Thursday 25 August 2011
USB များကိုvirus စစ်ပေးမယ့်USB Disk Security
ဒီကောင်လေးကတော့USBအပေါက်ထိုးတာနဲ့virusရှိမရှိစစ်ပေးပါတယ်ရှိရင်ရက်ရက်စက်စက်သတ်ပစ်လိုက်ပေါ့..serial txt ပါပါတယ်....register လုပ်ရန်အတွက် information ကိုသွားပါ။ ပြီးရင် register ကိုနှိပ်ပေါ်လာတဲ့နေရာမှာ serial txt ထဲက Keyတွေကို ကော်ပီလုပ်ပြီးထည့်ပါ။လိုချင်ရင်ဒေါင်းလိုက်ပါ
USB Disk Security Download 
Google Talk
 ကျွန်တော်တို့ အင်တာနက်ကိုစတင်အသုံးပြုပြီဆိုထဲက G-talk ကိုတော့လူတိုင်းသုံးကြမှာပါ။စကားပြောချင် တာပဲဖြစ်ဖြစ်၊ စာနဲ့အဆက်သွယ်လုပ် ချင်တာပဲဖြစ်ဖြစ် အသုံးပြုကြပါတယ်။ကဲ လိုချင်ရင်ပေါ့ ဒေါင်းဗျာ။
Google Talk Download 
WinRAR အသုံးပြုခြင်းအကြောင်း
ကျွန်တော်ဒီနေ့တော့ နာမည်ကြီး Software တစ်ခုဖြစ်တဲ့ Winrar အသုံးဝင်ပုံလေးကိုပြောပြချင်ပါတယ်။ သိပြီးသားသူတွေလဲရှိမှာပါ။ မသိသေးသူတွေအတွက် ရည်ရွယ်ပါတယ်ခင်ဗျာ။
Winrar ဖြင့်ဖိုင်ချုံ့ခြင်း
           ဒါလေးကတော့အားလုံးပဲလုပ်တက်မယ်လို့ထင်ပါတယ်။ ကျွန်တော်တို့ချုံ့ချင်တဲ့ဖိုင်ကို Right Click ထောက်လိုက်ပါ။အောက်ကပုံလေးအတိုင်းမြင်ရပါလိမ့်မယ်။
            Add to Archive ဆိုတာလေးကိုနှိပ်လိုက်တာနဲ့ Archie name and parameters ဘောက်လေး ကျလာပါမယ်။အဲ့ဒီဘောက်ထဲမှာ Profiles ရဲ့အောက်မှာ RAR နဲ့ချုံ့ မှာလား၊ ZIP နဲ့ချုံ့မှာလား၊ ကြိုက်တာရွေးလို့ရပါတယ်။
            ဒီနေရာမှာပြောစရာရှိတာကတော့ Winrar မှာ RAR နဲ့ ZIP ဆိုပြီးနှစ်မျိုးသုံးလို့ရပါတယ်။ ဘာကွာဟချက်ရှိလည်း ဆိုတော့နေရာတစ်ခုမှာ Upload တင်မယ်ဆိုရင် Forder လိုက်တင်ပေးလို့ မရပါဘူး။ မေးလ်ထဲကပဲ folder တစ်ခုကိုပို့မယ်ဆိုပါစို့ .......မိမိပို့ချင်တဲ့ဖိုင်ကိုဒီတိုင်းပို့လို့မရပါဘူး။ ZIP သို့မဟုတ် RAR နဲ့ချုံ့ပြီးမှ ပို့လို့ရပါတယ်။ အဲ့ဒီအတွက်ဘာSoftware မှမသုံးပဲဖွင့်လို့ရအောင်ပို့ချင်တယ် ဆိုရင်တော့ Zip ကိုသုံးလို့ရပါတယ်။ Zip နဲ့ချုံ့ ထားတာဆိုရင် Winrar လို Zip ဖြည်စရာ Software မရှိလည်းဒီတိုင်းဖွင့်လို့ရမှာဖြစ်ပါတယ်။ ဖိုင်ဆိုဒ်တော့သိသိသာသာလျော့ကျသွားမှာမဟုတ်ပါဘူး...။
           RAR ကျတော့ Zip ထက် ဖိုင်ဆိုဒ်ကိုပိုချုံ့ပေးပါတယ်။ RAR နဲ့ချုံ့ခဲ့တယ်ဆိုရင်တော့ Winrar Software မရှိပဲ ဖွင့်လို့မရပါဘူး။RAR ကိုပဲအသုံးများကြပါတယ်။RAR ကိုပဲသုံးမယ်ဆိုရင်တော့ Add to Archive ကိုသုံးစရာမလိုပါဘူး။ "Add to ......rar"ဆိုတာလေးကိုအသုံးပြုရုံပါပဲ။အောက်က Compress to "..... rar " and email ဆိုတာလေးကတော့ ချုံ့ပြီးတာနဲ့ email နဲ့ပို့ပေးဖို့ဖြစ်ပါတယ်။
ချုံ့ထားတာကိုပြန်ဖြေမယ်
         ကျွန်တော်တို့ချုံ့ထားတာလေးတွေကိုပြန်ဖြေမယ်ဆိုရင်တော့ RAR ဖိုင်လေးကို Right Click ထောက်လိုက်ပါ။ အပေါ်ဆုံးက Extract files.. လေးကိုနှိပ်လိုက်ရင်တော့အဲ့ဒီဖိုင်အတွက် option တွေထပ်ပေါ်လာပါလိမ့်မယ်။ Extract Here ဆိုတာကိုနှိပ်ရင်တော့ ကျွန်တောတို့ချုံ့ခဲ့တဲ့ပုံစံအတိုင်း ပြေကျလာမှာဖြစ်ပါတယ်။ Extarct ဆိုတာကတော့ကျွန်တောတို့ပြေကျလာတာလေးကို Folder လေးနဲ့ကျလာအောင်အသုံးပြုတာဖြစ်ပါတယ်။
        ကျွန်တော်တို့ဖိုင်ချုံ့တဲ့အခါမှာ password ပေးထားလို့ရပါတယ်။ ဖိုရမ်တွေမှာအများသောအားဖြင့် မိမိဖိုရမ်ကပေးတဲ့ download မှန်သမျှကို ဖိုရမ်ရဲ့နာမည်ကို password ပြန်ပေးထားတာရှိပါတယ်။
         ကျွန်တော်တို့ password ထည့်မယ်ဆိုရင်တော့အရင်ဆုံးမိမိတို့ချုံ့ ချင်တဲ့ဖိုင်ကို Right Click လုပ်ပါ။
Add to archive ကိုနှိပ်လိုက်ပါ။ Archive name and parameters ဘောက်လေးကျလာပါလိမ့်မယ်။
Advanced tab ကိုသွားပါ။ Set password ကိုနှိပ်လိုက်ပါ။ Enter password ဆိုတဲ့ဘောက်လေးကျလာ
ပါမယ်။မိမိတို့အသုံးပြုချင်တဲ့ password ကိုအပေါ်မှာရောအောက်မှာပါရိုက်ထည့်ပေးပါပြီးရင် OK ကို
နှိပ်လိုက်ပါ။ဒါဆိုရင်မိမိတို့ချုံ့လိုက်တဲ့ file လေးကို password ပေးပြီးသားဖြစ်သွားပါပြီ။
         အဲ့ဒီဖိုင်ကိုဖြန်ဖြေမယ်ဆိုရင်တော့စောစောကပေးထားတဲ့ password လေးကိုတောင်းပါလိမ့်မယ်။
တကယ်လို့ password မထည့်ဘူးဆိုရင်တော့ဘယ်လိုမှ ဖြေလို့ရမှာမဟုတ်ပါဘူး။
 Software တစ်ခုကို Share ပေးချင်တယ်ဆိုပါဆို့။ဒါပေမယ့် ကျွန်တော်တို့သုံးချင်တဲ့ Hostingဆိုဒ်တွေက ဖိုင်တစ်ခုကို 100 Mb ပဲ Upload တင်လို့ရတယ်။အဲ့ဒီအတွက်ဖိုင်တွေကို ခွဲပြီးတင်ပေးရပါမယ်။အဲ့ဒီအတွက်
ကျွန်တော်တို့တင်ချင်တဲ့ File လေးကို Right Click ထောက်လိုက်ပါ။ Add to Archive ကိုနှိပ်လိုက်ပါ။
Archive name and parameters ဆိုတဲ့ဘောက်လေးကျလာပါလိမ့်မယ်။Split to volume , bytes မှာ
Zip 100: 98078 kb ကိုရွေးလိုက်ပါ။ ပြီးရင် OK ကိုနှိပ်လိုက်ပါ။ ဒါဆိုရင်ကျွန်တော်တို့ခွဲလိုက်တဲ့ ဖိုင်
နာမည်နဲ့ Part 1 , Part 2 ဆိုပြီးပေါ်လာပါလိမ့်မယ်။အပိုင်းတစ်ပိုင်းကို 100Mb နဲ့ခွဲလိုက်တာဖြစ်ပါတယ်။
စိတ်ကြိုက်ပိုင်းလို့အဆင်ပြေပါတယ်။
                                                                         ဝေမျှခြင်းသက်သက်ပါ။
သီချင်းများ
မျိုးကြီး  အချစ်တွေမရပ်နိုင်ဘူး MP3 Download
အငဲ  ခါး     MP3 Download
မျိုးကြီး   ဒီကစောင့်နေသူ MP3 Download
ရှင်ဖုန်း တယ်လီဖုန်းလေး MP3 Download
ဝိုင်ဝိုင်း မဆုံတဲ့ဖူးစာ   MP3 Download
စိုင်းထီးဆိုင် လေညာအရပ်ကအချစ် MP3 Download
လင်းနစ်  ဒီဇင်ဘာည  Mp3 Download 
စိုင်းထီးဆိုင် ချယ်ရီကိုသာပန်ပါကွယ်    MP3 Download
 အောင်ဘု  သတိရနေတဲ့မနက်ခင်း  MP3 Download
ဟန်ထွန်း  မိုး မချုပ်မှီ MP3 Download 
 လေးဖြူ  အရေးမကြီးဘူး  MP3 Download
 ဒိုးလုံး မချစ်ဘူးလို့မပြောပါနဲ့  MP3 Download
Gလတ်  ကျွန်တော့်ရည်းစားအကြောင်း MP3 Download
လှိုင်ဦးမော် အလှပြင်ထားပါ  MP3 Download
အရိုး လူလယ်အာရှသား ( အားလုံး ) CD Download
မျိုးကြီး  မင်းသိဖို့ကောင်းတယ်   MP3 Download
Black Hole  သနပ်ခါး  MP3 Download
Black Hole  သိပ်ချစ်လို့ပါ    MTV Download 
ဆောင်းဦးလှိုင်  အချစ်ဆိုတာ  MP3 Download
၂၂ နှစ်ကြာ လက်သည်းမညှပ်သူ
ဂျော်ဂျီယာနိုင်ငံ၊ အတ္တလန္တာ မှ ၄၈ နှစ် အရွယ် ဂျေ့အိုင်ဆွန်ဆစ် ဖီးလ်ဆို သူဟာ တစ်နေ့မှာ ကမ္ဘာ့ လက်သည်း အရှည်ဆုံး ပုဂ္ဂိုလ်ဖြစ် ရမယ်လို့ ယုံကြည်ချက် ထားရှိပေ မယ့် နေ့စဉ် သွားလာ လှုပ်ရှား ရတာ အဆင်မပြေ ဘူးလို့ ဆိုပါတယ်။ လက်သည်း ပြုပြင်ရေး ဆိုင်မှာ တစ်ကြိမ် သွားရင် ဒေါ်လာ ၅၀ဝ အကုန် ကျခံပြီး ငါးနာရီကြာ သွား ရောက်ပြုပြင် လေ့ရှိပါတယ်။ လက် ရှိလက် သည်းဟာ ၂၄ လက်မခန့် ရှည်နေပြီး သူ့ရဲ့ လုပ်ဆောင် ချက်ကို ချီးမွမ်းသူ နည်းနည်း၊ ကဲ့ရဲ့သူများ နေတဲ့ အတွက် သူကတော့ မနာလိုလို့ ထင်ကြောင်း ပြောဆို သွားပါတယ်။
ခြေချောင်း၊ လက်ချောင်း ၃၄ ချောင်းရှိတဲ့ကလေး
လူတစ်ယောက်မှာ လက်ချောင်း  ၅  ချောင်း၊ ခြေချောင်း  ၅  ချောင်း  ရှိလျှင် လူစဉ် မမီဟု ပြောကြသည်။ လက်ပွား၊ ခြေပွားလေးများ ပိုလျှင် သူများတကာထက် ပိုထူးသည်။ ကြီးပွားမည့်သူ ဟု ယူဆကြပြန်သည်။ ဒီကလေးကို မြင်လျှင်တော့ ကမ္ဘာ့ အကြီးပွားဆုံးသူ ဖြစ်မည်ဟု ဆိုကြလေမည်လား မသိ။
သူ့အမည်မှာ အက်စ်ရှတ်ဆာဇီနာ ဖြစ်ပြီး အိန္ဒိယနိုင်ငံ သားလေးဖြစ်သည်။ ၂၀၁၀ ခုနှစ် ကမှ မွေးဖွားခဲ့သော ထိုကလေး၏ လက်တစ်ဖက်စီတွင် လက်ချောင်း ၇ ချောင်း ပါရှိသည်။ လက်နှစ်ဖက်ပေါင်းလျှင် လက်ချောင်းပေါင်း ၁၄ ချောင်းရမည်။ ခြေတစ်ဖက်စီတွင် ခြေချောင်းပေါင်း ၁၀ ချောင်း တွေ့ရသည်။ နှစ်ဖက်ဆိုလျှင် အချောင်း ၂၀ ရှိမည်။ ခြေရောလက်ပါ နှစ်ခု ပေါင်းသော် အချောင်းရေ ၃၄ ချောင်း ရှိနေသဖြင့် ကမ္ဘာ့ဂင်းနစ် စံချိန်အဖွဲ့က သူ့ကို လက်ချောင်း၊ ခြေချောင်းအရေအတွက် အများဆုံး ပိုင်ဆိုင်သူအဖြစ် မကြာသေးမီက အတည်ပြု မှတ်တမ်း တင်ခဲ့ရသည်။
အက်စ်ရှတ်ဆာဇီနာလေးက လက်များရုံတင် မကဘဲ ခြေလည်းများတဲ့ ကလေးပေါ့နော်။ ကင်းခြေများ ဝင်စားတာလားမသိပါဘူးဗျာ။ မြန်မာနိုင်ငံမှာ သူ့ထက်ခြေချောင်း၊လက်ချောင်းများတဲ့ ကလေးရှိတယ်။ နောက်မှ တင်ပြအုံးမယ်။
ရေမချိုးကြသူများ
ကဲစာဖတ်သူများကိုဦးဆုံးတင်ပြချင်တာကတစ်သက်မှာတစ်ခါလေးတောင်ရေမချိုးတဲ့ လူမျိုးနွယ်စုအကြောင်းလေး ပြောပြချင်မိတာပါ။ Ovahimba လို့ခေါ်တဲ့ လူမျိုးတစ်စုဟာ နမီးဘီးယားနိုင်ငံ မြောက်ပိုင်းမှာ နေထိုင်ကြပြီးတော့ လူသိနည်းတဲ့ မျိုးနွယ်စုဖြစ်ကာ အသိပညာ၊ ယဉ်ကျေးမှု၊ တိုးတက်ဖွံ့ဖြိုးမှု အလွန်နည်းပါးကြပါတယ်။အံ့သြစရာကောင်းတာကတစ်သက်လုံးမှာတစ်ခါမှကိုရေမချိုးကြတာပါ။ ရေမချိုးကြတဲ့အတွက် သန့်ရှင်းရေးမလုပ်ဘူးလားလို့ ထင်စရာရှိပါတယ်။ ဒီလိုလည်း မဟုတ်ပါဘူး။ သူတို့ လူမျိုးတွေဟာ သန့်ရှင်းရေးလည်း လုပ်ကြပါတယ်.
     ဒါပေမဲ့ သူတို့ သန့်ရှင်းရေးလုပ်ပုံက ရေချိုးတာ၊ ရေနဲ့ သန့်စင်တာမျိုးတော့ မဟုတ်ပါဘူး။ Ovahimba လူမျိုးတွေရဲ့ စိတ်ဝင်စားဖွယ်ကောင်းတဲ့ သန့်ရှင်းရေးလုပ်တဲ့ ထုံးတမ်းစဉ်လာနည်းကမနက်စောစောမှာ သူတို့လူမျိုးတွေ အသုံးပြုတဲ့ ဆေးမြစ်တွေကို မီးရှို့ပြီး တဲတစ်ခုလုံး မီးခိုးတွေဖုံးနေတဲ့အခါ ၄င်း မီးခိုးလုံးတွေကြားမှာ နှစ်နာရီကြာမျှ ထိုင်နေခြင်းဟာ သူတို့အတွက် သန့်ရှင်းရေးလုပ်နည်းပါ လို့ ဆိုပါတယ်။ သူတို့ဝတ်ဆင်တဲ့ သားရေထည် ပစ္စည်းတွေကိုလည်း ဒီလို မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်ကြတာ ဖြစ်ပါတယ်။
The Ovahimba People Of Namibia
Ovahimba လူမျိုး ကလေးငယ်များ
The Ovahimba People Of Namibia
သနားစရာ Ovahimba လူမျိုး ကလေးငယ်များ
သူတို့ကိုယ်ခန္ဓာပေါ်မှာ အဝတ်အစားဆိုတာ မရှိသလောက် နည်းပါးပြီးတော့ အမျိုးသမီးကလေးလူကြီး အားလုံးဟာ လည်းပင်းမှာ ပုတီးလို အဆင်တန်ဆာများကို ဝတ်ဆင်ထားတတ်ကြပါတယ်။ သို့သော်လည်း အမျိုးသမီးတွေမှာတော့ အိမ်ထောင်ရှိသူနဲ့ မရှိသူဆွဲကြတဲ့ လည်ဆွဲချင်းကတော့ မတူညီကြပါဘူး။
The Ovahimba People Of Namibia
ဒီလည်ဆွဲ ဆွဲထားတဲ့သူက အိမ်ထောင်မရှိသေးသူတဲ့ (အပျို)၊ စိတ်ဝင်စားရင် စာရင်းပေးထားနော်။
Image Hosted by PicturePush - Photo Sharing
ဒါကတော့ အိမ်ထောင်ရှိသူတဲ့ (လှတော့လှသားနော့)။ အပေါ်က အိမ်ထောင်မရှိသူနဲ့ လည်ဆွဲချင်း မတူတာ တွေ့နိုင်ပါတယ်။
Image Hosted by PicturePush - Photo Sharing
Ovahimba woman Namibia stock photo
Image of pc010370.jpg
Image Hosted by PicturePush - Photo Sharing
အဲဒီ ဒေသကို ရောက်ခဲ့ကြသူများကတော့ Ovahimba လူမျိုးတွေ သန့်ရှင်းရေးလုပ်တဲ့အချိန်မှာ သူတို့နေထိုင်ရာ တဲအတွင်းမှာ မီးခိုးလုံးတွေ ပြည့်နေပြီးတော့ အသက်တောင် ကောင်းကောင်းရှူလို့ မရခဲ့ကြဘူးလို့ ပြန်လည်ပြောပြကြပါတယ်။ မီးခိုးတွေနဲ့ဘဲ သန့်ရှင်းရေးလုပ်လို့လားမသိ။ သူတို့ရဲ့  အသားအရေကတောင် မီးခိုးရောင်ပေါက်နေသလိုပါဘဲ။
( ရေချိုးဖို့ ပျင်းတဲ့သူငယ်ချင်းများ(အမည်မပြောတော့ပါဘူးနော်)၊ အဲဒီကိုသွားပါလို့ အကြံပြုလိုက်တယ်နော်)  
                                                                                       တဆင့်ဝေငှတာနော်။ ကိုထွေး
၇လ အိပ်ပျော်တဲ့ ကောင်မလေး
Sleeping beauty: Lily can lose months at a time due to a rare disorder
သည်မိန်းကလေးကတော့ ခေတ်သစ်မော်ဒန် အိပ်ပျော်နေတဲ့ မင်းသမီးလေးလို့ ခေါ်ဆိုရမလောက်ပါပဲ...
ဗြိတိန်နိုင်ငံမှ အသက် ၂၁ နှစ်အရွယ်ရှိ ကျောင်းသူလေးတစ်ဦးဖြစ်သည့် လီလီကလာ့ ခ် ဟာ ရှားပါးပါးဖြစ်
တောင့် ဖြစ်ခဲ Kleine-Levin ဟုခေါ်သည့် အချိန်အကြာကြီးအိပ်ပျော်တတ်သည့် ရောဂါဖြင့် ၇ လတစ်ကြိမ်
တစ်ခါအိပ်ပျော်လျှင် တစ်လမှ နှစ်လအထိ အိပ်ပျော်နေလေ့ ရှိပါတယ်လို့ လန်ဒန်ထုတ် သူရိယသတင်းစာ
ကြီးနှ့ ဒေလီမေးလ်သတင်းစာကြီးများက ဖေါ်ပြခဲ့ ကြပါတယ်...
Lily's mother Adele (pictured, left) took her daughter to see a battery of specialists, but none of them could diagnose her
 ဆရာဝန်တွေတောင် လက်မှိုင်ချရ...
သူမဟာ စာမေးပွဲကျင်းပနေချိန်များ၊ ခရစ်စမတ်ပွဲတော်များ၊ နှစ်သစ်ကူးပွဲတော်အချိန်များမှာပင် အိပ်ပျော်
နေလေ့ ရှိခဲ့ ပါတယ်....
သူမရဲ့ သမီးလေးဟာ ဘ၀ရဲ့ အစိတ်အပိုင်းတော်တော်များများကို အိပ်စက်နေခဲ့ ရလို့ ဘာမှမသိပဲ လက်
လွတ်ဆုံးရှုံးနေခဲ့ ရပါတယ် လို့ အသက် ၄၇ နှစ်ရှိ မိခင်ဖြစ်သူ အဒယ်လီ ကဆိုပါတယ်...
လီလီရဲ့ ထူးဆန်းအံ့ သြဖွယ်ရာ အဖြစ်အပျက်ဟာ ၂၀၀၇ ခုနှစ်တုံးက သူမတို့ မိသားစု ရေခဲပြင်စကိတ်စီး
ပြီးနောက် စားသောက်ဆိုင်မှာသွားရောက်စားသောက်ခဲ့ ရာမှစတင်ခဲ့ ပါတယ်...
" မှာထားတဲ့ အစားအစာတွေမရောက်လာခင်မှာပဲ လီလီ ဟာသူမရဲ့ ကုလားထိုင်ပေါ်မှာပဲအိပ်ပျော်သွားခဲ့ 
ပါတယ်...  ကျွန်မတို့ သူ့ ကိုဘယ်လိုမှ နိုးလို့ မရတော့ တာမို့ စားသောက်ဆိုင်ကနေ ပွေ့ ချီခေါ်ယူခဲ့ ရပါ
တယ်..." လို့ မိခင်ဖြစ်သူက ဆိုပါတယ်...
Lily with her sister Georgie (left0, her mother and brother Charlie: The condition put the whole family under strain
 ညီမလေး၊ မောင်လေး၊ မေမေ နှင့်  လီလီ တို့ အမှတ်တရဓါတ်ပုံ...
ကံမကောင်းအကြောင်းမလှစွာပင် ထိုရောဂါဆန်းအတွက် ပျောက်ကင်းစေနိုင်မည့် ဆေးဝါးတစ်စုံတစ်ရာ
မပေါ်ပေါက်နိုင်သေးပေမယ့် ဆေးပညာရှင်များကတော့ ထိုရောဂါဟာ ငယ်ရွယ်သူများ၌သာဖြစ်တတ်လေ့ 
ရှိတာမို့ လီလီ အနေနှင့် အသက်အရွယ်ကြီးရင့် လာသည့် အခါပျောက်ကင်းသွားနိုင်မယ်လို့ မျှော်လင့် ယုံ
ကြည်ကြပါတယ်....
လီလီကတော့ ဆာရေးအရပ်ရှိ မိဘများနေအိမ်တွင် တစ်ခါတစ်ခါအိပ်မောကျသွားလျှင် အစားအစာစားဖို့ 
လောက်သာ နိုးပြီးပြန်လည်အိပ်ပျော်သွားနေခဲ့ တတ်ပါတယ်...
သူမဟာ သုံးနှစ်အတွင်းမှာ ဆေးပညာရှင်ကြီးပေါင်း ၇ ယောက်ပြောင်းပြီး ပြသခဲ့ ကာ စမ်းသပ်စစ်ဆေးမှု
တွေမျိုးစုံပြုလုပ်ခဲ့ ပေမယ့် အခြေအနေအကြောင်းအရင်းအမှန်ကိုမသိခဲ့ ရပဲ သူမရဲ့ မိခင်အနေနှင့် ဒေလီ
မေးသတင်းစာတွင် ထိုကဲ့ သို့ သော အချိန်ကြာမြင့် စွာအိပ်ပျော်နေသူအကြောင်းကို ၂၀၁၀ ခုနှစ်၊ ဖေဖော်
ဝါရီလတွင် ဖော်ပြထားသည်ကို ဖတ်ရှုမိရာမှ ရောဂါအကြောင်းသိရှိခဲ့ ရတာဖြစ်ပါတယ်...
အဒယ်လီဟာ သူမ၏သမီးကဲ့ သို့ ပင် အချိန်ကြာမြင့် စွာအိပ်ပျော်နေလေ့ ရှိသည့် သားသမီးများ၏မိခင်ဖြစ်
သူ ဗြိတိန်နိုင်ငံသူ အမျိုးသမီးနှစ်ဦးနှင့် တွေ့ ဆုံခဲ့ ပြီး ထိုရောဂါဆန်းအကြောင်း လူအများကျယ်ကျယ်ပြန့် 
ပြန့် သိရှိနိုင်ရန် www.kls-support.org.uk ဟူသောအင်တာနက်စာမျက်နှာ၊ ၀က်ဘ်ဆိုဒ်ကို တည်ထောင်
ဖန်တီးခဲ့ ပါတယ်...
သူတို့ နဲ့ ရတဲ့ ယောကျာင်္းတော့ ဟန်ကျတာပဲ...
အိပ်ပျော်နေတဲ့ ကာလတစ်လျှောက်လုံး ကြိုက်တဲ့ နေရာသွား၊ ကြိုက်တာလုပ်နေနိုင်တယ်...။
သံမဏိလက်ပိုင်ရှင်
ဒီအကြော်သည်အမျိုးသားကြီးကတော့ သူ့ ရဲ့ လက်နှစ်ဖက်စလုံးကို ဆီပူအိုးထဲနှစ်ပြီး ယောင်းမတစ်ခုကို အ
သုံးပြုနိုင်တာမို့ ပြိုင်စံမပေါ်တဲ့ နိုင်ငံကျော် ( ကမ္ဘာကျော်လို့ ဆိုယင်ပိုတောင်မှန်ပါဦးမယ်...) ပါပဲ...
အစွမ်းထက်သည့် လက်များပိုင်ရှင် ကန်းထရီချန်း တစ်ယောက် ပွက်ပွက်ဆူနေသည့် ဆီပူအိုးထဲ၎င်း၏လက်
များနှစ်ကာကြော်နေသည့် ကြက်သားတုံးများကို လက်ချောင်းများဖြင့် ကိုင်တွယ်ကာဆယ်ယူနိုင်စွမ်းရှိနေ
တာဖြစ်ပါတယ်...
ကမ္ဘာ့ စံချိန်ရှင် အသက် ၅၀ အရွယ်ရှိ လူထူးလူဆန်းဟာ အံ့ သြဖွယ်ရာကောင်းလှစွာပင် တစ်ချက်ကလေးမှ
ဆီပူအလောင်မခံရပါဘူး...
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ တွင်နေထိုင်သည့် မစ္စတာ ထရီချန်း က " ဆီပူအိုးထဲကျွန်တော့် ရဲ့ လက်တွေထည့် 
လိုက်တဲ့ အခါမှာတော့ ပူလောင်မှုကိုခံစားရပေမယ့် လက်ရဲ့ အရေခွံ၊ အရေပြားကို ဆီပူမလောင်ပါဘူး...
ကျွန်တော်ဟာ (ဘာအကာအကွယ်မှမပါပဲ ဗလာသက်သက်၊ လက်နှစ်ဘက်နှင့် ) ထမင်း၊ ကြက်သားကစ
ပြီး အစားအသောက်မျိုးစုံကြော်နိုင်ပါတယ်..." လို့ ပြောကြားခဲ့ ပါတယ်...
Superhands: Kann Trichan feels no pain and his skin is unaffected by the boiling fat at his fried chicken stall in Chiang Mai, Thailand
ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့ မှ ကန်ထရီချန်း
ရဲ့ စွမ်းအားရှင်လက်များကတော့ ဆီပူအိုးထဲလက်ထဲ့ တာတောင် ဆီပူမလောင်ပါဘူး...
Fast finger food: Mr Trichan holds the world record for plucking 20 pieces of chicken from 480c fat in one minute
အပူချိန် ၄၈၀ ဒီဂရီရှိနေသည့် ဆီပူအိုးထဲမှ ကြက်သားတုံး ၂၀ ကို ၁ မိနစ်အတွင်း လက်ဗလာ
ဖြင့် ဆယ်ယူပြနိုင်ခဲ့ လို့ ကမ္ဘာ့ စံချိန်တင်နိုင်ခဲ့ ပါတယ်...
မစ္စတာထရီချန်းဟာ သူ့ ရဲ့ သူမတူတဲ့ စွမ်းရည်ကိုလွန်ခဲ့ သည့် ၇ နှစ်ခန့် က မတော်တစ်ဆ လက်ကိုဆီပူ
တွေဖိတ်စဉ်မိခဲ့ စဉ်မည်သည့် ဒါဏ်ရာမှမရခဲ့ သည်မှစတင်ပြီးသိရှိခဲ့ တာဖြစ်ပါတယ်...
သားသမီးနှစ်ယောက်တို့ ရဲ့ ဖခင်ဖြစ်သူဟာ ထိုစဉ်က ကိုယ်ပိုင်ကြက်ကြော်ဆိုင်မှာရှိနေခဲ့ တာဖြစ်ပြီး ရှဉ့် က
လေးတစ်ကောင်က သစ်ပင်ပေါ်မှာ သရက်သီးစားနေတာကိုကြည့် နေခဲ့ တာဖြစ်ပါတယ်...
Look, no blisters: Mr Trichan's wife and children say they never tire of watching him at work
ကြက်သားတုံးသာကြော်လို့ ကျက်သွားမယ် လက်ကတော့ဘာမှမဖြစ်ဘူး...
ထိုစဉ်မှာပဲ သရက်သီးဟာ သူ့ နံဘေးရှိဆီပူအိုးကြီးထဲကိုပြုတ်ကျလာခဲ့ တာဖြစ်ပါတယ်...
" ဆီပူတွေကအရပ်လေးမျက်နှာအကုန်စဉ်ကုန်ပြီး ကျွန်တော့် ရဲ့ ခေါင်း၊ လက်မောင်း၊ လက်တွေအားလုံးကို
ဆီပူတွေထိကုန်ပါတယ်...အကြီးအကျယ်ဒါဏ်ရာရသင့် ခဲ့ တာပေါ့ ဗျာ....
ကျွန်တော်ဟာကိုယ့် ကိုယ်ကိုမှန်ထဲမှာပြန်ကြည့် ယင်း ဆီပူလောင်အဖုတွေ၊ ဆီပူလောင်တဲ့ အကွက်တွေရှိ
နေမလားဆိုပြီးပေါ့ ....ဘာတစ်ခုမှမရှိခဲ့ ပါဘူး...ဆီပူလောင်ယင်ဖြစ်တတ်တဲ့ အနီကွက်လေးတွေတောင်
မရှိပါဘူး...ဘာဆိုဘာမှမဖြစ်ခဲ့ တာပါပဲ..." လို့ ၎င်းကပြောပြခဲ့ ပါတယ်...
နောက်တစ်နေ့ မှာဈေးရောင်းပြန်ထွက်ခဲ့ လို့ ဆိုင်နီးနားချင်းတွေအားလုံး အံ့ သြကုန်ကြပါတယ်...
" ဒီလောက်ကြီးမြန်မြန်ဈေးပြန်ထွက်နိုင်လိမ့် မယ်သူတို့ ကမထင်ဘူးလေ...လူတွေအားလုံးက ဒီလိုဆီပူတွေ
မိုးရွာသလို ထိခံရတာတောင်ဘာမှမဖြစ်တဲ့ လူဆိုပြီး အထူးအဆန်းလာကြည့် ကြတော့ တာပါပဲ..." လို့ သူ
ကပြောကြားခဲ့ပါတယ်...
အဲဒီကစပြီး မစ္စတာထရီချန်း လည်း ဆီပူအိုးထဲကနေ ကြက်သားတုံးတွေကိုလက်နှင့် စမ်းပြီးနှိုက်ဆယ်ကြည့်
တော့ တာပါပဲ...
" ဒီလိုမျိုးဆီပူအိုးထဲလက်နှိုက်ပြီးဆယ်တာ တစ်ခါမှမတွေ့ ဘူးတော့ လူတွေဆိုတာ သဘောအကျကြီးကျနေ
ကြတော့ တာပါပဲ....ယောင်းမကိုမသုံးပဲ အိုးထဲကနေလက်ချည်းသက်သက်နဲ့ နှိုက်တာကိုကြည့် ချင်တာ
သက်သက်နဲ့ တင် တစ်နိုင်ငံလုံးကလူတွေ ကြက်ကြော်လာဝယ်ကြတာပါပဲ..." လို့ သူကဆိုပါတယ်...
မစ္စတာထရီချန်း ဟာလွန်ခဲ့ တဲ့ ၇ နှစ်ကစပြီး နိုင်ငံတစ်ကာမှာထင်ပေါ်ကျော်ကြားခဲ့ ပြီး သူ့ ရဲ့ စွမ်းရည်ကိုပြ
သဖို့ အတွက် အသက် ၄၅ နှစ်ရှိ ဇနီးဖြစ်သူ တွမ် နှင့် အတူ ကမ္ဘာအနှံ့ လှည့် လည်ခဲ့ ပါတယ်...
သမီးဖြစ်သူ အသက် ၃၄ ရှိ ဆူပါလက်ခ် နှင့် သားဖြစ်သူ အသက် ၂၇ နှစ်ရှိ ဂျက်ဆဒါး တို့ လည်းဖခင်ဖြစ်သူ
အတွက် ဂုဏ်ယူနေကြပါတယ်...
" အံ့ သြစရာကောင်းလွန်းလို့ အဖေ့ ကိုကြည့် ရတာဘယ်တော့ မှမရိုးပါဘူး...ဒီလိုဖခင်မျိုးရလို့ လည်းအ
လွန်ဂုဏ်ယူမိပါတယ်..." လို့ ဂျက်ဆာဒါး ကဆိုခဲ့ ပါတယ်...
ဒီလိုလုပ်နိုင်လိမ့် မယ်လို့ ထင်တောင်မထင်ခဲ့ ပါဘူး...တစ်ကယ့် ကိုအဆန်းတစ်ကြယ်ပါပဲ...ကျွန်တော့် ဆိုင်
ကတော့ လာကြည့် သူ အနယ်နယ်အရပ်ရပ်ကခရီးသည်တွေနှင့် ဖောက်သည်တွေတိုးတိုးလာလို့ ပိုပိုပြီးအ
လုပ်များ၊ရောင်းကောင်းနေတော့ တာပါပဲဗျာ လို့ သူဆိုလိုက်ပါတယ်....
သူ့ ရဲ့ နာမည်ကျော်ဆိုင်ကလေးကတော့ ဘန်ကောက်မြို့ မှ မြောက်ဘက် မိုင် ၄၇၀ အကွာရှိ ချင်းမိုင်မြို့ ရဲ့ 
နည်းပညာကောလိပ်အပြင်ဖက်နားမှာတည်ရှိနေပါတယ်....
" ဒီဒေသကိုရောက်ခဲ့ ယင်တော့ သံမဏိလက်နှင့် ကြက်ကြော်သမားရဲ့ ဆိုင်ကိုလာပြီး သူ့ အစွမ်းကိုကြည့် ရှု
ဖို့ မမေ့ ပါနှင့် ...." လို့ သူကဆိုလိုက်ပါတယ်....
Unscathed: Mr Trichan discovered his skill when a squirrel dropped a mango into a pan next to him, splashing boiling fat all over him
ဒီကမ္ဘာမှာ ကျွန်တော်အကြော်ဆုံး...
ရှဉ့် လက်ထဲကသရက်သီး သူ့ ဘေးကဆီပူအိုးထဲပြုတ်ကျပြီးကတည်းက ဇာတာစန်းလဂ်တက်ခဲ့ 
တော့တာပါပဲ...အဲဒီကတည်းကမနားတမ်းကြော်နေခဲ့ ရတော့ တာပါပဲ...
Tourist attraction: Over the past seven years Mr Trichan has become a celebrity with people flocking to his stall in Chiang Ma
ကမ္ဘာလှည့်ခရီးသည်များဆွဲဆောင်ရာ...
ချင်းမိုင်မြို့ ရဲ့ နာမည်ကျော်...အကြော်ဆရာ မစ္စတာထရီချန်း...
တောင်အာဖရိက မှ လူသားစားကြွက်ဘီလူး
ယခုလောက်အရွယ်ကြီးသည့် ကြွက်ဘီလူးဆိုမှတော့ ကလေးငယ်လောက်ကိုအသာလေး
ကိုက်စားနိုင်ပြီပေါ့ ...
တောင်အာဖရိကနိုင်ငံတွင် ကြောင်တစ်ကောင်အရွယ်ပမာဏလောက်အထိကြီးမားသည့် ကြွက်များကိုက်
စားခြင်းခံခဲ့ ရသဖြင့် ကလေးငယ်နှစ်ဦးသေဆုံးခဲ့ ရသည်ဟု ယုံကြည်ယူဆခဲ့ ကြပါတယ်...
ကလေးငယ်တစ်ယောက်ဆိုလျှင် (အဆိုပါဧရာမကြွက်ကြီးများကိုက်ဖောက်ထားခြင်းကြောင့် ) မျက်လုံးများ
ပင် ကျွတ်ထွက်ခဲ့ ရပါတယ်...
ကလေးငယ်၏ရုပ်အလောင်းကိုတွေ့ ရှိခဲ့ ရသည့် မိခင်ဖြစ်သူက " ကျွန်မဖြင့် ကလေးရဲ့ မျက်လုံးကို ကိုက်
ဖြတ်၊ဖောက်ထုတ်ထားလို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကို ဘယ်လိုမှ မေ့ ပျောက်လို့ ရမှာမဟုတ်တော့ ပါ
ဘူး..." ဟုပြောကြားခဲ့ ပါတယ်...
" ကြွက်ကြီးတွေက ကလေးကို မျက်ခုံးကနေပါးရိုးတွေအထိ ကိုက်ဖြတ်စားသောက်ခဲ့ ကြတာဖြစ်ပါတယ်...
မျက်လုံးတစ်ဖက်ဆိုယင် အသားစတစ်ခုနဲ့ တန်းလန်းတွဲကျနေပါတယ်..." လို့ လည်းသူမကဆိုပါတယ်။
A small child is believed to have been killed by a giant rat in Soweta township near Johannesburg - the dirt and squalor is thought to attract the animals
ရက်ကွက်မှ ယခုကဲ့ သို့ ညစ်ပတ်စုတ်ပြတ်နေသည့် နေအိမ်များတွင် ကြွက်ဘီလူးကြီးများသောင်းကျန်း
နေကြပါတယ်...
အဆိုပါကြွက်ကြီးများဟာ အမြီးဖျားမှခေါင်းအထိ သုံးပေအထိရှည်တတ်ကြပြီး ရှေ့ သွားများဟာ တစ်လက်မ
ကျော်ရှိကြပါတယ်...
လူသတ်ကောင်ကြွက်ကြီးများဟာ ကမ္ဘာ့ အကြီးမားဆုံးကြွက်မျိုးဖြစ်သည့် အာဖရိကကြွက်ဘီလူမျိုးစိတ်ဖြစ်
တယ်လို့ ယူဆကြပါတယ်...
ထိုကြွက်များဟာ ညအခါများတွင်ကျက်စားလေ့ ရှိပြီး အပင်များ၊ တိရိစ္ဆာန်များအပါအ၀င် အစုံးစားသတ္တ၀ါ
ဖြစ်ပြီး တစ်နှစ်လျှင် အကောင် ၅၀ အထိသားပေါက်နိုင်ကြပါတယ်...
ဆိုဝီတိုမြို့ မှာပဲ ဒုတိယမြောက်ကလေးငယ်တစ်ဦးဟာ သူမရဲ့ ဆယ်ကျော်သက်အရွယ်မိခင်ဖြစ်သူ မိတ်ဆွေ
သူငယ်ချင်းများနှင့် အပြင်သွားနေခိုက် အဆိုပါကြွက်ကြီးများကိုက်ခံရလို့ သေဆုံးခဲ့ ရပါသေးတယ်...
ဆိုပါကလေးရဲ့ မိခင်ကိုတော့ လူသတ်မှု၊ လျစ်လျူရှုမှု ( တာဝန်ပျက်ကွက်မှု ) တို့ ဖြင့်စွဲချက်တင်ကာ ဖမ်း
ဆီးခဲ့ ပါတယ် လို့ ရဲအရာရှိ ဘွန်ဂါနီမလွန်ဂို ကပြောကြားခဲ့ ပါတယ်...
ကြောက်စရာကြွက်ဘီလူးများကြောင့် ထိုနိုင်ငံမှ လူများသေဆုံးခဲ့ ရတာ အများအပြားရှိခဲ့ ပြီး ယခုကလေး
ငယ်နှစ်ဦးသေဆုံးခဲ့ ရတာဟာ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပုံရပါတယ်...
လွန်ခဲ့ သည့် လကလည်း အသက် ၇၇ နှစ်ရှိ အဘွားအို နိုမာသမ်ဘာဂျိုယီ ဆိုသူလည်း ညာဖက်မျက်နှာ
တစ်ခြမ်းလုံး ကြွက်ဘီလူးကြီးတွေကိုက်ခံရပြီးသေဆုံးခဲ့ရပါသေးတယ်။
ကမ္ဘာပေါ်မှ အကြီးဆုံး ကြားပန်း၊ ကြာပင်များ
Victoria amazornica ဟု အမည်ရသော ကြာပန်းပင် မျိုးနွယ်သည် ကမ္ဘာပေါ်ရှိ water lilies (ကြာပန်း) မျိုးနွယ်များတွင် အကြီးဆုံး မျိုးနွယ်ဖြစ်သည်။ ၎င်းကြာပန်းပင်ကြီးများသည် အမေဇုံမြစ်ဝှမ်း ရေတိမ်ပိုင်းတွင် ပေါက်ရောက်လေ့ရှိပြီး ကြာရွက်ကြီးများမှာ အချင်း ၃ မီတာ (၉ပေနီးပါး) အထိ ကြီးမားနိုင်ပြီး အလေးချိန် ပေါင် ၇၀ လောက်အထိ ခံနိုင်ရည်ရှိသည်။
ထိုကြာပန်းပင်ကြီးများကို Victoria regia ဟု ခေါ်ဆိုပြီး ၁၈၃၆ ခုနှစ်တွင် ထိုကြာပင်များအား စတင်တွေ့ရှိသူ Robert Schomburgk က ဗြိတိသျှ ဘုရင်မကြီး Victoria ကို ဂုဏ်ပြုပြီး အမည်ပေးထားခြင်း ဖြစ်သည်။
The Largest Water Lily in the World
The Largest Water Lily in the World
The Largest Water Lily in the World
The Largest Water Lily in the World
The Largest Water Lily in the World
The Largest Water Lily in the World
The Largest Water Lily in the World
The Largest Water Lily in the World
The Largest Water Lily in the World
 သွားလည်ချင်စရာကြီးနော်။တက်ထိုင်လိုက် ချင်တယ်။
အသိပေးခြင်း
သူငယ်ချင်းများအားလုံးကို အသိပေးချင်ပါတယ်ခင်ဗျာ..။ကျွန်တော့် Blog က အခုမှစတင်ခြင်းဖြစ်လို့ လိုအပ်တာလေးများ၊ မပြည့်စုံတာလေးများ ရှိခဲ့ရင် နားလည်ပေးစေချင်ပါတယ်။နောက်ပြီး ကျွန်တော့် Blog ကသိရှိပြီးသား သူများအတွက် မရည် ရွယ်ပါ။ မသိသေး၊ မရှိသေးတဲ့ သူများအတွက် ရည်ရွယ်ခြင်းဖြစ်ပါသည်။
                                                         အားလုံးကိုခင်မင်လေးစားလျှက်
                                                                      ကိုထွေး(Maths)
Twitter Delicious Facebook Digg Stumbleupon Favorites More
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management