Monday 19 September 2011

ဘ၀က မစသေးဘူးဆိုတဲ့ လင်းဇာနည်ဇော်

                                                                    
အခုချိန်ထိ လှပဆဲ မလင်း(လင်းဇာနည်ဇော်) ကို အခုချိန် Show ပွဲလျှောက်ရတဲ့ ခံစားချက်လေး မေးကြည့်တော့- “မလင်းက Actor ဆိုတော့ Show လျှောက်တာ ကိုယ့်အလုပ် မဟုတ်ဘူးပေါ့နော်။ အမှန်က ကိုယ်လမ်း လျှောက်တာ သူများကြည့်နေရင် သိပ်ရှက်တာ။ သရုပ် ဆောင်ဖြစ်ပေမယ့် ရှက်တတ် တယ်။ အခုတော့ လျှောက်တာလေးများလာတော့ အတွေ့အကြုံ ရပြီပေါ့လေ။ မော်ဒယ် တွေ လောက်တော့ မလျှောက်တတ်ဘူးလေ။ အဲဒီတော့ ရင်ကတော့ တုန်နေတာပဲ။ မလင်းက သီချင်းတွေ လည်း လိုက်ဆိုနေတော့ အဲဒီ ခံစားချက်ကို ပိုကြိုက်တယ်။ အောက်က ပရိသတ်က ကျေနပ်ရင် ကျေနပ်တယ်၊ မကျေနပ်ရင် မကျေနပ်ဘူးပေါ့”လို့ဆိုလာတဲ့ မလင်းက ဗီဒီယိုတွေ ရိုက် နေသလို ဒီဇိုင်နာ Show လေးတွေ လျှောက်ဖို့ လက်ခံထားတယ်လို့ ဆိုပါတယ်။
မကြာ ခင်ရုံတင်တော့မယ့် အငိုမျက်လုံးအပြုံးမျက်နှာ ကားကြီးအတွက် အဓိက ဇာတ်ကောင် နေရာ က ပါဝင်ခွင့်ရခဲ့တဲ့ မလင်းရဲ့ရင်ခုန်သံကို မေးကြည့်တော့-“အတတ်နိုင်ဆုံး ကောင်းအောင် လုပ်ခဲ့ပေ မယ့် အစ်မကိုယ် အစ်မ ဘယ်တုန်းကမှ မကျေနပ်ခဲ့ဘူး။ ပြန်ကြည့် ရင်အမြဲလိုနေတာပါပဲ။ ဒီကားကြီး ပေါ်မှာလည်း အများကြီး မမျှော်လင့်ရဲပါဘူး။ ကိုယ်ကြိုးစား လုပ်ထားတဲ့ အလုပ်လေးမို့ အများကြီး အရာမထင် တောင်နည်းနည်းလေးထင်ရင် ကျေနပ် ပါတယ်။ ပြီးတော့ ဒီကားရိုက် ဖြစ်ခဲ့တာက ထွေထွေထူးထူး မရှိပါဘူး။ ကိုမင်းအုပ်စိုးနဲ့ ဗီဒီယိုလေးတွေ ရိုက်နေရင်းနဲ့မှ “ငါကားကြီးတစ်ကား ရိုက်မယ်” ဆိုတော့ ပထမ နောက်နေတာမှတ်လို့ မင်းသမီး ဘယ်သူလဲဆိုတော့ “မင်းသမီးက နင်ပဲ” လို့ ပြောတယ်။အဲဒီတော့ အဲဒီအချိန်မှာ ကိုယ့်ကိုမင်း သမီးတင် ရိုက်မယ့် သူက ဘယ်သူမှ မရှိဘူးလေ။ သူ့ကိုနောက်နေတယ်လို့တောင် ထင်တာ။ နောက်မှ မောင်နှမ ဇာတ်မှန်း သိရတယ်။ ကားကြီးလည်း ဖြစ် ကိုယ်လုပ်ချင်တဲ့ကာ ရိုက်တာလည်း ဖြစ်တော့ အရမ်း ပျော်သွားခဲ့တယ်။ အခုဆို မလင်းက လူလတ်ပိုင်းဖြစ်သွားပြီ ဘဝတော့ မစသေးပါ ဘူး။ လေးဆယ်ကျော်မှ ဘဝစတာလေ။ အဲဒီ တော့ လေးဆယ်မကျော်သေးတော့ ကလေးတော့ ကလေးပေါ့ (ရယ်လျက်) ဒါပေမဲ့ ဖန်စီလေးတွေ အလန်းလုပ်ရတဲ့ ဇာတ်တွေက ကိုယ်နဲ့မလိုက်တော့ဘူးပေါ့ ညီမရယ်။ အဲဒါကြောင့် ကိုယ်နဲ့လိုက်မယ့် ကာရိုက်တာလေးတွေ ရွေးပါတယ်။ မလင်း အတတ်နိုင်ဆုံး ကြိုးစားထားတယ်ပေါ့နော်။ ဒါပေမဲ့ခေတ်ကလည်း မလင်းခေတ် မဟုတ်တော့ ဘူးလေ။ ဒရာမာအနေနဲ့လည်း ခေတ်ကလည်း သိပ်လက်မခံသေးတဲ့ ခေတ်ဆိုတော့ မလင်းတို့ကြိုးတော့ ကြိုးစားထားကြတာပဲ”လို့ ဖြေသွားခဲ့ပါတယ်။
အခုချိန်မှာ အပျိုကြီးဖား ဖားဖြစ်ပြီးလှချင်တိုင်းလှနေတဲ့ မလင်းရဲ့ သမီးလေးက အနုပညာကို အရမ်း ဝါသနာပါတယ်လို့ သိရတာကြောင့် မိခင်တစ်ယောက်ရဲ့ ပူပန်မှုကို မေးကြည့် တော့- “မလင်းကို သူကချစ် လည်း ချစ်တယ်။ ကြောက်လည်း ကြောက်တယ်။ သူ့ကို မလင်းက သူငယ်ချင်းပေါင်း ပေါင်းပေမယ့် သေချာ စည်းကမ်းချတယ်။ တအားကြောက်အောင် လုပ်ရင် လည်း ကွယ်ရာ မိဘမသိအောင် လုပ်နိုင်တယ်။ အဲဒီအတွက် သူ့ကိုမလျှော့မတင်း လေးတော့ ထားပါတယ်။ သူကတော့ အနုပညာပိုး အရမ်း ပါတယ်။ စာကလည်း တော်တယ်။ မလင်းကတော့ သူ့ကို ပညာရေးဖက်ပဲဦးစားပေးချင်တယ်။ ဒီအလုပ်ကို သိပ်မလုပ်စေချင်ဘူး။ ဒါပေမဲ့ သူက အရမ်းဝါသနာပါနေတော့ ဘယ်တတ်နိုင်မလဲ လုပ်ပေးရမှာပေါ့” လို့ ရင်ဖွင့်သွားခဲ့ပါတယ်။
 

                                                                                                                              ဝါဝါကြည်
                                                                                                                              Ref: ရိုးရာလေး

မြန်မာကားရိုက်မယ့် အိန္ဒိယမင်းသမီး Laila Khan (ခ) စန္ဒာဝင်း

                                                             
စိန်ဌေး ဗီဒီယို ထုတ်လုပ်ရေးရဲ့ ဇာတ်ကား ကန်တော့ ပေးပွဲမှာ ပါဝင် သရုပ် ဆောင်ဖို့ မြန်မာပြည်ကို ရောက်ရှိ လာတဲ့ အိန္ဒိယမင်းသမီး Laila Khan ကို ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်)က ပွဲထုတ် မိတ် ဆက် ပေးခဲ့ပါတယ်။
ဒါရိုက်တာ မောင်မျိုးမင်း(ရင်တွင်းဖြစ်) ရိုက်ကူးမယ့် “တိုက်ဆိုင်မှုရှိလျှင်” ဆိုတဲ့ ဇာတ်ကားမှာ ပြေတီဦး၊ မိုးဟေကိုတို့နဲ့အတူ ပါဝင် သရုပ်ဆောင်မယ့် Laila Khan (ခ) စန္ဒာဝင်းနဲ့ မေးဖြစ်သမျှက တော့...
ဘောလိဝုဒ်မှာ ဇာတ်ကားတွေရိုက်ခဲ့တဲ့ မစန္ဒာ အနေနဲ့ မြန်မာ ရုပ်ရှင်ဇာတ် ကားတွေကို ဘယ်လောက်အထိ လေ့လာ ကြည့်ဖြစ်ခဲ့ပါသလဲ။
အမှန်အတိုင်း ပွင့်ပွင့်လင်းလင်း ဝန်ခံရရင် ဟိုတုန်းကတော့ မြန်မာ ရုပ်ရှင်ကားတွေ ကြည့်ဖြစ်ခဲ့ပါ တယ်။ ကိုရန်အောင်တို့၊ မစိုးကြီးတို့ ခေတ်ကကားတွေတော့ ကြည့်ဖူးတယ်။ အခု နောက်ပိုင်း ကား တွေကိုတော့ လုံးဝ မကြည့်ဖြစ်ခဲ့ပါဘူး။
မြန်မာ ဇာတ်ကား တစ်ကားကို ရိုက်တော့မယ့် မစန္ဒာအနေနဲ့ အခုနောက်ပိုင်း မြန်မာ ဇာတ်ကားတွေ မကြည့်ဖြစ်တော့ ကိုယ်နဲ့အတူ လက်တွဲလုပ်ရမယ့် သရုပ်ဆောင်တွေ၊ ဒါရိုက်တာတွေနဲ့ လက်တွဲလုပ်တဲ့အခါ အဆင် ပြေနိုင်မယ်လို့ ယုံကြည်မိလား။
မလိုပါဘူး မင်းသား မင်း သမီးပဲနော် သူတို့ အိုက်တင်ကောင်း လို့သာ ဒီအခြေအနေကို ရောက်နေကြ တာလေ။ ကိုပြေတီဦးဆိုလည်း ဒီမှာ နာမည်အကြီးဆုံးထဲက တစ်ယောက်လို့ ထင်ပါတယ်။ မိုးဟေကိုဆိုလည်း နာမည် အကြီးဆုံး လို့ထင်ပါတယ်။ သူတို့တွေလည်း သူတို့ဟာနဲ့သူတို့ တော်ကြလို့သာ ဒီအခြေအနေရောက်နေကြတာလေ။ သူ့ဟာနဲ့သူရှိကြမှာပါ။ စန္ဒာကတော့ ဘယ်သူနဲ့မှ ပြိုင်တယ်ဆိုင်တယ် သဘောမထားပါဘူး။ ဒါကိုအလုပ်လုပ် တယ်လို့ပဲ သဘောထားတယ်။ သူတို့အကူအညီလိုရင်လည်း ကူညီပေးမှာ။ အိုင်ဒီယာ လိုရင် လည်း အိုင်ဒီယာ ပေးမှာပါ။ ကိုယ့်ကိုယ် ကိုယ်လည်း နိုင်ငံခြားကလာတယ်ဆိုပြီး ဘယ်လိုမှလည်းမနေပါဘူး။ အကုန်လုံးကို ကိုယ့်ညီငယ်၊ ညီမငယ်လေးတွေလို သဘော ထားပြီး လုပ်သွားမှာပါ။
ဒီကားက မြန်မာပရိသတ်အတွက် ရိုက်မယ့်ကားဆိုတော့ ခါတိုင်းနဲ့မတူတဲ့ အိုက်တင်တွေ၊ ဖက်ရှင်တွေ အတွက် ဘယ်လိုစီစဉ်ထားလဲ။
ခါတိုင်းနဲ့မတူ ယဉ်ယဉ်ကျေးကျေးရိုက်ရ မယ်။ ဒါပေမယ့် အစ်မရဲ့ကာရိုက်တာက မြန်မာဆန်တဲ့ ကာရိုက်တာ မဟုတ်ဘူးရှင့်။ အဲဒီတော့ ဘာမှသိပ်ပြီး ထူးထူးခြားခြားလုပ်ရတာမျိုး မရှိဘဲ ဒီအရင် ပုံစံအတိုင်းလေးပဲ။ အဝတ်အစားဒီဇိုင်းကအစ ဒီပုံစံပဲလုပ်ရမှာပါ။
ထုတ်လုပ်ရေးကရော စိန်ဌေးနဲ့ပဲလား။
အဲဒါတော့ စန္ဒာမသိပါဘူး။ စိန်ဌေးဖြစ်ဖို့များ ပါတယ်။ စိန်ဌေး ဟုတ်လား မဟုတ်လားမသိပေမယ့် ဦးမျိုးမင်းနဲ့ဟုတ်ပါတယ်ရှင်။ အကယ်၍ မြန်မာပရိသတ်က လက်ခံတယ်ဆိုရင် အချိန်ပေးရင် ပေးသွားသလို ဇာတ်ကားတွေ ကူညီ ရိုက်ကူး ပေးမှာပါ။
မစန္ဒာလိုပဲ တစ်ချိန်ကဆိုရင် မြန်မာပြည်က မင်းသမီး ဝင်းမင်းသန်းဆိုလည်း ဟောလိဝုဒ်ကမင်းသား၊ ဒါရိုက်တာတွေနဲ့ မြန်မာပြည်မှာ ကားကြီးရိုက်ကူးခဲ့တာ တွေ ကို ကြည့်ဖြစ်လား။ ကိုယ်တိုင်ရော အိန္ဒိယ အမျိုးသမီးပုံစံ မဟုတ်ဘဲ မြန်မာဆန်ဆန် ကာရိုက်တာနဲ့ သရုပ်ဆောင်ဖို့ စိတ်ကူးရှိလား။
ကျွန်မတို့ Generation နဲ့ အရမ်းကွာဟသွားလို့ပဲလား မသိဘူး ကျွန်မ မကြည့်ဖြစ်ခဲ့ပါဘူး။ မြန်မာ ဆန်ဆန် ကာရိုက်တာနဲ့ရိုက်ဖို့ကတော့ အဲဒီအချိန်ကျမှ Story ကိုဖတ်ပြီးမှ စဉ်းစား ဆုံးဖြတ်နိုင်ပါလိမ့်မယ်။ ဒီအတိုင်းတော့ ပြောလို့မရပါဘူး။
ဘန်ကောက်မှာရိုက်တဲ့ ရိုက်ကွင်းမှာ ပရိုဂျက်တာနဲ့ထိုးပြ တော့ ဆင်တက်နင်းတဲ့အခန်းကို ကြည့်လိုက်ရတဲ့ မစန္ဒာ ကိုယ်တိုင် ဆင်ခြေထောက်အောက်မှာ အနင်းခံ ရတဲ့အချိန် ခံစား ချက်လေး။
ဘယ်လိုမှမနေပါဘူး။ အရမ်းပျော်တာပါပဲ။ ကိုယ်ကလည်း ငယ်ငယ်လေးကတည်းက တိရစ္ဆာန်တွေကို အရမ်း ချစ်တတ်တာလေ။ တိရစ္ဆာန်တွေ့လို့လည်း လုံးဝကြောက် စိတ်မရှိဘူး။ တစ်ခါ ဇာတ်ကားတစ်ခုမှာ အန်ဒါကွန်ဒါးဆိုတဲ့ မြွေအကြီးကြီးကို ကိုယ်မှာပတ်ပြီး ရိုက်ဖူးတယ်။ ဘယ်လိုမှ မနေပါဘူး။
ဒီကားကိုရိုက်ဖို့ ဒီမှာဘယ်လောက် ကြာကြာနေမှာလဲ သိချင်ပါတယ်။
ဒီကားရိုက်ဖို့ရက် ၂၀ကျော် ကြာကြာပေးထားတယ်။ ဒီမှာ သူတို့ကို အဆင့်မြင့်နည်းနဲ့အသံသွင်းဖို့ အကြံဥာဏ်လေး နည်းနည်း ပေးထားတဲ့အတွက် အချိန်ပေးထားပါတယ်။ ဒီလ ကုန် မှာ ကျွန်မပြန်မှာပါ။ ပတ္တရား ကမ်းခြေမှာ ရိုက်ကူးရေးတစ်ခု ရှိလို့ပါ။ 
အိန္ဒိယမှာရုပ်ရှင်ဘယ်နှကားရိုက်ပြီး ပြီလဲ။ 
ရုံတင်ကား ၃ ကားက တော့ပြီးသွားပါပြီ။ တစ်ကားကတော့ရိုက်နေဆဲပါပဲ။ ဟိုမှာကတော့ ပုံမှန် တစ်နှစ်တစ်ကားပါပဲ။ ဟိုနဲ့ဒီနဲ့ ကူးရင်း ကားတွေ ရိုက်နေမှာပေါ့။ ဘန်ကောက်တို့၊ စင်ကာပူတို့မှာ ရိုက်တာများတော့ ဒီကိုအမြဲ လာဖြစ်ပါတယ်။ နှစ်လ သုံးလတစ်ခေါက်လောက် လာဖြစ်ပါတယ်။
ဒီကမြန်မာပရိသတ်တွေအတွက် စကားတစ်ခွန်းလောက်။
စန္ဒာ ပြောချင်တာက ကမ္ဘာ မှာရှိတဲ့ ပရိသတ်တွေအားလုံးထဲမှာ မြန်မာ ပရိသတ်တွေကို အချစ်ဆုံးလို့ ပြောပေးပါ။
 
                                                                                                                           ဝါဝါကြည်
                                                                                                                           Ref: ရိုးရာလေး

Driver Checker လေးနော်

 DriverChecker Update လေးတစ်ခုတင်ပေးလိုက်ပါတယ်။ ကျွန်တော်တို့ရဲ့ စက်ထဲမှာရှိတဲ့Printer Drivers,USB Drivers, Sound/Audio Drivers, Vista Drivers, Bluetooth Drivers, Mouse Drivers, Keyboard Drivers, RAID Drivers, Scanner Drivers, Video Drivers, Modem Drivers, Network Drivers, Linksys Drivers, Webcam Drivers, Graphic Drivers, VGA Drivers  စတဲ့ Drivers တွေအတွက် Check လုပ်ပေးပြီး၊ တစ်ခါတည်း Download ဆွဲ၊ Install လုပ်ပေးပါတယ်။

DriverChecker.2.7.5

Downloading from ifile.it

Downloading from mediafire

Windows 7 Theme လေး

                                                                         

Themes လေးအလန်းလေးတစ်ခုထပ်တင်လိုက်ပါတယ်။ဖိုင်ဆိုဒ်ကတော3.46 MB 
ပဲရှိပါတယ်။
ကျွန်တော်အောက်မှာ နှစ်နေရာခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လခ်လေးကနေသာယူသွား
လိုက်ပါဗျာ။



Eve 1.0 Theme

Downloading from ifile.it

Downloading from mediafire

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management