Tuesday 30 August 2011

သားမင်းမော်ကွန်းရဲ့ အရုပ်ဆိုင်တေးစီးရီးကို အားပေးပါဆိုတဲ့ ဇင်ဝိုင်း

                                                
သရုပ်ဆောင် အကယ်ဒမီ ဇင်ဝိုင်းဟာ နှစ်ပေါင်း ၃၀ ကျော် အနုပညာ အလုပ်တွေကို ကျရာ ဇာတ်ရုပ်မှာ သရုပ်ဆောင်နိုင်သလို သားကိုလည်း အောင်မြင်တဲ့ အနုပညာ ရှင် အောင်မြင်တဲ့ သရုပ်ဆောင် တစ်ယောက်ဖြစ်ဖို့ ပုခုံးထမ်း တင်ပို့ပေးနိုင်တဲ့ သူလည်း ဖြစ်ပါတယ်။ သား မင်းမော်ကွန်း ကို ဘယ်လို ပံ့ပိုးပေးခဲ့သလဲ၊ သား အခုလို အောင်မြင် တဲ့ အနုပညာရှင်ဖြစ်လာတဲ့ အပေါ် ဖခင် တစ်ယောက် ရဲ့ ဝမ်းသာ ဂုဏ်ယူမှုတွေကို အကယ်ဒမီ ဇင်ဝိုင်းနဲ့ တွေ့ဆုံ ခိုက်မေးကြည့်တော့...
မင်းမော်ကွန်း ရဲ့ သရုပ်ဆောင် နဲ့ ဂီတ လမ်းကြောင်း နှစ်ခုပေါ်မှာ အောင်မြင်မှု အပေါ် ဖခင် တစ်ယောက် အနေနဲ့ ပီတိ စကားလေးက။
အောင်မြင်မှု ဆို တာကတော့ သူ့လောက် မအောင်မြင်တဲ့ လူနဲ့ ဆိုရင် အောင်မြင်တယ် လို့ ပြောရမှာ ပေါ့။ သူ့ထက်များစွာ အောင်မြင်တဲ့ လူနဲ့ ကျတော့ သူက ဘာမှ မဟုတ်ပါဘူး။ အောင်မြင်မှု ဆိုတာ သူစိုက် ထုတ်လိုက် တဲ့ အနုပညာ၊ သူကြိုးစား လိုက်တဲ့ ခွန်အား၊ အားထုတ်မှု ဒါတွေ အပေါ်မှာ ဦးက အသိအမှတ်ပြုတာ ပါ။ဦးဖြစ်စေချင်တဲ့ သရုပ်ဆောင် တစ်ဦး ဖြစ်လာအောင် တာဝန်ကျေကျေ ထောင့်စေ့စေ့ကြိုးကြိုးစားစား လုပ်ခဲ့ သလို အခုလို သူ့ရဲ့ ပင်ကိုယ် ဗီဇဖြစ်တဲ့ ဝါသနာ ပါတဲ့ အဆို ဂီတကိုလည်း တစိုက် မတ်မတ် သူလက်မလွှတ် ဘဲရအောင် လုပ်လာတဲ့ အတွက် ဦးကိုယ်တိုင်တောင် မလုပ်နိုင်ခဲ့တဲ့ အတွက်ကျေလည်းကျေနပ်မိတယ်။ဂုဏ် လည်း ယူပါတယ်။
အနုပညာ မျိုးရိုး လိုက်တယ်လို့ပြောရမယ့် ဦးရဲ့မြေး လေးနှစ်ယောက် အနုပညာ ဝါသနာပါတဲ့အပေါ် ဦးရဲ့ သဘောထားကရော။
ဖြစ်စေချင်ပါတယ်။ အနုပညာသမားဖြစ်ရ တာက ဖြစ်ခွင့် ရမှသာ ဒီအရသာကို သိတာပါ။ ဦးတို့ က သားကျွေးမှု၊ မယားကျွေးမှု ကိုယ့် ဘာသာကိုယ် ရှာစားနေရင်းနဲ့ အများပြည်သူ ပရိသတ်ရဲ့ ချစ်ခြင်းကို လက်ခံ ရရှိပါတယ်။ ဒါက အနုပညာ သမားတွေရဲ့ အပို ဆုလဒ်ပေါ့။ ဒါကြောင့် မြေးတွေကိုလည်း ဦးစိတ် တိုင်းကျဖြစ်ခွင့်ရမယ် ဆိုရင် အနုပညာလောကမှာ ကျင် လည်မယ်။အောင်မြင်တာ၊ မအောင်မြင်တာနဲ့ မဆိုင် ပါဘူး။အနုပညာ သမားတွေပဲဖြစ်စေချင်ပါတယ်။
ကိုယ်တိုင် အနုပညာအလုပ်ကို လုပ်ပြီး ကိုယ့်ရဲ့သားမြေး တွေကို မလုပ်စေချင်တဲ့ သူတွေရှိတယ်။ ဦးကျတော့ လုပ်စေချင်တယ်၊ ဘယ်လို အတွေးအခေါ်လေးတွေ ကွဲလွဲသွားရတာလဲ
ပုဂ္ဂိုလ်ရေး ခံယူချက်တွေနဲ့ ပဲ ဆိုင်ပါလိမ့် မယ်။ သူဖြတ်သန်းရတဲ့ ဝန်းကျင်နဲ့ သူခံယူလိုက်တာနဲ့ အဲဒီအပေါ်မှာ မူတည်ပြီး ဒီလိုမျိုး အယူအဆတွေ ကွဲလွဲ သွားတာဖြစ်မယ် ထင်တယ်။
နှစ်ပေါင်း ၃၀ကျော်ဖြတ်သန်းလာတဲ့ အနုပညာ သမား တစ်ယောက်ရဲ့ ခံယူမှု ကရော။
ကျွန်တော်က အနုပညာကို လုပ်မယ်သာ လုပ်နေတာ ကျွန်တော် အနုပညာသမား လိုလည်း ကျွန်တော့်ကိုယ် ကျွန်တော် မသတ်မှတ်ပါဘူး။ သရုပ် ဆောင်တာကို ဝါသနာပါတာလေ။ ပရိသတ် အားပေး မှုကိုရတယ်။ နောက်ကွယ်က နောက်ဆက်တွဲ အနေနဲ့ ငွေရေးကြေးရေး ဆိုတာ ပါလာတယ်။ သန့်စင်စွာ ရတဲ့ ငွေကြေးနဲ့ပဲ ဦး ထမင်းစားတယ်။ တကယ့် အနုပညာ သမား စစ်စစ်ကြီးရယ် မခံယူပါဘူး။ ကိုယ်လုပ်တတ် တဲ့ အလုပ်ကလေးကို လုပ်ပြီးတော့မှ ဒီဘဝလေးကို ကျေနပ်နေတဲ့ လူတစ်ယောက်ပါ။
ဦးတို့ခေတ်ရုပ်ရှင် ဇာတ်ကားတွေနဲ့ ဒီဘက်ခေတ် ရုပ်ရှင် ဇာတ်ကားတွေအပေါ် ဘယ်လိုမြင်မိလဲ။
သူ့ခေတ်နဲ့ သူပါပဲခင်ဗျ၊ အားလုံးကတော့ အကောင်းဆုံးဖြစ်အောင် ကြိုးစားကြတာပဲ။ ညံ့အောင် ရိုက်ပြမယ်ဆိုတဲ့ လူမျိုးလည်း တစ်ခါမှ မတွေ့ဖူးသေး ပါဘူး။ ဦးဖြတ်သန်းလာတဲ့ တစ်လျှောက်တော့ မတွေ့ သေးဘူး။ဒီဘက်ခေတ် ကလေးတွေတော်သလို ဟိုဘက် ခေတ်က ဆရာကြီးတွေကလည်း တော်ကြတာပါပဲ။ ပရိသတ် အပေါ် စေတနာထားတာကလည်း အတူတူ ပါပဲလို့ ထင်ပါတယ်။
ဟာသကားတွေ အရိုက်များတဲ့ခေတ်မှာ ဦးတို့တုန်းကလို ဇာတ်ကားတွေ ပြန်ပြီး ရိုက်ချင်တဲ့ စိတ်ဖြစ်မိလား။
ခေတ်ကာလ အရ တော်တော် ခက်ပါတယ် လေ။အခု သားမိတ်ဆက်ပွဲလေးပဲကြည့်လိုက်ပါဦး ဦးတို့ လွန်ခဲ့တဲ့နှစ်ပေါင်း ၃၀ လောက်က ဆိုရင် ဒီလိုပွဲမျိုး လုပ် မယ်ဆိုရင် စာနယ်ဇင်းသမား သုံးယောက်လောက်နဲ့ ပြီး သွားတာပဲ။ အခုခေတ်မှာ စာနယ်ဇင်းသမား ဆိုလည်း ရာနဲ့ ချီရှိတယ်။မီဒီယာသမားလည်း မျိုးစုံရှိတယ်။ ပရိ သတ်ကိုပေးနိုင်မယ့် Entertainment တွေက မျိုးစုံရှိတဲ့ အခါကျတော့ ရုပ်ရှင်ဆိုတာ ကြား ညပ်ပြီး မသေသွား အောင်လည်း ဖြစ်တဲ့ နည်းနဲ့ ရုန်းကန်နေကြရတာပါ။ ဦးကတော့ ဒီလိုတော့ မရိုက်သင့်ဘူး၊ ဟိုလိုတော့ ရိုက်သင့် တယ် ဆိုတာမျိုးထက် သူတို့ လုပ်လာတဲ့ အလုပ်လေး တွေ အပေါ်မှာပဲ ဘယ်လိုများ ပံ့ပိုးပေးရင်ကောင်းမလဲ ဆို တဲ့ စိတ်မျိုးပဲ ထားပါတယ်။ ဟာသကားတွေ ရိုက်လို့ လည်း ဦးပြစ်တင် ရှုံ့ချခြင်း မရှိပါဘူး။ ဘာပဲဖြစ်ဖြစ် ဟာသလည်းရသတစ်ခုပါပဲ။ အဲဒီတော့ ဒီဘက်ခေတ် က ပေါ့ပေါ့ပါးပါးနဲ့ ပရိသတ်ကို အချိန်တိုအတွင်းမှာ ခံစားနိုင်အောင် ကြိုးစားကြရတာပါ။ ခေတ်ကိုကလည်း အဲလိုဖြစ်လာတာကိုးလို့ ပြောကြားလာတဲ့ အကယ်ဒမီဇင် ဝိုင်းက ကျွန်တော့်ကိုချစ်သောအားဖြင့်၊ သားကို ချစ်သော အားဖြင့် အရုပ်ဆိုင်ကို အားပေးကြပါလို့၊ ကျွန်တော်တို့ သားအဖ ငွေရေးကြေးရေး အတွက် လုပ်တာ မဟုတ်ပါ ဘူး။ သားဝါသနာပါတဲ့ အလုပ်ကို သန့်သန့်စင်စင် လုပ် တာလေးကို အားပေးပါလို့ ပြောကြား သွားခဲ့ပါတယ်။

                                                                                               

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management