Friday 2 September 2011

Gtalk တွေအများကြီး ဖွင့်ရအောင်

ဒီနည်းကတော့ Gtalk တွေအများကြီးဖွင့်ပြီး သူငယ်ချင်းတွေအတူတူတွဲလျက် chatting ထိုင်လို့ရတယ်နော်။ သိပြီးသားသူတွေကတော့ သည်းခံနော်။ မသိသေးတဲ့သူတွေအတွက် မျှဝေလိုက်ပါတယ်။
ဦးဆုံး Desktop ပေါ်မှာရှိတဲ့ Gtalk icon ပေါ်ကို right click နှိပ်ပြီး Properties နဲ့ဝင်ပါ။ အောက်မှာ ပုံနဲ့ပြထားပါတယ်။ 
Target box မှာ နောက်ဆုံးက startmenu စာကိုဖျက်ပြီး nomutex ရိုက်ပါ။ ပြီးရင် Apply၊ OK
ကဲ သူငယ်ချင်းများရေ......ကြိုက်သလောက်သာ Chat ကြပေတော့။
(လက်မလည်ရင်တော့ တာဝန်မယူဘူးနော်)
                                   

တစ်မျိုးတည်းကိုး

သားအမိသုံးယောက်စားကြတဲ့ လက်ဆုံထမင်းဝိုင်းလေးမှာပေါ့…
ထမင်းစားကြရင်းနဲ့ ယောင်္ကျားဖြစ်သူနဲ့ မိန်းမဖြစ်သူတို့ လက်
ဆုံကြတဲ့အခါယောင်္ကျားဖြစ်သူက 
"ဟ.. ဒီနေ့တော့ လက်ဆုံနေတယ်၊ ဧည့်သည်လာမယ်ထင်တယ်..မိန်းမရေ"
လို့ပြောတော့ သားဖြစ်သူက 
" လက်ဆုံမှာပေါ့.. အမေတို့က ဟင်းတစ်မျိုးတည်းချက်တာကို "တဲ့.

ထိရဲရင် ထိကြည့်စမ်း

တစ်ခါက...သွားဆရာဝန်ဆီသို့ လူနာတစ်ဦး ရောက်လာလေသည်။
လူနာ ``ဆရာ ကျွန်တော်သွားနှုတ်ချင်လို့..ဒါပေမယ့် အရမ်းနာမှာကိုကြောက်တယ်ဗျ..´´ ဆရာဝန်=``ဟာ..ဒီအတွက်တော့ မပူနဲ့…ကျွန်တော့မှ ရဲဆေးရှိတယ်ဗျ…´´ဟုဆိုကာ ၀ီစကီတစ်ခွက်တိုက်လိုက်လေသည်.. 
ဆရာဝန်=``ကဲ… ဘယ့်နဲ့လဲ.. ခင်ဗျားမှာ သတ္တိတွေရှိသွားပြီးမလား..´´ 
လူနာ=``ဟုတ်ကဲ့… ကျွန်တော်သတ္တိတွေရှိသွားပြီဗျ….ကျွန်တော်သွားကို ထိရဲတဲ့ကောင် ထိကြည့်စမ်း..။

                                                                                                               မောင်စွပ်ပြုတ်

ကျွန်တော်က ဧည့်ကြိုပါ...

တစ်ခါတုန်းက...စိတ်ရောဂါကုပါရဂူကြီးသည် လူနာအခြေအနေ ကြည့်ရှုစစ်ဆေးရန်ဆေးရုံသို့ ရောက်ရှိလာသည်။ ဆေးရုံအုပ်ကြီးရုံးခန်းသို့လျှောက်လာစဉ် လူထွားကြီးတစ်ဦးသည် သူ့အား  တောက်လျှောက် စိုက်ကြည့်နေလေသည်....။
လူထွားကြီးအနားရောက်ခါနီးတွင် လူထွားကြီးမှာ သူ၏ဘေးရှိထိုင်ခုံအားကောက်ကိုင်ပြီး သူဆီသို့ ပြေးလာသည်..ပါရဂူကြီးမှာလည်း ဘာမှစဉ်းစားမနေတော့ပဲ ပြေးနိုင်မှလွတ်နိုင်မည်ဟုဆိုပြီး အသားကုန်သာ လိမ့်ပြေးလေတော့သည်....။ပြေးရင်းပြေးရင်းဖြင့် ပါရဂူကြီးသည်လမ်းမှားပြီး
အုတ်တံတိုင်ကြီးဆီသို့ရောက်ရှိ၍လမ်းပိတ်သွားလေသည်။ ပါရဂူကြီးလည်း မထူးတော့ပါဘူးကွာ..ဟုဆိုကာ
ဆောင့်ကြောင့်ထိုင်ချလိုက်ပြီး ခေါင်းငုံ့ထားလိုက်လေသည်…။ လူထွားကြီးမှာ ပါရဂူအနားသို့ရောက်လာပြီး ဤသို့ပြောလိုက်လေသည်...။
" ထိုင်ပါခင်ဗျား…ကျွန်တော်က ဧည့်ကြိုပါ" .. တဲ့

ကျန်းမာရေးအတွက် စားသင့်သောအသီးများ


အစာလဲဆေး  ဆေးလဲ အစာဆိုတဲ့ ဆိုရိုးနဲ့အညီ ကျွန်မတို့ ပတ်ဝန်းကျင်မှာ လွယ်လွယ်ကူကူ ရနိုင်တဲ့ အသီးတွေထဲမှာ ဆေးဘက်ဝင်တဲ့ အသီးတစ်ချို့အကြောင်း ဖော်ပြချင်ပါတယ်.. ၄င်းအသီးတွေကို ပုံမှန် စားသုံးခြင်းအားဖြင့် ကျန်းမာရေးအတွက် အကျိုးသက်ရောက်မှုတွေ ရှိနေတဲ့အတွက်ကြောင့် ဘယ်လိုအသီးတွေက ဘယ်လို အကျိုးရှိစေတယ် ဆိုတာလေး ဖတ်မှတ်ထားမိတာတွေထဲကမှ အသီးတစ်ချို့အကြောင်း ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

ကီဝီသီး (Kiwi Fruit)
kiwi fruit
အစိမ်းရောင် ကီဝီသီးဟာ သေးငယ်ပေမဲ့ အကျိုးများတဲ့ အသီးဖြစ်တယ်လို့ဆိုပါတယ်. ပိုတက်ဆီယမ်၊ မဂ္ဂနီစီယမ်၊ ဗီတာမင် အီး နဲ့ အမျှင်ဓာတ်တွေ ကြွယ်ဝစွာ ပါရှိတဲ့အပြင် ဗီတာမင် စီ မှာ လိမ္မော်သီးထပ်ပင် ၂ဆ ပိုမို ပါဝင်မှု များပြားပါတယ်.. ကီဝီသီးဟာ အသက်ရှူ အင်္ဂါအဖွဲ့အစည်းကို အားကောင်းစေတဲ့အတွက် ပန်းနာရင်ကြပ် ရောဂါရှိသူများ စားသုံးသင့်တဲ့ အသီးဖြစ်ပါတယ်.. သွေးထဲမှ အဆီများ ပိတ်ဆို့ခြင်းကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်.. ပိုတက်စီယမ်၊ မဂ္ဂနီစီယမ်၊ ကော့ပါး စသည့် သတ္တုဓာတ်များ ကြွယ်ဝစွာ ပါရှိခြင်းကြောင့် သွေးအားနည်းရောဂါဖြစ်ပွားခြင်းကိုလည်း ကာကွယ်ပေးနိုင်စွမ်း ရှိပြီး ခန္ဓာကိုယ်အတွင်း စီးဆင်း နေသော သွေးအပြစ်အကျဲကို ထိန်းညှိပေးနိုင်စွမ်း ရှိကြောင်း သိရပါတယ်.. ခန္ဓာကိုယ်အတွင်း ဇီဝရုပ်ဖြစ်ပျက်ခြင်းနဲ့ အာရုံကြောအဖွဲ့အစည်းများကို အားကောင်းစေနိုင်တယ်လို့ သိရပါတယ်။


ကီဝီသီး စိုက်ခင်း
နွယ်ပင်မျိုးဖြစ်တဲ့ ကီဝီသီးရဲ့ မူလပေါက်ဖွားရာဒေသဟာ တရုတ်ပြည်လို့ သိရပြီး တရုတ်မူရင်း မျိုးနွယ်ဖြစ်တာကြောင့် အမျိုးသား အသီးအနှံအဖြစ် ကြော်ငြာခြင်းခံရပါတယ်... ယခင်က တရုတ်အမည် Chinese gooseberry လို့ အမည်တွင်ရာမှ ၁၉၀၀ ခုနှစ်နောက်ပိုင်း နယူးဇီလန်နိုင်ငံကို ရောက်ရှိသွားပြီး  ၄င်းမှတစ်ဆင့် အခြားနိုင်ငံအသီးသီးကို ပျံ့နှံ့ရောက်ရှိသွားပါတယ်. အဲဒီတော့မှ ကီဝီသီးလို့ အမည်တွင်လာကာ လူသိများ ထင်ရှားလာတာ ဖြစ်ပါတယ်.. ငှက်ပျောသီး၊ နာနတ်သီးနဲ့ စတော်ဘယ်ရီတို့ရဲ့ အရသာမျိုး ပေါင်းစပ်ပါဝင်ပြီး အချဉ်ဓာတ်ကဲတဲ့ အရသာကြောင့် အဖျော်ယမကာအဖြစ် ထုတ်လုပ်လာကြပါတယ်. တရုတ်ပြည်မှာတော့ ဟန်မင်းဆက် လက်ထက်ကတည်းက ကီဝီသီးကနေ ၀ိုင် အရက် ချက်လုပ်ခဲ့ကြတယ်လို့ ဆိုပါတယ်..

ပန်းသီး

ပန်းသီးဟာ သက်စောင့်တဲ့ အသီးလို့ ပြောရ လောက်အောင် လူရဲ့ ခန္ဓာကိုယ်ကို အကျိုး ဖြစ်စေနိုင်ပါတယ်.. ဗီတာမင် စီ ပါဝင်မှု နည်းပါးသော်လည်း ဓါတ်တိုးဆန့်ကျင်ပစ္စည်းနဲ့ flavonoids ပါဝင်မှုတို့က ဗီတာမင်စီရဲ့ လုပ်ဆောင်ချက်ကို ပိုမို အစွမ်းထက်စေပြီး အူမကြီးကင်ဆာ၊ အဆုပ်ကင်ဆာ၊ ဆီးချို၊ ပန်းနာ ရင်ကြပ်ရောဂါ၊ နလုံးလေရိုက်ခြင်းနင့်၊ လေသင်တုန်း ဖြတ်ခြင်း တို့ကို ဖြစ်နိုင်ခြေ နည်းပါးစေပါတယ်. ပန်းသီးတစ်လုံးတွင် အမျှင်ဓာတ် ပမာဏ ၅ဂရမ်ခန့် ပါဝင်ပြီး အာဟာရဓာတ်များ ပေါင်းစပ် ပါဝင်နေ သောကြောင့် ၄င်းတွင် အရိုးကို သန်မာစေသော ဗီတာမင် ကေ၊ နာကျင်ရောင်ရမ်းခြင်းကို သက်သာစေသော  ဓာတ်တစ်မျိုးတို့လည်း ပါဝင်ပါတယ်. ထို့ပြင် အစာစားချင်စိတ်ကို ထိန်းချုပ်လိုသူများ၊ ၀ိတ်လျော့လိုသူများ အစားမစားမီ နာရီဝက်အလိုတွင် ပန်းသီးတစ်လုံးကို စားသင့်ကြောင်း သိရပါတယ်။။

ချစ်စရာပန်းသီးပင်

စတော်ဘယ်ရီ

စတော်ဘယ်ရီသီးမှာ အလွန် ကောင်းမွန် မြင့်မားတဲ့ ဓါတ်တိုးဆန့်ကျင်ပစ္စည်းပါဝင်တဲ့ အတွက် စားသုံးသူတွေအတွက် အလွန်အကျိုးများစေတဲ့အသီး ဖြစ်ပါတယ် ခန္ဓာကိုယ်ကို ရောဂါဖြစ်ပွားမှုကနေ အကာအကွယ် ပေးတဲ့ အသီးလို့တောင် တင်စား ကြပါတယ်.. ၄င်းဟာ ကင်ဆာဖြစ်ခြင်း၊ သွေးဖိအားမြှင့်တက်ခြင်း၊ တုတ်ကွေး ဖြစ်ခြင်း၊ သွေးကြောပိတ်ဆို့ခြင်းတို့မှ ကာကွယ်ပေးနိုင်ပြီး ဦးနှောက်အတွင်းရှိ ဆဲလ်များကို အားကောင်းစေတယ်လို့ သိရပါတယ်.. ဘယ်ရီသီး အားလုံးဟာ ကျန်းမာရေးအတွက် အလွန် ကောင်းမွန်ပြီး ဓါတ်တိုးဆန့်ကျင် ပစ္စည်းတွေ ပါဝင်မှုကြောင့် လူကို နုပျိုစေနိုင်တယ် လို့ ဆိုပါတယ်.. ဒီလိုဆိုရင်ဖြင့် စတော်ဘယ်ရီအပါအ၀င် ဘယ်ရီသီးကို များများ စားသင့်ပါတယ်နော်။


လိမ္မော်သီး

တစ်ရက်ကို လိမ္မော်သီး ၂လုံးမှ ၄လုံးခန့် စားပေးခြင်း အားဖြင့် အအေးမိရောဂါများ ဖြစ်ပွားခြင်းကို ကာကွယ် ပေးနိုင်ပါတယ်. လိမ္မော်သီးမှာ ကိုလက်စထရောကို လျော့ချပေးခြင်း၊ ကျောက်ကပ်တွင် တည်နေသော ကျောက်များကို ပျော်ကျစေခြင်း၊ အူမကြီး ကင်ဆာ ဖြစ်ပွားခြင်းကို လျှော့နည်းစေခြင်း စတဲ့ အစွမ်း သတ္တိများ ပါဝင်ပါတယ်..  ကယ်လ်စီယမ် ပါဝင်ခြင်း ကြောင့် အရိုးများကို သန်မာအားကောင်းစေခြင်း၊ ဓာတ်တိုးဆန့်ကျင်ပစ္စည်းများကြောင့် ဆဲလ်များ ပျက်စီးခြင်းမှ ကာကွယ်ခြင်း၊ သွေးထဲတွင် ဟေမိုဂလိုဘင် ထုတ်လုပ်ခြင်းကို ကူညီပေးခြင်း ၊ နှလုံးသွေးကြောများကို ကောင်းမွန်စေခြင်း စသည့်အကျိုးသက်ရောက်မှုများ ဖြစ်စေနိုင်ပါတယ်။


ဖရဲသီး

ရေဓာတ်ပါဝင်မှု ၉၀% ရှိသောကြောင့် ဖရဲသီးဟာ အသားအရေကို စိုပြေ ချောမွတ် စေရုံသာမက အစာ ခြေဖျက်ခြင်းကိုလည်း အားကောင်းစေ နိုင်ပါတယ်.. ဖရဲသီးမှာ သဘာဝ SPF ပါဝင်မှုကြောင့် နေရောင်ခြည်တွင်ပါဝင်သော ခရမ်းလွန်ရောင်ခြည်ကို ကာကွယ်ပေးနိုင်စွမ်း ရှိတယ်လို့ ဆိုပါတယ်.. ကင်ဆာ ဖြစ်ပွားခြင်း၊ မျက်စိအားနည်းခြင်း၊ ရောဂါ ဘယ ဖြစ်ပွားခြင်း တို့မှ ကာကွယ်စေနိုင်တဲ့ အကျိုး ကျေးဇူးများ ရှိပါတယ်။ ဖရဲသီးတွင် ပါဝင်သော လိုင်ကိုပိန်းမှာ နှလုံးရောဂါဖြစ်ပွားခြင်း ၊ အမျိုးသား များတွင် ဖြစ်တတ်သော ကင်ဆာရောဂါကို လျှော့နည်းစေခြင်း၊ ဗီတာမင် B6, A,C တို့ ပါဝင်ပြီး  ကိုယ်ခံစွမ်းအားကို မြင့်မားစေခြင်း ၊ အဖျားအနာ လျော့နည်းစေခြင်း တို့ကို အကျိုးပြုနိုင်ပါတယ်။


သေဘာၤသီး


ဗီတာမင်စီ နဲ့ အမျှင်ဓာတ်များ ပါဝင်မှုကြောင့် ၀မ်းချုပ်ခြင်းကို ကာကွယ်ပေးနိုင်ပါတယ်.. ထို့ကြောင့်လည်း ၀မ်းမှန်မှန်သွားချင်သူများ သဘောင်္သီးကို များများ စားပေးသင့်ပါတယ်..  သင်္ဘောသီးဟာ အစာချေဖျက်ခြင်းကို အထောက်အကူများစွာ ပေးနိုင်ပြီး အူမကြီးကင်ဆာ ဖြစ်ပွားမှုကိုလည်း ကာကွယ်ပေး နိုင်တယ်လို့ သိရပါတယ်.. အရေပြားပေါ်မှ ဆဲလ်အသေများကို ပျော်ဝင်စေနိုင်သောကြောင့် ပိတ်ဆို့နေသော အပေါက်များကို ပွင့်စေနိုင်စွမ်း ရှိတာကြောင့် အသားအရေကို တောက်ပချောမွတ်စေနိုင်ပါတယ်.. ကိုလက်စထရောကို လျော့ချပေးနိုင်စွမ်း ရှိပါတယ်..


နဂါးမောက်သီး ( Dragon fruit)

လျှားစောင်းလက်ပတ် အနွယ်ဝင် နားဂါးမောက်သီးပင်ဟာ တောင် အမေရိကတိုက်နဲ့ မက္ကစီကို ဒေသတို့မှာ စတင် တွေ့ရှိခဲ့ကြပြီး ယခုအခါမှာတော့ အာရှနိုင်ငံများဖြစ်တဲ့ ထိုင်း၊ ဗီယက်နမ်၊ ဖိလိပိုင်တို့မှာ စီးပွားဖြစ် မြောက်မြားစွာ စိုက်ပျိုးလာကြပြီ ဖြစ်ပါတယ်။ ကျွန်မတို့ မြန်မာနိုင်ငံမှာတော့ နဂါးမောက်သီးဟာ ခေတ်စားလာတာ မကြာသေးဘူးလို့ ဆိုရပါမယ်.. ယခင်ကတော့ နိုင်ငံခြားကနေသာ တင်သွင်းလာတာ ဖြစ်ပြီး ခုနောက်ပိုင်းမှာမှ ပြည်တွင်းမှာ အထူးသဖြင့် ရှမ်းပြည်နယ်ဘက်တွေမှာ စိုက်ပျိုးလာကြတာ တွေ့ရှိရပြီး ရန်ကုန်မှာတော့ မြေပဒေသာကျွန်းထဲမှာ အပင်တစ်ချို့ တွေ့ခဲ့ရပါတယ်..


အရသာအနေနဲ့ ထူးထူးခြားခြား ကောင်းလှတယ် မဆိုနိုင်ပေမဲ့ ကျန်းမာရေးအတွက် ကောင်းမွန်တာမို့ ထင်ရှားလာတဲ့အသီးလည်း ဖြစ်ပါတယ်.. အရည်ရွှမ်းပြီး အနည်းငယ်ချိုတဲ့ အရသာရှိပါတယ်။ အနက်ရောင် အစေ့လေးပေါင်း မြောက်မြားစွာပါဝင်ပြီး နဂါးမောက်သီး အမှည့်အခွံဟာ အများ အားဖြင့် နီရဲတဲ့ အရောင်အဆင်း ရှိပြီး အ၀ါရောင် လည်း ရှိတတ်ပါတယ်.. အတွင်းသားမှာ အဖြူရောင်နဲ့ အနီရောင် နှစ်မျိုး ရှိပါတယ်။


နဂါးမောက်သီးပင်




























နဂါးမောက်သီး ( Dragon fruit) စိုက်ခင်း

dragon fruit plant

နဂါးမောက်သီးဟာ သွေးတွင်းရှိ သကြားဓာတ်ကို လျော့ချပေးနိုင်စွမ်း ရှိသောကြောင့် သွေးတိုး ဆီးချိုးသမားအတွက် အလွန်သင့်တော်တဲ့ အသီးဖြစ်ပါတယ်.. ကင်ဆာဖြစ်စေနိုင်သော ဓာတ်တိုး ပစ္စည်းကို လျော့ချပေးနိုင်သောကြောင့် ကင်ဆာကိုကာကွယ်ပေးခြင်း၊ ကိုလက်စထရောကို လျှော့ချပေးနိုင်ခြင်း၊ အသားအရေကို ချောမွတ်စိုပြေစေခြင်း၊ အစာစားချင်စိတ်ကို တိုးပွားစေခြင်း၊ အစာခြေဖျက်ခြင်းကို အားပေးခြင်း၊ အဆီများကို ခြေဖျက်ခြင်း၊ သွားနှင့် အရိုးများကို ခိုင်မာစေခြင်း၊ မှတ်ဥာဏ်အားနှင့် မျက်လုံးအားကောင်းစေခြင်း၊ ဒဏ်ရာများကို သက်သာပျောက်ကင်းစေခြင်း စတဲ့ ကောင်းကျိုးများစွာ ပေးနိုင်တဲ့ အသီးဖြစ်ပါတယ်..  နလံထ လူမမာများအတွက် အထူးသင့်လျော်သော အသီး ဖြစ်ပါတယ်.. 

                                                                                                                       


jetAudio 8.0.16 လေးလာပြီ

                                              
 jet Audio Player လေးက function တော်တော် များများဆုံတယ်။ အသံထွက်အားလည်း ကောင်းပါ တယ်။ Windows 7 နဲ့ လည်းအဆင်ပြေလို့ ဆွဲသာထားလိုက်ပါ။




jet Audio Player Download

Defraggler ကောင်းကောင်းလေး

                                                       
 ဒီ software လေးကတော့ HDD မှာ ဖိုင်တွေပြန်စီမယ် ဆိုသုံးကြတယ်။စက်ကို ပေါ့ပါးပြီး ပိုမို မြန်ဆန်စေပါတယ်။အသုံးလိုအပ်ခဲ့ရင်တော့ ယူလိုက်ပါ။




Defraggler 2.06 Download

အညောင်းမိတာ သက်သာစေဖို့

ဒီတစ်ခါတော့ ကွန်ပြူတာနဲ့ အမြဲတစေ ထိတွေ့ကိုင်တွယ် အသုံးပြုနေရတဲ့ ညီအစ်ကိုမောင်နှမတွေအတွက် ကျန်းမာရေးအရ အသုံးတည့်မယ့် ထိုင်ခုံအကြောင်း ပြောပြချင်ပါတယ်။

ကွန်ပြူတာကို အမြဲလိုလိုအသုံးပြုနေရသူတွေမှာ ဖြစ်တတ်တာတွေက အညောင်းမိတာ၊ ခါးနာတာ၊ မျက်ရည်ပူတွေ ကျလာတာ စတဲ့လက္ခဏာတွေဖြစ်တတ်ပါတယ်. ခါးနာတာတို့ အညောင်းမိတာတို့အတွက် နောက်ဆုံးပေါ် memory foam လို့ခေါ်တဲ့ ခေါင်းအုံးလေးတွေ၊ ကျောမှီလေးတွေနဲ့ အဆင်ပြေအောင် ပြုပြင်လို့ရပါတယ်...။



 
                                                                                              Ref: ရန်အောင်

Screen ကိုကြာကြာကြည့်နိုင်စေဖို့

များသောအားဖြင့် မျက်စိကို မထိခိုက်စေချင်ရင် မော်နီတာရှေ့မှာ Filter အပြားလေးခံလို့ရပါတယ်. ဒါပေမယ့် အဲဒါက Desktop monitor အကြီးကြီးတွေ သုံးသူတွေအတွက်ပဲ အသုံးဝင်မှာပါ. Laptop ကွန်ပြူတာလေးတွေ သုံးနေသူတွေအတွက်ကတော့ မော်နီတာရှေ့မှာ Filter ပြားခံဖို့ အဆင်မပြေနိုင်ပါဘူး. ဒါကြောင့် အခု ကျွန်တော်ပေးမယ့် ဆော့ဖ်ဝဲလ်လေးကို အင်စတောလ်လုပ်လိုက်ရင် ဒီပြဿနာကို ဖြေရှင်းပြီးသားဖြစ်သွားမယ့်အပြင် ရေရှည်အတွက်လည်း အကျိုးများစေပါလိမ့်မယ်.
နာမည်က F.lux ပါ. သူ့ရဲ့ အထူးပြုအကြောင်းအရာကတော့ မော်နီတာတွေအတွက် အလင်းရောင်ကို အလိုအလျှောက်ချိန်ပေးတာပါပဲ.
နေ့ခင်းမှာ နေ့ခင်းအလျှောက်၊ ညနေခင်း အလင်းရောင်နည်းသွားချိန်မှာ နည်းသွားတဲ့အလျှောက်၊ ညဉ့်နက်သန်းခေါင် သန်းလွဲအချိန်မှာလည်း သူ့အချိန်အခါအလျှောက် ရှိသင့်တဲ့အလင်းရောင်ပမာဏကို ချိန်ပေးသွားတာပါ။

                                         
                                                                                                        Ref: ရန်အောင်
 
Windows XP/Vista/ 7 Download

RAM နည်းနေလျှင် အလွယ်ဆုံး မြှင့်တင်နည်း

နံပါတ်တစ်...
အနည်းဆုံး 1 GB လောက်ရှိမယ့် Thumb Drive လေးတစ်ခု ၀ယ်လိုက်ပါ။ မဟုတ်လည်း ငှားပေါ့နော်။
Capacity များလေကောင်းလေဆိုပါတော့ဗျာ. ဒါပေမယ့် သိပ်အများကြီးလည်း မလိုပါဘူး။
 
နံပါတ်နှစ်...
အဲဒီ့ Thumb Drive လေးကို ကွန်ပြူတာမှာ တပ်လိုက်ပါ. ကိုယ့်ကွန်ပြူတာမှာ အဲဒီ့ Drive လေးပေါ်လာ အောင်စောင့်ပါ. မှတ်ထားလိုက်ပါ. ဥပမာ Drive F: စသည်ဖြင့်ပေါ့ဗျာ.

နံပါတ်သုံး...

တစ်ခြားစက်တွေ ဘယ်လိုနေတယ်တော့မသိဘူး. ကျွန်တော်ကတော့ XP ရော Windows 7 ရောကို သုံးနေတယ် သဘောတရားချင်းအတူတူပဲ. ဒါကြောင့် Vista Users တွေ၊ တစ်ခြား Windows သုံးသူတွေလည်း ကျွန်တော်ခု ဆွေးနွေးမယ့် အိုင်ဒီယာလေးကိုပဲ ကြည့်လိုက်ပါ. လိုက်ရှာကြည့်လိုက်ပါ. အဆင်ပြေပါလိမ့်မယ်.

လောလောဆယ်တော့ XP/Win 7 သမားတွေအတွက်ပဲ ရည်ရွယ်ပြောလိုက်မယ်ဗျာ. နော်. Windows 7 မှာကျတော့ နည်းနည်းလေး ကွဲတယ်. အဲဒါကို ကြားညှပ်ပြီး ဆွေးနွေးပေးသွားပါမယ်.

(၁) My Computer ကို သွားပါ. Right Click နှိပ်ပြီး Properties ကိုသွားလိုက်ပါ.

XP သမားတွေမှာ ဒီလိုပေါ်တယ်.


Windows 7 သမားတွေမှာတော့ ဒီလိုပေါ်တယ်.


(၂) Advanced Tab လေးကို နှိပ်ပါ. (Win 7 သမားတွေအတွက်ကတော့ ဘယ်ဖက် ကော်လန်လေးမှာ ရှိနေတဲ့ Advanced System Settings ဆိုတာလေးကို ရွေးပေးရမှာ ဖြစ်ပါတယ်.) ပြီးရင်တော့ Performance Settings ကို ဆက်သွားပါ.

(၃) Advanced ကို ဆက်နှိပ်ပါ.

(၄) Virtual Memory ဆိုပြီး Pop Up Window လေးတစ်ခု ပွင့်လာပါလိမ့်မယ်. Change ကိုနှိပ်ပါ. အဲဒီ့ထဲမှာမှ ခုနက ကျွန်တော်တို့ရဲ့ Thumb Drive လေးကို ရွေးပေးပါ. ကျွန်တော့်မှာတော့ Drive F လို့ပေါ်ပါတယ်. အဲလိုရွေးလိုက်တာနဲ့ Paging File Size for Selected Drive ဆိုတဲ့ စာကြောင်းလေးအောက်မှာ ကိုယ့်ရဲ့ Thumb Drive လေးပေါ်လာမှာဖြစ်ပြီး Space Available ဆိုတာလေးလည်း ပေါ်လာပါလိမ့်မယ်.

For XP


For Win 7


(၅) Win 7 သမားတွေအတွက်ကတော့ Automatically manage paging file size for all drives ဆိုတဲ့ Box လေးကို Uncheck ပြန်လုပ်ပေးရပါမယ်. XP သမားတွေကတော့ မလိုပါဘူး. ပြီးသွားရင်တော့ Custom Size ကို ရွေုးလိုက်ပါ. Space Available မှာ ပေါ်နေတဲ့ Thumb Drive ရဲ့ storage capacity လေးကို အပေါ်ကွက်လပ်လေးမှာရော အောက်ကွက်လပ်လေးမှာပါ ရိုက်ထည့်ပေးလိုက်ပါ.


(၆) Set ကိုနှိပ်ပါ၊ Ok ကိုနှိပ်ပါ။

(၇) ကွန်ပျူတာကို Restart ပြန်လုပ်ပါ။

                                                                                                          Ref: ရန်အောင်

အောင်မြင်ကျော်ကြား လျှို့ဝှက်စကား “နေမျိုးအောင်”

                                              
  မေး - သူငယ်ချင်းတွေကပေးထားတဲ့ လျှို့ဝှက်နာမည်
  ဖြေ - နေကြီးလို့ ပေးထားတယ်။ နေမျိုးအောင်ကို အတိုကောက်နာမည်    ခေါ်တာပေါ့။ တစ်ခါတလေကျရင်လည်း မျိုးကြီးလို့လည်း ခေါ်တယ်။
 မေး - ကိုယ်ချစ်တဲ့တိရစ္ဆာန်လေးတွေကို ပေးထားတဲ့ လျှို့ဝှက်နာမည်
 ဖြေ - ခွေးမလေးတစ်ကောင် ရှိတယ်။ သူငယ်ချင်း ပေးထားတာ။ ခွေးလေးနာမည်က ‘ကာကီမ’တဲ့။
 မေး - လျှို့ဝှက်ထားတဲ့ အမူအကျင့်
ဖြေ - ကျွန်တော်ကတော့ ရှင်းရှင်းပြောတတ်တယ်။ အားနာတတ်တယ်။ သူငယ်ချင်းတွေ လာရင်တောင် လိုအပ်တဲ့ စကားလောက်ပဲ ပြောဖြစ်တယ်။
မေး - လျှို့ဝှက်ထားတဲ့ ငယ်ငယ်က ဖြစ်ရပ်
ဖြေ - ငယ်ငယ်တုန်းက ကျောင်းတက်တော့ ပိုက်လုံးပေါ်က ပြုတ်ကျပြီး ခြေသလုံး ကွဲသွားတာ အခုထိသေရာပါတဲ့ ဒဏ်ရာတစ်ခုပဲ။
မေး - လျှို့ဝှက်ထားတဲ့ မိသားစုနဲ့ ပတ်သက်တဲ့ဆန္ဒ
ဖြေ - မိသားစုအပေါ်မှာ အရမ်းချစ်တော့ တစ်ခါတလေကျရင် ကိုယ်က မပြောသင့်တဲ့ အရာတွေကို မြိုသိပ်ပြီး သိမ်းထားတတ်တဲ့ အကျင့် ရှိတယ်။
မေး - လျှို့ဝှက်ထားတဲ့ မကောင်းတဲ့အမူအကျင့်
ဖြေ - မိန်းမအပေါ်မှာ အရမ်းချစ်ပြီး သဝန်တိုတတ်တယ်။
မေး - မိုက်မိုက်မဲမဲ လုပ်ဖြစ်ချင်တဲ့ လျှို့ဝှက်ဆန္ဒ
ဖြေ - အိုက်တင်ကို သတိလက်လွတ် မေ့သွားတဲ့အထိ လုပ်ခဲ့ဖူးတယ်။ ဇာတ်အရှိန် မြင့်လာရင် အိုက်တင်ကို မိုက်မိုက်မဲမဲ လုပ်ပစ်ချင်တယ်။
မေး - လျှို့ဝှက်ထားတဲ့ ချစ်တဲ့သူနဲ့ပတ်သက်တဲ့ဆန္ဒ
ဖြေ - ကျွန်တော့် အမျိုးသမီး၊ သား၊ သမီးတွေကို အမြဲတမ်း စိတ်ချမ်းသာစေချင်တယ်။
မေး - လျှို့ဝှက်ထားတဲ့ လတ်တလောဖြစ်ရပ်တစ်ခု
ဖြေ - မပြောပြဘူး။ သိမ်းထားတယ်။
မေး - လျှို့ဝှက်ထားတဲ့ အမုန်းဆုံးအရာ
ဖြေ - ဇာတ်ဝင်ခန်းတစ်ခန်းမှာ ကိုယ်ကတော့ အိုက်တင်လုပ်လိုက်တာကို ဒါရိုက်တာ ကတော့ ရတယ်လို့ပြောတယ်။ ဒါပေမယ့် ကိုယ့်စိတ်ထဲမှာ မရဘူးလို့ထင်ပြီး ကြိတ်ခံစားရတဲ့ဟာမျိုး။
မေး - လျှို့ဝှက်ထားတဲ့ အကြောက်ဆုံးအရာ
ဖြေ - ခွေးကတော့ အရမ်းကြောက်တယ်။ ကိုက်တဲ့ခွေးမျိုး။
မေး - လျှို့ဝှက်ထားတဲ့ လွမ်းဆွတ်မိတဲ့ အတိတ်
ဖြေ - မိန်းမနဲ့ ရည်းစားစဖြစ်တဲ့အချိန်။ စာပေဟောပြောပွဲမှာ နှစ်ယောက်ဆုံကြတဲ့ အချိန်။
မေး - လျှို့ဝှက်ထားတဲ့ အနေချင်ဆုံးဘဝ
ဖြေ - ကျွန်တော့် မိသားစုဘဝလေး တည်တံ့ခိုင်မြဲတဲ့ ဘဝလေးတစ်ခုနဲ့ ပျော်ပျော်ရွှင်ရွှင် စိတ်ချမ်းသာတဲ့ ပြီးပြည့်စုံတဲ့ ဘဝလေးဖြစ်ချင်တယ်။
မေး - လျှို့ဝှက်ထားတဲ့ ပရိသတ်ကို ဖြစ်စေချင်တဲ့စကား
ဖြေ - နေမျိုးအောင်ရဲ့ အနုပညာတွေကို ကောင်းတဲ့ ဇာတ်ကား၊ ဇာတ်လမ်းတွေနဲ့ ပရိသတ်အတွက် အမြဲတမ်း ရိုက်ကူးနေပါတယ်။
Ref : 8 Days

မြေအောက်ကမ္ဘာထဲမှ အိမ်ကလေး

အိမ်ဆိုတာဟာ မြေပေါ်မှာသာ လှလှပပ တင့်တင့်တယ်တယ် ဆောက်ကြရတယ် မဟုတ်လားရှင်။ ဒါပေမဲ့ အများနဲ့မတူဘဲ မြေကြီးအောက်ထဲမှာမှ ထူးထူးဆန်းဆန်း ဆောက်ထားတဲ့ အိမ်တစ်လုံးအကြောင်း ပြောပြပါဦးမယ်။ အမယ်.. မြေကြီးထဲမှာ ဆောက်ထားတဲ့အိမ်ဆိုလို့ မလှမပ ခပ်စုတ်စုတ် အိမ်တစ်လုံးလို့ မထင်ကြပါနဲ့နော်။ အင်မတန်ခမ်းနားလှပစွာ ဆောက်ထားတဲ့ အိမ်ဖြစ်ပါတယ်။ အိမ်တစ်လုံးမှာ ရှိသင့်တဲ့ ပရိဘောဂ စုံလင်စွာနဲ့ ဆောက်လုပ်ထားတာမို့ နေချင်စရာကောင်းတယ်လို့ ဆိုနိုင်ပါတယ်။

underground home designs swiss mountain house 8 Incredible Underground Residence in Switzerland


အပေါ်က ပုံမှာ အလယ်ကောင်က အဝိုင်းလေးဟာ မြေကြီးထဲက အိမ်ကို ဝင်တဲ့ ဝင်ပေါက်ဖြစ်ပါတယ်။ အိမ်အဝင်ဝဟာ ယခုကဲ့သို့ အဝိုင်းပုံသဏ္ဍာန် ဖြစ်ပြီး  ဘေးပတ်ဝန်းကျင် အိမ်တွေအားလုံးကတော့ ပုံမှန်အတိုင်း မြေပြင်ပေါ်ဆောက်ထားတဲ့ အိမ်များသာဖြစ်ပါတယ်။ စိတ်ဝင်စားဖို့ကောင်းတဲ့ မြေကြီးထဲက အိမ်ကလေးကို အနီးကပ်ကြည့်ကြည့်ရအောင်လားနော်။


underground home designs swiss mountain house 3 Incredible Underground Residence in Switzerland

တကယ်တမ်းတော့ ဒီမြေအောက်က အိမ်ကလေးဟာ တောင်တန်းတစ်ခုရဲ့ တောင်စောင်းမှာ တည်ဆောက်ထားတာ ဖြစ်ပါတယ်။ အိမ်ဆီရောက်နိုင်ဖို့ ကျောက်တုံးတွေနဲ့ ပြုလုပ်ထားတဲ့ လျှောက်လမ်းတွေကနေ တက်ရောက်နိုင်ပါတယ်။ ပြီးတော့လည်း ခုလိုတောင်စောင်းမှာ ဆောက်ထားတာ ဖြစ်တဲ့အတွက် တောင်ပေါ်ကနေ ခဲလုံး၊ သို့မဟုတ် အရာဝတ္ထု တစ်ခုခုများ ပြုတ်ကျလာပြီး အိမ်ကလေးကို ထိခိုက်နိုင်မယ် ထင်ပါတယ်နော်။ ဒီလိုဆိုရင်ဖြင့် အဲဒီပြဿနာကို ဘယ်လိုများ ကာကွယ်ထားသလဲလို့ လေ့လာကြည့်ရအောင်နော်။


underground home designs swiss mountain house 2 Incredible Underground Residence in Switzerland



underground home designs swiss mountain house 1 Incredible Underground Residence in Switzerland

အိမ်ကိုမြင်ရတဲ့ ညမြင်ကွင်းပါ။


underground home designs swiss mountain house 16 Incredible Underground Residence in Switzerland


underground home designs swiss mountain house 9 Incredible Underground Residence in Switzerland


အမှန်တော့ အိမ်ဝင်ပေါက် အဝိုင်းကြီးရဲ့ ဘေးပတ်ပတ်လည်ကို မြင်ရတဲ့အတိုင်း သံဆန်ကာများ ကာရံထားတာ ဖြစ်ပါတယ်။ ဒီလိုကာရံထားတဲ့အတွက် အပေါ်က ကျလာမဲ့ ကျောက်ခဲ အမှိုက်သရိုက်တွေ အိမ်ထဲကို မဝင်နိုင်တော့ပါဘူး။ နံရံတွေကို ကျောက်တုံး၊ ကွန်ကရိများဖြင့် ကာရံထားပြီး ပြတင်းများ ၊ တံခါးများကိုတော့ မှန်သားများ တတ်ဆင်ထားကာ ဝက်သစ်ချသားကို အသုံးပြုထားပါတယ်။ ကြီးမားတဲ့ မှန်ချပ်ကြီးများ၊ ပြတင်းပေါက် များကတော့ အိမ်ထဲကို နေရောင်ခြည် များများရောက်နိုင်အောင် ဒီဇိုင်းထုတ်ပြီး ဆောက်လုပ်ထားတာပါ။



underground home designs swiss mountain house 6 Incredible Underground Residence in Switzerland


underground home designs swiss mountain house 11 Incredible Underground Residence in Switzerland

အိမ်အတွင်းထဲရှိ အိပ်ခန်းတစ်ခုနဲ့ အိမ်အဝင်ပေါက်ရဲ့ အနေအထားပါ။ အိမ်အပြင်ကနေ အိမ်တွင်းကို ရေသွယ်ထားတဲ့ ပုံစံလေးက စိတ်ဝင်စားစရာရယ်နော်။

underground home designs swiss mountain house 13 Incredible Underground Residence in Switzerland

အိမ်ထဲကိုဝင်လိုက်တာနဲ့ ဒီအပြင်ဧည့်ခန်းကို ဖြတ်သန်းပြီးမှ အထဲကို ရောက်ပါတယ်။

underground home designs swiss mountain house 5 Incredible Underground Residence in Switzerland

အိမ်အတွင်းဧည့်ခန်း


underground home designs swiss mountain house 7 Incredible Underground Residence in Switzerland

အိမ်ရဲ့ မီးဖိုခန်း



underground home designs swiss mountain house 17 Incredible Underground Residence in Switzerland
အိပ်ခန်းတစ်ခု





underground home designs swiss mountain house 15 Incredible Underground Residence in Switzerland

ရေချိုးခန်း


underground home designs swiss mountain house 12 Incredible Underground Residence in Switzerland

နောက်ထပ် အိပ်ခန်းတစ်ခု


underground home designs swiss mountain house 10 Incredible Underground Residence in Switzerland

underground home designs swiss mountain house 14 Incredible Underground Residence in Switzerland

အောက်ထပ် မြေတိုက်ခန်း 

Image Hosted by PicturePush - Photo Sharing 

သာယာတဲ့ ရှုခင်းပတ်ဝန်းကျင်နဲ့ မြေအောက်အိမ်

Image Hosted by PicturePush - Photo Sharing 
နှင်းဖုံးနေသော ဆောင်းရာသီချိန် မြင်ရပုံ

ဒီမြေအောက်အိမ်ရဲ့ တည်နေရာက ဆွစ်ဇာလန်နိုင်ငံရဲ့ Vals ကျေးရွာကလေးမှာ တည်ရှိတာ ဖြစ်ပါတယ်။  SeARCH and Christian Müller Architects  ကုမ္ပဏီရဲ့ ဒတ်ခ်ျလူမျိုး ဗိသုကာပညာရှင် Bjarne Mastenbroek ရဲ့ လက်ရာဖြစ်ပါတယ်။ ဒီမြေကမ္ဘာအောက်က အိမ်ကိုကြည့်ခြင်းအားဖြင့် ကျွန်မရဲ့ အမြင်တော့ မြေကြီးအောက်မှာ အိမ်ဆောက်ထားတဲ့အတွက် မီးဘေးလည်း စိုးရိမ်ဖို့မလို၊ လေပြင်းမုန်တိုင်းကိုလည်း ကြောက်ဖို့မလို ၊ ပူအိုက်လွန်းတဲ့ နွေရာသီမျိုးမှာလည်း မြေအောက်အိမ်ဟာ အေးမြနေလိမ့်မယ် စသဖြင့် ကောင်းကျိုးတွေ ရှိတယ်လို့ ထင်ပါတယ်။ စာဖတ်သူတို့ကရော ကောင်းကျိုး ဆိုးကျိုး ဘယ်လိုမျိုးများမြင်ပါသလဲရှင်။

Image Hosted by PicturePush - Photo Sharing


Screen ကိုဓာတ်ပုံရိုက်ရအောင်

                                                 
ဒီဆောလ်ဝဲလေးက မိမိကွန်ပျူတာမျက်နှာပြင်တစ်ခုလုံးကို ဓာတ်ပုံရိုက်ပေးတာပါ။ လိုအပ်ခဲ့ရင်တော့ ယူလိုက်ပါ။




ScreenshotCaptor Download

ထူးခြားဆန်းပြား ဓါတ်ပုံများ

                              အမြင့်ဆုံးတံတား၊ စပိန်မှာ ရှိတယ်။ သွားလည်ကြမလား


                                        ဘယ်လိုများရပ်ထားလဲမသိ၊ ဂျာမနီက ကားပါကင် 

                     ပင်လယ်ရေအောက်စားသောက်ဆိုင်လေ၊ သွားစားကြမလာ၊ ကြေငြာပေးတာ ...။        

                                      လူသွားပါတဲ့ငါးတဲ့။ ဒီလို ငါးတော့ မစားရဲပေါင်။       

                                      လူသားတွေလုပ်ထားတာပါ၊ အမှတ်တရတဲ့။       

                                  ဒါကတော့ ရှားပါးရေတွင်းပါ၊ ဘယ်သူ ရေသွားခပ်ရဲလဲ။           

                                                                                                              သက်တံ့ချို                                                                                                                                                 


Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management