Monday 29 August 2011

မြန်မာနိုင်ငံမှာ ဒီလိုဆိုနိုင်တဲ့လူတွေရှိတယ် ဆိုတာသိစေချင်တယ်...

Q. ဒေဝီတစ်ပါးရဲ့အမှတ်တရများက ဖြူဖြူမျှော်လင့်သလောက် ဖြစ်ခဲ့ရဲ့လား
A.ဖြူဖြူက ဒီအခွေကို ဒီဈေးကွက်အတွက် ရည်ရွယ်ခဲ့တာမဟုတ်ပါဘူး။ ဖြူဖြူရဲ့ ရည်ရွယ်ချက်ကမြန်မာနိုင်ငံမှာ ဒီသီချင်းတွေကို ဒီလိုဆိုနိုင်တဲ့လူရှိတယ်ဆိုတာကို အပြင်ကလူတစ်ယောက်လောက်ကပဲနားထောင်ဖူး၊ ကြားဖူး၊ အသိအမှတ်ပြုတယ်ဆိုရင်ကို ဖြူဖြူရဲ့ ရည်ရွယ်ချက်က အထမြောက်သွားပြီ။ ဖြူဖြူလုပ်တာက ရောင်းရဖို့ ရည်ရွယ်ပြီးလုပ်တာမဟုတ်ဘူး။
Q. ဒါဆိုရင် လုပ်ဖြစ်ရတဲ့အကြောင်းအရင်းက
A. ဒါ ဖြူဖြူပထမခြေလှမ်းစတာပါ။ ပထမခြေလှမ်းဆိုတာမှာဖြူဖြူ့အတွက်ရယ်မဟုတ်ဘူး။ ဖြူဖြူရဲ့ ပထမခြေလှမ်းကိုကြည့်ပြီးဖြူဖြူ့ထက်တော်တဲ့၊ တတ်တဲ့မျိုးဆက်တွေပေါ်ထွက်လာစေချင်တာပါ။ “မ” တို့သိတဲ့အတိုင်းပဲ ကြယ်ကလေးများရဲ့ မိုးကောင်းကင်ဆိုတဲ့ TVအစီအစဉ်မှာ ၀င်ရောက်ယှဉ်ပြိုင်ကြတဲ့ကလေးတွေဆို ဖြူဖြူတို့သီချင်းတွေနဲ့ပြိုင်ကြတယ်။ ဖြူဖြူတို့ဒီအသက်အရွယ်မှာ သူတို့ ဒီလောက်ဖြစ်တယ်။ သူတို့ ဖြူဖြူတို့အသက်အရွယ်ရောက်တဲ့အခါနည်းမှန်လမ်းမှန်နဲ့သာကြိုးစားမယ်ဆိုရင် ဖြူဖြူတို့ထက်တော်မှာ သေချာတယ်လို့ ဖြူဖြူယုံကြည်တယ်။
Q. Star Let’s Sky မှာတောက်လျှောက် ဒိုင်လူကြီးအဖြစ်လုပ်လာတဲ့အတွက် ဖြူဖြူရတဲ့ အတွေ့အကြုံကရော
A. ဖြူဖြူ ဒီမှာဒိုင်လုပ်ဖြစ်တာကအစပိုင်းမှာ ဧည့်သည်အနေနဲ့တစ်ခါတလေပါတာမျိုးပဲရှိတယ်။ခုနောက်ပိုင်းပုံမှန်လုပ်ဖြစ်တယ်။ အံ့သြစရာကောင်းတာက ကလေးတွေရဲ့ Talent ပါ။ ကလေးတွေကပါရမီထူးခြားကြတယ်။ အရင်တုန်းကဆို မြန်မာကလေးတွေကကြောက်တတ်ကြတယ်။ အဲဒါမျိုးလုံးဝမတွေ့ရတော့ဘူး။ ခုကလေးတွေကအရမ်းကိုပြောင်းလဲသွားပြီ။သီချင်းဆိုတတ်တဲ့ပါရမီတင်မဟုတ်ဘဲ စိတ်နေစိတ်ထား၊အတွေးအခေါ်၊ ပြောဆိုဆက်ဆံတာတွေကအစ ပြောင်းလဲသွားပြီ။ အမြင်လည်းကျယ်ပြီး သတ္တိရှိတဲ့အပြင်ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုရှိတာကိုပါတွေ့လာရတယ်။ ဒါက နောင်လာမယ့်တစ်ခေတ်က အများကြီးပိုကောင်းမယ်ဆိုတဲ့ အလားအလာပါ။ အဲဒီလိုဖြစ်ဖို့အရမ်းလိုအပ်တယ်။ တစ်ခုပဲ ဖြူဖြူစိတ်ပူတာကကလေးတွေက အဘက်ဘက်ကအရမ်းတော်လာကြတာမှန်ပေမယ့်ပညာရေးမှာအားနည်းသွားမှာစိုးရိမ်တယ်။ မိဘတွေ၊ ဆရာသမားတွေအနေနဲ့ ဒါကို ဂရုစိုက်ပေးစေချင်တယ်။ ပထမအရွယ်ပညာရှာချိန်ဖြစ်တဲ့အတွက် အရင်ဆုံးပညာကိုတော့ အတိုင်းအတာတစ်ခုအထိဆုံးခန်းတိုင်အောင်သင်စေချင်တယ်။Talent ရှိပြီးသားဆိုတဲ့လူက ဘယ်အချိန်မှာပဲ ပြန်လုပ်လုပ်ပါ။
Q. ကလေးတွေ ပြိုင်ကြတာ ဖြူဖြူ့သူချင်းများတဲ့အပေါ်ရော …
A. ဖြူဖြူ့သီချင်းတွေနဲ့ပြိုင်ကြတယ်။ သူတို့ကိုကြီးလာရင် ဘာလုပ်မှာလဲမေးတဲ့အခါ ဆရာဝန်အဆိုတော်လို့ ဖြေကြတယ်။ အဲဒီအတွက် ဖြူဖြူပျော်ပါတယ်။ ပညာရေးဟာ အရေးပါတယ်။ ပညာတတ်ဖြစ်ဖို့လိုတယ်ဆိုတာ သူတို့ရင်ထဲမှာ စွဲစွဲမြဲမြဲလေးရှိနေတာကိုသိရတော့ ၀မ်းသာရတာပေါ့။ အဘက်ဘက်ကတော်မှ သူများတွေနဲ့ရင်ပေါင်တန်းနိုင်မှာ။ အဆိုပညာတစ်ခုတည်းတတ်ရုံနဲ့မပြီးသေးဘူး။ဉာဏ်ကောင်းဖို့လိုတယ်။ ပညာတတ်ဖို့လိုတယ်။ အဲဒါကမှ ကိုယ့်ဘ၀ကိုမြှင့်တင်သွားမှာ။ ပညာမြင့်မှလူမျိုးတင့်မယ်ဆိုတဲ့ စကားကတကယ်မှန်တယ်။ စာဖတ်တဲ့သူ၊ပညာတတ်တဲ့သူမှသာ အတွေးအခေါ်ကျယ်ပြန့်ပြီး လွတ်မြောက်တဲ့သူဖြစ်တာလေ။ ဘ၀မှာအမြင်ကျယ်ပြန့်တဲ့သူက အရာတော်တော်များများကို အလုပ်လုပ်လို့ရတယ်။ မြင့်မြင့်မားမားတွေးခေါ်ပြီး စဉ်းစားတတ်တဲ့ကလေးတွေ အများကြီးရှိလာစေချင်တယ်။ ကလေးတွေတော်မှလာမယ့်အနာဂတ်က ဖြူဖြူတို့ စိတ်ချလို့ရမှာလေ။
Q. ဖြူဖြူ့ရဲ့ အောင်မြင်တဲ့ သီချင်းတွေက အချစ်သီချင်းတွေ များတယ်နော် ၊ အချစ်ဝတ္ထုတွေရော ဖတ်လေ့ရှိသလား
A. ဖြူဖြူ အချစ်ဝတ္ထုတွေဖတ်ပါတယ်။ ဆရာမကြည်အေး၊ ဂျူး၊မြနှောင်းညို၊ ဂျာနယ်ကျော်မမလေးခင်နှင်းယုတို့ရဲ့ ၀တ္ထုမျိုးတွေတော့ဖတ်တယ်။ ဒါပေမဲ့ အပျင်းပြေအပျော်ဖတ်ဝတ္ထုတွေတော့ ဖြူဖြူမဖတ်ဘူး။ ဖတ်ပြီးဘာမှမကျန်တဲ့စာအုပ်မျိုးတော့ ဖြူဖြူမဖတ်ဘူး။
ှQ. စင်ပေါ်မှာ မှားသွားတဲ့ ကလေးနေရမှာ ဖြူဖြူဆိုရင်ဘာလုပ်မှာလဲ 
A. သူက အရင်တစ်ပွဲတုန်းကတော့ CD ထစ်တယ်ဆိုတဲ့အတွေ့အကြုံကို တကယ်ပဲတွေ့ကြုံခဲ့ဖူးတယ်။ အဲဒီအပေါ်မှာလည်း သူကောင်းကောင်း Manage လုပ်နိုင်ခဲ့တယ်။ ဒီ CD ထစ်သွားတဲ့အတွက် ပြန်ဖွင့်ပေးပါဆိုပြီး တောင်းဆိုတယ်။ အဲဒီအတွက်လည်း အဲဒီပွဲမှာတုန်းက သူဆုရခဲ့ပြီး အရွေးခံခဲ့ရတယ်။ ဒီ Level မှာကျတော့ သူရွေးလာတဲ့သီချင်းက တကယ်လည်းခက်ခဲတယ်။ အတိုင်းအတာတစ်ခုထိ ကောင်းမွန်စွာဆိုနိုင်ပါတယ်။တကယ်လို့သာ သူစိတ်မလှုပ်ရှားခဲ့ဘူးဆိုရင် ဒီ့ထက်ပိုပြီး ကောင်းအောင်ဆိုနိုင်မယ်လို့ ဖြူဖြူယုံကြည်တယ်။ သူ့မှာလိုအပ်နေသေးတဲ့အချက်က စိတ်လှုပ်ရှားမှုကို မထိန်းချုပ်နိုင်သေးတာပါ။ ဒါကို အပြစ်မတင်ပါဘူး။ အသက်အရွယ်အတွေ့အကြုံဆိုတာ လူကိုပိုပြီး ရင့်ကျက်သွားစေပါတယ်။ ဒီအရွယ်မှာတော့ဒီလိုပဲဖြစ်ရှာမှာပဲ။ ကလေးတိုင်းကိုဖြစ်စေချင်တာက ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုရှိစေချင်တာပါ။ ဒီကလေးကဆက်ပြီး ကြိုးစားမယ်ဆိုရင် ဖြစ်လာနိုင်တဲ့ကလေးပါ။ ဖြူဖြူသာဆိုရင်ဘာလုပ်မလဲဆိုတော့ သေချာတာက ဖြူဖြူသာဆို CD ထစ်မထစ်သိမှာပါ။

                                                                                 photo credit : Hak Ideal
                                                                                 ကလောင်- မေသက်
                                                                   Ref : 8 Days Journal

မင်္ဂလာသတင်းကြားရဖို့ နီးနေတဲ့ ကြိုးကြာ

                                                                   
မိန်း ကလေး ခံစား ချက် သီချင်း အေးအေးလေး များဖြင့် ပရိသတ်ရရှိ ထားသူ တေးသံရှင် ကြိုးကြာ က သူမ ၏ မင်္ဂလာပွဲ နှင့် ပတ်သက်ပြီး ယခုကဲ့သို့ ပြောကြားသည်။ သမီးရဲ့မင်္ဂလာ သတင်းက တော့ ပထမ တုန်း ကတော့ ဒီဇင်ဘာ လို့ စီစဉ် ထားခဲ့ပါတယ်။ ဒါပေ မဲ့ အခု ဒီဇင်ဘာက လည်း ကပ်နေပြီ ဆိုတော့ နောက်ရွှေ့ဖြစ်မယ်ထင် တယ်။ သေချာ အတိအကျ ဘယ်ရက် ရယ်လို့ တော့ မပြောချင် သေးဘူး ဟု သူမက ပြောသည်။ ကြိုးကြာ၏ ချစ်သူမှာ အနုပညာ လောကထဲမှပင် ဖြစ်ပြီး သူမ၏ ချစ်သူကို ဘဝ လက်တွဲဖော် အဖြစ် မည်သည့် အကြောင်းအ ချက်များ ကြောင့် ရွေးချယ်ဖြစ် သည်ကိုလည်း ဘဝ တစ်ခုလုံး လက်တွဲ သွားဖို့ အတွက် အဓိက ကတော့ သမီး သူ့အပေါ် ယုံကြည် တယ်။
အဲဒါကြောင့် လည်း စေ့စပ် ဖြစ်သွား တာပါ။ နှစ်ယောက်လုံးရဲ့ အလုပ်နဲ့ ပတ်သက်ရင်တော့ သူ့ကို အဝတ်အစား ပိုင်း အကြံပေးဖြစ် တယ်။ ကျန်တာ တော့ သိပ်မရှိ ပါဘူးဟု ချစ်သူနှင့် ပတ်သက်ပြီး ပြောပြသည်။ ကြိုးကြာက သူမ၏ မင်္ဂလာ ပွဲကို နံနက်ပိုင်းတွင် ဘုရား ကျောင်း၌ တစ်ပွဲ ပြုလုပ်ပြီး ညဘက် တွင် ညစာ စားပွဲတစ်ပွဲ စုစုပေါင်း နှစ်ပွဲသာ ပြုလုပ်ရန် စဉ်းစား ထား သည်ဟုဆိုသည်။ လတ်တလော တွင်ဂီတနှင့် ပတ်သက်၍ ဘုရား သီချင်းများ သီဆို ဖြစ်နေပြီး အစ်မ ဖြစ်သူ စင်ဒီ နှင့် နှစ်ယောက်တွဲ အခွေ စီစဉ်နေသည် မှာလည်း တစ်ဝက်ခန့် ပြီးစီးသွားပြီဟု ပြော သည်။ သီချင်း အမျိုးအစားမှာ နှစ် ယောက်လုံးနှင့် လိုက်ဖက်သည့် သီချင်းအေးများ ဖြစ်ပြီး R&B ရောထားသည့် သီချင်း ပုံစံ လေးများ ထည့်သွင်း ထားသည်ဟု ဆိုသည်။

                                                                                  

သူများကို ဆရာမလုပ်တတ်ဘူးဆိုတဲ့ ခိုင်သင်းကြည်

                                           
ရိုက်ကွင်းမှာ ကိုယ်အသစ် ဘဝတုန်း ကလည်း သင်ပေး ကြပါတယ်။ အသစ် ဆိုတာက ဘယ်သူမှ ဘာမှ မသိကြပါဘူး။ မ တုန်းကဆိုလည်း ကြော်ငြာ စရိုက်တာ ကြော်ငြာ မိတ်ကပ်ဘူး ကောက်ကိုင်လိုက်ဆို ကိုင်လိုက် တာပဲ။ ကင်မရာ လိုက်လား မလိုက်လား မသိဘူး မြန်မြန် ဆန်ဆန်ပဲ ကောက်ကိုင် ပစ်လိုက်တာ။ ရိုက်ကွင်းမှာ သူများကို ပြောပြတယ် ဆိုတာကလည်း မကဘယ်သူ့ကိုမှ အရမ်းကြီး သင်ပေးတာမျိုး မရှိဘူး။ ဘာဖြစ်လို့ဆို မလည်းတတ်လို့ လုပ်နေတာ မဟုတ်ဘူးလေ။ ဝါသနာပါလို့ လုပ်ရင်းကနေ ပါရမီပါလာလို့ ဖြစ်လာတာလေ။ မတို့လည်း ဘာသင်တန်းမှ မတက် ခဲ့ရ ဘူး။ ဘာမှလည်း မတတ်ဘဲ ပရိသတ်နဲ့ အဆင်ပြေသွားလို့သာ ခုလို ဖြစ်လာတာလေ။ ရိုက်ကွင်းမှာပြောပြတယ် ဆိုတာ ကြုံလို့ ပြောပြတဲ့ သဘောလေးပါပဲ။ သိပ် အများကြီးလည်း သူများကို ဆရာ မလုပ်တတ်ဘူး။
စင်္ကာပူမှာက ဝယ်နေကျ အဝတ်အစား၊ အိတ်နဲ့ဖန်စီပစ္စည်း တွေပါပဲ။ ထူးထူးခြားခြား ဘာမှဝယ်ခဲ့တာမျိုးမရှိပါဘူး။ ခရီးကခုဆို သမီးက အရွယ် ရောက်ပြီး သိတတ်လာပြီ ဆိုတော့ ကလေးကျောင်း ပိတ်တဲ့ရက်တွေထွက်ဖြစ် တယ်။ ခုကလေးကျောင်း ပိတ်တဲ့ နှစ်လမှာ စင်္ကာပူပို့ ပေးတယ်။ မပြင်ဦးလွင်ကား ရိုက်သွားတော့ ခေါ်သွား တယ်။ နိုင်ငံခြား ခရီးတစ် ခေါက်၊ ပြည်တွင်းခရီးတစ် ခေါက်တော့သူ့ကျောင်းပိတ် ချိန်လေးမှာ ပို့ပေးဖြစ်ပါ တယ်။ ကြားထဲမှာ ကလေး မပါဘဲသွားမှာဆို ၈ ရက်နေ့ မှာ ဘန်ကောက်မှာကားသွားရိုက်မယ်။ နိုင်ငံခြားမှာ ပဲရိုက်ရိုက် ပြည်တွင်းမှာပဲရိုက်ရိုက် ပိုက်ဆံက ဒီ ပိုက်ဆံပဲ။ ဒီအနုပညာပဲ ရှုခင်းတွေတော့ မတူဘူးပေါ့။ ကိုယ်လည်းအပျော်သွားရင်း စိတ်လည်းRelax ဖြစ်တဲ့အနေနဲ့သွားရိုက်ဖြစ်တာပါ။
ဒါရိုက်တာ မိုက်တီး၊ ကိုခင်လှိုင် တို့ပါမယ်။ မင်းသမီးက မတစ် ယောက်တည်းပါပဲ။ မအလုပ်ပေါ်မှာတော့ သမီးက အမျိုးမျိုးဝေဖန်တာပဲ။ သရဲကားဆိုလည်း သရဲမကြီးပေါ့။ လှရင်လည်း အမလေး မေမေ ကလည်း မေမေ့ ကိုယ်မေမေ အပျိုလေးများ ထင်နေသလား ပြောတယ်။ ဟိုတလောက ထွက်သွားတဲ့ အောင်ရဲလင်းနဲ့ ကားမှာဆို ကလေးစတိုလ် လေး ဝတ်တာဆိုတော့ ကြည့်ပြီး သူက ဖေဖေရယ် မေမေက သူ့ကိုယ်သူ အပျိုလေးများ ထင်နေသလားမသိဘူး။ ဖေဖေနဲ့ သမီးကို မေ့နေပြီထင်တယ် အဲဒီလိုမျိုးစုံပြောတတ်တယ်။ သူပြော တော့လည်း ဪသမီးရယ် ဒါမေမေ့ရဲ့ အလုပ်လေလို့ ပြန်ပြောရတာပေါ့။ ရပ်ပါ ရွှေရိုးက ဗွေးတုတ်ရဲ့ အဆက် လည်း မဟုတ်ပါဘူး။ သပ်သပ် စီပါပဲ။ ´ရပ်ပါ ရွှေရိုးမှာ´လည်း ထုံးစံအတိုင်းတော့ သူမ ပါပဲ ဒါပေမဲ့လည်း ´ဗွေးတုတ်´ လို စပ်စလူးပြာယာခပ်ကြီး တော့မဟုတ် တော့ ဘူး။ နည်းမယ်ပေါ့။ အနည်းငယ်မှ မပါရင်လည်း ခိုင်သင်းကြည် မဖြစ်ဘူးလေ။

                                                                      

သားသမီးတွေလေးစားတဲ့ ဖခင်ဖြစ်အောင်နေမယ်ဆိုတဲ့ အဲလက်စ်

                                                 
"နောက်ကျနေတဲ့ ငါ" Single ခွေ ကို လောလော လတ်လတ် CD ထွက်ထား သလို ဒီ အခွေလေး အတွက် VCD ရိုက်ဖို့ ပြင်ဆင်နေတဲ့ အဆိုတော် အဲလက်စ်နဲ့မေးဖြစ်သမျှ-
"ကျွန်တော် အခု ကျွန် တော့်ရဲ့ Single ခွေ အတွက်VCD ရိုက်ဖို့ပြင်ဆင်နေတယ်။ ဒီအခွေ လေးကို အကောင်းဆုံးဖြစ်အောင် ဒါရိုက်တာတွေနဲ့ တိုင်ပင်ပြီး စိတ် ကူး ထားတာလေးတွေ တင်ပြဖို့ ရှိ တယ်။ မိုးတွင်းဆိုတော့ ရိုက်ရတာ သိပ် အဆင်မပြေသေးလို့လေ။ အဲ ဒါနဲ့ တစ်ကိုယ်တော်ခွေ အသစ်ရယ်၊ အတွဲခွေ တစ်ခွေရယ် အတွက် သီချင်း တွေရေးနေတယ်။ နောက်ကျနေတဲ့ ငါ CD ထွက်ပြီး ပြန်ကြားရတာ တော့ လူငယ်တွေလည်း ကြိုက်၊ လူလတ်ပိုင်းတွေလည်းကြိုက်ကြ ပါတယ်။ခေတ်ရေစီးကြောင်းမှာက Rock ကြိုက်တဲ့ လူလည်းကြိုက်၊ Hip Hop ကြိုက်တဲ့ လူလည်းကြိုက် တယ်။ ဒါပေမဲ့ Hip Hop ကို ကြိုက်တဲ့လူ ပိုများလာတယ်။တစ် ကမ္ဘာလုံးမှာလည်း အဲလိုပါပဲ။ Top Ten တွေကို Hip Hop တွေက နေရာယူထားကြတယ်။ တစ်ကမ္ဘာ လုံးမှာံ Hip Hop တွေက နည်းနည်း ကြီးစိုးကြတယ်လို ဂီတရေစီးအပေါ် အခုလို သုံးသပ်ပေးသွားသလို Copy နဲ့ Own Tune နဲ့မှာသီချင်းဆိုရတာ ချင်းတော့ အတူတူပါပဲ။ တန်ဖိုးချင်း ကတော့မတူဘူး။ ကိုယ်ပိုင် သံစဉ် ကျတော့ ကိုယ့်ရဲ့ သီချင်းဖြစ်တယ် ဆိုတော့ ကိုယ်ပိုင်တဲ့ သီချင်းပေါ့။ ကျန်တာတော့ သိပ်မထူးပါဘူး။ Copy ဆိုမယ်ဆိုရင် သူ့အနေနဲ့ စံထားပြီး သားရှိပြီပေါ့။ရှေ့က ဆိုသွားတဲ့သူက ဆိုထားတဲ့ အခံရှိပြီးသား၊ တီးတာတွေ အကုန်လုံးက ရှေ့က အင်္ဂလိပ် သီချင်းကို ကြားဖူးနေကျဆိုတော့ မှီအောင်ဆိုဖို့ ဆို တာကတော့ တစ်ခုရှိတာပေါ့။ကိုယ်ပိုင်သံစဉ်ကျတော့ သုညကနေ စရတာ ဆို တော့ အကုန်လုံးကို ဖန်တီးရတာပေါ့။ Copy ကတော့ ခရီးတစ်ဝက်လောက် ရောက်နေပြီးသားလေလို့ သူကပြောပြခဲ့ပါတယ်။
Copy ဆိုတဲ့ သူတွေလား အရမ်းက ရတဲ့အခါမှာ သူတို့ဆိုဖို့ အဆင်မပြေ ဘူး။ အဲဒါမျိုးမှာ Play Bak ဖွင့်ဆိုတယ်၊ တောက်လျှောက် ကြီးဖွင့်ထားပြီး ဆိုတာကတော့ မကောင်းဘူးပေါ့ဗျာ။ အခု ကျွန်တော်နောက်လုပ်မယ့် အခွေအတွက် ကျွန်တော့်လည်း ရေးသလို ကျွန်တော့် သူငယ်ချင်းတွေလည်း အများကြီးပါ တယ်။ ကိုရွှေဂျော် ဂျော်ရေးထားတာလည်း ပါတယ်။ ကျွန်တော်က သီချင်းရေးရင် ကိုယ့်ခံစားချက်ကိုပဲ အရင်ဆုံး ဦးစားပေးရေးပါတယ်။ ကိုယ်ဖြစ်မှ ကိုယ်ရေးလို့ ရတာ တစ်ခါတလေကျတော့ သူ များဖြစ်နေတာတွေ မြင်ရတာကိုလည်း ရေး ဖြစ်တာမျိုးရှိပါတယ်။အခုနောက်လုပ်တဲ့အခွေ အတွက် ကိုယ့်ရင်ထဲက သံစဉ် အတိုင်းရေး တယ်။ အဲဒီ အခွေက နောက်တစ်နှစ်လောက် ကြာဦးမယ်လို့ ထင်တယ်။ အခု ချစ်သူ့အနား အတွဲခွေမှာ ဦးစိုင်းခမ်းလိတ်ရေးထားတာ Own Tune လေးပါပဲ။ဦးစိုင်းထီးဆိုင် ဆို ထားတာလေ။ စဉ်းစားပါဦး သီချင်းလေး ပါ။သီချင်းရဲ့ အဓိပ္ပာယ်လေးကို အရမ်း ကြိုက်လို့ပြန်ဆိုထားတယ်လို့ပြောကြား လာတဲ့ အဆိုတော် အဲလက်စ်က အခုဆို ရင် ကျွန်တော့်ရဲ့ ကလေးတွေက(၁၁)နှစ်ရှိပြီ။ သူတို့လေးတွေ အတွက် အဖေတစ်ယောက် အနေ နဲ့ တာဝန်ကျေအောင် အကောင်းဆုံးဖြစ်အောင်ကြိုး စားပြီးတော့နေတယ်။ ကလေးတွေလေးစားအား ကျရတဲ့ ဖခင်ဖြစ်အောင်ပေါ့လို့ ပြောပြသွားခဲ့တဲ့ အဆိုတော် အဲလက်စ်က သူ့ရဲ့ သီချင်းလေးတွေကို နား ထောင်ပြီး အားလုံးပျော်ရွှင်နိုင်ကြပါစေလို့ ဆုတောင်း ပေးသွားခဲ့ပါတယ်။
                                                                    ရိုးရာလေး website မှ တိုက်ရိုက်မျှဝေသည်။

ရော့ခ် အဆိုတော် လေးဖြူမိသားစု

ဒီပုံကတော့ Rock အဆိုတော်ကြီးရဲ့ စိတ်ချမ်းမြေ့စရာ မိသားစုပုံလေးပါ။ လေးဖြူမှာ သားတစ်ယောက်၊ သမီးတစ်ယောက်ရှိပါတယ်။  ရှားရှားပါးပါး မိသားစုပုံလေးကို အင်တာနက်မှာတွေ့လို့  မျှဝေလိုက်ပါတယ်။ (ဘယ်လိုကြည့်ကြည့်လေးဖြူ အဆိုနိုင်ဆုံးပဲနော်....သီချင်း)

ဒုတိယစီးရီးထွက်တော့မယ့် ချမ်းချမ်း

                                             
ပထမစီးရီး တကယ်ဆိုရင် အချစ်ပဲလိုတယ် ဆိုတဲ့ ခွေနဲ့ပေါ်ပြူလာဖြစ်ခဲ့တဲ့ချမ်းချမ်းက သူမရဲ့ဒုတိစီးရီး ” သိပ်ချစ်တယ်၊ အရမ်းမုန်းတယ်” ကို မူကလ ဇူလိုင်လထွက်ရန် လုပ်ထားပေမယ့် ခုတော့ စက်တင်ဘာလကျမှ ထွက်ဖြစ်မယ်လို့ဆိုပါတယ်။ စက်တင်လာ ၁၄ရက်မှာ ကျရောက်မယ့်မွေးနေ့ မတိုင်ခင်ထွက်ချင်ပါတယ်တဲ့။ အ၀တ်အစားဒီဇိုင်းနဲ့ မိတ်ကပ်အပြင်အဆင်တွေ ပိုလှလာတယ်လို့ပြောသံတွေလည်း ကြားနေရပါတယ်။ ပြည်ပဖျော်ဖြေပွဲအနေနဲ့ကတော့ စက်တင်ဘာမှာ ဘန်ကောက်၊ အောက်တိုဘာမှာ အင်္ဂလန် သွားဖို့ရှိပေမယ့် ပြည်တွင်းဖျော်ဖြေပွဲနဲ့တိုက်ဆိုင်ရင်တော့ သွားဖို့ သိပ်မသေချာဘူးလို့ ဆိုပါတယ်။

ဒုတိယစီးရီးထွက်မယ့် ၀ိုင်းစုခိုင်သိန်း

                                                    
ပထမစီးရီး မက်လောက်စရာနဲ့ အရမ်းအောင်မြင်ခဲ့တဲ့ ၀ိုင်းစုခိုင်သိန်းက “မျက်လှည့်” လို့အမည်ပေးထားတဲ့ ဒုတိယစီးရီးကို ပွင့်လင်းရာသီမှာ ထွက်မယ်လို့ ဆိုပါတယ်။ သြဂုတ်လမှာ ဘန်ကောက်၊ နိုဝင်ဘာမှာ ဒူဘိုင်းနိုင်ငံကို ဖျော်ဖြေရေးခရီးသွားရောက်ဖို့ရှိတယ်လို့လည်း ဆိုပါတယ်။ ပထမစီးရီးကလို ပရိသတ်အကြိုက်သီချင်းလေးတွေလည်း ပါမှာပါလို့ သူမကပြောပါတယ်။

ဟယ်ရီပေါ်တာလေး ချစ်သူရနေပြီ

                                                         
ဟယ်ရီပေါ်တာမင်းသားလေး ဒင်နီရယ်လ် ရက်ကလစ်ဖ် တစ်ယောက်ချစ်သူရနေပြီလို့ ဆိုပါတယ်။ အသက်၂၂နှစ်အရွယ် ရိုဆန်နီ ဆိုတဲ့ ဒီကောင်မလေးက မင်းသားရဲ့ Harry Potter ဇာတ်ကားလေးကားမှာ ထုတ်လုပ်သူအကူအဖြစ် လုပ်ကိုင်ရင်း မင်းသားနဲ့ ရင်းနှီးပြီး ချစ်ကြိုက်လာတာပါ။ သူမရဲ့မိဘများကတော့ ဖခင်က အိမ်သုတ်ဆေးလုပ်ငန်းကို ကိုယ်ပိုင်တည်ထောင်ထားသူဖြစ်ပြီး၊ မိခင်ကတော့ ပိုစ့်ကတ်ဒီဇိုင်းရေးဆွဲသူ ဖြစ်ပါတယ်။ မင်းသားဟာ ဟယ်ရီပေါ်တာဇာတ်ကားများကြောင့် အင်မတန်နာမည်ကြီးပြီး ငယ်ငယ်ရွယ်ရွယ်နဲ့ ပေါင်စတာလင် (၄၈)သန်းလောက်ချမ်းသာသူဖြစ်ပါတယ်။

ခောတ်သစ် အချစ်

tcspf&,f......
ESpfq,fhwpf&mpk
vlrIodyÜH enf;opfzefum
&ifrSmcHpm; ESvHk;om;twk 
ckcspfckrkef; oHk;csif&moHk;
ajymif;vJypfEdkif...

enf;opfpufopf
zefwD;jzpfvQif tMuifemawG
a&xJvGifharsm odyÜHawmrSm
aomur&Sd puf&kyfcsnf;ae
þvlYajr
'dkYawGaysmfEdkifyghrvm;...../

                    xdkyavyavSmf

ဗျူဟာမြောက်ရူးသွပ်ခြင်း

စိတ်ကူးနဲ့လက်တွေ့
တစ်ထပ်တည်းမကျဘူးဆိုတာကို
ခဏလောက်မေ့ထားပြီး
မင်းရဲ့လက်ကို စွဲကိုင်ထားချင်သေးတယ်.....

ငါ့လက်မှာ အပြာရောင်အလံတစ်လက်
ခမ်းနားမှု မရှိတဲ့အလွမ်းတွေက
ငါ့ထိုက်နဲ့ ငါ့ကံအတွက် ပြင်းထန်လွန်းတယ်.....

လောင်းရိပ်မိ အိမ်မက်လေးနဲ့
ညတွေကို ထွေးပွေ့ထားပါရစေဦး.....

သည်းခြေပျက်ခြေလှမ်းတွေနဲ့
မင်းဆီအခစားရောက်တိုင်း
ကတုန်ကရင် ရင်ခုန်သံတွေအတွက်
ဗျူဟာမြောက် မင်းရဲ့အကြည့်က
ဆေးဖြစ်စေခဲ့တယ်.....။


                           လင်းခက်ပိုင် (အရောင်မဲ့ဇုံ)

မေ့နိုင်အား ပေးပါလှည့်

အပြုံးမျက်နှာဖုံးတွေ ကာဆီးထားပေမယ့်
စိတ်ထဲမှာတော့ ငိုနေဆဲ
ငါ့ရှိုက်သံတွေ ဘယ်သူမှ
မကြားနိုင်တဲ့ အထိပေါ့.....

လိမ်ညာမရတဲ့ အတိတ်ကြားမှာ
သိမ်ငယ်မှုတွေနဲ့ ငါ
ခေါင်းတောင်မဖော်ဝံ့ခဲ့ဘူး.....

မျက်ထောင့်နီတွေ စွန်းပေနေတဲ့
အကြည့်တွေကတော့
အခုထိ အရောင်မပြယ်သေးဘူး.....

တကယ်ပါ
အတိတ်သာ အိမ်မက်ဖြစ်ခဲ့ရင်
နာကျင်မှုတွေနဲ့ပဲ ငါကိုယ်တိုင်
နင်းချေလိုက်ချင်ရဲ့.....။

                           ပိုးသွန်းမြူ

လရောင်အောက်က ကြယ်တစ်ပွင့်

တော်ဝင်ပန်းတစ်ပွင့် နန်းတင်စေဖို့
စောင့်စားချက်တွေ ကုန်ဆုံးပေမယ့်
နှလုံးသားရောင်စဉ်တွေကတော့
ပိုပိုပြီး တောက်ပကြီးထွားဆဲပါ.....

အသစ်ကိုမြင်တော့
အဟောင်းမေ့တာ သဘာဝပါ
ရင်နာရတာ ရှိပါစေတော့လေ......

နွေလယ်ခေါင် ပတ်ကြားအက်မှာ
ဘယ်ပန်းတစ်ခက်ဟာ
လန်းလျက်တင်နိုင်မှာတဲ့လဲ....

လရောင်အောက်က စောင့်စားမျှော်လင့်
တမ်းတတဲ့စိတ်ဟာလည်း 
ခံစားချက်ပါဘဲ (လကွယ်ညဖြစ်ရင်တောင်)
ညတိုင်းသာမယ် ကြယ်တစ်စင်းကတော့
မင်းကို ခစားနေဦးမှာပါ.....။

                               ထိုပလေပလှော်

အချစ်ဝေဒနာ

မေ့ဖြစ်အောင်လို့ မျက်တောင်မှိတ်လည်း
အိပ်စက်မရဲ အိမ်မက်ထဲထိ
နှိပ်စက်ရှိသူ......

အပူတစ်စ ဘယ်သူမျှသလဲ
သူမှသူကွယ်....

အပူသည်ဖြစ် စွဲလမ်းရစ်ချည်
စူးနစ်ကျွမ်းမြေ့ အလွမ်းနေ့ဆက်
အမေ့ခက်ပြန် .....

နေ့ရက်နာရီ အချိန်ကာလ
ထာဝရမတည် ကြာရှည်လှပြီ....

ချစ်ခြင်းဝေဒနာ ဖြေသာဖြေကာ
မေ့ပါရစေ တောင်းပန်လို၏.....။

                           ထိုပလေပလှော်

တွေ့ဆုံခြင်း၏ အခြားမဲ့၌

မုန်းပါ မေ့ပါ ရက်စက်ပါလေ .....

ဂုဏ်လွှာဖုံးလွှမ်း မေတ္တာခနဲ့တော့
မဆန်းပါဘူး အချစ်ဦးရယ် ......

ရူးခဲ့ရသူ ကိုယ့်လိုလူမှာ
ကြည်ဖြူစရာ ဂုဏ်လွှာမရှိ
မင်းအသိပါ ....

မချိတဲ့ရင် နာကျင်နှလုံး
မျက်ရည်ဖုံးလို့
အာရုံကိုပိုက် ခေါင်းငိုက်စိုက်နဲ့
မထိုက်မတန် မကြိုက်ပြန်လေတော့
ကိုယ့်ကံပဲလေ
ရင်ကိုဖြေမယ်.....။


                            ထိုပလေပလှော်

သူငယ်ချင်းလို့ ခေါ်တဲ့ချစ်သူ

မင်း သက်ပြင်းရှိုက်လိုက်ရုံနဲ့
ငါ့မာနတွေက အလိုလိုဒူးထောက်ပြီးသားပေါ့
မင်းကိုချစ်လို့ ။

သေးသိမ်ခြင်းတွေ စွန်းတဲ့
တိတ်တခိုးအချစ်ဟာ ဘယ်ခါမှများ
ရုန်းကန်ပေါက်ကွဲလာမလဲ ။

စိုးတစ်ထိပ်ထိပ်နဲ့
ငါ့အမိန့်ငါနာခံရင်း
မင်းရှေ့ရောက်တိုင်း
ငါ့ကိုယ်ငါ မျိုသိပ်ထားခဲ့ပါတယ် ။

လူချင်းနီးပြီး နှလုံးသားချင်းဝေးတဲ့
ခြေဖနောင့်နီနီလေးရေ
ချစ်လွန်းလို့ ဖွင့်မပြောဖြစ်ခဲ့တာ
ငါကိုက လွမ်းရကံပါလို့ နေမှာနော့် ....။

                                        ဖြိုးဝေခ (အရောင်မဲ့ဇုံ)

ပန်းခွင်းတဲ့မြှား

နှလုံးသားချင်းအပ်လို့
အချစ်တွေပျိုးချင်တဲ့ ကောင်မလေးရေ
ပွင့်လာတော့မှ အဆိပ်သင်းရနံ့တွေ
လှိုင်နေပြန်တော့
ဘယ်အပြုံးနဲ့ နမ်းရမှာလဲ။

မ၀ံ့မရဲပဲ ခူးလိုက်တယ်
လက်မှာလည်း သောကတွေဝေလို့

အာသီသတစ်ချက်နဲ့တင်
တယုတယ သိမ်းထားလိုက်မိပါရဲ့
အိမ်မက်တွေ အငွေ့ပြယ်တဲ့အထိပေါ့။

ဒဏ်ရာက
မီးမှောင်းထိုးပြတာတောင်
ရိသဲ့သဲ့မာနက
ထပ်ပွင့်လာမယ့်
ဇီဝိန်ခြွေပန်း
ဘယ်နှစ်ပွင့်ဖြစ်ဖြစ်တဲ့.....။

                             ကသစ်ဆူး (အရောင်မဲ့ဇုံ)

ကျောက်ထွင်းသစ္စာ

နာကြည်းစရာတွေက
ကျွန်တော့ ခြေရင်းမှာရှိတယ်
မုန်းတီးစရာတွေ
မြောက်လတ္တီကျု ထောင့်တစ်နေရာမှာရှိတယ်
အနောက်အရပ်မှာ ကျွန်တော့်အလွမ်းတွေရှိတယ်။

ကြည်နှုးမှုဆိုတာ (၃၁)ဘုံအပြင်ဘက်မှာ
ကျွန်တော်နဲ့ချစ်သူများနေ့ဟာ
ဓါတ်မတည့်ဘူးနဲ့တူတယ်။


ဘာတွေဘယ်လောက်ဝေးဝေး
ကမ္ဘာနဲ့ ကဗျာတွေ
လှည့်ပတ်စီးဝင်နေသရွေ့
ဘ၀နဲ့အချစ်ကတော့
ကျွန်တော့်ရင်ဘတ်ထဲမှာ
ရှိနေအုံးမှာပါ။


                                 လင်းခက်ပိုင် (အရောင်မဲ့ဇုံ)

ဝတ်ရည်

သမုဒယ၀တ်ရည် ဖြစ်တည်သောပန်း
ရင်ထဲလန်းနေ နမ်းနမ်းမနမ်းနမ်း
ပွင့်နေ၏။

တွယ်တာခြင်းအမြစ် စူးနစ်ဝင်လျှက်
အချစ်သစ်ပင် ခိုင်မြဲရှင်စေ
မြင်မြင်မမြင်မြင် နှောင်ဖွဲ့၏။

စေတနာစိတ် ဝေဆာအရိပ်ဖြင့်
ချွေးသိပ်ချမ်းမြေ့ ဘ၀အမော
ပြယ်လျှောကင်းစေ ငြိမ်းအေးစေလို
ခိုခိုမခိုခို အုပ်ဆိုင်း၏။

သတိရခြင်းငှက် အချစ်ပင်ထက်
မနက်နေ့ည ကာလနှစ်ရှည်
ထာဝရဖြစ်တည် အဝေးဆီမှ
တမ်းတလွမ်းမော ကြေကွဲသောအသံ
ခံစားယုံစေ သူသိလေမလား
မယုံစားရဲ
ကြားကြားမကြားကြား တေးသီ၏။

                                         ထိုပလေပလှော်

ခေတ်မှီစွာ ခြံစိုက်ပျိုးရအောင်

                                  

 ဒီ Game လေးက ခေတ်မှီစွာ ခြံစိုက်ပျိုးတဲ့ 3D ဂိမ်းလေးပါ။အရမ်းဆော့လို့ကောင်းပါတယ်။လိုချင်ရင်တော့
 ဒေါင်းလိုက်ပါ။




Mediafire Download

အနာစိမ်းပေါက်နေရင်

သွေးစုနာလို့လည်း ခေါ်ပါတယ်။ အပူနာတစ်မျိုးပါ။ ခွေးတောက်ရွက်ကို မီးကင်ပြီး အနာကိုကပ်ပေးခဲ့ရင် အနာနုရင်ပိန်သွားပြီး အနာရင့်ရင် ပြည်ပေါက်ပြီး ပျောက်ကင်းစေပါတယ်။

အသားအရေနူးညံ့အောင်

ပဲနီလေးကို နွားနို့နဲ့ရောကြိတ်ပြီး အသားအရည်ကို လိမ်းကျံပေးသွားရင် အသားအရေစိုပြည်နူးညံ့လို့လာမှာပါ။ စိတ်ရှည်ရှည်နဲ့ လိမ်းပေးရင် အမာရွတ်အချို့ကိုပင် ပျောက်စေပါတယ်.

မျက်နှာပြင်အမည်းစက်များ

လှတစ်မျက်နှာဖျက်တဲ့ အမည်းရောင်အစက်လေးများ ပျောက်ကင်းစေဖို့ ဒိန်ချဉ်နဲ့ငရုတ်ကောင်းမှုန့် ထုစပ်ပြီး လိမ်းကျံပေးရင် ပျောက်ကင်းသွားမှာပါ။

လက်ပပ်နံ့ထွက်သူများ

ဆိုးရွားတဲ့ အနံ့ဆိုးတစ်ခုပါ။ လိမ်းဆေးအနေနဲ့ သနပ်ခါးနဲ့ကျောက်ချဉ်ကိုရောစပ်ပြီး ချိုင်းနဲ့ခွကြားများကို လိမ်းပေးရင် အနံ့အသက်တွေ ပျောက်ပါတယ်။

ဝက်ခြံထူထူပေါက်ရင်

ဝက်ခြံပေါက်တာအရမ်းများနေရင် ဆေးပုလဲမြစ်ကို ရေနဲ့ပျစ်ပျစ်သွေးပြီး လိမ်းကျံပေးသွားရင် တစ်စစနဲ့ပါးပြီး ပျောက်ကင်းသွားစေပါတယ်။

ရေယုန်နာ

နံ့သာဖြူကို ရေနဲ့သွေးပြီး ရေယုန်များကို လိမ်းကျံပေးပြီးရင် ဆေးလိပ်မီးခိုးငွေ့နဲ့အပူပေးပါ။ (၂)ကြိမ်ခန့်ဆောင်ရွက်ပေးရင်ပျောက်ကင်းပါတယ်။

ကြို့ထိုးဝေဒနာ

ရှာလကာရည်နဲ့ သကြားရောစပ်ပြီး လက်ဖက်ရည်တစ်ဇွန်းလောက် သောက်ပေးလိုက်ရင် ကြို့ထိုးခြင်း ရပ်ဆိုင်းသွားမှာပါ။

ပိတုန်းရောင်ကေသာဖြစ်အောင်

ဆံပင်အနီရောင်သန်းလို့၊ ဆံပင်ကျွတ်လို့ စတဲ့ဆံပင်ပြဿနာများ ကြုံတွေ့နေရင် မြင်းခွာရွက်ကို အခြောက်လှန်းပြီး အုန်းဆီပုလင်းထဲထည့်စိမ်ထားပြီး နေ့စဉ်မှန်မှန်လိမ်းပေးရင် ဆံကေသာတွေ တောက်ပြောင်လို့လာမှာပါ။

အနာရွတ်လေးများ

ဆင်အံသွားကို ရေနဲ့သွေးပြီး အနာရွတ်လေးများကို လိမ်းကျံပေးပါ။ ရက်ကြာလာတာနဲ့အမျှ အနာရွတ်လေးများ တဖြည်းဖြည်းနဲ့တိမ်လာပြီး ပျောက်ကင်းစေပါတယ်။

ဝက်ခြံ

မြက်မုန်ညင်းဥကို သွေးပြီးဝက်ခြံကို လိမ်းပေးရင် နုရင်ပိန်၊ ရင့်ရင်ပေါက် အမြန်ပျောက်စေပါတယ်။

မျက်စိအမြင်အားနည်းရင်

မျက်စိအမြင်အားနည်းသူများ ခရမ်းချည်သီးအရည်ကို မှန်မှန်သောက်ပေးသွားရင် အမြင်အာရုံများပြန်ကောင်းလာမှာပါ။

ဆံပင်ကျွတ်ရင်

တမာစေ့အဆီကို ဦးရေများစိမ့်ဝင်အောင် လိမ်းကျံပေးရင် ဆံပင်ကျွတ်တာ ပျောက်ကင်းသလို ဆံပင်အသစ်ပါ ပြန်ပေါက်ပါတယ်။ စိတ်ရှည်စွာ လိမ်းပေးနော်။

ညှင်းပေါက်နေရင်

အရေပြားရောဂါတစ်မျိုးပါ။ တစ်ကိုယ်ရည်သန့်ရှင်းမှုအပေါ် မူတည်သော်လည်း အကြောင်းအမျိုးမျိုးကြောင့်လည်း ဖြစ်တတ်ပါတယ်။ နံ့သာဖြူရည် (၄)ပဲသား၊ လက်ချား(၁)ကျပ်သား၊ သံပုရာရည်(၁)ကျပ်သားရောစပ်ပြီး ရေချိုးပြီးစအချိန်၊ ညအိပ်ရာဝင်ခါနီးအချိန်များမှာ ညှင်းကွက်များကို လိမ်းကျံပေးရင် ရက်ပိုင်းနဲ့ပျောက်ကင်းစေပါတယ်။

ခြေ၊ လက်မီးလောင်ခံရရင်

မီးပူလောင်လောင်၊ ရေနွေးပူလောင်လောင်၊ ဖြစ်ဖြစ်ချင်း ၁၅မိနစ်အတွင်းမှာ ငရုတ်ကောင်းမှုန့်နဲ့ နှမ်းဆီကို ပျစ်ပျစ်ဖျော်ပြီး လိမ်းကျံပေးရင် အနာအကျက်မြန်သလို မီးလောင်ဖုပါ မဖြစ်စေတော့ပါ။

မျက်စိစွန်နေရင်

ဆဲသီးပင်(အချို) အရွက်ကို အရည်ညှစ်ယူပြီး မျက်စိကိုခပ်ပေးခဲ့ရင် ပျောက်ကင်းစေပါတယ်။

ပါးစပ်ကွဲလောင်နာများ

ကြက်ဟင်းခါးရွက်ထုထောင်းကြိတ်ချေပြီး ရလာတဲ့အရည်နဲ့ မြေဖြူမှုန့်ကိုရောစပ်ပြီး အနာကိုလိမ်းကျံပေးရင် ရက်ပိုင်းနဲ့ပျောက်ကင်းစေပါတယ်။

ကြွက်နို့ပေါက်နေရင်

လက်တွေမှာ အပေါက်များ၊ အဖြစ်များတဲ့ ကြွက်နို့တွေရှိနေရင် ငရုတ်ကောင်း ၃စေ့၊ ဆပ်ပြာမန်ကျည်း ၁စေ့၊ ကြက်သွန်ဖြူဥတစ်လုံး၊ ချင်းလက်တစ်ဆစ်၊ ကွမ်းစားထုံးမန်ကျည်းတစ်စေ့၊ ရောနှောကြိတ်ပြီး စေးပိုင်လာတဲ့အနေအထားဖြစ်လာရင် ကြွက်နို့ကို လိမ်းကျံပတ်တီးစည်းပေးထားရင် ကြွက်နို့အမြစ်တွေတဖြည်းဖြည်းနဲ့ ကျွတ်ထွက်လာပါလိမ့်မယ်။

ဘောက်တွေသေရအောင်

ကြက်ဥအနှစ်ကို ဆံပင်ထဲထည့်၊ ဦးရေနှံ့အောင်ပွတ်လိမ်းပေးပါ။ အတန်ကြာမှ ရေနွေးနွေးနဲ့ဦးရေကိုဆေးကြောပေးရင် ဘောက်တွေသေမှာပါ။ မကြာမကြာလုပ်ဆောင်ပေးရင် တစ်စတစ်စနဲ့ ဘောက်များကင်းစင်ပျောက်သွားပါလိမ့်မယ်။

သွားလေးတွေဖြူဖွေးအောင်

ကွမ်းထဲထည့်စားတဲ့ ရှားစေးကိုမီးနဲ့ကြွတ်နေအောင်ဖုတ်ပြီး အမှုန့်လုပ်ထားပါ။ အဲဒီအမှုန့်နဲ့ နေ့စဉ်မှန်မှန်သွားလေးတွေကို တိုက်ချွတ်ဆေးကြောပေးရင် ပုလဲလုံးလေးများပမာ သွားလေးတွေ ဖြူဖွေးလာမှာပါ။

အသားအရေများချောမွေ့ရအောင်

   မြင်းစားဂျုံကို ညက်ညက်ထောင်းပြီး မျက်နှာချေလိုလိမ်းပေးရင် အသားအရေများညက်ညောလို့လာပါမယ်။ ပြီးတော့ မျက်နှာသစ်မည့်ခွက်ထဲ မြင်းစားဂျုံမှုန့်ကို အနည်းငယ်ထည့်ပြီး မျက်နှာသစ်ပေးရင် အသားအရေလေးတွေဖြူဖွေးပြီး ချောမွေ့လာမှာပါ။

မှန်သလားလို့ပါ

သားငယ်သည် အမေဖြစ်သူအား ရှေ့ကကြည့်လိုက် နောက်ကကြည့်လိုက် ဘေးတိုက်ကြည့်လိုက်နှင့်
အပြန်ပြန် အလှန်လှန် ကြည့်သည်။ကြာသော် အမေဖြစ်သူ စိတ်မရှည်တော့သည်နှင့်ဒေါသသံဖြင့် ပြောသည်။

``ဟဲ့ ကောင်လေး ဘာဖြစ်လို့ ငါ့ကို ဒီလောက်ကြည့်နေတာလဲ။´´

``ဖေဖေ ပြောတာမှန် မမှန်သိချင်လို့ပါ။ ၊ဖေဖေက အိမ်က အစေခံ မကျော့ကိုပြောတယ်၊

`ငါတို့ နှစ်ယောက် နေတာထိုင်တာ သတိထားရမယ်၊ ငါ့မိန်းမရဲ့ နောက်စေ့မှာလည်းမျက်စိပါတယ်`တဲ့။


                                                 အင်တာနက်မှ တဆင့်မျှဝေသည်။

မရှောင်ခဲ့လို့

ငိုပြီးပြန်လာတဲ့ ခြင်ကလေးကို ခြင်မေမေက ဘာဖြစ်တာလဲလို့ မေးတယ်။
ခြင်ကလေး "အီး..ဟီး.. ဖေဖေသေသွားပြီ!"
ခြင်မေမေ "ဟင်း... ဖေဖေက သားနဲ့အတူ စတိတ်ရှိုးသွားကြည့်တာ မဟုတ်လား!"
ခြင်ကလေး "ဟုတ်တယ်.. ပရိသတ်လက်ခုပ်တီးတဲ့အချိန် ဖေဖေမရှောင်ခဲ့ဘူး..."

မြန်မာကွ………

တစ်ခါက ဂျပန်သုတေသီတွေ မြေကြီးတူးပြီးရှာဖွေကြည့်ကြသတဲ့။ ပေ ၁၀၀၀ တူးမိတဲ့အခါမှာ မြေကြီးထဲက ကြေးနီ Network ကြိုးတွေ၊ ဖုန်းကြိုးတွေတူးမိကြတယ်။ ဒီတော့ ဂျပန်တွေက ဂုဏ်ယူပြီးပြောကြတယ်။

“ဂျပန်တွေဟာ လွန်ခဲ့တဲ့နှစ် ၁၀၀၀ ကတည်းက Networking & Telecommunication ကို နားလည်နေကြပြီ” တဲ့။

အမေရိကန်တွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၂၀၀၀ လောက်တူးမိတော့ Fiber Optic ကြိုးတွေ တူးမိကြတယ်။ ဒီတော့ အမေရိကန်တွေက -
“လွန်ခဲ့တဲ့ နှစ် ၂၀၀၀ ကတည်းက အမေရိကန်တွေဟာ Fiber Optic ကြိုးတွေ သုံးတတ်၊ တီထွင်တတ်နေကြပြီ ” ဆိုပြီး ဂုဏ်ဖေါ်ကြတယ်။

မရှေးမနှောင်းမှာပဲ မြန်မာပြည်က ဆရာကြီးတွေကလည်း တူးကြပြန်ရောတဲ့။ ပေ ၅၀၀၀ သာရောက်ရော … ဘာမှမတွေ့ဘူး။ ဒါပေမယ့် နောက်တစ်နေ့ထုတ်သတင်းစာတွေမှာ စာလုံးမည်းကြီးတွေနဲ့ ပါလာတယ်။

“မြန်မာတွေ လွန်ခဲ့သော နှစ် ၅၀၀၀ က Wireless Technology ကို တွင်ကျယ်စွာ အသုံးပြုခဲ့ကြကြောင်း ” ဆိုပဲ။ 
  
                                                              အင်တာနက်မှ တဆင့်မျှဝေသည်။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management