Thursday 25 August 2011
တောင်အာဖရိက မှ လူသားစားကြွက်ဘီလူး
ယခုလောက်အရွယ်ကြီးသည့် ကြွက်ဘီလူးဆိုမှတော့ ကလေးငယ်လောက်ကိုအသာလေး
ကိုက်စားနိုင်ပြီပေါ့ ...
တောင်အာဖရိကနိုင်ငံတွင် ကြောင်တစ်ကောင်အရွယ်ပမာဏလောက်အထိကြီးမားသည့် ကြွက်များကိုက်
စားခြင်းခံခဲ့ ရသဖြင့် ကလေးငယ်နှစ်ဦးသေဆုံးခဲ့ ရသည်ဟု ယုံကြည်ယူဆခဲ့ ကြပါတယ်...
ကလေးငယ်တစ်ယောက်ဆိုလျှင် (အဆိုပါဧရာမကြွက်ကြီးများကိုက်ဖောက်ထားခြင်းကြောင့် ) မျက်လုံးများ
ပင် ကျွတ်ထွက်ခဲ့ ရပါတယ်...
ကလေးငယ်၏ရုပ်အလောင်းကိုတွေ့ ရှိခဲ့ ရသည့် မိခင်ဖြစ်သူက " ကျွန်မဖြင့် ကလေးရဲ့ မျက်လုံးကို ကိုက်
ဖြတ်၊ဖောက်ထုတ်ထားလို့ ရုပ်ပျက်ဆင်းပျက်ဖြစ်နေတာကို ဘယ်လိုမှ မေ့ ပျောက်လို့ ရမှာမဟုတ်တော့ ပါ
ဘူး..." ဟုပြောကြားခဲ့ ပါတယ်...
" ကြွက်ကြီးတွေက ကလေးကို မျက်ခုံးကနေပါးရိုးတွေအထိ ကိုက်ဖြတ်စားသောက်ခဲ့ ကြတာဖြစ်ပါတယ်...
မျက်လုံးတစ်ဖက်ဆိုယင် အသားစတစ်ခုနဲ့ တန်းလန်းတွဲကျနေပါတယ်..." လို့ လည်းသူမကဆိုပါတယ်။
A small child is believed to have been killed by a giant rat in Soweta township near Johannesburg - the dirt and squalor is thought to attract the animals
ရက်ကွက်မှ ယခုကဲ့ သို့ ညစ်ပတ်စုတ်ပြတ်နေသည့် နေအိမ်များတွင် ကြွက်ဘီလူးကြီးများသောင်းကျန်း
နေကြပါတယ်...
အဆိုပါကြွက်ကြီးများဟာ အမြီးဖျားမှခေါင်းအထိ သုံးပေအထိရှည်တတ်ကြပြီး ရှေ့ သွားများဟာ တစ်လက်မ
ကျော်ရှိကြပါတယ်...
လူသတ်ကောင်ကြွက်ကြီးများဟာ ကမ္ဘာ့ အကြီးမားဆုံးကြွက်မျိုးဖြစ်သည့် အာဖရိကကြွက်ဘီလူမျိုးစိတ်ဖြစ်
တယ်လို့ ယူဆကြပါတယ်...
ထိုကြွက်များဟာ ညအခါများတွင်ကျက်စားလေ့ ရှိပြီး အပင်များ၊ တိရိစ္ဆာန်များအပါအ၀င် အစုံးစားသတ္တ၀ါ
ဖြစ်ပြီး တစ်နှစ်လျှင် အကောင် ၅၀ အထိသားပေါက်နိုင်ကြပါတယ်...
ဆိုဝီတိုမြို့ မှာပဲ ဒုတိယမြောက်ကလေးငယ်တစ်ဦးဟာ သူမရဲ့ ဆယ်ကျော်သက်အရွယ်မိခင်ဖြစ်သူ မိတ်ဆွေ
သူငယ်ချင်းများနှင့် အပြင်သွားနေခိုက် အဆိုပါကြွက်ကြီးများကိုက်ခံရလို့ သေဆုံးခဲ့ ရပါသေးတယ်...
ဆိုပါကလေးရဲ့ မိခင်ကိုတော့ လူသတ်မှု၊ လျစ်လျူရှုမှု ( တာဝန်ပျက်ကွက်မှု ) တို့ ဖြင့်စွဲချက်တင်ကာ ဖမ်း
ဆီးခဲ့ ပါတယ် လို့ ရဲအရာရှိ ဘွန်ဂါနီမလွန်ဂို ကပြောကြားခဲ့ ပါတယ်...
ကြောက်စရာကြွက်ဘီလူးများကြောင့် ထိုနိုင်ငံမှ လူများသေဆုံးခဲ့ ရတာ အများအပြားရှိခဲ့ ပြီး ယခုကလေး
ငယ်နှစ်ဦးသေဆုံးခဲ့ ရတာဟာ ပြဿနာရဲ့ တစ်စိတ်တစ်ပိုင်းမျှသာဖြစ်ပုံရပါတယ်...
လွန်ခဲ့ သည့် လကလည်း အသက် ၇၇ နှစ်ရှိ အဘွားအို နိုမာသမ်ဘာဂျိုယီ ဆိုသူလည်း ညာဖက်မျက်နှာ
တစ်ခြမ်းလုံး ကြွက်ဘီလူးကြီးတွေကိုက်ခံရပြီးသေဆုံးခဲ့ရပါသေးတယ်။
0 :ဦးမှတ်ချက်ပြုသည်။:
Post a Comment
ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။
Twitter Delicious Facebook Digg Stumbleupon Favorites More
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management