Thursday 25 August 2011

၇လ အိပ်ပျော်တဲ့ ကောင်မလေး



Sleeping beauty: Lily can lose months at a time due to a rare disorder


သည်မိန်းကလေးကတော့ ခေတ်သစ်မော်ဒန် အိပ်ပျော်နေတဲ့ မင်းသမီးလေးလို့ ခေါ်ဆိုရမလောက်ပါပဲ...
ဗြိတိန်နိုင်ငံမှ အသက် ၂၁ နှစ်အရွယ်ရှိ ကျောင်းသူလေးတစ်ဦးဖြစ်သည့် လီလီကလာ့ ခ် ဟာ ရှားပါးပါးဖြစ်
တောင့် ဖြစ်ခဲ Kleine-Levin ဟုခေါ်သည့် အချိန်အကြာကြီးအိပ်ပျော်တတ်သည့် ရောဂါဖြင့် ၇ လတစ်ကြိမ်
တစ်ခါအိပ်ပျော်လျှင် တစ်လမှ နှစ်လအထိ အိပ်ပျော်နေလေ့ ရှိပါတယ်လို့ လန်ဒန်ထုတ် သူရိယသတင်းစာ
ကြီးနှ့ ဒေလီမေးလ်သတင်းစာကြီးများက ဖေါ်ပြခဲ့ ကြပါတယ်...

Lily's mother Adele (pictured, left) took her daughter to see a battery of specialists, but none of them could diagnose her
 ဆရာဝန်တွေတောင် လက်မှိုင်ချရ...
သူမဟာ စာမေးပွဲကျင်းပနေချိန်များ၊ ခရစ်စမတ်ပွဲတော်များ၊ နှစ်သစ်ကူးပွဲတော်အချိန်များမှာပင် အိပ်ပျော်
နေလေ့ ရှိခဲ့ ပါတယ်....
သူမရဲ့ သမီးလေးဟာ ဘ၀ရဲ့ အစိတ်အပိုင်းတော်တော်များများကို အိပ်စက်နေခဲ့ ရလို့ ဘာမှမသိပဲ လက်
လွတ်ဆုံးရှုံးနေခဲ့ ရပါတယ် လို့ အသက် ၄၇ နှစ်ရှိ မိခင်ဖြစ်သူ အဒယ်လီ ကဆိုပါတယ်...

လီလီရဲ့ ထူးဆန်းအံ့ သြဖွယ်ရာ အဖြစ်အပျက်ဟာ ၂၀၀၇ ခုနှစ်တုံးက သူမတို့ မိသားစု ရေခဲပြင်စကိတ်စီး
ပြီးနောက် စားသောက်ဆိုင်မှာသွားရောက်စားသောက်ခဲ့ ရာမှစတင်ခဲ့ ပါတယ်...
" မှာထားတဲ့ အစားအစာတွေမရောက်လာခင်မှာပဲ လီလီ ဟာသူမရဲ့ ကုလားထိုင်ပေါ်မှာပဲအိပ်ပျော်သွားခဲ့ 
ပါတယ်...  ကျွန်မတို့ သူ့ ကိုဘယ်လိုမှ နိုးလို့ မရတော့ တာမို့ စားသောက်ဆိုင်ကနေ ပွေ့ ချီခေါ်ယူခဲ့ ရပါ
တယ်..." လို့ မိခင်ဖြစ်သူက ဆိုပါတယ်...

Lily with her sister Georgie (left0, her mother and brother Charlie: The condition put the whole family under strain
 ညီမလေး၊ မောင်လေး၊ မေမေ နှင့်  လီလီ တို့ အမှတ်တရဓါတ်ပုံ...
ကံမကောင်းအကြောင်းမလှစွာပင် ထိုရောဂါဆန်းအတွက် ပျောက်ကင်းစေနိုင်မည့် ဆေးဝါးတစ်စုံတစ်ရာ
မပေါ်ပေါက်နိုင်သေးပေမယ့် ဆေးပညာရှင်များကတော့ ထိုရောဂါဟာ ငယ်ရွယ်သူများ၌သာဖြစ်တတ်လေ့ 
ရှိတာမို့ လီလီ အနေနှင့် အသက်အရွယ်ကြီးရင့် လာသည့် အခါပျောက်ကင်းသွားနိုင်မယ်လို့ မျှော်လင့် ယုံ
ကြည်ကြပါတယ်....
လီလီကတော့ ဆာရေးအရပ်ရှိ မိဘများနေအိမ်တွင် တစ်ခါတစ်ခါအိပ်မောကျသွားလျှင် အစားအစာစားဖို့ 
လောက်သာ နိုးပြီးပြန်လည်အိပ်ပျော်သွားနေခဲ့ တတ်ပါတယ်...
သူမဟာ သုံးနှစ်အတွင်းမှာ ဆေးပညာရှင်ကြီးပေါင်း ၇ ယောက်ပြောင်းပြီး ပြသခဲ့ ကာ စမ်းသပ်စစ်ဆေးမှု
တွေမျိုးစုံပြုလုပ်ခဲ့ ပေမယ့် အခြေအနေအကြောင်းအရင်းအမှန်ကိုမသိခဲ့ ရပဲ သူမရဲ့ မိခင်အနေနှင့် ဒေလီ
မေးသတင်းစာတွင် ထိုကဲ့ သို့ သော အချိန်ကြာမြင့် စွာအိပ်ပျော်နေသူအကြောင်းကို ၂၀၁၀ ခုနှစ်၊ ဖေဖော်
ဝါရီလတွင် ဖော်ပြထားသည်ကို ဖတ်ရှုမိရာမှ ရောဂါအကြောင်းသိရှိခဲ့ ရတာဖြစ်ပါတယ်...

အဒယ်လီဟာ သူမ၏သမီးကဲ့ သို့ ပင် အချိန်ကြာမြင့် စွာအိပ်ပျော်နေလေ့ ရှိသည့် သားသမီးများ၏မိခင်ဖြစ်
သူ ဗြိတိန်နိုင်ငံသူ အမျိုးသမီးနှစ်ဦးနှင့် တွေ့ ဆုံခဲ့ ပြီး ထိုရောဂါဆန်းအကြောင်း လူအများကျယ်ကျယ်ပြန့် 
ပြန့် သိရှိနိုင်ရန် www.kls-support.org.uk ဟူသောအင်တာနက်စာမျက်နှာ၊ ၀က်ဘ်ဆိုဒ်ကို တည်ထောင်
ဖန်တီးခဲ့ ပါတယ်...

သူတို့ နဲ့ ရတဲ့ ယောကျာင်္းတော့ ဟန်ကျတာပဲ...
အိပ်ပျော်နေတဲ့ ကာလတစ်လျှောက်လုံး ကြိုက်တဲ့ နေရာသွား၊ ကြိုက်တာလုပ်နေနိုင်တယ်...။

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management