Monday 29 August 2011

ဗျူဟာမြောက်ရူးသွပ်ခြင်း

စိတ်ကူးနဲ့လက်တွေ့
တစ်ထပ်တည်းမကျဘူးဆိုတာကို
ခဏလောက်မေ့ထားပြီး
မင်းရဲ့လက်ကို စွဲကိုင်ထားချင်သေးတယ်.....

ငါ့လက်မှာ အပြာရောင်အလံတစ်လက်
ခမ်းနားမှု မရှိတဲ့အလွမ်းတွေက
ငါ့ထိုက်နဲ့ ငါ့ကံအတွက် ပြင်းထန်လွန်းတယ်.....

လောင်းရိပ်မိ အိမ်မက်လေးနဲ့
ညတွေကို ထွေးပွေ့ထားပါရစေဦး.....

သည်းခြေပျက်ခြေလှမ်းတွေနဲ့
မင်းဆီအခစားရောက်တိုင်း
ကတုန်ကရင် ရင်ခုန်သံတွေအတွက်
ဗျူဟာမြောက် မင်းရဲ့အကြည့်က
ဆေးဖြစ်စေခဲ့တယ်.....။


                           လင်းခက်ပိုင် (အရောင်မဲ့ဇုံ)

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management