Thursday 1 September 2011

ငါ့ကိုငါ ချွေတဲ့ဆုတောင်း


အိမ်မက်ရယ်...
နောက်တစ်ကြိမ်မက်ခွင့်ရှိမယ်ဆိုရင်
ကြိုတင်ပြင်ဆင်ခွင့်ရအောင်
ချစ်သူပုံရိပ်တွေအဖြစ်နဲ့
ဝင်ရောက်ခဲ့ပေးပါ...

ကြယ်ကြွေညတိုင်း
တောင်းဆုချွေပါတယ်...
ပြောခွင့်မရတဲ့ရင်ခွင်မှာ
နှလုံးသားမဖြစ်တည်ပါရစေနဲ့လို့....

မျှော်လင့်ခြင်းတွေထွေးပိုက်ပြီး
မင်းအနမ်းတွေအကြောင်း
ငါ့အတိတ်မှာ သမိုင်းတွေရေးမယ်....

မင်းနဲ့တွေ့တိုင်း   ighypööKyÜÜefawG
ေ၀၀ါးသွားတတ်ပြီ......

ကဲ...ကောင်မလေးရေ
ရင်ထဲက ခြေသံတွေကို
မင်းသိအောင်ဖွင့်ပြဖို့ဘဲ
ကျန်တော့တယ်..............။

                              လင်းခက်ပိုင်

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management