Tuesday 30 August 2011

အေဒီ ခြောက်ရာစုကို သရီးဒီဖြင့် ဖန်တီး၍ ရုပ်ရှင် ရိုက်ကူးမည်

အေဒီ ခြောက်ရာစုကို သရီးဒီ နည်းပညာဖြင့် ဖန်တီးကာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး နေကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် သရီးဒီ ပညာ ဖန်တီးသူ ဦးသူရသိန်းတင် ထံမှ ၁၆-၆-၂၀၁၁ ရက် က သိရသည်။ ပြင်ဦးလွင်တွင် ရိုက်ကွင်း တည်၍ ရိုက်ကူးထားပြီး ရုပ်ရှင်ဇာတ်ကား တစ်ကားလုံး၏ သုံးပုံ နှစ်ပုံခန့်ကို သရီးဒီဖြင့် ဖန်တီးသွားမည် ဖြစ်ကြောင်း၊ ဇာတ်ကား ရိုက်ကူးမှု ပြီးစီးပြီ ဖြစ်ကာ အေဒီ ခြောက်ရာစု၏ နောက်ခံ ရှုခင်းများ၊ အပြင်အဆင်များကို သရီးဒီ နည်းပညာဖြင့် ဖန်တီးမှု သမိုင်းကို စတင် ဆောင်ရွက်သည့် ကာလသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရသည်။ " အေဒီ ခြောက်ရာစုရဲ့ သမိုင်း အထောက်အထား အပြင်အဆင်မျိုးနဲ့ အတိအကျ လုပ်တာမျိုး မဟုတ်ပါဘူး။
ရှေးခေတ်က ပုရပိုက် တစ်ခုကို ရပြီး လိုက်ရှာရင်း လမ်းမှာ ကားနဲ့ အုတ်နံရံ တစ်ခုကို ၀င်တိုက်မိပြီး time slip ပေါ် ခြောက်ရာစုကို တကယ် ရောက်သွားတဲ့ ရုပ်ရှင် ဇာတ်ကား ဖြစ်ပါတယ်။ ရှေးခေတ်နံရံ၊ ပုံစံတွေကို သရီးဒီ နဲ့ ဖန်တီးမှာပါ" ဟု ၎င်းက ပြောသည်။ ပြင်ဦးလွင်ရှိ အားကစားရုံ၊မြို့နယ်ခန်းမ အစ ရှိသည်တို့ အပါအ၀င် ပြင်ပ ရှုခင်းများဖြင့် ရုပ်ရှင်ဇာတ်ကား တစ်ကားလုံးကို ပြင်ဦးလွင်တွင် ရိုက်ကူးပြီး လိုအပ်သည့် အဓိက နေရာများတွင် သရီးဒီ  Animationဖြင့် ဖန်တီးခြင်း ဖြစ်ကြောင်း သိရသည်။ တော်ဝင်ပတ္တမြား ရုပ်ရှင် ထုတ်လုပ်ရေး အတွက် ဇာတ်ညွှန်း လွင်မင်းအံ့၊ ဒါရိုက်တာ ညီညီထွန်းလွင် ရိုက်ကူးမည့် အဆိုပါ ရုပ်ရှင်ကားတွင် ရဲအောင်၊ ဝေဠုကျော်၊ ခန့်စည်သူ၊ ပြေတီဦး၊ ထွန်းအိန္ဒြာဗို၊ ၀တ်မှုံရွှေရည်၊ ခေမီကိုတို့ အဓိက ပါဝင်မည် ဖြစ်ပြီး ဇာတ်ကား အမည်မှာ "ရာဇ၀င်ထဲမှာ လန်းမယ်" ဖြစ်ကြောင်း သိရသည်။
"သမိုင်း အထောက်အထား အတိအကျ မရှိလောက် တော့တဲ့ ကာလကို ဖန်တီးရတာ မို့လို့ ကိုယ်ပိုင် စိတ်ကူး စိတ်သန်း နဲ့ ဆွဲဖြစ်တာပါ"ဟု ၎င်းက ဆက်လက် ပြောကြားသည်။ ပြည်တွင်း၌ သရီးဒီ နည်းပညာဖြင့် ဖန်တီးသော ရုပ်ရှင်ဇာတ်ကား အတော်များများ ရှိလာပြီ ဖြစ်ပြီး အထင်ကရ ဇာတ်ကားအချို့မှာ 'ရေသူမ'၊ 'ပင်လယ်မင်းသား'၊ 'မြွေစိမ်းရှင်မ'၊ 'တစ်စက်တည်း ဒါပေမဲ့ အဆိပ်' စသည့် ဗီဒီယို ဇာတ်ကား များဖြစ်ပြီး ရုပ်ရှင်ဇာတ်ကားများ အဖြစ် အလန်းလွန်၊ အလွန်လန်း၊ ရာဇ၀င်ထဲမှာ လန်းမယ် ဇာတ်ကားများလည်း ထွက်ရှိလာမည် ဖြစ်ကြောင်း သိရသည်။

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management