Thursday 20 October 2011

ပြေတီဦး+အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးဦးလေး


                                             
                                                                                                                             
ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီး ဦးရတနာလေးကို အောက်တိုဘာလထဲမှာ မွေးဖွားမယ်ဆိုတဲ့ သတင်းတွေ ကို ပရိသတ်တွေက ဂျာနယ် တွေထဲမှာဖတ်ပြီးတအား ကို ကျေနပ်ပီတိ နဲ့ စိတ်ဝင်စားနေကြပါတယ်။ အောက်တိုဘာလမှာ မွေး မယ်လို့ သိရပြန်တော့လည်း ဘယ်ရက်မှာမွေးမှာလဲဆိုတာကို ပရိသတ်တွေက သိချင်ကြပြန်တဲ့ အတွက် ပေါ်ပြူလာဂျာနယ်ကို တယ်လီဖုန်းတွေ  ဆက်မေး လာကြပါတယ်။
မီဒီယာ တွေ ဆိုတာကလည်း အနုပညာရှင်နဲ့ ပရိသတ်တွေကြား ကနေ  ပေါင်းကူးပေးတဲ့ တံတားဖြစ်တဲ့အတွက် ဘယ်နေ့မွေးမလဲဆိုတာကို ပရိသတ်တွေသိရဖို့ အိန္ဒြာကျော်ဇင်ဆီ မေးတဲ့အခါမှာတော့ အောက်တိုဘာ ၁၄၊၁၅ လောက်မွေးဖြစ်ဖို့ များကြောင်း၊ ဝိတိုရိယဆေးရုံမှာ မွေးဖို့များ ကြောင်း၊ ရင်သွေးကို ဗိုက်ခွဲပြီးပဲ မွေးဖွား တော့မှာဖြစ်ကြောင်း ပေါ်ပြူလာကို သတင်း ပေးလာပြန်ပါတယ်။ ပေါ်ပြူလာကလည်း ဒီ သတင်း ကိုပရိသတ်တွေသိဖို့ အောက်တိုဘာ ၁၃ ရက်ညနေမှာ အိန္ဒြာကျော်ဇင် ဆေးရုံ တက်မယ်၊ ၁၄ ရက်နေ့ မနက်ပိုင်းမှာ မွေးမယ် ဆိုတဲ့သတင်းကို ရရှိလာပြန်တော့ အိန္ဒြာ   ကျော်ဇင်ဆေးရုံတက်တဲ့ပုံလေးကို ပရိ သတ်တွေမြင်ရဖို့အတွက် ဝိတိုရိယ ဆေးရုံမှာ ညနေပိုင်းလောက်ကတည်းက ပေါ်ပြူလာ အဖွဲ့ကကြိုပြီး ဓာတ်ပုံရိုက် ဖို့ စောင့် ခဲ့ကြ ပြန်ပါတယ်။ည ၈ နာရီလောက်မှာတော့ ပြေတီဦး၊ အိန္ဒြာကျော်ဇင်တို့နဲ့အတူ နှစ်ဖက် မိဘဆွေမျိုးတွေ ရောက်လာကြပါတယ်။ ခင် ပွန်းဖြစ်သူပြေတီဦးက မကြာ ခင်မွေးဖွားတော့ မယ့် ဇနီးဖြစ်သူကို တယုတယနဲ့တွဲခေါ်နေ တာကိုလည်း တွေ့ရပြန်တော့ ဒီဓာတ်ပုံတွေ ကိုလည်း ပရိသတ်တွေမြင်ကြရဖို့ ပေါ်ပြူလာ က စိတ် ကြိုက် ရိုက်ခဲ့ပါတယ်။ အောက်တိုဘာ ၁၄ ရက်နေ့မနက်ပိုင်းမှာတော့ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ရဲ့ သမီး ဦးလေးကို မွေးဖွားခဲ့ပါတော့တယ်။ အိန္ဒြာ ကျော်ဇင်ေ မွးဖွား မယ့်နေ့ မှာလည်း ပရိသတ် တွေဆီကနေ ဖုန်းတွေအဆက်မပြတ် လာနေပါတယ်။ အဆင်ပြေချောချောမွေ့မွေ့ ဖြစ်ရဲ့လား၊ ကလေးကော၊ လူကြီးကော ကျန်းမာရဲ့လားဆိုတဲ့ ပရိသတ်တွေရဲ့ အမေးကို လည်း ပေါ်ပြူလာက ဖြေရှင်းပေးနေရပြန်ပါတယ်။ ပြေတီဦးနဲ့အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးဦးလေးအတွက် နှစ်ဖက်မိဘနဲ့အတူ အနုပညာ ညီအစ် ကို မောင်နှမတွေ၊ ပရိသတ် တွေရဲ့ ဝမ်းသာပီတိ စကားသံကို ပေါ်ပြူလာဂျာနယ်က ဖော်ပြပေးလိုက်ရပါတယ်။
ဒေါ်တီတီ(ပြေတီဦး၏အမေ)
”ကလေးက အန်တီ့အတွက် မြေးဦးလေးဆိုတော့ အခု အန်တီလည်းဖွားဖွားကြီးဖြစ် သွားပြီပေါ့။ မြေးလေးမျက်နှာမြင်လိုက်တော့ တအားပီတိဖြစ်တယ်။ ကလေးက တအား သန်တယ်။ ရယ်လည်း ရယ်တယ်၊ မျက်လုံး လည်းဖွင့်ကြည့်တယ်။ပါးဖောင်းဖောင်းလေးက သားနဲ့တူတယ်။နှုတ်ခမ်းလေး၊ နှာခေါင်း လေးတွေကအူဝဲနဲ့တူတယ်။ ကျန်းမာပြီး ကိုယ်လက်အင်္ဂါပြည့်စုံပြီး ချောချောမောမော မွေးလာဖို့နေ့တိုင်းဆုတောင်းနေတာ။ ကလေးက အော်ပြီးငိုရင် အူဝဲလို့အော်ရမှာကို ‘အား…အား’လို့ အော်တယ်။ အန်တီကတော့ ကလေးကိုဘေဘီအူဝဲလေးလို့ ခေါ် တယ်။ ချစ်လို့လေ။ အူဝဲနဲ့လည်းတူလို့ပါ”။
အန်တီမာ(အိန္ဒြာကျော်ဇင်၏အမေ)
”အန်တီမာက ဒီကလေးနဲ့ဆို မြေးမက ၅ယောက်မြောက်။ သူ့ကိုလည်း အူဝဲရဲ့ ကိုယ်စား အန်တီမာက ဆက်ပြီး ထိန်းရမယ်။ အူဝဲတုန်းကတော့ ဆေးရုံမှာ အူဝဲလို့အော်လို့ အူဝဲလို့ နာမည်တွင်သွားတာ။ အခုကလေးကတော့ အူဝဲလို့ လုံးဝ မအော်ဘူး။ ‘အား… အား’လို့ပဲ အော် တယ်။ အခုလောလောဆယ်တော့ ကလေး အိမ်ရောက်လာရင်နေဖို့ အခန်းကို အန်တီမာ့ စိတ်ကြိုက်ပြင်ဆင်ထားတယ်။ ကလေးအခန်းကို မိန်းကလေးဆိုတော့ပန်းရောင်လေးတွေ လုပ်ထားတယ်”။
ငွေတီဦး(ပြေတီဦး၏ညီမ)
”ကလေးမမွေးခင် ညကတည်းက စောင့်နေကြတာ။ ကလေးကို မြင်တော့ တအားစိတ်ချမ်းသာတယ်။ ကလေးကို အစစအရာရာပြည့်စုံပြီး စိတ်ချမ်းသာတဲ့ဘဝ လေးနဲ့ ကြီးပြင်းစေချင်တယ်”။
မိတ်ကပ်ခင်စန်းဝင်း
”အူဝဲကိုယ်ပွားလေးတစ်ယောက်  တွေ့လိုက်ရသလို ခံစားရတယ်။ သမီးလေးက အမျိုးကောင်းမိခင်၊ ဖခင်ကမွေးဖွားလာတဲ့ သမီးလေးဖြစ်တဲ့အတွက် အနာဂတ်မှာ လည်း တိုင်းပြည်အတွက်သော်လည်းကောင်း၊ မိသားစုအတွက်သော်လည်းကောင်း စံပြပုဂ္ဂိုလ်အဖြစ် လူတွေလေးစားကြည်ညိုထိုက်တဲ့ ပုဂ္ဂိုလ်တစ်ဦးဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”။
လူမင်း
”သား၊သမီးဆိုတာ ရတနာလို့ တင်စားကြတယ်လေ။ ရတနာဆိုတာ တန်ဖိုးကြီးတယ်၊ ရှားပါးတယ်ဆိုတဲ့ သဘောရှိတယ်။ ရတနာဆိုတဲ့အတိုင်း သူတို့မိသားစုလေးကို တန်ဖိုးရှိအောင်၊အကျိုးပေးအောင် ကံကောင်း ခြင်းတွေယူလာမယ့် ကလေးလေးဖြစ်ပါစေ လို့ ဆုတောင်းပေးပါတယ်”။
ထွန်းအိန္ဒြာဗို
”လွန်ခဲ့တဲ့ ၅နှစ်က ခံစားခဲ့ရတဲ့ ကြည်နူးပီတိလေးတွေကို အခုတော့ ပြေတီဦးတို့ အူဝဲတို့ရနေပြီဖြစ်တဲ့အတွက် သူတို့နဲ့ ထပ်တူဝမ်းသာပါတယ်။ ကလေးလေးကလည်း လိမ္မာယဉ်ကျေးတဲ့၊ မိဘကျေးဇူးဆပ်နိုင်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေ”။
ခိုင်သင်းကြည်
”အခုလိုချောချောမောမောနဲ့ မွေးနိုင်တယ်ဆိုတော့ ဝမ်းသာပါတယ်။ ကလေးလေးလည်း ကျန်းမာပါစေ၊ မိဘကို လုပ်ကျွေးနိုင်တဲ့ သမီးလေးဖြစ်ပါစေလို့ ဆုတောင်းပေး ပါတယ်”။
ခန့်စည်သူ
”အိမ်ထောင်တစ်ခုမှာ မျိုးဆက်ဆိုတာ ရှိရတယ်။ အောင်မြင်ကျော်ကြားတဲ့ ပြေတီဦးနဲ့ အူဝဲတို့ရဲ့ မျိုးဆက်လေးအတွက်  သူတို့နဲ့ ထပ်တူဝမ်းသာပါတယ်”။
နေတိုး
”ခင်ရတဲ့ ကိုပြေတီဦးနဲ့ မအူဝဲတို့ရဲ့ သမီး ရတနာလေးမွေးဖွားတယ်ဆိုတာကောင်း သတင်းပေါ့။ လူ့လောကထဲကို ရောက်လာတဲ့ အတွက် ကြိုဆိုရမှာပါ”။
ကျော်ကျော်ဗို
”ဝမ်းသာပါတယ်။ ဒီအချိန်မှာ ကျန်တဲ့အရာတွေအားလုံးက သူတို့အတွက် အသေးအမွှားတွေဖြစ်ပြီးတော့ သူတို့ရဲ့ ရင်သွေးလေးက ဘဝအတွက် အရေးကြီးဆုံး၊ အကြီး မားဆုံးလို့ ခံယူနေလိမ့်တယ်။ လိမ္မာရေးခြားရှိပြီး ကျန်းမာသန်စွမ်း ထူးချွန်ထက်မြက်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေ”။
မေသူ(လွင်မိုးဇနီး)
”သမီးလေးမွေးလာတော့ အစ်မတို့အဖွဲ့ ဝင် တိုးတာပေါ့။ သိပ်ကိုဝမ်းသာပါတယ်။ မအူဝဲလည်း ကျန်းမာပါစေလို့ ဆုတောင်းပေးပါတယ်”။
မင်းသွေး
”ကိုပြေတီဦးနဲ့ မအူဝဲအတွက်တော့ ကွန်ကရက်ကျူလေးရှင်းပါ။ ကလေးလေးလည်း သူဖြစ်ချင်တဲ့ ဆန္ဒလေးကို ဖြစ်ခွင့်ရပါစေလို့ ဆုတောင်းပေးပါတယ်”။
ဒါရိုက်တာဝိုင်း
”လူ့လောကကို လူတစ်ယောက် ရောက်လာတယ်ဆိုတော့ အစ်ကိုတို့က ကြိုဆိုရမှာပေါ့။ ကိုယ့်ရဲ့အနုပညာလောကသားရဲ့ ရင်သွေးဖြစ်နေတဲ့အတွက်လည်း ပိုဝမ်းသာ ပါတယ်။ အနုပညာသမားဖြစ်နိုင်ဖို့ ရာခိုင်နှုန်းတစ်ဝက်ရှိတာပေါ့။ ကျန်းကျန်းမာမာနဲ့ စိတ်ချမ်းချမ်းသာသာ ဘဝကို ဖြတ်သန်းနိုင်ပါစေလို့ ကလေးအတွက် ဆုတောင်းပေး ပါတယ်”။
ဒါရိုက်တာကြည်ဖြူသျှင်
”ပြောမယ်ဆိုရင် ဒီကလေးက သိပ်ကံကောင်းတဲ့ကလေးဖြစ်မှာပါ။ ဘာလို့လဲဆိုတော့ ဒီလောကမှာ နံပါတ်တစ်မင်းသားနဲ့ မင်းသမီးလက်ထပ်ပြီး မွေးတဲ့ကလေး။ နောက်တစ်ခုထူးခြားတာက ဒီကလေးကို အူဝဲ ဗိုက်ကြီးတဲ့အခါမှာလည်း တောက်လျှောက် စိတ်ဝင်စားကြတယ်လေ။ အူဝဲက ဗိုက်နဲ့လည်းလှတာပဲလေ၊ အလှမပျက်ဘူး။ ပြေတီဦးဆိုလည်း တောက်လျှောက် အောင်မြင်နေတာပဲ။ အဲ့ဒီတော့ဒီကလေးက အကျိုးပေးတဲ့ကလေးလို့ ထင်တယ်။ ထူးခြားတဲ့ ကလေးလေး တစ်ယောက်ဖြစ်မယ်လို့ လည်းထင်တယ်”။
မဟန်မွန်
(ပရိသတ်)
ကြည့်မြင့်တိုင်၊
ထီးတန်းအိမ်ရာ
”ဂျာနယ်ထဲမှာ မအူဝဲက ကိုယ်ဝန်ကြီးနဲ့ လည်း ဖက်ရှင်ကျနေတာတွေ့ရတယ်။ မိန်းကလေးပဲ မွေးမှာပဲလို့ ထင်တာ။ အခုလို သမီးလေးမွေးတယ်ဆိုတော့ တအားပျော်ပါ တယ်။ မအူဝဲရဲ့ သမီးလေး ကျန်းကျန်းမာ မာနဲ့ မိဘအပေါ်သိတတ်လိမ္မာတဲ့၊ ထူးချွန် ထက်မြက်တဲ့ သမီးကောင်းရတနာလေး ဖြစ်ပါစေလို့ ဆုတောင်းပေးပါတယ်”။
မသင်းသင်းနွယ်
(ပရိသတ်)
ပိုးအိမ်ဖြူဗီဒီယိုအငှားဆိုင်၊ တောင်ဥက္ကလာပ
”အိန္ဒြာကျော်ဇင်က ကိုယ်ဝန်ရှိကတည်းက တော်တော်လည်းလှတယ်။ အခု သမီးလေးမွေးတယ်ဆိုတော့ ဝမ်းလည်းဝမ်းသာတယ်။ အဖေကလည်းချော၊ အမေက လည်း ချောတယ်ဆိုတော့ သမီးကလည်း ချောမှာပါ။ အိန္ဒြာကျော်ဇင်နဲ့ပိုတူရင်တော့ ပိုချောမှာပေါ့။ သောကြာနေ့ မွေးတယ်ဆိုရင် တချို့လူကြီးတွေက ပြောကြတယ်။  သားဦးသောကြာဆိုရင် ကောင်းတယ်။ စီးပွားတက်တယ်။ သားဦးသောကြာ ပဒေသာလို့ပြောကြတယ်။ ပြေတီဦးနဲ့ အိန္ဒြာကျော်ဇင်တို့ရဲ့ သမီးလေးလည်း အဖေအမေလို မျိုး အောင်မြင်မှုတွေ ရပါစေလို့ဆုတောင်း ပေးပါတယ်”။
ဝဿန်၊ခိုင်ဝေလွင်

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management