Tuesday 30 August 2011

ရင်မှဖြစ်ထွန်းသောဆည်းဆာ

ဒါဟာ...ဆုံစည်းမှုတစ်ခုလား
ဖြစ်ရပ်အားလုံးထက် ဆန်းကြယ်တယ်....

ရနံ့မပြယ်သေးတဲ့ ဇူလိုင်တွေထဲမှာ
မာနတွေပြိုင်တဲ့ နင်ရယ် ငါရယ်....


အားလုံးထဲမှာ အရှုံးကြီးရှုံးတာ ငါပါ
ရလဒ်မှန်သမျှကိုလည်း နင်ဖျက်ဆီးခဲ့တယ်....


ကျနမှုမရှိတဲ့ စည်းကမ်းချက်တွေ
လိုက်နာဖို့ပြောတဲ့အခါ
ခေါင်းငြိမ့်တတ်တာကလွဲပြီး
အခြားအမူအရာတွေ မနိုင်နင်းခဲ့ဘူး.....


တစ်ဖွဲဖွဲသည်းနေတဲ့ မိုးနေ့တစ်နေ့မှာ
စကားလုံးတွေရေမျှောပြီး
အထီးကျန်ဆိုတာ ငါ့အတွက်
ဖြစ်မှန်းမသိဖြစ်ခဲ့ဖူးတယ်.....။


                              ချွန်းအုပ်

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management