Thursday 1 September 2011

Foxit Reader 5

                                                                                                         
ဒီ Foxit Reader 5 လေးက PDF ဖိုင်တွေဖွင့်ရင် အရမ်းကောင်းပြီး ပေါ့ပါးမှုရှိပါတယ်။လိုချင်တယ်ဆိုရင် တော့ ဆွဲထားလိုက်ပေါ့။





Foxit Reader Download

VLC Media Player 1.1.11

                                                                                                   
VCL Player လေးပါ။ပေါ့ပေါ့ ပါးပါးလေးနဲ့ သုံးရတာ အရမ်းကောင်းပါတယ်။ Windows 7 နဲ့လည်းအဆင် ပြေပါတယ်။ လိုချင်ရင်တော့ ဒေါင်းစေဗျာ။




VCL Media Player Download

Mobile မှာ မြန်မာလို ပေါ်ဖို့ ဇော်ဂျီ keyboard

ဟန်းဖုန်းတွေမှာ Internet ချိတ်ပြီး မြန်မာဆိုက်တွေကို ကြည့်ချင်သူများအတွက် တင်ပေးလိုက်တယ်။ Mobile Phone and Pocket တွေအတွက်လည်း မြန်မာစာနဲ့ရေးထားတဲ့ဆိုက်တွေကိုဖတ်နိုင်ဖို့ ....အဲထဲမှာ pdf နဲ့ရေးထားတာတွေလည်း ဖတ်ကြည့်ပါ။ ကဲ.... ဒေါင်းလိုက်ကြနော်။
 
Download menual zip >> Download mediafire

Download Zawgyi keyboard >> Download mediafire

Memory Stick မရခဲ့ရင်

Memory Stick ကို ကွန်ပျူတာမှာ ထိုးတပ်လိုက်တယ်။ ကွန်ပျူတာက ငါသိပါတယ်ဆိုတဲ့သဘောနဲ့ Tray icon မှာ မြှားအစိမ်းလေးပေါ်ပေးတယ်။ အိုကေပေါ့။ My Computer ကို ဖွင့်ကြည့်လိုက်တယ်။ ဟောဗျာ. Removable Disk icon လည်း ပေါ်မလာဘူး။
အဲဒါ ဟိုတစ်နေ့က ကျွန်တော်ကြုံတွေ့ခဲ့ရတဲ့ စက်တစ်လုံးပေါ့။ စက်က တခြားဘာမှမဖြစ်ဘူး။ MP3, MP4, Digital Camera နဲ့ Memory Stick တွေပဲ သုံးမရတော့တာ။ ကွန်ပျူတာကသိပြီး My Computer မှာ ပေါ်မလာတော့တာ။ (အဲဒီ MP3 တွေ MP4 တွေက တခြားကွန်ပျူတာမှာ သွားတပ်ရင်ကောင်းတယ်)
အေးကွ အဲဒီလိုဖြစ်ရင် ဒီလိုလုပ်လိုက်ကွာ…
လို့ ကျွန်တော်မပြောသေးပါဘူး။ ကျွန်တော် ဖြေရှင်းဖို့ ကြိုးစားခဲ့တာလေးကို ရေးပြချင်သေးတယ်။
ပထမဆုံး ကျွန်တော် Disk Management Console ကို ဖွင့်လိုက်တယ်။ အဲဒီမှာ Stick ကို သိပေမဲ့ Drive Letter ကို Assign လုပ်မထားတာကို တွေ့လိုက်တယ်။ အဲဒါနဲ့ ကျွန်တော်လည်း Stick အတွက် Drive Letter ကို assign လုပ်လိုက်ပါတယ်။ (G: ဆိုပြီးတော့ပါ) ဒါပေမယ့်လည်း My Computer မှာ မပေါ်သေးပါဘူး။
အဲဒါနဲ့ Run ထဲမှာ G: လို့ရိုက်ပြီး Enter ခေါက်လိုက်တယ်။ G: က ဖျက်ခနဲပွင့်လာပြီး ပြန်ပျောက်သွားတယ်။ နောက်တစ်ဆင့်အနေနဲ့ Command Prompt ကနေ G: ကို access လုပ်ဖို့ ကြိုးစားလိုက်တယ်။ ရတယ်။ ကဲ ဒါဆို Windows Explorer က ဖြစ်နေတာ သေချာသွားပြီပေါ့။
အဲဒါနဲ့ပဲ Registry Editor ကိုဖွင့်ပြီး ပြင်ဖို့ကြိုးစားပါတယ်။ My Computer မှာပေါ်တဲ့ C: တွေ D: တွေကို MountPoint လို့ သုံးစွဲတယ်လို့ စာအုပ်တစ်အုပ်ထဲမှာ ဖတ်ခဲ့ဖူးတယ်။ အဲဒါနဲ့ပဲ Registry Editor မှာ MountPoint နဲ့ ပတ်သတ်တဲ့ Value တွေကို လိုက်ရှာကြည့်ပါတယ်။ မသကာင်္တာတွေ့ရင် ဖျက်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။
တခြား Program တွေကြောင့်များလားဆိုပြီး Install လုပ်ထားတဲ့ Program တွေကို လိုက်ကြည့်လိုက်ပါတယ်။ အဲဒီမှာ Daemon Tools တင်ထားတာကို တွေ့လိုက်ရပါတယ်။ DT က သုံးမှာမို့တင်ထားတာလားလို့ Customer ကို မေးကြည့်တော့ မဟုတ်ဘူး ဘယ်သူတင်ထားမှန်းမသိဘူးလို့ ဖြေတာနဲ့ ကျွန်တော်လည်း Daemon Tools ကို Uninstall လုပ်ပစ်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။
ဒါလည်း မရသေးပါဘူး။
ကျွန်တော် ခေါင်းစားရပါပြီ။ အဲဒါနဲ့ပဲ Customer ကို အခုတော့ မရသေးဘူးဗျာ။ ကျွန်တော် အင်တာနက်ထဲ ရှာလိုက်ဦးမယ်လို့ ပြောပြီး ရက်ချိန်ပေးလိုက်ပါတယ်။ ပြီးတော့ အင်တာနက်ထဲ မွှေရတော့တာပေါ့။
အဲဒီအခါမှာမှ ကိုယ်နဲ့ဘ၀တူတွေအများကြီးပါလားဆိုတာ သိလိုက်ရပါတယ်။ အမလေးဗျာ Forum တွေထဲမှာ မေးတာ ဖြေထားတာတွေ တပုံကြီးပဲ။ သူတို့ရဲ့အမေးအဖြေတွေကို သေချာလိုက်ဖတ်ကြည့်ပါတယ်။ ဒါပေမဲ့ ကောင်းတဲ့အဖြေကို မတွေ့ဘူး။ နောက် နာရီဝက်လောက်ရှာကြည့်တော့မှ Forum တစ်ခုမှာ တွေ့သွားပါတယ်။ ဖြေတဲ့သူက Daemon Tools (DT) ကြောင့် ဖြစ်တာလို့ ဖြေထားတယ်။ အံကိုက်ပဲလေ။ ကျွန်တော်လည်း DT ကို မသင်္ကာဖြစ်နေတာကိုး။ ပြီးတော့ သူက ဆက်ပြောပါတယ်။ DT ကို ဖြုတ်ပါတဲ့။ ပြီးတော့ DT က install လုပ်တဲ့အခါမှာ Driver တစ်ခုကို C:\Windows\System32\Drivers အောက်မှာ သွားထည့်တယ်တဲ့။ အဲဒါကိုပါ ဖျက်ပါလို့ ပြောပါတယ်။ Driver ရဲ့ နာမည်က sptd.sys တဲ့။ ကိုင်း အိုကေပြီပေါ့ဗျာ။
နောက်ရက်ကျတော့ ဖြစ်တဲ့စက်ကို ဖွင့်ပြီး DT ကိုဖြုတ်၊ ပြီးတော့ C:\Windows\System32\Drivers အောက်မှာ ရှိတဲ့ sptd.sys ဆိုတဲ့ ဖိုင်လေးကို ဖျက်လိုက်ပါတယ်။ ပြီးတော့ စက်ကို Restart လုပ်လိုက်ပါတယ်။ ပြီးတော့ Stick လေး ထိုးကြည့်လိုက်တယ်။
ဟော My Computer မှာ ပေါ်လာလိုက်တာမှ ပြူးလို့ဗျာ။ 

န၀ရတ်(၉)ပါး

အောက်ပါအချက်(၉)ချက်ကို အလုပ်လုပ်တဲ့ နေရာမှာပါရှိအောင်ဂရုပြုပြီး ထည့်သွင်းလုပ်ဆောင်ကြည့်ပါ။

၁။စိတ်ဓါတ်ခိုင်မာရဲဝင့်ခြင်း
၂။စည်းကမ်းကို ရိုသေခြင်း
၃။စေတနာထက်သန်စွာထားခြင်း
၎။အရှည်မျှော်မြင် တွေးဆစဉ်းစားခြင်း
၅။ရှင်းလင်းခြင်း
၆။တိကျခြင်း
၇။ပေါင်းစပ်ညှိနှိုင်းခြင်း
၈။အချိန်မီ ပြီးစီးခြင်း
၉။အမြဲတမ်း ဆည်းပူးလေ့ကျင့်က လုပ်ငန်းအရည်အသွေး တိုးတက်အောင် ကြိုးစားခြင်း

အချိန်သည်.........


စောင့်ဆိုင်းသူတို့အတွက် အလွန်နှေးသည်။
စိုးရိမ်ပူပန်သူတို့အတွက် အလွန်မြန်သည်။
ပူဆွေးသူတို့အတွက် အလွန်ကြာရှည်သည်။
ပျော်ရွှင်သူတို့အတွက် အလွန်တိုတောင်းသည်။
သို့သော် ချစ်ကျွမ်းဝင်သူများအတွက် အချိန်သည် အဆုံးမရှိ။

မည်သည့်အရာမှ ပြန်မလာပါ


၁။နှုတ်မှထွက်သောစကား
၂။ပစ်လိုက်သော မြှားတံ
၃။ကုန်သွားသော အချိန်
၎။လစ်လျှူရှုလိုက်သော အခွင့်အရေး

Adobe PageMaker 7.0 ၏ Plugs in error ဖြေရှင်းနည်း

တစ်ခါတစ်လေအလုပ်များနေတဲ့အချိန်မှာ Adobe PageMaker 7.0 ကို ဖွင့်လိုက်တာနဲ့ Plugs in error လို့ ပေါ်ပြီး ဘာမှ ဆက်လုပ်လို့ မရတော့တာကို ကြုံဖူးကြပါလိမ့်မယ်။ အဲဒီလိုမျိုး Plugs in Error ဖြစ်လာပြီဆိုရင် ဖြေရှင်းတဲ့နည်းလေး ပြောပြချင်ပါတယ်ဗျာ။ Page Maker ကို Uninstall လုပ်ပြီး ပြန်ပြီး Install လုပ်ပေမယ့် မရတဲ့ လူများ အောက်ပါနည်းလမ်းအတိုင်း ဖြေရှင်းကြည့်ပါ။
ဖြေရှင်းနည်းကတော့ Adobe PageMaker 7.0.1 Update ကို Install လုပ်ပေးလိုက်ရင်လည်း အဆင်ပြေသွားတာ ရှိပါတယ်။ တစ်ခါတစ်လေမှာ မရတဲ့အခါကျရင် မိမိရဲ့ ကွန်ပျူတာထဲမှာ သွင်းထားတဲ့ Adobe Software တွေ အကုန်လုံးကို Uninstall လုပ်ပြီး Page Maker 7.0 ကို ပြန်တင်လိုက်ရင် အဆင်ပြေသွားပါတယ်။
Adobe Software တွေဆိုတဲ့ နေရာမှာ ဥပမာအားဖြင့် Adobe Page Maker, Adobe Acrobat Reader, Adobe Photoshop, Adobe illustrator, Adobe Indesign, Adobe Premier စသဖြင့်ပေါ့ဗျာ။ ဒါတွေအကုန်လုံးကို ဖြုတ်ချပြီး Page Maker အရင် ပြန်တင်ပြီး ကျန်တဲ့ Software တွေကို ပြန်တင်လိုက်ရင် ဒီ Plugs in Error ကို ဖြေရှင်းပြီးသားဖြစ်သွားပါတယ်။ 

                                                                                                   Ref: Internet

Computer Service အကြောင်း သိကောင်းစရာ

Boot Screen တွင် Loading လုပ်ပြီး Restart ပြန်လည်ဖြစ်သွားခြင်းမျိုး တွေ့ဖူးပါလိမ့်မယ်။ အဲဒီလိုဖြစ်ခဲ့ရင် အောက်ကနည်းလမ်းအတိုင်း ဖြေရှင်းကြည့်ပါ။
အဓိကလိုအပ်တာကတော့ Windows XP Installer CD ပါပဲ။ CD Rom ထဲကို ခွေထည့်လိုက်ပါ။ ပြီးတာနဲ့ စက်ကို Restart လုပ်လိုက်ပါ။ Del Key ကို နှိပ်ထားလိုက်ပါ။ (တစ်ချို့သော Motherboard တွေမှာတော့ F1 Key တို့၊ F2 Key တို့ နှိပ်ရတာရှိပါတယ်။ ဒါကတော့ တူချင်မှ တူပါလိမ့်မယ်။) Del Key ကို နှိပ်ပြီးပြီဆိုရင် CMOS Setup ထဲကို ၀င်သွားပါလိမ့်မယ်။ အပြာရောင် Screen လေးနဲ့ပါ။ အဲဒီ Setup ထဲမှာ Advanced CMOS Setup ကို ထပ်ပြီးဝင်ပါ့မယ်။ ထပ်မံပြီး Boot Sequence ကို ထပ်ဝင်လိုက်ပါ။ First boot Device မှာ CD Rom ကို ရွေးချယ်လိုက်ပါ။ (ဒါကတော့ Windows XP Installer CD နဲ့ Boot တက်ပြီး ပြင်ဆင်နိုင်အောင်လို့ပါ၊ တစ်ချို့စက်တွေမှာတော့ Boot ရွေးချယ်ရတာ အခုကျွန်တော်ပြောသလို တူချင်မှ တူပါလိမ့်မယ်။ အဓိကကတော့ CD နဲ့ Boot တက်သွားရင် ရပါပြီ) CMOS Setup ကနေ ပြန်ထွက်ဖို့အတွက် Save & Exit Setup (သို့မဟုတ်) F10 Key ကို နှိပ်ပြီး ထွက်လိုက်ပါ။ စက်က Restart ပြန်ဖြစ်သွားပါလိမ့်မယ်။ ခဏစောင့်လိုက်တာနဲ့ Boot from CD...... ဆိုပြီး တက်လာပါလိမ့်မယ်။ ပြီးတာနဲ့ Press any key boot from CD... ဆိုပြီး တက်လာတာနဲ့ Key တစ်ခုခုကို နှိပ်လိုက်ပါ။ CD ခွေထဲကနေပြီး Boot တက်နေတဲ့ အပြာရောင် Screen နဲ့ Run နေတာကို တွေ့ရပါလိမ့်မယ်။ တစ်အောင့်လောက်ကြာရင် Recovery Console နေရာကို တွေ့တာနဲ့ Repair ပြန်လုပ်ဖို့အတွက် R Key ကို နှိပ်ပါ။ ခဏလောက်စောင့်လိုက်ပါ။ ပြီးတာနဲ့ 1: C:\windows လို့ တွေ့ရပါလိမ့်မယ်။ 1 Key ကို နှိပ်လိုက်ပါ။ administrator password တောင်းပါလိမ့်မယ်။ password ပေးထားရင် ရိုက်ထည့်ပေးပါ။ မပေးထားရင် Enter ခေါက်လိုက်ပါ။ ဒါဆိုရင် C:\windows> ဆိုတဲံ C: Prompt လို့ခေါ်တဲ့ Command Prompt ကို မြင်ရပါလိမ့်မယ်။ chkdsk ရိုက်ပြီး Enter ခေါက်လိုက်ပါ။ Check Disc Run နေတာကို မြင်ရပါလိမ့်မယ်။ ၁၀၀% ပြီးတာနဲ့ C:\windows> ဆိုပြီး ပြန်မြင်ရပါလိမ့်မယ်။ chkdsk /r ကို ဆက်ရိုက်ပြီး Enter ခေါက်လိုက်ပါ။ (chkdsk နဲ့ /r ကြားမှာ Spacerbar ခြားပါတယ်။) Check Disc Recovery Run နေတာကို ၁၀၀% ပြီးအောင် ထပ်စောင့်လိုက်ပါ။ ပြီးတာနဲ့ restart ရိုက်ပြီး စက်ကို Reset ချလိုက်ပါ။ Del Key ကို နှိပ်ပြီး CMOS Setup ထဲမှာ Boot Device တွေကို Hard Disk ကနေ Boot တက်ဖို့အတွက် ပြန်လည်ပြင်ဆင်လိုက်ပါ။ ပြီးတာနဲ့ Boot Screen မှာ Loading လုပ်ပြီး Welcome Screen ကို ပြန်မြင်ရပါလိမ့်မယ်။
ဒါနဲ့မှအဆင်မပြေရင်တော့ Windows ကို Repair ပြန်လုပ်ရပါမယ်။ အဆင်ပြေနိုင်ကြပါစေ။ 

                                                                                          Ref: Internet

Windows 7 မှာ Install လုပ်လို့မရတဲ့ software လေးများရှိခဲ့ရင်

Windows 7 ဟာတစ်ချို့ software တွေကို install လုပ်လို့မရတာမျိုးရှိပါတယ်။ ရခဲ့ရင်လည်း ဖွင့်လို့၊သုံးလို့မရတာမျိုး ဖြစ်တတ်ပါသေးတယ်။ အဲဒီလိုဖြစ်ခဲ့ရင် အောက်ကနည်းလေးကို လုပ်ကြည့်ပါ။

၁။ Install လုပ်ချင်သည့် ဆော့ဝဲလ်၏ ပုံ ကို Right Click လုပ်၍ Properties ကို ဖွင့်ပါ။
၂။ Box ကျလာလျှင် Compatibility tab ကို ရွေးပါ။



၃။ Run this program in compatibility mode for: ကို check အမှန်ခြစ်တပ်။
၎။ Window XP (Service Pack 3) ဒါမှမဟုတ် အဆင်ပြေရာ Version ကို ရွေးချယ်ပါ။
၅။ Apply လုပ် Ok ။
၆။ မိမိ Install လုပ်ချင်သည့် ဆော့ဝဲလ် Setup.exe ဖိုင်ကို ပြန်ဖွင့်ပြီး Install လုပ်ကြည့်ပါ။

 Install လုပ်လို့ရသော်လည်း သုံးလို့မရခဲ့ပါက သွင်းထားတဲ့ ပုံပေါ် right click လုပ်ပြီး အပေါ်ကအတိုင်းလုပ်လိုက်ပါ။

                                                                              အဆင်ပြေပါစေ....... ကိုထွေး

Local Disk C/Dကို ပုံမှန်အတိုင်း ဖွင့်မရပါက

My Computer ထဲမှာရှိတဲ့ C:/ တို့ D:/ တို့ကို double click နှိပ်ရုံနဲ့ဖွင့်မရတာမျိုးဖြစ်တတ်ပါတယ်။ အဲဒါဟာ virus ကြောင့်လည်းဖြစ်တတ်ပေမယ့်၊ တစ်ခါတစ်လေ virus သတ်ပြီးတဲ့အထိ ဖွင့်မရခဲ့တာမျိုးကြုံခဲ့ရင် အောက်ပါတိုင်းလုပ်ကြည့်ပါ။
နည်း (၁)
Local Diskတွေကိုဖွင့်လိုက ၄င်း Drive၏ နံပါတ် - ဥပမာ [C:, D:, E:,..]ကို Run၏ Open boxတွင် C:, D:, E:,..တစ်ခုခုဖြင့် ရိုက်ထည့်၍ Enterခေါက်ပြီး ဖွင့်နိုင်ပါသည်။

နည်း (၂)
My Computerကို ဖွင့်ပြီး Address boxတွင် C:, D:, E:,..တစ်ခုခုဖြင့် ရိုက်ထည့်၍ Enter ခေါက်ပြီး ဖွင့်နိုင်ပါသည်။

ဒါကတော့ ပြသနာ မဖြေရှင်းဘဲနဲ့ ဖွင့်နိုင်တဲ့နည်းပါ။

How this problems solved...

ဒီပြသနာကို ဖြေရှင်းနိုင်တဲ့ နည်းလမ်း (၂)မျိုးရှိပါတယ်။ တစ်နည်းက Registeryထဲဝင်ပြီး ဖြေရှင်းနိုင်ပြီး နောက်တစ်နည်းက Cmd, Command Promptထဲမှာ ၀င်ပြီး Commandထည့်၍ ဖြေရှင်းနိုင်ပါသည်။ ဒီမှာ Registeryထဲကို ၀င်ပြီး ဖြေရှင်းတဲ့နည်းကို တင်ပြလိုပေမယ့် အမှားများလုပ်မိမှာစိုးလို့ မတင်ပြလိုပါ။

ဦးစွာ..
၁။ Start menu > Run > Type "CMD" or "Command" > Enter
၂။ Command Promptထဲတွင် C:\> အထိရောက်အောင်ခေါ်ပါ။ ခေါ်ရန် cd.. ကို ရိုက်ထည့်၍ Enterခေါက်ပါ။ များသောအားဖြင့် နှစ်ခါ ရိုက်ထည့်ရမည်ဖြစ်သည်။

၃။
Local Disk C:အတွက်
c:\> attrib -r -s -h autorun.inf
c:\> del autorun.inf
Local Disk D:အတွက်
d:\> attrib -r -s -h autorun.inf
d:\> del autorun.inf
Drive E:အတွက်
e:\> attrib -r -s -h autorun.inf
e:\> del autorun.inf

စသည်ဖြင့် Driveအလိုက်လုပ်ပါ။ အထက်ပါ လုပ်ဆောင်ချက်သည် Autorun.inf fileကို Deleteလုပ်တဲ့ သဘောပါ။

၎။ ထို့နောက် PCကို Restartလုပ်ပါ။
၅။ PC ပြန်တက်လာသောအခါ အောက်ပါ Commandကို ရိုက်ထည့်ပါ။ ရိုက်ထည့်ရန်

-Open Start menu> Run and type "regsvr32 /i shell32.dll"

မှတ်ချက်။ ။ 2 / အကြားတွင် Space တစ်ခါပါသည်။ i sh အကြားတွင် Space တစ်ခါပါသည်။

၆။ ရိုက်ထည့်ပြီး Okနှိပ်ပါ။
၇။ ထို့နောက် အောက်ပါ Message boxတစ်ခုထွက်လာမည်။

DllRegisterServer and DllInstall in shell32.dll succeeded

၈။ အောင်မြင်သွားပါပြီ။

မှတ်ချက်။ ။ တစ်ခါတလေ အဆင့် (၃)နှင့် (၄)ဖြင့် အလုပ်ပြတ်နိုင်ပါသည်။ ဖြစ်နိုင်ပါက အဆင့်တိုင်း လုပ်ဆောင်ပါရန် အကြံပေးလိုပါသည်။


                                                                                       Ref: Saw Lin Net

Facebook လုံခြုံရေးနှင့် ပတ်သက်ပြီး သိသင့်တဲ့ မေးခွန်းငါးခု


                                          
သိပ်မကြာခင်အပတ်က ဝေါလ်စထရီဂျာနယ်မှာ Facebook Application တွေနဲ့ပတ်သက်လို့ ဆောင်းပါးတစ်ပုဒ်ပါဝင်လာခဲ့ပါတယ်။
ဒီဆောင်းပါးရဲ့အဆိုအရတော့ Facebook ရဲ့ third-party developer တွေဟာ ၎င်းတို့ရဲ့ App တွေကတစ်ဆင့် user တွေရဲ့ပုဂ္ဂိုလ်ရေးအချက်အလက်ဒေတာတွေကို တရားမ၀င်ရယူသုံးစွဲနေကြတယ်လို့ ဖော်ပြပါရှိပါတယ်။ အဲဒါဟာအမှန်ဆိုရင်တော့ facebook ဟာ user တွေ ရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာလုံခြုံမှု privacy ကိုချိုးဖောက်နေတာပါပဲ။ ဒါပေမဲ့ အဲဒါတကယ်ရောဟုတ်ပါ့မလား။ ဒါ့ကြောင့် နည်းပညာလောကရဲ့ ကျွမ်းကျင်သူပညာရှင်တွေနဲ့ မေးမြန်းပြီး၊ Facebook ရဲ့အကြောင်း ၎င်းရဲ့ Application တွေအကြောင်း၊ User တို့ရဲ့ ကိုယ်ရေးကိုယ်တာ လုံခြုံမှုအပိုင်းတွေကိုပါ အများသိရှိရအောင် အမေးအဖြေပုံစံနဲ့ ပြန်လည်တင်ပြခဲ့ပါတယ်။

Q - Facebook ပေါ်က thirdparty app တွေဟာကိုယ့်ရဲ့ ကိုယ်ရေးအချက်အလက်တွေကို တကယ်ပဲ ရယူချိတ်ဆက်နိုင်ပါသလား။
A - အများစုက အဲသလိုလုပ်နိုင်ပါတယ်။ ဒါပေမဲ့အဲဒါက သင်က သူတို့ကိုခွင့်ပြုချက် permission ပေးမှလုပ်နိုင်ကြတာပါ။ Connect with Facebook ဆိုတဲ့ခလုတ်ကို သင်က ကလစ်ခေါက်မယ်။ ပြီးတော့ဘယ်လို information တွေကို သင်ရဲ့စာမျက်နှာကနေ လွှဲပေးနေတယ်ဆိုတာမသိရင်တော့ အဲဒီလိုရယူသွားစေနိုင်မှာပါပဲ။ ဒါ့ကြောင့်သင်က ကိုယ့်ရဲ့သတင်းအချက်အလက်တွေကို ဘယ်သူက access လုပ်နေတယ်ဆိုတာ သတိထားစဉ်းစားမှာပါ။

Q - ပြီးခဲ့တဲ့အပတ်က ဝေါလ်စထရီဂျာနယ်မှာဖြစ်ခဲ့တဲ့ကိစ္စက ဘာကြောင့်ဖြစ်တာပါလဲ။
A - ဝေါလ်စထရီဂျာနယ်ကတော့ သူတို့တွေ့ခဲ့တဲ့ကိစ္စကို “ဖေ့စ်ဘွတ်ခ်ပုဂ္ဂိုလ်ရေးအချက်အလက်များ ချိုးဖောက်ခံရမှု (Facebook privacy breach)” လို့ခေါ်ထားတယ်။ ဒါပေမဲ့ဒီကိစ္စကို အဲဒီလိုကြီး ခေါင်းစဉ်တပ်လို့တော့မရပါဘူး။ ဘာ့ကြောင့်လဲဆိုတော့ Facebook မှာအဲဒီလိုဖောက်ခံရတာ ပေါက်ကြားသွားနိုင်တဲ့ ယိုပေါက်ရှိတာမျိုး တစ်ခါမှမဖြစ်ခဲ့လို့ပါ။ “ချိုးဖောက်ခံရတယ်” လို့ပြောတာဟာ အမှန်ကတော့ user တစ်ချို့ရဲ့ Information တွေဟာ Facebook နဲ့ချိတ်ဆက် sync up လုပ်ထားတဲ့ third-party application တွေဆီ လွှဲပြောင်းရောက်သွားလို့ပါ။ အဲဒီထဲမှာ user ID နံပါတ်တွေ (အဲဒါက User တစ်ဦးစီရဲ့ profile ကိုရှာလို့ရတယ်လေ)။ ပြီးတော့ အဲဒီထဲမှာပါဝင်တဲ့ Public information တွေစသဖြင့် အဖွဲ့ဝင် member တွေရဲ့အများ Public ရှေ့တင်ထားတဲ့ information တွေသာဖြစ်ပါတယ်။ ဂျာနယ်ရဲ့ဆောင်းပါးမှာပါတာကတော့ app developer တွေဟာ အဲဒီ user ID နံပါတ်တွေကို တခြားကုမ္ပဏီတွေဆီလွှဲပြောင်းပေးတာ၊ ရောင်းချလိုက်တာတွေ လုပ်နေတယ်လို့ ဖော်ပြထားတယ်။ ဒါပေမဲ့ အဲဒီပြင်ပကုမ္ပဏီတွေဆိုတာက ဒေတာစုဆောင်းတဲ့ကုမ္ပဏီတွေ သို့မဟုတ် ကြော်ငြာကုမ္ပဏီတွေဖြစ်ပြီး သူတို့ရဲ့ database တွေမှာ Facebook Profile data တွေကို သူတို့အလွယ်လုပ်နိုင်ဖို့ စုဆောင်းကြတာသာ ဖြစ်ပါတယ်။ ဒါမျိုးက တကယ့်ပြဿနာတော့မဟုတ်ပါဘူး။ Facebook ဟာယခင်ကတည်းက ၎င်းရဲ့ user ID နံပါတ်တွေကို တလွဲသုံးလို့မရအောင် ကာကွယ်ထားပြီးသားပါ။ ဒါ့ကြောင့် ကိုယ်ရေးအချက်အလက်တွေ ချိုးဖောက်ခံရတာမျိုးဖြစ်ဖို့ မလွယ်ပါဘူး။ Facebook developer blog တစ်ခုမှာလည်း “ကျွန်ုပ်တို့ရဲ့ပေါ်လစီကတော့ user data တွေကို ကာကွယ်ထားတယ်ဆိုတာ အလွန်ရှင်းလင်းပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ကမှ user information တွေကိုသဘောတူညီချက်မရဘဲ access လုပ်လို့မရပါဘူး။ ဒါ့အပြင်ဒီလို user တွေ ရဲ့အခွင့်အရေး၊ လုံခြုံမှုကိုချိုးဖောက်တဲ့ application မှန်သမျှကိုလည်း ဖြတ်တောက်တာ၊ ပိတ်ပစ်တာမျိုးပဲလုပ်ဖို့ ကျွန်တော်တို့ အခိုင်အမာ ဥပဒေပြဋ္ဌာန်းပြီးသားပါ” လို့ဖော်ပြထားပါတယ်။

Q - Facebook ဟာဒီလိုမျိုး user data တွေကို ကြားခံ third-party developer တွေကချိုးဖောက်တာကို အမြတ်ထုတ်တာကို တကယ်ပဲတိုက်ပွဲဝင်နေတာလား။
A - Facebook ဟာနာမည်ကြီး developer တွေကိုတောင်မှ ဒီလိုမျိုးပေါ်လစီနဲ့မကိုက်ညီလို့ block လုပ်ခဲ့တာတွေ သမိုင်းမှာ အများကြီးရှိဖူးပါတယ်။ တစ်ခါတုန်းကဆို developer တစ်ဦးဟာ Facebook widget တွေထုတ်တဲ့နာမည်ကြီး Slide ကုမ္ပဏီကထုတ်တဲ့ Top Friends app မှာလုံခြုံရေးကုမ္ပဏီ Sophos က ပညာရှင်ချတ်ဝစ်စနီယူးစကီးကလည်း “Facebook ဟာယခင်ကတည်းက ဒီလိုပြဿနာ တွေကိုသိထားပြီးသားမို့ privacy policy ကိုပြဋ္ဌာန်းပြီး လုံခြုံရေးကောင်းအောင်လုပ်ခဲ့သလို၊ app ထုတ်လုပ်ရေးကုမ္ပဏီတွေကိုလည်း အဲဒီလိုမရိုးမသားမလုပ်နိုင်အောင် သေသေချာချာ သတိပေးထားပြီးသားပါ” လို့ပြောပါတယ်။

Q - ဒါဆိုကျွန်ုပ်တို့ user တွေဟာthird-party app တွေနဲ့ဒေတာ share မိတာမျိုးမဖြစ်အောင် ဘယ်လိုအကောင်းဆုံးထိန်းချုပ်နိုင်မလဲ။
A - သင်ဟာ Super Poke app ကိုနောက်ထပ်မသုံးတော့ဘူးဆိုရင် ဘာ့ကြောင့်သင့်ရဲ့ဒေတာတွေကို access လုပ်ဖို့ ဆက်ခွင့်ပြုနေတော့မှာလဲ။ ဒါမျိုးကိုဆိုရင် သင်ဟာ Facebook က ယမန်နှစ်က စလုပ်ပေးခဲ့တဲ့ အကောင်းဆုံးထုတ်ကုန်တစ်ခုလည်းဖြစ်တဲ့ application dashboard မှာ ရှာဖွေလုပ်ဆောင်နိုင်ပါတယ်။ ဒါဟာ Facebook ပေါ်မှာအလွယ်တကူ access လုပ်လို့ရတဲ့ Feature တော့မဟုတ်ဘူးပေါ့။ သင်ဟာ Facebook စာမျက်နှာရဲ့ အပေါ်ညာဘက်ထောင့်က Account menu ကိုသွားပြီး၊ privacy setting မှာရွေးချယ်ရပါမယ်။ အဲဒီနောက်အဲဒါ Loading ၀င်တာနဲ့ Application and Websites Link က ဘယ်ဘက်ထောင့်အောက်ခြေမှာ ပေါ်လာပါမယ်။ သင်ဟာဒီလိုနည်းမျိုးနဲ့ ကိုယ့်ရဲ့ app dashboard ကို ပုံမှန်စစ်ဆေးနေသင့်ပါတယ်။

Q - ဒါမျိုးကိုအခြား online နဲ့ offline ကုမ္ပဏီတွေကလုပ်တာနဲ့ နှိုင်းယှဉ်ရင်ရော ဘယ်လိုရှိမလဲ။ သူတို့ကရော ကျွန်ုပ်တို့ရဲ့ကိုယ်ရေးအချက်အလက်တွေယူပြီး ရောင်းစားတာမျိုးကို သိနိုင်ပါ့မလား။
A - အဲဒါကိုဖြေရရင်တော့ Farm-Ville ဂိမ်းနဲ့နမူနာပေးရမယ်။ အမှန်ပြောရရင်တော့ Facebook app အများစုဟာ FarmVille နဲ့ သင်ပတ်သက်သမျှထဲက သင့်ရဲ့ဒေတာတွေကို FarmVille ကသိတာထက်တောင် အများကြီးပါသိနိုင်သလို၊ သင့်ကိုယ်ရေးအချက်တချို့ကိုလည်း လွှဲပြောင်းရောင်းစားကောင်း ရောင်းစားနိုင်တယ်။ ဒါပေမဲ့သင်ဟာ ယနေ့ခေတ်မော်ဒန်စားသုံးသူ စီးပွားရေးဖြစ်စဉ်မှာ အဖွဲ့ဝင်တစ်ဦးအနေနဲ့ ပါဝင်နေတာကိုတွက်မိရင်ဒီလောက် ကိုယ်ရေးအချက်တွေဖြစ်တဲ့ နာမည်တို့၊ အသက်တို့၊ လူမျိုး၊ အသားအ ရောင်စတဲ့အချက်အလက် တွေကိုသူများက သိသွားတာမအံ့သြပါနဲ့။ ခရက်ဒစ်ကုမ္ပဏီတွေ၊ အွန်လိုင်း retailer program တွေ၊ အွန်လိုင်း ခရီးသွားဘွတ်ကင်ဆိုက်တွေမှာ သင်ဟာကိုယ့်ရဲ့အချက်အလက်တွေ ဖြည့်နေရ၊ Share လုပ်နေရတာမဟုတ်လား။ Facebook app တွေက သင့်ရဲ့အချက်အလက်တွေ ရထားတယ်ဆိုတာ အနည်းငယ်ပါ။ အွန်လိုင်းဥပဒေဆိုင်ရာ အတိုင်ပင်ခံကုမ္ပဏီ Fox Rothschild ကကျွမ်းကျင်သူ စကော့တ်ဗားနစ်စ် ကတော့ ဒီလိုပြောထားပါတယ်။ “ဘယ်အချိန်ပဲဖြစ်ဖြစ် သင်ဟာအလိုရှိလာရင် အင်တာနက်ပေါ်တက်ပြီး ဟိုတယ်ဆိုက်တွေ၊ ရောင်းဝယ်ရေးဆိုက်တွေမှာ ကိုယ့်ရဲ့နာမည်၊ လိပ်စာ၊ အီးမေးလ်လိပ်စာ၊ နေရပ် စသဖြင့် အချက်အလက် information တွေဖြည့်နေရတာပဲမဟုတ်လား။ ဒါတွေကိုသင်က ဂရုတစိုက်နဲ့ဖြည့်ထားမယ်။ ပြီးတော့လုံခြုံစွာပြန်ထွက် log out လုပ်ထားမယ်ဆိုရင် ဘယ်သူကသင့် information တွေကို ယူပြီးရောင်းစားတာ၊ ကြော်ငြာတာတွေလုပ်လို့ရမှာလဲ” လို့သူကပြောပါတယ်။ သင်ဟာ FarmVille မှာ Profile ကိုဖြည့်ရရင် သူပေးထားတဲ့အတိုင်း အပြည့်အ၀အတိအကျလိုက်နာပြီး ဖြည့်စရာမှမလိုတာ။ ဒါ့ကြောင့် သင့်လုံခြုံရေးကို သိပ်ပြီးစိုးရိမ်စရာမလိုပါဘူး။

                                  Ref: Understanding what Facebook apps reall Know (FAQ)
                                  ရေးသားသူ -  ဆန်းသော်တာ

Gtalk ကဲ့သို့ အသုံးပြုနိုင်မည့် Mtalk

မြန်မာနိုင်ငံ၏ပထမဆုံးသော အွန်လိုင်းမှပြည်တွင်း၊ ပြည်ပဖုန်းခေါ်ဆိုခြင်း၊ အီးမေးလ်၊ ချက်တင် အသုံးပြုခြင်းများကို ၀န်ဆောင်မှုပေးမည့် Mtalk ဆားဗစ်ကို မကြာမီကာလအတွင်း အများပြည်သူသို့ စတင်သုံးစွဲခွင့်ပေးမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါဝန်ဆောင်မှုအား ပြည်တွင်းမှနည်းပညာကုမ္ပဏီတစ်ခုဖြစ်သော Myanmar Technology Gateway မှဆောင်ရွက်လျက်ရှိကြောင်းသိရသည်။ Mtalk ဆားဗစ်မှာ မြန်မာပြည်တွင်း၌လူသုံးများလျက်ရှိသော Gtalk နှင့် Pfingo ကဲ့သို့ ၀န်ဆောင်မှုများအတိုင်း ၀န်ဆောင်မှုပေးမည်ဖြစ်ကြောင်းသိရသည်။ “ Mtalk ဆားဗစ်ကို စပြီးအကောင်အထည်ဖော်ခဲ့တာကြာပါပြီ။ အဓိကရည်ရွယ်ချက်ကတော့ ပြည်တွင်းမှာရှိတဲ့သူတွေအနေနဲ့ နိုင်ငံတကာသို့ အွန်လိုင်းပေါ်ကနေဖုန်းခေါ်တာတို့၊ chatting လုပ်တာတွေကို ပြည်တွင်းကနေ ၀န်ဆောင်မှုပေးချင်တာကြောင့်ဖြစ်ပါတယ်။ နောက်ထပ် ၂လ၊ ၃လအတွင်းလောက်မှာ Pfingo လိုမျိုးအကောင့်ရှိရုံနဲ့ ပြည်တွင်းရော၊ ပြည်ပရော အွန်လိုင်းကနေ ဖုန်းခေါ်ပြောဆိုနိုင်မဲ့ဝန်ဆောင်မှုကို စတင်တော့မှာဖြစ်ပါတယ်” ဟု Myanmer Technology Gateway မှ တာဝန်ရှိသူ ဦးအောင်ကျော်စိုးဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။ လက်ရှိအချိန်တွင် Mtalk Application အားစတင်သုံးစွဲရန် Download လုပ်ခွင့်ပေးထားပြီး သုံးစွဲသူ၏အမည်နောက်တစ်ခုနှင့် email Chatting အသုံးပြုနိုင်ကြောင်းသိရသည်။ Mtalk ၏၀န်ဆောင်မှုတွင် ထူးခြားချက်မှာ Mtalk အသုံးပြု သူများသည် Gtalk အသုံးပြုသူများကိုပါဖိတ်ခေါ်၍ပြောဆိုနိုင်ခြင်း၊ Mtalk မှတဆင့် နိုင်ငံတကာဖုန်းများကို တိုက်ရိုက်ခေါ်ဆိုနိုင်သည့် ၀န်ဆောင်မှုများကိုပေးသွားမည်ဖြစ်ကြောင်း သိရသည်။ “ လတ်တလောမှာအီးမေးလ်နဲ့ chatting ကိုအခမဲ့သုံးခွင့်ပေးမယ်၊ VOIP ကိုစမ်းသုံးခွင့်ပေးမယ်၊ အွန်လိုင်းပေါ်ကနေ ဖုန်းခေါ်ဆိုတဲ့စနစ်အတွက်ကိုတော့ ငွေပေးသွင်းတဲ့စနစ်နဲ့ စီစဉ်ထားပါတယ်။ လောလောဆယ်ကတော့ ဘယ်လောက် ပေးသွင်းရမယ်ဆိုတာကို မသတ်မှတ်ရသေးပါဘူး” ဟုတာဝန်ရှိသူဦးဇော်မင်းဦးက အင်တာနက်ဂျာနယ်သို့ပြောသည်။ ယင်းကုမ္ပဏီ၏ Mtalk အတွက် အသုံးပြုသည့်ဆာဗာမှာ ပြည်တွင်း၌ပင်ရယူထားကြောင်းသိရသည်။

                                                                                   Ref: Myanmar Internet Journal

Scan Disk အကြောင်းသိကောင်းစရာ

Scan Disk သည် Windows Utilities tools တွေထဲက တစ်ခု ဖြစ်ပါတယ်။ Hard Disk ပေါ်မှာ ဖြစ်ပေါ်နေတဲ့error တွေ problem တွေ မှန်သမျှကို စစ်ဆေးပေးပါတယ်။ ပြန်ပြင်ဖို့ဖြစ်နိုင်တဲ့ error တွေကိုပြုပြင်ပေးပါတယ်။ စစ်လို့ရသမျှ ပြဿနာတွေကို  မဖြေရှင်းနိုင်ဘူးဆိုလျင်တောင် Hard disk မှာပြဿနာတွေ ရှိနေပြီဆိုတာ ဖော်ပြပေးပါတယ်။Scan Disk လုပ်လိုက်ခြင်းအားဖြင့် Bad sector ဖြစ်နေတာတွေ၊ Cluster ပျောက်နေတာတွေ၊ Fileတည်နေရာလွဲနေတာတွေကို ပြန်ပြင်ပေးပါလိမ့်မယ်။Scan Disk လုပ်တော့မယ်ဆိုလျင် အဓိက အချက်က administrator နဲ့ logon ၀င်ထားရမှာ ဖြစ်ပါတယ်။ကိုယ်စစ်မယ့် Disk ရဲ့ အရွယ်အစား၊ သူ့ထဲမှာရှိတဲ့ Data ပမာဏ၊ System ထဲမှာရှိတဲ့ Processor နဲ့Memory စသည်တို့ အပေါ်မှာ မူတည်ပြီး Scan disk run တဲ့ အချိန်တွေကွာသွားပါတယ်။Scan Disk စစ်နေတုန်းမှာ  ကိုယ်ကစစ်နေတဲ့ Drive ထဲက File တစ်ခုကို ဖွင့်ထားမယ်ဆိုလျင် Scan diskက ဆက်ပြီး အလုပ်လုပ်တော့မှာ  မဟုတ်ပါဘူး။ပထမဦးဆုံး My computer ကို Double click ခေါက်ပြီး ဖွင့်လိုက်ပါ။ ကွန်ပျူတာထဲမှာရှိတဲ့ Hard Disk ရဲ့partition တွေကို မြင်ရပါလိမ့်မယ်။ကိုယ်စစ်ချင်တဲ့ Drive ကို Right click ခေါက်ပြီး  Properties ကိုသွားပါ။ ပေါ်လာတဲ့ box ထဲက Tools Tabထဲကို သွားပါ။Tools Tab ရဲ့ အပေါ်ဆုံးအကွက်မှာ error checking လို့ ရေးထားတဲ့ နေရာလေး တွေ့မှာပါ။ ဒီvolumeမှာ error တွေ စစ်ပေးပါမယ်လို့လည်း ရေးထားခြင်းဖြစ်ပါတယ်။ error checking အကွက်ရဲ့အောက်ခြေညာထောင့်က check now လို့ရေးထားတဲ့ button လေးကို နှိပ်လိုက်ပါ။ check disk optionbox လေး ပေါ်လာပါလိမ့်မယ်။ဒီ box မှာ  check box လေးနှစ်ခု ပါပါတယ်။ Automatically fix file system errors ဆိုတဲ့ check boxလေးကို  on ပေးခဲ့ရမယ်ဆိုလျင်တော့ File တွေကို စိစစ်ပြီးတော့ နေရာတကျ fix လုပ်ပေးသွားပါလိမ့်မယ်။bad sector ကိုစစ်ပြီးတော့ recover လုပ်ချင်တယ်ဆိုလျင်တော့ Scan for and attempt recovery ofbad sectors ဆိုတဲ့ check box လေးကို on ပေးရပါမယ်။ check box နှစ်ခုလုံးကို on ပေးခဲ့လျင်တော့အထက်ပါလုပ်ငန်းစဉ် နှစ်ခုစလုံးကို လုပ်ဆောင်သွားမှာ ဖြစ်ပါတယ်။ပြီးရင် start ကို click နှိပ်လိုက်ပါ။ phase တစ်ခုချင်း check လုပ်ပါလိမ့်မယ်။ Scan Disk မလုပ်မီ file တွေapplication တွေကို ပိတ်ထားခဲ့ရပါတယ်။ လက်ရှိအသုံးပြုနေဆဲ windows ရှိနေတဲ့အပိုင်းကို  Scan Diskလုပ်မယ်ဆိုလျင်တော့ Restart လုပ်ပေးပြီး စစ်ရပါလိမ့်မယ်။ Restart ပြန်တက်လာပြီး Log onမ၀င်မီအချိန်မှာ Scan Disk လုပ်ငန်းစဉ်ကို လုပ်ဆောင်သွားပါလိမ့်မယ်။အကယ်၍ Hard Disk သည် NTFS File System နဲ့ Format ချထားခဲ့မယ်ဆိုလျင် File တွေ နေရာပြန်ချတာမျိုး၊ မကောင်းတဲ့ Cluster တွေကို ပြန်အစားထိုးတာမျိုး မရှိမဖြစ်လိုအပ်တဲ့ Information တွေကိုCopy လုပ်ပြီး သိမ်းထားပေးတာမျိုးစတာတွေကို windows ကနေ အလိုအလျောက် လုပ်ပေးပါလိမ့်မယ်။Scan Disk စစ်ဆေးတာကို windows ထဲကနေ မဟုတ်ဘဲ Third Parties software တွေနဲ့လည်းစစ်လို့ရပါတယ်။ ဥပမာ-Norton Disk Doctor လို့ဟာမျိုး ဖြစ်ပါတယ်။ 


                                                                                           Ref: နေရိုင်း

ကွန်ပျူတာ Hardware အခြေခံ သဘောတရားများ



                                           
ကွန်ပျူတာအမျိုးအစားများ
ကွန်ပျူတာရဲ့ စွမ်းဆောင်နိုင်တဲ့ အမြန်နှုန်းနဲ့ ချိတ်ဆက်အသုံးပြုနိုင်တဲ့ terminal အရေအတွက်အပေါ် မူတည်ပြီး အကြမ်းအားဖြင့် (၄) မျိုးခွဲခြားထားပါတယ်။
1. Super Computer - အလွန်မြင့်မားတဲ့ စွမ်းဆောင်နိုင်မှုရှိပါတယ်။ Super Computer တွေကို သိပ္ပံဆိုင်ရာ လုပ်ငန်းတွေဖြစ်တဲ့ ရာသီဥတုခန့်မှန်းခြင်း၊ ဆေးသုတေသနပြုလုပ်ခြင်း စတဲ့လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။
2. Mainframe Computer - Mainframe Computer ကို အဖွဲ့အစည်းကြီးတွေမှာ data တွေကို ဗဟိုတွက်ချက်မှု ပြုလုပ်ပေးဖို့အတွက် အသုံးပြုပါတယ်။ ဘဏ်၊ လေကြောင်းလိုင်း၊ အာမခံလုပ်ငန်း၊ စာပို့လုပ်ငန်း၊ တက္ကသိုလ် နဲ့ အကောက်ခွန်လုပ်ငန်းတွေမှာ အသုံးပြုပါတယ်။
3. Mini Computer - Mainframe Computer ထက် ချိတ်ဆက်နိုင်တဲ့ terminal အရေအတွက်နဲ့ စွမ်းဆောင်နိုင်မှု နည်းပါးပါတယ်။ ကွန်ပျူတာနဲ့ တွက်ချက်လုပ်ဆောင်ရတဲ့ လုပ်ငန်းနယ်ပယ်အသီးသီမှာ အသုံးပြုပါတယ်။
4. Micro Computer (Personal Computer PC) - သူတို့ကိုတော့ Network တစ်ခုဆီကိုချိတ်ဆက်ပြီး terminal အဖြစ်သုံးခြင်းဖြင့် Personal Computer နဲ့ Workstation အဖြစ်အသုံးပြုပါတယ်။ Micro Computer တွေကို အိမ်၊ ကျောင်း၊ ရုံးနဲ့ စီးပွားရေးအဖွဲ့အစည်းတွေမှာ ကျယ်ပြန်စွာအသုံးပြုပါတယ်။ အများအားဖြင့်တော့ တစ်ဦးချင်းသုံးရတဲ့စနစ်ဖြစ်ပါတယ်။ Personal Computer တွေကို အရွယ်အစား ပမာဏအပေါ်မူတည်ပြီးတော့ အမျိုးအစားထပ်ခွဲထားပါသေးတယ်။
(1) Desktops
(2) Laptops
(3) Notebooks
(4) Pocket PC or Hand Held PC
(5) Palmtops ( Screen ပေါ်တွင် pen ဖြင့်ရေးသား၍ data များကို ထည့်သွင်းနိုင်သည်။)
ကျွန်တော်တို့ အများဆုံးအသုံးပြုနေကြတာကတော့ Micro Computer တွေထဲက အမျိုးအစားတွေ ဖြစ်ပါတယ်။ အများအားဖြင့်တော့ Desktop တွေပဲ အသုံးပြုကြတာများပါတယ်။ PC Computer များကို တပ်ဆင် အသုံးပြုရာတွင် (၂) မျိုးခွဲ၍ ခေါ်ဆိုနိုင်ပါတယ်။ Branded Compter နဲ့ Clone Computer ဆိုပြီး ခေါ်ဆိုကြပါတယ်။
Branded Computer တွေမှာ Monitor ၊ System Unit ၊ Keyboard ၊ Mouse စသည့် ပစ္စည်းတိုင်းမှာ ၄င်းတို့ရဲ့ Company အမှတ်တံဆိပ် တပ်ထားတာဖြစ်ပါတယ်။ Branded Computer များဟာ ၄င်းတို့ Computer မှာ ပါဝင်တဲ့ အစိတ်အပိုင်း အားလုံးကို ၄င်းတို့ Company က ထုတ်လုပ်တာ မဟုတ်ဘဲ Clone Computer တွေအတိုင်း အခြား Company တွေက ထုတ်လုပ်တာပဲ ဖြစ်ပါတယ်။ သို့သော် ၄င်းတို့ သုံးစွဲသော ပစ္စည်းတိုင်းပေါ်တွင် ၄င်းတို့၏ Branded တံဆိပ် ထပ်မံတပ်ထားခြင်းဖြင့် အရည်အသွေး ပိုမိုကောင်းမွန်ကြောင်းကို သိသာစေပါတယ်။ Branded ပစ္စည်းတိုင်းဟာ Clone တွေထက် ပိုကောင်းပြီး၊ အသစ်ဆိုရင် ဈေးနှုန်းနှစ်ဆနီးပါး ပိုကြီးပါတယ်။ထင်ရှားတဲ့ Branded Computer တွေကတော့ Compaq, HP, Toshiba, Epson, Zenith, Ast, Dell တို့ဖြစ်ကြပါတယ်။ Compaq ကတော့ နာမည် အကြီးဆုံးနဲ့ လူကြိုက်အများဆုံးပါ။
Clone Computer တွေကတော့ Branded Computer တွေလို သီးခြားတံဆိပ် တပ်ဆင်ထားခြင်းမရှိဘဲ အဆင် ပြေသလို ပေါင်းစပ်တပ်ဆင်ထားတဲ့ Computer တွေကို ခေါ်တာဖြစ်ပါတယ်။ ကျွန်တော်တို့ အခုအများဆုံး အသုံးပြုနေတာ Clone Computer တွေပါ။
ကဲ ဒါဆိုရင် ၀ယ်ယူဖို့ ရွေးချယ်ရင် ဘယ်ကွန်ပျူတာမျိုးကို ရွေးမလဲ။ အသစ်ဝယ်ယူဖို့ ဆိုရင်တော့ ဈေးနှုန်းတစ်ဝက် သက်သာသွားတဲ့အတွက် ကျွန်တော်ကတော့ Clone Computer ကိုပဲသဘောကြတယ်။ အကောင်းဆုံး၊ အမြန်ဆုံး၊ အမာဆုံး ပစ္စည်းတွေကိုသာ တပ်ဆင်လိုက်မယ် ဆိုရင် Branded Computer တွေလိုပဲ သုံးလို့ကောင်းပါတယ်။ ဈေးလည်းသက်သာ ၊ ပစ္စည်းတစ်ခုခု ပျက်ရင်လည်း ပြင်ရတာ လွယ်တယ်။ သူများဆီက တစ်လက်ကျ (Second hand) ကွန်ပျူတာတွေကို ၀ယ်မယ်ဆိုရင်တော့ Branded Computer တွေကို ပိုပြီးသဘောကျပါတယ်။ ဘာလို့လည်းဆိုတော့ ဈေးနှုန်းသက်သာသွား လို့ပါဘဲ။ ဒါပေမယ့် Branded Computer ပဲဖြစ်ဖြစ် Clone Computer ပဲဖြစ်ဖြစ် ကွန်ပျူတာတစ်လုံး ဖွဲ့စည်းထားပုံနဲ့၊ အခြေခံ အလုပ်လုပ်ပုံခြင်းကတော့ အတူတူပါပဲ။
ကွန်ပျူတာတစ်လုံးတွင် အခြေခံအားဖြင့် အောက်ပါ အစိတ်အပိုင်းများ ပါဝင်ပါသည် ။
(1) Processor or Central Processing Unit (CPU)
(2) Motherboard (Main Board)
(3) Memory
(4) Hard Disk
(5) VGA Card
(6) CD/DVD Drive (R/RW)
(7) Keyboard
(8) Mouse
(9) Casing
(10) Monitor တို့ပါဝင်ပါသည် ။

                                                                                                 Ref: Internet


အချစ် သဘာဝ အချစ်


သူ့ကိုချစ်ရ ထိုကာလသည်
နေ့ညမခွဲ သူ့ကိုစွဲ၏.................

သူ့ကိုမုန်းမေ့ ထိုနောက်နေ့၌
မြင့်တွေ့စိတ်ထဲ သူ့ကိုမဲ၏.............

မချစ်မမုန်း ထိုစဉ်တုန်းက
ရွှင်ပြုံးချမ်းသာ ငါ့ကမ္ဘာသည်
ပျော်ရွှင်စရာ နေ့ရက်များထဲမှာသာ ရှိ၏.............။

                                             ထိုပလေပလှော်

ငါ့ကိုငါ ချွေတဲ့ဆုတောင်း


အိမ်မက်ရယ်...
နောက်တစ်ကြိမ်မက်ခွင့်ရှိမယ်ဆိုရင်
ကြိုတင်ပြင်ဆင်ခွင့်ရအောင်
ချစ်သူပုံရိပ်တွေအဖြစ်နဲ့
ဝင်ရောက်ခဲ့ပေးပါ...

ကြယ်ကြွေညတိုင်း
တောင်းဆုချွေပါတယ်...
ပြောခွင့်မရတဲ့ရင်ခွင်မှာ
နှလုံးသားမဖြစ်တည်ပါရစေနဲ့လို့....

မျှော်လင့်ခြင်းတွေထွေးပိုက်ပြီး
မင်းအနမ်းတွေအကြောင်း
ငါ့အတိတ်မှာ သမိုင်းတွေရေးမယ်....

မင်းနဲ့တွေ့တိုင်း   ighypööKyÜÜefawG
ေ၀၀ါးသွားတတ်ပြီ......

ကဲ...ကောင်မလေးရေ
ရင်ထဲက ခြေသံတွေကို
မင်းသိအောင်ဖွင့်ပြဖို့ဘဲ
ကျန်တော့တယ်..............။

                              လင်းခက်ပိုင်

နေခြည်နမ်းတဲ့လ

သူငယ်ချင်းဆိုတဲ့ အရာထက်
တခြားတစ်စုံတစ်ရာကို
ပိုမမက်မောခဲ့မိတာ
ငါပဲ အပြစ်ဖြစ်ခဲ့လား.....ဟင်


နင်က မှန်တစ်ချက်မဟုတ်ခဲ့တော့
ကိုယ်ပေးသလောက် ပြန်မရတဲ့အခါ
ရင်က ...
တဆတ်ဆတ်နာကျင်လာရတယ်......


အနာဂတ်မှာလည်း
နင့်ဥပေက္ခာတရားတွေနဲ့
ငါ ရင်ဆိုင်ရအုံးမယ်....


ဝဋ်ကြွေးလို့ သတ်မှတ်ရမယ်ဆိုရင်တောင်
ငါ့အတွက်ပေးဆပ်မှုက
လေးလံလွန်းပါရဲ့ဟာ....


ဒါပေမယ့်
မနက်ဖြန်ဆိုတာ ရှိနေသရွေ့
ငါ့ကို မျှော်လင့်တမ်းတခွင့်တော့ပေးပါနော်.....။


                                        နှင်းသံချို

Power DVD V11 Player နောက်ဆုံးထွက်လေးနော်

                                                                                       
ဒီ Power DVD Player လေးက လူသုံးများကြပါတယ်။အခု နောက်ဆုံးထွက်လေးမို့ တင်ပေးလိုက်ပါတယ်။
 ဒီ version လေးက blu-ray ကိုတောင်ဖွင့်လို့ရတယ်။ သုံးကြည့်လိုက်ပါအုံး။ ကြိုက်သွားမှာ သေချာတယ်။




Power DVD v11 Download

DreamLight.Photo.Editor.3.94 + Patch

                                                   
ကျွန်တော် DreamLight Photo Editor V.3.94  ဆိုတဲ့ဆော့ဝဲလေးတင်ပေးလိုက်ပါတယ်။ကျွန်တော်တို့ပုံတွေကိုစိတ်ကြိုက်
Colour  Design  လေးတွေပြင်ချင်တဲ့အခါမှာသုံးပါတယ်။ဒီကောင်လေးကတော့

ပုံတွေပြင်တဲ့  Tool တွေထဲမှာအသုံးပြုရတာအလွယ်ကူဆုံးပါပဲ...မိမိတို့စိတ်ကြိုက်  Design  လေးကိုရွေး၊ ပြီးရင်အရောင်လေးတွေကိုစိတ်ကြိုက်ပြင်ပေးယုံပါပဲ...အသုံးပြုရတာအရမ်းလွယ်ပါတယ်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management