This is featured post 1 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 2 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
This is featured post 3 title
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
Showing posts with label ကဗျာများ. Show all posts
Showing posts with label ကဗျာများ. Show all posts
Thursday, 8 September 2011
Saturday, 3 September 2011
ဆင်းရဲသား
မူန်ပျပျအလင်ရောင်အောက်
ကုန်ကျမဲ့ အသုံးစရိတ်ငါတွက်နေရတယ်
မနက်ဖြန်အရင်းမပြုတ်ဖို့ .....................
မူန်ပျပျအလင်ရောင်အောက်
အသကုန်ကျတဲ့ စာမေးပွဲအတွက် စာကျက်နေရတယ်
နောက်နှစ်ဘွဲ့ ယူနိုင်ဖို့ ........................
မူန်ပျပျအလင်ရောင်အောက်
အလုံ နားကအမျိုးသမီး တစ်ယောက်အတွက် ခေါင်းခြောက်နေရတယ်
ရွှေလက်စွပ်ဆင်တူဝတ်ရအောင်တဲ့ .........
Thursday, 1 September 2011
အချစ် သဘာဝ အချစ်
သူ့ကိုချစ်ရ ထိုကာလသည်
နေ့ညမခွဲ သူ့ကိုစွဲ၏.................
သူ့ကိုမုန်းမေ့ ထိုနောက်နေ့၌
မြင့်တွေ့စိတ်ထဲ သူ့ကိုမဲ၏.............
မချစ်မမုန်း ထိုစဉ်တုန်းက
ရွှင်ပြုံးချမ်းသာ ငါ့ကမ္ဘာသည်
ပျော်ရွှင်စရာ နေ့ရက်များထဲမှာသာ ရှိ၏.............။
ထိုပလေပလှော်
ငါ့ကိုငါ ချွေတဲ့ဆုတောင်း
အိမ်မက်ရယ်...
နောက်တစ်ကြိမ်မက်ခွင့်ရှိမယ်ဆိုရင်
ကြိုတင်ပြင်ဆင်ခွင့်ရအောင်
ချစ်သူပုံရိပ်တွေအဖြစ်နဲ့
ဝင်ရောက်ခဲ့ပေးပါ...
ကြယ်ကြွေညတိုင်း
တောင်းဆုချွေပါတယ်...
ပြောခွင့်မရတဲ့ရင်ခွင်မှာ
နှလုံးသားမဖြစ်တည်ပါရစေနဲ့လို့....
မျှော်လင့်ခြင်းတွေထွေးပိုက်ပြီး
မင်းအနမ်းတွေအကြောင်း
ငါ့အတိတ်မှာ သမိုင်းတွေရေးမယ်....
မင်းနဲ့တွေ့တိုင်း ighypööKyÜÜefawG
ေ၀၀ါးသွားတတ်ပြီ......
ကဲ...ကောင်မလေးရေ
ရင်ထဲက ခြေသံတွေကို
မင်းသိအောင်ဖွင့်ပြဖို့ဘဲ
ကျန်တော့တယ်..............။
လင်းခက်ပိုင်
နေခြည်နမ်းတဲ့လ
သူငယ်ချင်းဆိုတဲ့ အရာထက်
တခြားတစ်စုံတစ်ရာကို
ပိုမမက်မောခဲ့မိတာ
ငါပဲ အပြစ်ဖြစ်ခဲ့လား.....ဟင်
နင်က မှန်တစ်ချက်မဟုတ်ခဲ့တော့
ကိုယ်ပေးသလောက် ပြန်မရတဲ့အခါ
ရင်က ...
တဆတ်ဆတ်နာကျင်လာရတယ်......
အနာဂတ်မှာလည်း
နင့်ဥပေက္ခာတရားတွေနဲ့
ငါ ရင်ဆိုင်ရအုံးမယ်....
ဝဋ်ကြွေးလို့ သတ်မှတ်ရမယ်ဆိုရင်တောင်
ငါ့အတွက်ပေးဆပ်မှုက
လေးလံလွန်းပါရဲ့ဟာ....
ဒါပေမယ့်
မနက်ဖြန်ဆိုတာ ရှိနေသရွေ့
ငါ့ကို မျှော်လင့်တမ်းတခွင့်တော့ပေးပါနော်.....။
နှင်းသံချို
တခြားတစ်စုံတစ်ရာကို
ပိုမမက်မောခဲ့မိတာ
ငါပဲ အပြစ်ဖြစ်ခဲ့လား.....ဟင်
နင်က မှန်တစ်ချက်မဟုတ်ခဲ့တော့
ကိုယ်ပေးသလောက် ပြန်မရတဲ့အခါ
ရင်က ...
တဆတ်ဆတ်နာကျင်လာရတယ်......
အနာဂတ်မှာလည်း
နင့်ဥပေက္ခာတရားတွေနဲ့
ငါ ရင်ဆိုင်ရအုံးမယ်....
ဝဋ်ကြွေးလို့ သတ်မှတ်ရမယ်ဆိုရင်တောင်
ငါ့အတွက်ပေးဆပ်မှုက
လေးလံလွန်းပါရဲ့ဟာ....
ဒါပေမယ့်
မနက်ဖြန်ဆိုတာ ရှိနေသရွေ့
ငါ့ကို မျှော်လင့်တမ်းတခွင့်တော့ပေးပါနော်.....။
နှင်းသံချို
Tuesday, 30 August 2011
Address
နွေရယ်.......အချစ်
မိုးရယ်.......သစ္စာ
ဆောင်းရယ်.......အကြင်နာ
သုံးရာသီစက်ဝိုင်း ရင်အတွင်းမှာ
မေတ္တာရွာကို အလည်တစ်ခေါက် ရောက်လာခဲ့ပါ.......
သစ္စာတရားနှင့် ဖွင့်ရသော မေတ္တာတံခါးကို
အချစ်ဆိုတဲ့ အကြင်နာသံလေးနဲ့
ခေါ်လာလှည့်ပါ ”ချစ်သူ”ရယ်....
အကြင်နာရွာရဲ့ ”နှလုံးသားမြို့တော်”
အရောက်လာခဲ့ပါ...
ရောက်မယ်ဆိုရင်....
(၅၂၈) ရပ်ကွက်
မေတ္တာလမ်း
အကြင်နာမြို့တော်
Ph - 17204
E-mail - aendakea@gmail.com
ထိုပလေပလှော်
ပါးစပ်ရာဇ၀င်
လျှောက်ခဲ့ကြဘူးတယ်...
ညနေကြွေလုလုမှာ ပန်းရနံ့တွေရှူရှိုက်လို့...
အဖြူစင်ဆုံးအချစ်နဲ့
ရမ္မက်တွေသွေးမဆာစတမ်း
ဟောဒီ...ကျောင်းတော်ကလမ်းအတိုင်း
အကြင်နာရစ်သမ်တွေ ပုံမှန်စီးဆင်းရင်းပေါ့....
အဆောင်ရှေ့အုတ်ခုံမှာ
ရင်ခုန်သံတွေရပ်တန့်နားစွင့်
တစ်ညတာဝေးလွင့်ဖို့ ငါတို့လက်တွေပြခဲ့ရ....
နောက်တော့ကြယ်ရောင်မှေးမှေး
ဂစ်တာသံအေးအေးနဲ့
ငါတို့ဆွေးကြမယ်....
အဲဒီညတွေ မိုးသောက်တဲ့အခါ
ညို့ငင်ခံရတဲ့ ခြေလှမ်းတွေနဲ့
မင်းရှေ့ကိုငါရောက်လာမယ်....
ဒီလိုနဲ့ပဲ ငါတို့ဟာအနာဂတ်မှာ
ဒဏ္ဍာရီတွေ ဖြစ်လာလိမ့်မယ်...
နောက်တော့
ငါတို့ရဲ့ သမိုင်းတွေကိုတူးဖော်ကြတဲ့အခါ
ချစ်ခြင်းနဲ့ ယက်ထားတဲ့လမ်းလေးရယ်
ခွဲခဲ့ရတဲ့ ဒီဇင်ဘာကျောင်းပိတ်ချိန်ရန်
တွဲထားတဲ့ ပန်းရောင်လက်ဖ၀ါးတစ်စုံရယ်ပဲ
တွေ့ကြလိမ့်မယ်ကွယ်.....။
ဖြိုးဝေခ ( GTC မှလမ်းလျှောက်တတ်သော သူငယ်ချင်းများအတွက်)
ညနေကြွေလုလုမှာ ပန်းရနံ့တွေရှူရှိုက်လို့...
အဖြူစင်ဆုံးအချစ်နဲ့
ရမ္မက်တွေသွေးမဆာစတမ်း
ဟောဒီ...ကျောင်းတော်ကလမ်းအတိုင်း
အကြင်နာရစ်သမ်တွေ ပုံမှန်စီးဆင်းရင်းပေါ့....
အဆောင်ရှေ့အုတ်ခုံမှာ
ရင်ခုန်သံတွေရပ်တန့်နားစွင့်
တစ်ညတာဝေးလွင့်ဖို့ ငါတို့လက်တွေပြခဲ့ရ....
နောက်တော့ကြယ်ရောင်မှေးမှေး
ဂစ်တာသံအေးအေးနဲ့
ငါတို့ဆွေးကြမယ်....
အဲဒီညတွေ မိုးသောက်တဲ့အခါ
ညို့ငင်ခံရတဲ့ ခြေလှမ်းတွေနဲ့
မင်းရှေ့ကိုငါရောက်လာမယ်....
ဒီလိုနဲ့ပဲ ငါတို့ဟာအနာဂတ်မှာ
ဒဏ္ဍာရီတွေ ဖြစ်လာလိမ့်မယ်...
နောက်တော့
ငါတို့ရဲ့ သမိုင်းတွေကိုတူးဖော်ကြတဲ့အခါ
ချစ်ခြင်းနဲ့ ယက်ထားတဲ့လမ်းလေးရယ်
ခွဲခဲ့ရတဲ့ ဒီဇင်ဘာကျောင်းပိတ်ချိန်ရန်
တွဲထားတဲ့ ပန်းရောင်လက်ဖ၀ါးတစ်စုံရယ်ပဲ
တွေ့ကြလိမ့်မယ်ကွယ်.....။
ဖြိုးဝေခ ( GTC မှလမ်းလျှောက်တတ်သော သူငယ်ချင်းများအတွက်)
ရင်မှဖြစ်ထွန်းသောဆည်းဆာ
ဒါဟာ...ဆုံစည်းမှုတစ်ခုလား
ဖြစ်ရပ်အားလုံးထက် ဆန်းကြယ်တယ်....
ရနံ့မပြယ်သေးတဲ့ ဇူလိုင်တွေထဲမှာ
မာနတွေပြိုင်တဲ့ နင်ရယ် ငါရယ်....
အားလုံးထဲမှာ အရှုံးကြီးရှုံးတာ ငါပါ
ရလဒ်မှန်သမျှကိုလည်း နင်ဖျက်ဆီးခဲ့တယ်....
ကျနမှုမရှိတဲ့ စည်းကမ်းချက်တွေ
လိုက်နာဖို့ပြောတဲ့အခါ
ခေါင်းငြိမ့်တတ်တာကလွဲပြီး
အခြားအမူအရာတွေ မနိုင်နင်းခဲ့ဘူး.....
တစ်ဖွဲဖွဲသည်းနေတဲ့ မိုးနေ့တစ်နေ့မှာ
စကားလုံးတွေရေမျှောပြီး
အထီးကျန်ဆိုတာ ငါ့အတွက်
ဖြစ်မှန်းမသိဖြစ်ခဲ့ဖူးတယ်.....။
ချွန်းအုပ်
ဖြစ်ရပ်အားလုံးထက် ဆန်းကြယ်တယ်....
ရနံ့မပြယ်သေးတဲ့ ဇူလိုင်တွေထဲမှာ
မာနတွေပြိုင်တဲ့ နင်ရယ် ငါရယ်....
အားလုံးထဲမှာ အရှုံးကြီးရှုံးတာ ငါပါ
ရလဒ်မှန်သမျှကိုလည်း နင်ဖျက်ဆီးခဲ့တယ်....
ကျနမှုမရှိတဲ့ စည်းကမ်းချက်တွေ
လိုက်နာဖို့ပြောတဲ့အခါ
ခေါင်းငြိမ့်တတ်တာကလွဲပြီး
အခြားအမူအရာတွေ မနိုင်နင်းခဲ့ဘူး.....
တစ်ဖွဲဖွဲသည်းနေတဲ့ မိုးနေ့တစ်နေ့မှာ
စကားလုံးတွေရေမျှောပြီး
အထီးကျန်ဆိုတာ ငါ့အတွက်
ဖြစ်မှန်းမသိဖြစ်ခဲ့ဖူးတယ်.....။
ချွန်းအုပ်
ပြင်မရတဲ့ပြဇာတ်
ပြဇာတ်တစ်ပုဒ်ရဲ့အဆုံးမှာ
လှောင်ရယ်သံတွေဟာ
ငါ့အတွက် သြဘာပေးနေတာလား......
ရင်ထဲကတစ်စုံတစ်ရာအတွက်
အပြင်မှာ ဘယ်သူများသိနိုင်မှာလဲ.....
အရောင်အသွေးတစ်သားတည်းရှိနေတဲ့
ကန့်လန့်ကာနဲ့ပဲ
ပြည်ဖုံးကာ ချလိုက်တော့မယ်....
လမင်းရဲ့လွမ်းတေးဟာ
ငါ့အတွက်ဆိုရင်
ငါ့ကိုကြယ်တွေပြောတဲ့ ကောင်းကင်ကြီးထဲမှာပဲ
အိပ်စက်ခွင့်ပြုပါလား.....
အခုတော...
လက်ပြရုံနဲ့
ရင်ထဲက ဝေ့သီလု မျက်ရည်တွေကို
ဘယ်လို ဆက်ထိန်းရမှာလဲ.....။
မှင်နီ
လှောင်ရယ်သံတွေဟာ
ငါ့အတွက် သြဘာပေးနေတာလား......
ရင်ထဲကတစ်စုံတစ်ရာအတွက်
အပြင်မှာ ဘယ်သူများသိနိုင်မှာလဲ.....
အရောင်အသွေးတစ်သားတည်းရှိနေတဲ့
ကန့်လန့်ကာနဲ့ပဲ
ပြည်ဖုံးကာ ချလိုက်တော့မယ်....
လမင်းရဲ့လွမ်းတေးဟာ
ငါ့အတွက်ဆိုရင်
ငါ့ကိုကြယ်တွေပြောတဲ့ ကောင်းကင်ကြီးထဲမှာပဲ
အိပ်စက်ခွင့်ပြုပါလား.....
အခုတော...
လက်ပြရုံနဲ့
ရင်ထဲက ဝေ့သီလု မျက်ရည်တွေကို
ဘယ်လို ဆက်ထိန်းရမှာလဲ.....။
မှင်နီ
ချစ်သူပန်ဖို့ရင်ခုန်သံ
တန်ရာတန်ကြေးပေးပြီး ရှင်သန်ခွင့်ရတဲ့
မဟောင်းတဲ့နေတွေမှာ အသက်ရှင်ပြီး
အချစ်စစ်ကိုလိုက်ရှာပါရစေ....
မင်းရှေ့ရောက်ရင်
ရင်ကွဲစရာတွေနဲ့
ထိပ်တိုက်မတွေ့မိအောင်
ထိန်းသိမ်းပါ့မယ်.....
သဘောထားမတူညီမှုကြောင့်
ဒို့ဝေးရမယ်ဆိုရင်တောင်
သဘာဝကျကျလေး ရင်ကွဲနေချင်တယ်.....
မဟာဆန်တဲ့ပြကွက်နဲ့
နှလုံးသားရဲ့ဘယ်ဖက်တစ်နေရာကို
ထိုးစိုက်သွားဖူးတဲ့ ခပ်ဖွဖွခြေသံလေးရေ....
မင်းရဲ့အပြုံးတမြမြအောက်မှာပဲ
ငါ့ကိုဒူးထောက်ခစားခွင့်ပြုပါ.....
ရင်ခုန်ခြင်းတွေထဲမှာ
မင်းကလွဲရင်
ဘယ်အရာကိုမှ အရောမခံပါရစေနဲ့.....။
လင်းခက်ပိုင်
Caution
သစ္စာမေတ္တာ ချစ်ဂေဟာသို့
မာယာများသူ မလာရ......
ယုယကြင်နာ ချစ်ကမ္ဘာသို့
လိမ်ညာတတ်သူ မလာရ.....
မေတ္တာပွင့်လန်း ဥယာဉ်လမ်းမှာ
အမုန်းပန်းများ မပွင့်ရ.....
တို့ရဲ့ကဗျာ ချစ်လင်္ကာကို
လိမ်ညာလှည့်ဖြား မာယာများတဲ့
မိစိမ်းကားများ မဖြတ်ရ......
ထိုပလေပလှော်
ယုံ
မယုံရင်
ပုံပြင်မှတ်တဲ့
ချစ်သူ့ပုံပြင်
ယုံချင်ပါတယ်
ယုန်ကောင်လေး ငုံထားမယ်
ယုံအောင်လေး ပြောပေးကွယ်.....။
ထိုပလေပလှော်
သိစေချင်တယ်
သူ့ကိုချစ်၍ မေ့ပစ်မရ
ဘ၀သွေရော် အဖော်မဲ့ကင်း
ပူပြင်းတမျှ ဒီဘဝ
သူကတော့ မသိနိုင်......
သူ့ကိုလွမ်း၍ တမ်းတမျှော်ငေး
အလွမ်းတေးသစ် ရေးခြစ်သီဆို
ငိုငိုသမျှ ဒီဘဝ
သူကတော့ဖြင့် မကြားနိုင်......
သြော်....
သူကရွှေကြာ ငါကဗေဒါမို့
ရင်မှာနွယ်ကြိုး ရစ်ကာတိုး၍
ခိုးချစ်သမျှ သောကအပူကို
သူသိစေချင်လိုက်တာ......။
ထိုပလေပလှော်
မျက်ရည်တွေသွေးဖြစ်သွားတာက လွဲရင်
အလွမ်းဆိုတာ...
နက်နက်နဲနဲချစ်မိတဲ့ နှလုံးသားအတွက်
အကြီးမားဆုံး လက်ဆောင်တဲ့...
မိန်းခလေးရေ...
ချစ်မိပြီဆိုရင် နှလုံးသားကို
သေမိန့်ချလိုက်တာနဲ့မခြားပါဘူး....
တစ်နေ့ထက်တစ်နေ့
နှလုံးသားကသာ အမာရွတ်တွေတိုးလာတယ်...
ဖြစ်နိုင်မယ့်လမ်းကတော့
စမ်းတ၀ါးဝါးပဲ....
မွှေးမြဖြူစင်တဲ့ပန်းကို
ဘယ်တော့များမှ အလွမ်းကင်းကင်းနဲ့
နမ်းခွင့်ရမလဲ.....
ဘာတွေမှ မပြောင်းလဲခဲ့ပါဘူး...
မျက်ရည်တွေ သွေးဖြစ်သွားတာက လွဲရင်ပေါ့......။
လင်းခက်ပိုင်
နက်နက်နဲနဲချစ်မိတဲ့ နှလုံးသားအတွက်
အကြီးမားဆုံး လက်ဆောင်တဲ့...
မိန်းခလေးရေ...
ချစ်မိပြီဆိုရင် နှလုံးသားကို
သေမိန့်ချလိုက်တာနဲ့မခြားပါဘူး....
တစ်နေ့ထက်တစ်နေ့
နှလုံးသားကသာ အမာရွတ်တွေတိုးလာတယ်...
ဖြစ်နိုင်မယ့်လမ်းကတော့
စမ်းတ၀ါးဝါးပဲ....
မွှေးမြဖြူစင်တဲ့ပန်းကို
ဘယ်တော့များမှ အလွမ်းကင်းကင်းနဲ့
နမ်းခွင့်ရမလဲ.....
ဘာတွေမှ မပြောင်းလဲခဲ့ပါဘူး...
မျက်ရည်တွေ သွေးဖြစ်သွားတာက လွဲရင်ပေါ့......။
လင်းခက်ပိုင်
သီအိုရီ
ယာယီခွင့်လွှတ်ထားပေမယ့်
စကားလုံးတွေက အရှုံးမပေးချင်သေးဘူး...
ငါ့ရဲ့ရပ်တည်ရာကို ညွှန်ပြပေးပါ
အတိတ်ဟာ တစ်ချိန်မှာ
ငါ့ကျောကိုထောက်မဲ့ ဓားတစ်လက်ပေါ့......
အကောင်းချည်းလို့
နင့်အတွက်....ငါတွေးပြီး
အပြစ်ဆိုတာ ငါ့ရင်မှာမဖြစ်ထွန်းဘူး.....
နင့်ကိုကြိုဆိုကမ်းလှမ်းဖို့
ငါ့လက်ချောင်းတွေဟာ
သံစဉ်တစ်ပုဒ်တောင်
ဖြစ်ခွင့်မရလိုက်ပါလား.....
ငါတို့တွေ့နေကျ
အညတရ ဒီဇင်ဘာရဲ့ကြားမှာ
ကွဲပြားနေတဲ့ စိတ်နှစ်ခုညီမျှဖို့
ပုံသေနည်းမှန်ခဲ့ကြရဲ့လား.....။
ချွန်းအုပ် (အရောင်မဲ့ဇုံ)
စကားလုံးတွေက အရှုံးမပေးချင်သေးဘူး...
ငါ့ရဲ့ရပ်တည်ရာကို ညွှန်ပြပေးပါ
အတိတ်ဟာ တစ်ချိန်မှာ
ငါ့ကျောကိုထောက်မဲ့ ဓားတစ်လက်ပေါ့......
အကောင်းချည်းလို့
နင့်အတွက်....ငါတွေးပြီး
အပြစ်ဆိုတာ ငါ့ရင်မှာမဖြစ်ထွန်းဘူး.....
နင့်ကိုကြိုဆိုကမ်းလှမ်းဖို့
ငါ့လက်ချောင်းတွေဟာ
သံစဉ်တစ်ပုဒ်တောင်
ဖြစ်ခွင့်မရလိုက်ပါလား.....
ငါတို့တွေ့နေကျ
အညတရ ဒီဇင်ဘာရဲ့ကြားမှာ
ကွဲပြားနေတဲ့ စိတ်နှစ်ခုညီမျှဖို့
ပုံသေနည်းမှန်ခဲ့ကြရဲ့လား.....။
ချွန်းအုပ် (အရောင်မဲ့ဇုံ)
ကောက်ကြောင်းမဲ့ ရင်ခွင်
မတမ်းတတော့ပါဘူးကွယ်...
လေပြေက ရှင့်ကိုယ်သင်းရနံ့တွေ
ယူဆောင်ပေးလည်း
နမ်းရှိုက်ခွင့်မှ မရှိတာ.....
နေရောင်က ရှင့်ရဲ့ချောမောမှုကို
အရောင်တင် ခြယ်သထားလည်း
ငေးမောခွင့်မှ မရှိတာ.....
ရှင့်မျက်ဝန်းတွေက
ကြယ်တွေလို လင်းလက်နေတယ်ဆိုရင်လည်း
အကြည့်ချင်းမှ မဆုံနိုင်တော့ပဲကွယ်....
ဘာပဲဖြစ်ဖြစ်..
ရှင့်ရဲ့အချစ်ကိုမရခဲ့ရင်လည်း
မျှော်လင့်ခြင်း တစ်စနှစ်စနဲ့
လေပြေက ရှင့်ကိုယ်သင်းရနံ့တွေ
ယူဆောင်ပေးလည်း
နမ်းရှိုက်ခွင့်မှ မရှိတာ.....
နေရောင်က ရှင့်ရဲ့ချောမောမှုကို
အရောင်တင် ခြယ်သထားလည်း
ငေးမောခွင့်မှ မရှိတာ.....
ရှင့်မျက်ဝန်းတွေက
ကြယ်တွေလို လင်းလက်နေတယ်ဆိုရင်လည်း
အကြည့်ချင်းမှ မဆုံနိုင်တော့ပဲကွယ်....
ဘာပဲဖြစ်ဖြစ်..
ရှင့်ရဲ့အချစ်ကိုမရခဲ့ရင်လည်း
မျှော်လင့်ခြင်း တစ်စနှစ်စနဲ့
ypöKyÜefrSm rSDwG,f&Sifoefyg&apvdkY...
နှင်းသံချို (အရောင်မဲ့ဇုံ)
ခံစားချက်
အရောင်တွေပြောင်းလဲနေတဲ့
ချစ်ကမ္ဘာကြီးမှာ
ငါက..ခြစားနေတဲ့
သဖန်းသီးတစ်လုံးသာသာပေါ့....
ကျင်တွယ်နဲ့ချိန်ဆဖို့ထက်
အကြင်နာမဲ့ ၀င်လာတဲ့မင်းက
ငါ့ဘ၀ကို တိုင်းထွာပြခဲ့တယ်လေ.....
တကယ်ပါချစ်သူ...
အခုမှ
အပေါ်ယံတိုင်းတာခဲ့တဲ့ မင်းထက်
ခပ်ပါးပါးဖိနပ်တစ်ရံကို
ငါပိုပြီး...
တန်ဖိုးထားတတ်ခဲ့တော့တယ်.....။
မှင်နီ (အရောင်မဲ့ဇုံ)
ချစ်ကမ္ဘာကြီးမှာ
ငါက..ခြစားနေတဲ့
သဖန်းသီးတစ်လုံးသာသာပေါ့....
ကျင်တွယ်နဲ့ချိန်ဆဖို့ထက်
အကြင်နာမဲ့ ၀င်လာတဲ့မင်းက
ငါ့ဘ၀ကို တိုင်းထွာပြခဲ့တယ်လေ.....
တကယ်ပါချစ်သူ...
အခုမှ
အပေါ်ယံတိုင်းတာခဲ့တဲ့ မင်းထက်
ခပ်ပါးပါးဖိနပ်တစ်ရံကို
ငါပိုပြီး...
တန်ဖိုးထားတတ်ခဲ့တော့တယ်.....။
မှင်နီ (အရောင်မဲ့ဇုံ)
ကျွန်တော့အကြောင်းရေးတဲ့ ဖြိုးဝေခ
အချစ်တွေတငွေ့ငွေ့ ၀ါးမြိုနေတာကလွဲပြီး
မနက်ခင်းတိုင်းဟာ ပြဿဒါးမကင်းဘူး...
ခဏလေးမေ့လိုက်မိတာတောင်
အလွမ်းကအံတကြိတ်ကြိတ်နဲ့ ရန်ထောင်ခဲ့....
သတိရမှာကြောက်လို့ ညတွေကို သော့ခတ်မိတော့လည်း
ကြယ်တွေက ဖုံးမရဖိမရနဲ့....
စာနာတတ်တဲ့စိတ်ကတော့
သက်ပြင်းတွေဘာတွေချလို့.....
ချစ်တဲ့အကြောင်း ပြောရလွန်းလို့လည်း
နှလုံးသားက ညှော်နံ့တွေ ထွက်နေပါပြီ.....
၁၈ နှစ်ပြည့်ရင်ကံကောင်းလိမ့်မယ် ဆိုတဲ့
ဗေဒင်ဆရာကိုပဲ မဲပြီးမုန်းလိုက်ပါတယ်......
အနာဂတ်ကတော့ ဖြူလား မည်းလား မသိသေးဘူး....
ဆီးနှင်းတွေလွှမ်းခြုံထားထားလျှက်နဲ့
ရင်ခွင်က ချွေးတစ်စက်စက်ကျလို့ ကောင်းတုန်းမို့
အတွေးနဲ့ပုံဖော်ကြည့်မိတော့
သံယောဇဉ်စစ်မှန်စွာနဲ့ ရစ်ပတ်ထားတဲ့
ရင်ခွင်နှစ်ခုမှာ ချစ်သူကပြုံးလို့.......။
ဖြိုးဝေခ
မနက်ခင်းတိုင်းဟာ ပြဿဒါးမကင်းဘူး...
ခဏလေးမေ့လိုက်မိတာတောင်
အလွမ်းကအံတကြိတ်ကြိတ်နဲ့ ရန်ထောင်ခဲ့....
သတိရမှာကြောက်လို့ ညတွေကို သော့ခတ်မိတော့လည်း
ကြယ်တွေက ဖုံးမရဖိမရနဲ့....
စာနာတတ်တဲ့စိတ်ကတော့
သက်ပြင်းတွေဘာတွေချလို့.....
ချစ်တဲ့အကြောင်း ပြောရလွန်းလို့လည်း
နှလုံးသားက ညှော်နံ့တွေ ထွက်နေပါပြီ.....
၁၈ နှစ်ပြည့်ရင်ကံကောင်းလိမ့်မယ် ဆိုတဲ့
ဗေဒင်ဆရာကိုပဲ မဲပြီးမုန်းလိုက်ပါတယ်......
အနာဂတ်ကတော့ ဖြူလား မည်းလား မသိသေးဘူး....
ဆီးနှင်းတွေလွှမ်းခြုံထားထားလျှက်နဲ့
ရင်ခွင်က ချွေးတစ်စက်စက်ကျလို့ ကောင်းတုန်းမို့
အတွေးနဲ့ပုံဖော်ကြည့်မိတော့
သံယောဇဉ်စစ်မှန်စွာနဲ့ ရစ်ပတ်ထားတဲ့
ရင်ခွင်နှစ်ခုမှာ ချစ်သူကပြုံးလို့.......။
ဖြိုးဝေခ
Monday, 29 August 2011
ခောတ်သစ် အချစ်
tcspf&,f......
ESpfq,fhwpf&mpk
vlrIodyÜH enf;opfzefum
&ifrSmcHpm; ESvHk;om;twk
ckcspfckrkef; oHk;csif&moHk;
ckcspfckrkef; oHk;csif&moHk;
ajymif;vJypfEdkif...
enf;opfpufopf
zefwD;jzpfvQif tMuifemawG
a&xJvGifharsm odyÜHawmrSm
aomur&Sd puf&kyfcsnf;ae
þvlYajr
'dkYawGaysmfEdkifyghrvm;...../
xdkyavyavSmf
xdkyavyavSmf
ဗျူဟာမြောက်ရူးသွပ်ခြင်း
စိတ်ကူးနဲ့လက်တွေ့
တစ်ထပ်တည်းမကျဘူးဆိုတာကို
ခဏလောက်မေ့ထားပြီး
မင်းရဲ့လက်ကို စွဲကိုင်ထားချင်သေးတယ်.....
ငါ့လက်မှာ အပြာရောင်အလံတစ်လက်
ခမ်းနားမှု မရှိတဲ့အလွမ်းတွေက
ငါ့ထိုက်နဲ့ ငါ့ကံအတွက် ပြင်းထန်လွန်းတယ်.....
လောင်းရိပ်မိ အိမ်မက်လေးနဲ့
ညတွေကို ထွေးပွေ့ထားပါရစေဦး.....
သည်းခြေပျက်ခြေလှမ်းတွေနဲ့
မင်းဆီအခစားရောက်တိုင်း
ကတုန်ကရင် ရင်ခုန်သံတွေအတွက်
ဗျူဟာမြောက် မင်းရဲ့အကြည့်က
ဆေးဖြစ်စေခဲ့တယ်.....။
လင်းခက်ပိုင် (အရောင်မဲ့ဇုံ)
တစ်ထပ်တည်းမကျဘူးဆိုတာကို
ခဏလောက်မေ့ထားပြီး
မင်းရဲ့လက်ကို စွဲကိုင်ထားချင်သေးတယ်.....
ငါ့လက်မှာ အပြာရောင်အလံတစ်လက်
ခမ်းနားမှု မရှိတဲ့အလွမ်းတွေက
ငါ့ထိုက်နဲ့ ငါ့ကံအတွက် ပြင်းထန်လွန်းတယ်.....
လောင်းရိပ်မိ အိမ်မက်လေးနဲ့
ညတွေကို ထွေးပွေ့ထားပါရစေဦး.....
သည်းခြေပျက်ခြေလှမ်းတွေနဲ့
မင်းဆီအခစားရောက်တိုင်း
ကတုန်ကရင် ရင်ခုန်သံတွေအတွက်
ဗျူဟာမြောက် မင်းရဲ့အကြည့်က
ဆေးဖြစ်စေခဲ့တယ်.....။
လင်းခက်ပိုင် (အရောင်မဲ့ဇုံ)


ညီထွေး
