Friday 26 August 2011

မယုံကြည်နိုင်စရာ မျက်လှည့်ဆရာ

မျက်လှည့် ပညာရှင်အများစုကတော့ မယုံကြည်နိုင်လောက်ဖွယ်ရာပြကွက်တွေကို လူတွေရဲ့ အမြင်အာရုံကို
လှည့် စားပြီးပြသကြတာဖြစ်ပါတယ်..ဒါပေမယ့် အတိုင်းအတာ တစ်ခုထိပဲနော်။

မျက်လှည့် လောကတွင် ဒိုင်နမိုဟု နာမည်ကြီးသော၊ အမည်ရင်း စတိဗ်ဖရိန်း ဟုခေါ်
သော မျက်လှည့် ဆရာကတော့ ၊ လူတိုင်းပါးစပ်အဟောင်းသားဖြစ်စေသည့် စွန့် စားခန်းအဖြစ် (မြစ်ထဲတွင်ဘယ် ပစ္စည်းအကူအညီမျှမပါပဲ) ရေပေါ်တွင်လမ်းလျှောက်ပြခဲ့ ပါတယ်...
အသက်၂၈နှစ်၊ ဘရက်ဖို့မှာ မွေးခဲ့တဲ့ မျက်လှည့် ဆရာဟာ လန်ဒန်မြို့ပါလီမန်လွှတ်
တော် အဆောက်အဦရှေ့ရှိ သိမ်းမြစ်ထဲတွင် ရေပေါ်မှာ လမ်းလျှောက်ပြတာ မြစ်လယ်တောင်ရောက်နေပြီ။

Biblical epic: Magician Dynamo poses while standing in the middle of the River Thames where he performed an illusion in which he appeared to walk on water
 မြစ်လယ်တောင် ရောက်နေပြီဆိုတော့ .... ရှားမှရှားပါပဲလားနော်။
Tread carefully: Stunned onlookers watch from Westminster Bridge as Dynamo gets his feet wet
 ပရိတ်သတ်ကြီးလည်း တအံ့တသြ။

Feat of Parliament: Perhaps Dynamo, real name Steve Frayne, could magic up a solution to the deficit problem
  လွှတ်တော်ကြီးဆီကိုများ အလည်သွားလေတော့ မလား...
Tread carefully:  Dynamo gets his feet wet and heads towards the Houses of Parliament
 
သူ့ကိုအားပေးတဲ့သူတွေထဲမှာ နာမည်ကျော်တွေဖြစ်တဲ့  Jay-Z ၊ Coldplay ၊ Will Smith ၊ Busta Rhymes နှင့် Paris Hilton တို့ တောင်ပါဝင်ကြပါတယ်...
သူ့ကိုနာမည်ကျော်စေခဲ့တာက ဗြိတိန်နိုင်ငံမှ သရုပ်ဆောင် မက်လူးကပ်စ် ကို အာဆင်နယ်
အသင်းရဲ့ အဲမရိတ်ကစားကွင်းမှာ လေထဲမြောက်နေအောင် ဈန်ပျံစေခဲ့ သလ၊ို ဘီဘီစီ အားကစားသတင်းအစီအစဉ် တစ်ခုတွင် ရော်ဘီဝီလီယံ နှင့် ဒါဗီနာမက်ကော တို့ ရှေ့ မှောက်တွင် လက်မှတ်ထိုးထားသည့်ထီလက်မှတ် များကိုလည်း ပိုက်ဆံအဖြစ် ပြောင်းလဲပြခဲ့တာတွေပါ။
၎င်းတင်ဆက်ပြသနေခဲ့ သည့် ပြကွက်ဆန်းအစီအစဉ်အသစ်များတွင် ကမ္ဘာ့ ဟဲဗီးဝိတ် လက်ဝှေ့ ချံပီယံ ဒေး

ဗစ်ဟေး၊ မန်ချက်စတာရော့ စတား အိုင်ယန်ဘရောင်းနှင့် ပေါ့ စတား နာတာလီအင်ဘဂူဂလီယာ စသည့် 

ကမ္ဘာကျော်သည့် အထင်ကရများ ပါဝင်ခဲ့ ပါတယ်....

သူ့ ရဲ့ ပြကွက်ဆန်း အတွဲ ၁ တွင်တော့ သူ့ ရဲ့ နာမည်ကျော် လေထဲမြောက်တက်၊ ဈန်ပျံသည့် ပြကွက်ကိုပြ

သခဲ့ ပြီး နာမည်ကျော် မီယာမီကမ်းခြေတွေလည်းကလေးမလေးတစ်ယေက်ရဲ့ နေလောင်အသားအရေအ

ကွက် ကိုလည်း ရွေ့ လျားအောင်လုပ်ဆောင်ပြနိုင်ခဲ့ ပါတယ်...




I hope he can swim: Frayne stands still in the middle of the fast-moving River Thames
 ရေမှကူးတတ်ပါလေစ....မတော်လို့ မြုပ်သွားယင်အခက်
တသွင်သွင်စီးနေသည့် သိမ်းမြစ်ရေပြင်ထက်ဝယ် မလှုပ်မယှက်တောင်ရပ်ပြနိုင်ခဲ့ တယ်...
I hope he can swim: Frayne stands still in the middle of the fast-moving River Thames


Fast hands: Dynamo began his magic career learning card tricks from his grandfather
 မျက်လှည့် အစ ဖဲချပ်က....

ဆက်လက်တင်ဆက်ဦးမည့် မျက်လှည့် ဆရာရဲ့ ပြကွက်ဆန်းများတွင် မိုဘိုင်းဖုံးတစ်လုံးကို ဘီယာပုလင်းထဲ
သို့ ရောက်အောင်ထည့် သွင်းခြင်း၊ သြစထရီးယန်းတောင်တန်းများမှ နှင်းများအား စိန်တုံးလေးများအဖြစ်သို့ 
ပြောင်းလဲပြခြင်းနှင့် ဟောလီးဝုဒ်မှ နာမည်ကျော် ချတိုးမားမောင့် ( Chateau Marmont ) ပြတိုက်တွင် လိပ်

ပြာရုပ်များအား အတောင်တစ်ဖျတ်ဖျတ်ခပ်ကာအသက်သွင်း
ပြစေမည့် ပြကွက်များလည်း ပါဝင်ဦးမှာဖြစ်ပါ
တယ်....

ဒေးဗစ်ကော့ ပါးဖီးတောင် ဆရာခေါ်ရမယ့်သူထင်တယ်။

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management