Monday 29 August 2011

သူငယ်ချင်းလို့ ခေါ်တဲ့ချစ်သူ

မင်း သက်ပြင်းရှိုက်လိုက်ရုံနဲ့
ငါ့မာနတွေက အလိုလိုဒူးထောက်ပြီးသားပေါ့
မင်းကိုချစ်လို့ ။

သေးသိမ်ခြင်းတွေ စွန်းတဲ့
တိတ်တခိုးအချစ်ဟာ ဘယ်ခါမှများ
ရုန်းကန်ပေါက်ကွဲလာမလဲ ။

စိုးတစ်ထိပ်ထိပ်နဲ့
ငါ့အမိန့်ငါနာခံရင်း
မင်းရှေ့ရောက်တိုင်း
ငါ့ကိုယ်ငါ မျိုသိပ်ထားခဲ့ပါတယ် ။

လူချင်းနီးပြီး နှလုံးသားချင်းဝေးတဲ့
ခြေဖနောင့်နီနီလေးရေ
ချစ်လွန်းလို့ ဖွင့်မပြောဖြစ်ခဲ့တာ
ငါကိုက လွမ်းရကံပါလို့ နေမှာနော့် ....။

                                        ဖြိုးဝေခ (အရောင်မဲ့ဇုံ)

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management