာ ကျော်ဇင်ေ မွးဖွား မယ့်နေ့ မှာလည်း ပရိသတ် တွေဆီကနေ ဖုန်းတွေအဆက်မပြတ် လာနေပါတယ်။ အဆင်ပြေချောချောမွေ့မွေ့ ဖြစ်ရဲ့လား၊ ကလေးကော၊ လူကြီးကော ကျန်းမာရဲ့လားဆိုတဲ့ ပရိသတ်တွေရဲ့ အမေးကို လည်း ပေါ်ပြူလာက ဖြေရှင်းပေးနေရပြန်ပါတယ်။ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးဦးလေးအတွက် နှစ်ဖက်မိဘနဲ့အတူ အနုပညာ ညီအစ် ကို မောင်နှမတွေ၊ ပရိသတ် တွေရဲ့ ဝမ်းသာပီတိ စကားသံကို ပေါ်ပြူလာဂျာနယ်က ဖော်ပြပေးလိုက်ရပါတယ်။
ဒေါ်တီတီ(ပြေတီဦး၏အမေ)
”ကလေးက အန်တီ့အတွက် မြေးဦးလေးဆိုတော့ အခု အန်တီလည်းဖွားဖွားကြီးဖြစ် သွားပြီပေါ့။ မြေးလေးမျက်နှာမြင်လိုက်တော့ တအားပီတိဖြစ်တယ်။ ကလေးက တအား သန်တယ်။ ရယ်လည်း ရယ်တယ်၊ မျက်လုံး လည်းဖွင့်ကြည့်တယ်။ပါးဖောင်းဖောင်းလေးက သားနဲ့တူတယ်။နှုတ်ခမ်းလေး၊ နှာခေါင်း လေးတွေကအူဝဲနဲ့တူတယ်။ ကျန်းမာပြီး ကိုယ်လက်အင်္ဂါပြည့်စုံပြီး ချောချောမောမော မွေးလာဖို့နေ့တိုင်းဆုတောင်းနေတာ။ ကလေးက အော်ပြီးငိုရင် အူဝဲလို့အော်ရမှာကို ‘အား…အား’လို့ အော်တယ်။ အန်တီကတော့ ကလေးကိုဘေဘီအူဝဲလေးလို့ ခေါ် တယ်။ ချစ်လို့လေ။ အူဝဲနဲ့လည်းတူလို့ပါ”။
အန်တီမာ(အိန္ဒြာကျော်ဇင်၏အမေ)
”အန်တီမာက ဒီကလေးနဲ့ဆို မြေးမက ၅ယောက်မြောက်။ သူ့ကိုလည်း အူဝဲရဲ့ ကိုယ်စား အန်တီမာက ဆက်ပြီး ထိန်းရမယ်။ အူဝဲတုန်းကတော့ ဆေးရုံမှာ အူဝဲလို့အော်လို့ အူဝဲလို့ နာမည်တွင်သွားတာ။ အခုကလေးကတော့ အူဝဲလို့ လုံးဝ မအော်ဘူး။ ‘အား… အား’လို့ပဲ အော် တယ်။ အခုလောလောဆယ်တော့ ကလေး အိမ်ရောက်လာရင်နေဖို့ အခန်းကို အန်တီမာ့ စိတ်ကြိုက်ပြင်ဆင်ထားတယ်။ ကလေးအခန်းကို မိန်းကလေးဆိုတော့ပန်းရောင်လေးတွေ လုပ်ထားတယ်”။
ငွေတီဦး(ပြေတီဦး၏ညီမ)
”ကလေးမမွေးခင် ညကတည်းက စောင့်နေကြတာ။ ကလေးကို မြင်တော့ တအားစိတ်ချမ်းသာတယ်။ ကလေးကို အစစအရာရာပြည့်စုံပြီး စိတ်ချမ်းသာတဲ့ဘဝ လေးနဲ့ ကြီးပြင်းစေချင်တယ်”။
မိတ်ကပ်ခင်စန်းဝင်း
”အူဝဲကိုယ်ပွားလေးတစ်ယောက်  တွေ့လိုက်ရသလို ခံစားရတယ်။ သမီးလေးက အမျိုးကောင်းမိခင်၊ ဖခင်ကမွေးဖွားလာတဲ့ သမီးလေးဖြစ်တဲ့အတွက် အနာဂတ်မှာ လည်း တိုင်းပြည်အတွက်သော်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း စံပြပုဂ္ဂိုလ်အဖြစ် လူတွေလေးစားကြည်ညိုထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”။
လူမင်း
”သား၊သမီးဆိုတာ ရတနာလို့ တင်စားကြတယ်လေ။ ရတနာဆိုတာ တန်ဖိုးကြီးတယ်၊ ရှားပါးတယ်ဆိုတဲ့ သဘောရှိတယ်။ ရတနာဆိုတဲ့အတိုင်း သူတို့မိသားစုလေးကို တန်ဖိုးရှိအောင်၊အကျိုးပေးအောင် ကံကောင်း ခြင်းတွေယူလာမယ့် ကလေးလေးဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်”။
ထွန်းအိန္ဒြာဗို
”လွန်ခဲ့တဲ့ ၅နှစ်က ခံစားခဲ့ရတဲ့ ကြည်နူးပီတိလေးတွေကို အခုတော့ ပြေတီဦးတို့ အူဝဲတို့ရနေပြီဖြစ်တဲ့အတွက် သူတို့နဲ့ ထပ်တူဝမ်းသာပါတယ်။ ကလေးလေးကလည်း လိမ္မာယဉ်ကျေးတဲ့၊ မိဘကျေးဇူးဆပ်နိုင်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေ”။
ခိုင်သင်းကြည်
”အခုလိုချောချောမောမောနဲ့ မွေးနိုင်တယ်ဆိုတော့ ဝမ်းသာပါတယ်။ ကလေးလေးလည်း ကျန်းမာပါစေ၊ မိဘကို လုပ်ကျွေးနိုင်တဲ့ သမီးလေးဖြစ်ပါစေလို့ ဆုတောင်းပေး ပါတယ်”။
ခန့်စည်သူ
”အိမ်ထောင်တစ်ခုမှာ မျိုးဆက်ဆိုတာ ရှိရတယ်။ အောင်မြင်ကျော်ကြားတဲ့ ပြေတီဦးနဲ့ အူဝဲတို့ရဲ့ မျိုးဆက်လေးအတွက်  သူတို့နဲ့ ထပ်တူဝမ်းသာပါတယ်”။
နေတိုး
”ခင်ရတဲ့ ကိုပြေတီဦးနဲ့ မအူဝဲတို့ရဲ့ သမီး ရတနာလေးမွေးဖွားတယ်ဆိုတာကောင်း သတင်းပေါ့။ လူ့လောကထဲကို ရောက်လာတဲ့ အတွက် ကြိုဆိုရမှာပါ”။
ကျော်ကျော်ဗို
”ဝမ်းသာပါတယ်။ ဒီအချိန်မှာ ကျန်တဲ့အရာတွေအားလုံးက သူတို့အတွက် အသေးအမွှားတွေဖြစ်ပြီးတော့ သူတို့ရဲ့ ရင်သွေးလေးက ဘဝအတွက် အရေးကြီးဆုံး၊ အကြီး မားဆုံးလို့ ခံယူနေလိမ့်တယ်။ လိမ္မာရေးခြားရှိပြီး ကျန်းမာသန်စွမ်း ထူးချွန်ထက်မြက်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေ”။
မေသူ(လွင်မိုးဇနီး)
”သမီးလေးမွေးလာတော့ အစ်မတို့အဖွဲ့ ဝင် တိုးတာပေါ့။ သိပ်ကိုဝမ်းသာပါတယ်။ မအူဝဲလည်း ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်”။
မင်းသွေး
”ကိုပြေတီဦးနဲ့ မအူဝဲအတွက်တော့ ကွန်ကရက်ကျူလေးရှင်းပါ။ ကလေးလေးလည်း သူဖြစ်ချင်တဲ့ ဆန္ဒလေးကို ဖြစ်ခွင့်ရပါစေလို့ ဆုတောင်းပေးပါတယ်”။
ဒါရိုက်တာဝိုင်း
”လူ့လောကကို လူတစ်ယောက် ရောက်လာတယ်ဆိုတော့ အစ်ကိုတို့က ကြိုဆိုရမှာပေါ့။ ကိုယ့်ရဲ့အနုပညာလောကသားရဲ့ ရင်သွေးဖြစ်နေတဲ့အတွက်လည်း ပိုဝမ်းသာ ပါတယ်။ အနုပညာသမားဖြစ်နိုင်ဖို့ ရာခိုင်နှုန်းတစ်ဝက်ရှိတာပေါ့။ ကျန်းကျန်းမာမာနဲ့ စိတ်ချမ်းချမ်းသာသာ ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ကလေးအတွက် ဆုတောင်းပေး ပါတယ်”။
ဒါရိုက်တာကြည်ဖြူသျှင်
”ပြောမယ်ဆိုရင် ဒီကလေးက သိပ်ကံကောင်းတဲ့ကလေးဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဒီလောကမှာ နံပါတ်တစ်မင်းသားနဲ့ မင်းသမီးလက်ထပ်ပြီး မွေးတဲ့ကလေး။ နောက်တစ်ခုထူးခြားတာက ဒီကလေးကို အူဝဲ ဗိုက်ကြီးတဲ့အခါမှာလည်း တောက်လျှောက် စိတ်ဝင်စားကြတယ်လေ။ အူဝဲက ဗိုက်နဲ့လည်းလှတာပဲလေ၊ အလှမပျက်ဘူး။ ပြေတီဦးဆိုလည်း တောက်လျှောက် အောင်မြင်နေတာပဲ။ အဲ့ဒီတော့ဒီကလေးက အကျိုးပေးတဲ့ကလေးလို့ ထင်တယ်။ ထူးခြားတဲ့ ကလေးလေး တစ်ယောက်ဖြစ်မယ်လို့ လည်းထင်တယ်”။
မဟန်မွန်
(ပရိသတ်)
ကြည့်မြင့်တိုင်၊
ထီးတန်းအိမ်ရာ
”ဂျာနယ်ထဲမှာ မအူဝဲက ကိုယ်ဝန်ကြီးနဲ့ လည်း ဖက်ရှင်ကျနေတာတွေ့ရတယ်။ မိန်းကလေးပဲ မွေးမှာပဲလို့ ထင်တာ။ အခုလို သမီးလေးမွေးတယ်ဆိုတော့ တအားပျော်ပါ တယ်။ မအူဝဲရဲ့ သမီးလေး ကျန်းကျန်းမာ မာနဲ့ မိဘအပေါ်သိတတ်လိမ္မာတဲ့၊ ထူးချွန် ထက်မြက်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”။
မသင်းသင်းနွယ်
(ပရိသတ်)
ပိုးအိမ်ဖြူဗီဒီယိုအငှားဆိုင်၊ တောင်ဥက္ကလာပ
”အိန္ဒြာကျော်ဇင်က ကိုယ်ဝန်ရှိကတည်းက တော်တော်လည်းလှတယ်။ အခု သမီးလေးမွေးတယ်ဆိုတော့ ဝမ်းလည်းဝမ်းသာတယ်။ အဖေကလည်းချော၊ အမေက လည်း ချောတယ်ဆိုတော့ သမီးကလည်း ချောမှာပါ။ အိန္ဒြာကျော်ဇင်နဲ့ပိုတူရင်တော့ ပိုချောမှာပေါ့။ သောကြာနေ့ မွေးတယ်ဆိုရင် တချို့လူကြီးတွေက ပြောကြတယ်။  သားဦးသောကြာဆိုရင် ကောင်းတယ်။ စီးပွားတက်တယ်။ သားဦးသောကြာ ပဒေသာလို့ပြောကြတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးလေးလည်း အဖေအမေလို မျိုး အောင်မြင်မှုတွေ ရပါစေလို့ဆုတောင်း ပေးပါတယ်”။
ဝဿန်၊ခိုင်ဝေလွင်

ပရိတ်သတ်ရဲ့ဆုံးဖြတ်ချက်ကို ခံယူမယ်ဆိုတဲ့ ၀ိုင်းစုခိုင်သိန်း

                                                             

         
                                                                                                                                                                        
 ဝိုင်းစုခိုင်သိန်းရဲ့ ‘မျက်လှည့်’အခွေ  ပရိသတ်နဲ့ လက်မှတ်ရေးထိုးပွဲကို အောက်တိုဘာလ ၁ ရက်နေ့၊ ညနေ ၃ နာရီက ပြည်လမ်း တော်ဝင်စင်တာမှာ ကျင်းပခဲ့ပါတယ်။ ‘မျက်လှည့်’ အခွေထွက်ရှိခြင်းကို အနုပညာမောင်နှမများဖြစ်ကြတဲ့ ဖိုးကာ၊ ရဲတိုက်၊ နန္ဒ၊ ကျော်ကျော်ပိုင်မှူး၊ ရတနာမိုင်တို့က လာရောက်ကူညီပေးကြပြီး ပရိသတ်များ အများအပြား လာရောက်အားပေးမှုနဲ့ အောင်မြင်မှုရခဲ့ပါတယ်။ ဒီအခွေနဲ့ ပတ်သက်ပြီး ဝိုင်းစုခိုင်သိန်းက”အခုက တိပ်၊ စီဒီပဲရှိသေးတော့ ဘာမှ ထူးထူးခြားခြားတော့ မလုပ်ဖြစ်သေးဘူး။ ဗီစီဒီကျရင်တော့ ဘယ်လိုလုပ်ဖြစ်မယ်မသိသေးဘူး။ အခုဆို ပရိသတ်တွေက တော်တော်များတယ်။ ဝိုင်းစု ရင်လည်းတုန်တယ်။ ဘာလို့လဲဆိုတော့ ဒီအခွေက ဝိုင်းစုတစ်ယောက်တည်းဆိုထားတာလည်းဖြစ်တယ်။ ဖီးချားရင်းလည်းမပါတော့ ပိုပြီးရင်တုန်ရတာပေါ့။ ဒါပေမဲ့ ဝိုင်းစုက ဆုံးဖြတ်ထားတယ်။ ဘာကြီးပဲဖြစ်ဖြစ် ပရိသတ်က အားပေးသည်ဖြစ်စေ၊ အားမပေးသည်ဖြစ်စေ ပရိသတ်ဘာပဲပေးပေးခံယူဖို့ အဆင်သင့်ပါပဲ။ ဗီစီဒီရိုက်ဖို့ကိုလည်း တော်တော်များများ စဉ်းစားထားပြီးပါပြီ။  အခုလက်ရှိ ဒါရိုက်တာတွေ ပြောတာတွေကို ဝိုင်းစုကြိုက်တယ်။ ဒီအခွေထဲမှာ ဝိုင်းစုခံစားချက်နဲ့ တိုက်ဆိုင်တယ်ဆိုတာထက် ခံစားချက်တစ်ယောက် တစ်မျိုးစီရှိကြတဲ့ ပရိသတ်တွေအတွက် အဲဒီလိုပုံစံမျိုးကို ပြောပြစရာမလိုလောက်အောင် တေးရေးတွေက ရေးပေးကြတာပါ။ ပရိသတ်တွေလည်း ဝိုင်းစုရဲ့ ‘မက်လောက်စရာ’ကို အားပေး သလိုပဲ ‘မျက်လှည့်’ကိုလည်း အားပေးပါဦး”လို့ပြောပါတယ်။
ဗီစီဒီထွက်ဖို့အတွက်ကိုလည်း အမြန်ဆုံးစီစဉ်နေတယ်လို့ ပြောတဲ့ဝိုင်းစုခိုင်သိန်းက စီဒီနဲ့ဗီစီဒီကို သိပ်မကွာအောင် အမြန်ဆုံးထွက်နိုင်ဖို့ စီစဉ်ထားကြောင်းလည်း ပြောပါတယ်။                                                 
ဝဿန်

ပွဲစီစဉ်ရတဲ့အခက်ခဲတွေကို ပြောပြခဲ့တဲ့ ကျော်ထူး

ဟာသသရုပ်ဆောင် ကျော်ထူးစီစဉ်တဲ့ ကဗျာဘွဲ့မှူးရဲ့ One Lady Show ကို အောက်တိုဘာ ၈ ရက်နေ့က အမျိုးသား ကဇာတ်ရုံမှာ ကျင်းပခဲ့ပါတယ်။ ပွဲစီစဉ်ရတဲ့ အခက်အခဲတွေကိုလည်း ကျော်ထူးက ”ဒီပွဲကို စီစဉ်တာ နဲ့ ပတ်သက်ပြီး အနုပညာသမားတွေ အမြင်၊ ပတ်ဝန်းကျင်ရဲ့အမြင်က တစ်မျိုးတစ်မည် ထင်ကောင်းထင်ပါ လိမ့်မယ်။ အနုပညာ အင်ပါယာချဲ့တယ်ပေါ့။ အမှန်တော့ အနုပညာနဲ့ ပတ်သက်ရင် အရာရာကို လုပ်ချင်တဲ့ ဆန္ဒကြောင့်ပါ။ ဒီပွဲမှာပိုပြီး အတွေ့အကြုံတွေ ရလာတယ်။ အရင်တုန်းက ဆိုရင် ဒါရိုက်တာ ကနေပြီး ကိုကျော်ထူး ကားရိုက်မယ် ရိုက်ကွင်းလာခဲ့၊ အဝတ်အစားက ဘာဝတ်ရမယ်ပေါ့။ ရိုက်ကွင်းရောက်တော့ ဒိုင်ယာလော့ ချတယ်။ ဒါပဲလေ။ ကိုယ်လုပ်နေကျ အလုပ်ဖြစ်တဲ့ အတွက် အခက်အခဲ ရှိပေမယ့်လည်း သက်သာတယ်။ အခုပွဲစီစဉ်ရတာက ကိုယ်လုပ်နေကျ အလုပ်တစ်ခု မဟုတ်တဲ့ အတွက် အခက်အခဲက ပိုများသလို၊ ပိုလည်း ပင်ပန်းတယ်။ ကြော်ငြာ စပွန်ဆာရဖို့အတွက် လုပ်ရတာလေ။ သွားလေရာ နေရာမှာ ဘယ်နေရာမှာ ကြော်ငြာဘုတ် ထောင်လို့ အဆင်ပြေနိုင်မလဲ ဆိုပြီး ကြည့်ရတာ အမောပါပဲ။ ဒါတွေက အတွေ့အကြုံတွေပဲပေါ့” လို့ ပြောပါတယ်။ စတိတ် အပြင်အဆင်ပိုင်းကိုတော့ ကဗျာဘွဲ့မှူးက သူ့စိတ်ကြိုက် ပြင်ဆင်မှာဖြစ်ကြောင်း၊ အဆိုတော်တွေ ဖိတ်တာ၊ တီးမယ့်တီးဝိုင်းတွေ ကအစ ကဗျာဘွဲ့မှူးရဲ့ စိတ်ကြိုက်ပဲဖြစ်ပြီး ဘာတစ်ခုမှဝင်မစွက်ဖက်ခဲ့ဘူးလို့ ကျော်ထူး ကပြောပါတယ်။ ကဗျာဘွဲ့မှူးတို့ အဆိုပိုင်း ခဏနားတဲ့အချိန်မှာ သူနဲ့အတူ ဧရာ၊ ကင်းကောင်၊ တိမ်ညွန့်၊ ငှက်ပျောကြော်၊ မန်းဝင်းတို့ ကလည်း တစ်ခန်းရပ် ဟာသပဒေသာများနဲ့ ဖျော်ဖြေခဲ့ကြတယ် လို့လည်း သိရပါတယ်။   
လင်းအက္ခရာ

အနုပညာမိသားစုဘ၀နဲ့ ပျော်ရွှင်နေတဲ့ ထက်ထက်မိုးဦး


အနုပညာအလုပ်တွေ ဆက်တိုက်လုပ်ဖြစ်နေတဲ့ ထပ်ဆင့်အကယ်ဒမီ ထက်ထက်မိုးဦးကို သမီးလေးစစ်လွန်းဝတီထက် အကြောင်းနဲ့ပတ်သက်ပြီး ခံစားချက်ကို မေးကြည့် တော့ ”သမီးလေးက အခုဆိုရင် သီချင်းသံကြားရင် ကြိုက်တယ်။ ကိုယ်က အနုပညာအသိုင်းအဝိုင်းမှာ တအားကို ပင်ပန်းခဲ့တယ်။ မောခဲ့တယ်။
ကိုယ့်သမီးလေးကျရင် ကိုယ့်ရဲ့ဆန္ဒကတော့ ပညာရေးပဲ အေးအေးဆေးဆေး သင်စေချင်တယ်။ ပညာရေးပိုင်းမှာ တော်တဲ့သမီးလေးတစ်ယောက် ဖြစ်ဖို့ပဲ ခေါင်းထဲမှာရှိတယ်။ သူက တဖြည်း ဖြည်းနဲ့ မြူးဇစ်သံကြားရင် မနေနိုင်တာကိုကြည့်ပြီး ကိုယ်ဘာသာတွေးမိတယ်။ သမီးကလည်း အနုပညာသွေးပါတာပဲ။ တကယ်လို့ သူကြီးလာလို့ရှိရင် သူဘာလုပ်ချင်လဲ ဆိုတာ တားလို့မရပါဘူး။ သူ့ဘာသာလာကြတာပါပဲ။ ထက်ထက်ဆိုလည်း အမျိုးထဲမှာ အနုပညာသမားတစ်ယောက်မှ မရှိဘူး။ ကိုယ်တစ်ယောက်တည်း မင်းသမီးထလုပ် တာလေ။ တစ်မျိုးလုံးက အံ့သြနေကြတာ”လို့ပြောပါတယ်။
”ထက်ထက်အခု ဇာတ်ကားတွေရိုက်နေတဲ့ အချိန်မှာ သမီးလေးက အိမ်မှာပဲနေခဲ့တယ်။ ရှုတင်သိမ်းချိန်ကျမှ ကိုဇူးနဲ့ပါလာတယ်။ တစ်နေကုန် ရှုတင်မှာ ပင်ပန်းထား သမျှ သမီးလေးမျက်နှာ မြင်လိုက်ရတဲ့အချိန်မှာ အမောပြေသွားတယ်။ တစ်ခါတလေရှုတင်မှာ တစ်နေကုန်နေတယ်။ ဂျီကျတာမျိုးတော့မရှိဘူး”လို့ ရှုတင်ကိုလိုက်လေ့ ရှိတဲ့ စစ်လွန်းဝတီထက်ရဲ့အကြောင်းကို မိခင်ထက်ထက်မိုးဦးက ကြည်နူးစွာဆိုတဲ့အတွက် ပျော်ရွှင်စရာအနုပညာ မိသားစုဘဝခံစားချက်ကို မေးကြည့်တော့ ”စိတ်ချမ်းသာ ပါတယ်။ ငယ်ငယ်လေးကတည်းက အနုပညာနဲ့ ကြီးပြင်းလာတဲ့အတွက် ကျန်းမာရေးကောင်းတဲ့အချိန်ထိ လုပ်မှာပါ။ ခုချိန်မှာတော့ အနုပညာအလုပ်လုပ်ရတာပိုပြီး လေး နက်လာတယ်။ နောက်ပိုင်း အနုပညာအလုပ်တွေပဲ တောက်လျှောက်လုပ်သွားမှာပါ” လို့ဆိုပါတယ်။

                                                                                 ထွဋ်မြတ်

ကွန်ပျူတာပြသနာလေးများ ဖြေရှင်းနည်းစာအုပ်

                                                         
 ကွန်ပျူတာပြသနာလေးများ ဖြေရှင်းနည်းစာအုပ်ပါ။ ကွန်ပျူတာနဲ့ အမြဲတမ်းထိတွေ့နေတဲ့ သူများကတော့ ယူထားလိုက်ပါ။ ပြသနာတစ်ခုကြုံလာရင် မတက်တောင်မှနားလည်ထားတော့ ပိုကောင်းတာပေါ့နော်။ လိုချင်ရင် အောက်မှာ ဒေါင်းသွားလိုက်ပါ။



 Professional Solution Guide Download

Need for Speed : Hot Pursuit 2 ဂိမ်းလေး



ကားပြိုင်မောင်းတဲ့ ဂိမ်းလေးဝေမျှလိုက်ပါတယ်။ ကစားဖို့အတွက် အောက်မှာပေးထားတဲ့ Link မှာ ဒေါင်းလုပ်ယူပြီး WinRar ကိုဖြည်ပါ။ Files ဆိုတဲ့ folder ထဲမှာပါတဲ့ ဖိုင်အားလုံး (၄ ဖိုင်) ကို copy ယူပြီး မိမိ Install လုပ်လိုတဲ့ နေရာမှာ Paste သွားလုပ်ပါ (ဥပမာ.. C:\Program Files )။ ပြီးရင် Setup.bat ဖိုင်ကို double click လုပ်ပြီး run လိုက်ပါ။  Registry change ဖို့မေးလာရင် "Yes" သာလုပ်လိုက်ပါ။ Need for Speed Hot Pursuit 2 ဆိုတဲ့ Folder တစ်ခုရလာပါလိမ့်မယ်။ အဲဒီ Folder ထဲက NFSHP2 ကို double click လုပ်ပြီး ကစားလို့ရပါပြီ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

Wednesday 19 October 2011

HTML နဲ့ CSS စာအုပ်လေး

                                                                
HTML နဲ့ CSS စာအုပ်လေးတွေ တင်ပေးလိုက်ပါတယ်။ကိုယ်ပိုင် Website လေးတွေ ရေးချင်သူတွေ အတွက်တော့ လေ့လာသင့်တဲ့ စာအုပ်လေးတွေပါ။ဒီလို ကုဒ်လေးတွေကို လေ့လာထားချင်းအားဖြင့် မိမိတို့ Website ကိုလိုအပ်သလို ပြင်ဆင်ချင်တယ် ဆိုရင် အထောက်အကူ ပြုမှာ အမှန်ပါပဲ။ကျွန်တော် ကိုစေတနာ ပြုစုထားတဲ့ HTML အကြောင်းသိကောင်း စရာဆိုတဲ့ စာအုပ်လေးရယ်။ ကိုစေတန်ဂေါ့လ် ရေးထားတဲ့ CSS အကြောင်း စာအုပ်နှစ်အုပ်ရယ် .. နှစ်နေရာခွဲ တင်ထားပါတယ်။ လိုအပ်တဲ့ သူတွေကတော့ အောက်မှာ အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ ချသွားလိုက်ပါ။


For  Html 


For CSS  Book ( 1 )



For  Css  Book ( 2 )


E-mail အလကားပို့ရအောင်

                                                        

တစ်ခါတလေ မိမိတို့mail တွေဖွင့်မရဘဲ ကြုံနေတဲ့အခါ မိမိအကောင့်အသုံးပြုစရာမလိုဘဲ မေးလ်ပို့လို့ရတဲ့ note2email ဆိုဒ်လေးကို မိတ်ဆက်  ပေးတာပါရစေ။ ဒါပေမယ့် တစ်စောင် ပို့ပြီရင်တော့ နောက်တစ်စောင် ပို့ဖို့ကို စောင့်ရပါတယ်နော်။ Free ဆိုတော့ဒီလောက်တော့ရှိမှာပေါ့။ မေးလ်တွေဖွင့် မရတဲ့အချိန်မှာတော့ တော်တော်လေးအဆင်ပြေပါတယ်။အောက်ကနည်းလေးအတိုင် စမ်းသုံးကြည့်လိုက်ပါ။


၁။http://www.note2email.com/write ဒီဆိုဒ်ကို အရင်ဖွင့်လိုက်ပါ။
၂။ Email Addressနေရာမှာမိမိပို့ချင်တဲ့ Email အကောင့်ကို ရိုက် လိုက်ပါ။
၃။Title မှာကတော့ မိမိရေးချင်တဲ့ အကြောင်းအရာ ရေးလိုက်ပါ။
၎။ Note နေရာမှာ မိမိရေးချင်တဲ့ ပို့ချင်တဲ့စာတွေကို ရေးလိုက်ပေါ့။
၅။ Encryption Key နေရာမှာ ဘာမှမရေးလည်းရပါတယ်။
၆။ ပြီးရင် ပုံကိုကြိုက်နှစ်သက်ရာ ထပ်ရွေးလိုက်ပါ။
၇။ ပြီးရင်Send It ကို နှိပ်လိုက်ပါ။
                                            အားလုံးအဆင်ပြေပါစေခင်ဗျာ။

AVS Video Editor



Video Aditing Tool တွေထဲမှာတကယ်ကို perfect ဖြစ်တဲ့အကြောင်း ညွှန်းဆိုထားပါတယ်။ အသုံးပြုလိုသူများ အောက်မှာ ဒေါင်းလုပ်ယူလိုက်ကြပါခင်ဗျာ။ တစ်ခုတော့ သတိပေးချင်ပါတယ်။ အဲဒါဘာလဲဆိုတော့..ဒီ AVS Video Editor လေးကို ဒေါင်းလုပ်ယူပြီး WinRar ကို ဖြည်တော့မယ်ဆိုရင်.. မိတ်ဆွေတို့ရဲ့ Anti-Virus ကို ခဏလောက် Disable (or) Exit လုပ်ထားဖို့ အကြံပြုချင်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ဒီထဲမှာပါတဲ့ Crack ဖိုင်လေးကို Anti-Virus တွေက ဗိုင်းရပ်စ်အဖြစ် သတ်မှတ်ထားလို့ပဲဖြစ်ပါတယ်။ ဒါလေးကို အကန့်အသတ်မဲ့ အသုံးပြုနိုင်ဖို့အတွက် အောက်က အဆင့်တွေအတိုင်း လုပ်ကြည့်ကြပါခင်ဗျာ။

၁။     ပထမဆုံး ဒေါင်းလုပ်ယူထားတဲ့  AVS.VE.4.2.1.166_[RH].rar  ဖိုင်ကို ဖြည်ပါ။

၂။    Setup ကို Double Click လုပ်ပြီး Install လုပ်ပါ။

၃။    ပြီးရင် AVS Video Editor ကိုပိတ်ပါ။

၎။    Crack Folder ထဲမှာ ပါတဲ့ AVS Video Editor ကို Copy ယူပြီး Install လုပ်ထားတဲ့ Folder ထဲမှာ Paste လုပ်ပါ။ အဲဒီ Crack ဖိုင်လေးကို Double Click လုပ်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေဗျာ..။

Driving ဂိမ်းလေး( သင်တန်း)

ယာဉ်မောင်းသင်တန်းမတက်နိုင် သူများ လေ့ကျင့် မောင်းနှင် နိုင်ဖို့ ဒီ ဂိမ်းလေးကို ဖော်ပြပေးလိုက်ပါတယ်။ ဂျာမဏီ၊ ပြင်သစ်၊ နယ်သာလန်၊ ဘယ်လ်ဂျီယံနှင့် ဗြိတိန်နိုင်ငံတွေရဲ့ Traffic Rules တွေနဲ့အညီ သင်ကြားပေးပါလိမ့်မယ်။ ဒီသင်တန်းမှာ မော်တော်ယာဉ်သာမဟုတ်ဘဲ မော်တော် ဆိုင်ကယ် မောင်းနှင်သည့်သင်ခန်းစာများကိုပါ လေ့လာသင်ယူနိုင်ပါတယ်။  
 
 

Hide Folders 2009



ဖိုဒါလေးတွေကိုလော့ ချထားရအောင်။ ကိုယ့်ရဲ့အရေးကြီးတဲ့ ဖိုင်တွေကို Lock ချမယ်ဆို အရမ်းကောင်းပါတယ်။ အမြဲတမ်းသုံးလို့ရဖို့အတွက် အောက်က ပေးထားတဲ့ လင့်မှာ အရင်ဆုံး ဒေါင်းလုပ်ယူလိုက်ပါ။ ရလာတဲ့ WinRar ဖိုင်ကို ဖြည်ပါ။ Hide Folders 2009 ဆိုတဲ့ folder ထဲက Setup ဖိုင်ကို အရင် install လုပ်ပါ။ ပြီးရင် software ကို မ run သေးပဲ crack ဆိုတဲ့ Folder ထဲမှာပါတဲ့ crack file ကို copy လုပ်ပါ။ C:\Program Files\Hide Folders 2009 မှာသွားပြီး paste လုပ်လိုက်ပါ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။

Kaspersky Key ထည့်နည်းလေးပါ




                                                                               
Kaspersky key ထည့်နည်းလေးကို အလွယ်လုပ်တက်အောင်လို့ ဒီပိုစ့်လေးကိုတင်ပေးလိုက်ပါတယ်။ ပုံလေးကိုကြည့်ပြီး လုပ်တက်မယ်လို့ယူဆပါတယ်။ သိပြီးသားသူများအတွက်တော့ နားလည်ပေးပါ။
မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်။ အဆင်ပြေပါစေခင်ဗျာ။ ပုံသေးနေရင် ပုံပေါ်ကိုနှိပ်ပြီး
ပုံကြီးချဲ့ကြည့်လို့ရပါတယ်။

                                       

Tuesday 18 October 2011

Magic Burning ToolBox v4.2.8

 
Burning Software Tools လေးတွေကိုတက်နိုင်သလောက်စုစည်းပြီး ဖော်ပြပေးလိုက်ပါတယ်။ ဖိုင်ဆိုဒ်လည်း မကြီးတဲ့အတွက် အသုံးပြုရတာ အဆင်ပြေပါတယ်။ CD/DVD Copy မပါတာတစ်ခုပါပဲ။ ဒါလေးကို Install လုပ်ပြီးရုံနဲ့ Serial Key ကို ထည့်ဖို့ လိုက်ရှာနေလို့ တွေ့မှာ မဟုတ်ပါဘူး။ Project တစ်ခုခုကို လုပ်တော့မယ်ဆိုရင်တော့ တောင်းပါလိမ့်မယ်။ အဲဒီအခါကျရင်တော့ ပေးထားတဲ့ Serial Key လေးကိုထည့်ပေးလိုက်ရုံပါပဲ။လိုအပ်သူများအောက်မှာဒေါင်းလုပ်ယူလိုက်ပါခင်ဗျာ။အားလုံးအဆင်ပြေကြပါစေ။

Monster Trucks ကားလေးမောင်းမယ်



ဒီဂိမ်းလေးက ကားမောင်းချင်သူများကတော့ သဘောကျပါ။ အလိုရှိသူများ အောက်မှာ ဒေါင်းလုပ်ယူလိုက်ကြပါ။ Activate လုပ်ဖို့အတွက်  အောက်ကအတိုင်း လုပ်လိုက်ပါ။ အဆင်ပြေကြပါစေခင်ဗျာ။ 

License Code : 123456
Name:  Yourname
Email: Yourname@yahoo.com

USB Disk Security 5.4 (Key)



USB Disk Security အတွက် Version အသစ်ရလို့ ဖော်ပြပေးလိုက်ပါတယ်။ အလိုရှိသူများ အောက်မှာ ဒေါင်းလုပ်ယူလိုက်ပါ။ အဆင်ပြေကြပါစေခင်ဗျာ။

USB Blocker လေးပါ

မိမိတို့ရဲ့ ကွန်ပျူတာထဲမှာရှိတဲ့ တန်ဘိုးရှိ အချက်အလက်များနဲ့ လျှို့ဝှက် Personal Datas တွေကို အခြားသူများ ကူးယူခြင်း (ခိုးယူခြင်း)မပြုနိုင်အောင် တားဆီးပေးတဲ့ Software လေးပဲဖြစ်ပါတယ်။ USB Drives, External Drives, CDs/DVDs နဲ့ အခြားသော portable devices တွေအပါအ၀င် Networks ကပါ ကူးယူခြင်းမပြုနိုင်အောင် တားဆီးပေးနိုင်ပါတယ်။ 
  • အသုံးပြုဖို့အတွက် အောက်မှာ ပေးထားတဲ့လင့်မှာ ဒေါင်းလုပ်ယူပြီး WirRar ကိုဖြည်ပါ။ 

  • usb-block-sw ကို install လုပ်ပါ။ 

  • crack ဖိုဒါထဲမှာပါတဲ့ lic ကို ကော်ပီယူပြီး Installed directory ထဲမှာ paset လုပ်ပါ (C:\Program Files\USB Block)။ 

  • ပြီးရင် lic ဆိုတဲ့ crack ဖိုင်လေးကို double click လုပ်လိုက်ပါ။  
 register လုပ်ပြီးသား USB Block ကို အသုံးပြုလို့ရပါပြီ။ အားလုံးအဆင်ပြေကြပါစေခင်ဗျာ။


USB Block Software Download

Desktop iCalendar လေးနော်


Desktopပေါ်မှာပဲပြက္ခဒိန်ကိုကြည့်ချင်သူများအတွက်တင်ပေးလိုက်ပါတယ်။keygenလေးပါထည့်ပေးထား
ပါတယ်။ English လိုပါ။ Desktop အလှဆင်ဖို့ပဲဖြစ်ဖြစ်၊ နေ့စွဲလေးတွေကြည့်ဖို့ပဲဖြစ်ဖြစ် လိုချင်သူများ အောက်မှာ ဒေါင်းလိုက်ပါ။ ဖိုက်ဆိုဒ်က 1.53 Mb လောက်ပဲရှိပါတယ်။

Adobe Photoshop CS2 ( keygen)

                                                                                         
 Adobe Photoshop CS2 လေးပါ။ အောက်မှာ Keygen ဖိုင်ပါတစ်ခါတည်းတင်ထားပါတယ်။ Keygen  ကိုတော့သုံးတက်မယ်ထင်ပါတယ်နော်။ ဖိုင်ဆိုဒ်ကတော့ နဲနဲကြီးတယ်။327 Mb ရှိပါတယ်။ ကြိုစားပြီး ဒေါင်းပေါ့နော်။ Keygen ကိုတော့သီးသန့်တင်ထားပေးပါတယ်။ Keygen ပဲလိုအပ်တဲ့ သူကြတော့ယူရလွယ်အောင်လို့ပါ။ အားလုံးအဆင်ပြေပါစေဗျာ။





                                           အောက်မှာ ဒေါင်းပါ။



Monday 17 October 2011

Magic DVD Creator



Movie File တွေကို DVD Disc ပေါ်မှာ Burn နိုင်ဖို့နဲ့ တကယ့် DVD Movie အဖြစ် menu လေးတွေနဲ့ ဖန်တီးနိုင်ဖို့ Magic DVD Creator ကို ဖော်ပြပေးလိုက်ပါတယ်။ အလိုရှိသူများ အောက်မှာ ဒေါင်းလုပ်ယူကြပါခင်ဗျာ..။  
 

Bus Driver (Full Version) လေးနော်

                                
 
ကျွန်တော် ဒီ Bus Driver ဆိုတဲ့ Simulation Game လေးကို အရမ်းသဘောကျလို့တင်ပေးလိုက်ပါတယ်။ ဒီဂိမ်းလေးက ကိုယ်တိုင်မောင်းနေသလိုခံစားရတယ်။ Full Version လေးဖြစ်တဲ့ အတွက်စိတ်ကြိုက် ကစားလို့ ရတာပေါ့။ ကစားချင်တဲ့ သူငယ်ချင်းများအောက်မှာ ဒေါင်းသွားလိုက်ပါ။
 
  

Bus Diver Game Download

Friday 14 October 2011

Bootmgr Is Missing Error Vista ဖြေရှင်းနည်း


Windows တွေမှာ ဒီ error မျိုးတက် တက်ပါတယ်။အရင်ဆုံး ကျွန်တော်တို့ ဒီ Error မျိုး တက်ပြီဆိုရင် Windows ကို Repair လုပ်ပေးလိုက်ပါ ။ကျွန်တော် Repair လုပ်နည်း အဆင့်ဆင့်ကိုလည်း အောက်မှာ ပုံလေးတွေနဲ့ အသေးစိတ် ဖော်ပြပေးထားပါတယ်။




ဒီအဆင့်ပြီးပြီ ဆိုရင်တော့ မိမိတို့ စက်ဟာ Restart ကျသွားပါလိမ့်မယ်။ပြီးရင် အပေါ်ကအဆင့်တွေအတိုင်း ပြန်သွားပြီး System Recovery Option ကိုရောက်တဲ့အခါကျရင် Commant Prompt ကိုဖွင့်လိုက်ပါ ။ ပြီးရင် အောက်မှာ ပေးထားတဲ့ Command လေးကိုရိုက်ထည့်ပြီး Enter ခေါက်လိုက်ပါ။ ပြီးရင် စက်ကို Restart ချလိုက်ပါ။

bootrec /fixboot
အပေါ်ကအဆင့်တွေ အတိုင်း ပြီးသွားပြီဆိုရင်တော့ Bootmgr Is Missing Error ကိုဖြေရှင်းလို့ ရသွားပါလိမ့်မယ်ခင်ဗျာ။ အားလုံးကိုကျေးဇူးတင်ပါတယ်။

Thursday 13 October 2011

မှားပါတယ်

လင်မယားနှစ်ယောက် စကားပြောနေကြလေသည်-

ယောကျာင်္း - ငါစိတ်ဓါတ် ကျတယ်ကွာ ...။

မိန်းမ - ဘာဖြစ်ရပြန်တာလဲ ...။

ယောကျာင်္း - တစ်ခါတစ်ခါ ငါဟာ ဘာမှအသုံးမ၀င်တော့ဘူးလို့ ခံစားရတယ် .. ။

မိန်းမ - ရှင် ဒီလိုခံစားနေစရာ မလိုပါဘူး ... ။

ယောကျာင်္း - ဘာဖြစ်လို့လဲ ..။

မိန်းမ - လူတွေက ရှင်အသုံးမကျဘူးဆိုတာ သိနေကြပြီးလေ ....။

Mario Game အသစ်လေးပြန်ဆော့ရအောင်

                                           

 ကြာပါပြီ ဒီဂိမ်းလေးက။ အခုက version အသစ်ပါ။ ဆော့ချင်သူများရှိမယ်ထင်ပါတယ်။



Mario Game Download

Freemake Video Converter

                                                   

 Video Converter လေးဖြစ်ပါတယ်။ Cutter အဖြစ်လည်းသုံးလို့ရပါတယ်။

၁။ Freemake သည် free version ဖြစ်သည်။
၂။Cut, Join, Rotate, Limit size, Adjust to aspect ratio တို့ လုပ်နိုင်သည်။
၃။AVI, WMV, MP4, MKV, FLV, SWF, 3GP, MP3 အဖြစ် Convert လုပ်နိုင်သည်။
၎။Convert Free to iPod, iPhone, iPad, PSP, PS3, Android တို့ကိုလည်း Convert လုပ်နိုင်သည်။




Freemake Video Converter Download

USB အပေါက်တွေပိတ်ကြရအောင်

                                             

 ကဲ..ဒီတစ်ခါတော့ USB ပေါက်လေးတွေကနေ Virus တွေမ၀င်ရောက်ဖို့ ဒီဆော့လ်ဝဲလေး သုံကြရအောင်။ ကွန်ပျူတာမှာ ဗိုင်းရပ် အလွယ်တကူဝင်နိုင်တဲ့ နေရာကတော့ USB အပေါက်တွေပါပဲ။ ဒီဆော့လ်ဝဲလေးက Free ပေးထားတာဆိုပေမယ့် တကယ်အသုံးဝင်ပါတယ်။




USB Port Locked Download

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management