Saturday 3 September 2011

ဘ၀ကြင်ဖေါ် ရွေးချယ်နည်း

ဒီပို့စ်လေးကို နည်းပညာတို့ရဲ့ဆုံမှတ်များ ဖိုရမ်မှာတွေ့မိလို့၊ ရယ်စရာလေးမို့ ပြန်လည်မျှဝေလိုက်ပါတယ်။ ရယ်မောခြင်းဖြင့် ချမ်းမြေ့ကြပါစေ။

“ အနှစ်လို အချစ်ပိုချင်ရင် *စစ်ဗိုလ်* ကို စဉ်းစားပါ ”

“ ကညာမွန် အညာလွန်ချင်ရင် *ဆရာဝန်* ကို ရွေးပါ ”

“ ရင်ခွင်လွှာမှာ အကြင်နာပါရင် *အင်ဂျင်နီယာ* ကို ထည့်တွက်ပါ ”

“ အကြောင်းအရာပေါ် ကောင်းရာမျှော်ချင်ရင် *ကျောင်းဆရာကတော်* လုပ်ပါ ”

“ ပြည်သူထဲ ငြူဆူအမြဲ ဖြစ်နေရင် *ပြည်သူ့ရဲ* တောင် မစဉ်းစားနဲ့ ”

“ အချစ်များပြီး ပစ်ထားမယ်ဆိုရင် *စစ်သား* ကိုလည်း မယူနဲ့ ”

“ အပြတ်ဖြေဖျော် လာဘ်လာဘမျှော်ရင် *နတ်ကတော်* လည်း မရွေးနဲ့ ”

“ အစဉ်အမြဲသိမ်း ရင်ထဲထိန်းချင်ရင် *ယာဉ်ထိန်းရဲ* ကိုလည်း မစဉ်းစားနဲ့ ”

“ ကုန်တာမှိုင် လိုရာမပိုင်ရရင် *Company ပိုင်ရှင်* လည်း အလျှော့မပေးနဲ့ ”

“ အဖြီးအပြတ်လှော် မီးသတ်မတော်ရင် *မီးသတ်ကတော်* လည်း မလုပ်နဲ့ ”

“ ရမက်တပ်ရစ် အရက်မပြတ်ကစ်ရင် *လက်မှတ်စစ်* ကိုလည်း မစဉ်းစားနဲ့ ”

“ ရတက်ဖြစ်အရေး လက်ဖက်ရည်ကစ်ရေး ဆိုရင် *ဆက်သွယ်ရေး* ကောင်လည်း မရွေးနဲ့ ”

“ ယမင်းအပျော်ထား အတင်းပျော်အားနေရင် *သင်္ဘောသား* ကိုလည်း ရှောင်ပါ ”

“ ရှာသမျှ ကုန်မယ်ဆိုရင် ကညာမကျတဲ့ ပါသမျှ *ကုန်သည်* ကိုလည်း မစဉ်းစားနဲ့ ”

“ မယားမပြတ်မော့ အနားကပ်လျော့ရင် *ကားဝပ်ရှော့ဆရာ* လည်း မရွေးနဲ့ ”

“ နောက်မပူ ပြီးစီးချင်ရင်တော့ *တောင်သူဦးကြီး* များကို စဉ်းစားပေါ့ ”

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management