Thursday 8 September 2011

ဂတိမတည်ဘူးလို့အပြောခံရမှာကြောက်တဲ့ ဖွေးဖွေး

                                               
ချစ်စရာဟန် အမူအရာတွေနဲ့ ပရိသတ် ရင်ထဲမှာ   နေရာတစ်ခု ရလာပြီဖြစ်တဲ့   ဖွေးဖွေးနဲ့ တွေ့ဆုံခိုက်   ဖွေးဖွေးက "သရုပ်ဆောင်လောကကို စိတ်ကူးတွေ မကုန်သရွေ့ လုပ်သွားမှာပါ။ သရုပ်ဆောင် တစ်ယောက် အနေနဲ့ လေ့လာထား ရတာတွေ ရှိတာပေါ့နော်။ ဖွေးဖွေးဆို   နိုင်ငံခြား ကား တစ်ကား မကျန် ကြည့်တယ်။   မြန်မာကားလည်း   ပေါက်ပြီဆို အကုန်ကြည့် တာပါပဲ။ ဦးမျိုးနဲ့ ကိုဝိုင်းဆို ဖွေးရဲ့ဆရာတွေပါ။ သူတို့က အမြဲတမ်း သင်ပေးပါတယ်။ ကိုယ့်ရှေ့က စီနီယာတွေရဲ့ အမူအရာတွေ သရုပ်ဆောင် တာတွေကိုလည်း ကြည့်ပါ တယ်။ ဖွေးက ငယ်ငယ် ကတည်းက အဆိုတော် ဖြစ်ချင်ခဲ့တာ။ အခွေ အတွက် ကိုယ်တိုင် သီချင်းရေး ကိုယ်တိုင် စီစဉ်နေပါတယ်။ ခွေလေးကို Own Tune တွေပဲ သီးသန့် လုပ်ထားပြီး ပရိသတ် အတွက် ထူးထူး ဆန်းဆန်းလေး ဖြစ်အောင် လုပ်မှာပါ။ ဘယ်တော့လောက် ပရိသတ်ထဲ ချပြမယ်လို့တော့ အသေအချာကြီး မပြောရဲသေးဘူး။ တော်ကြာဖြစ် မလာခဲ့ရင် ပရိသတ်က ကတိမတည်ဘူးဆိုပြီး အပြောခံရမှာကြောက်တယ်လို့ ဖွေးဖွေးကပြောပြခဲ့ပါတယ်။
ဖွေးဖွေးရဲ့ ဖက်ရှင်တွေက အမြင်ဆန်းပြီး ဒီဇိုင်း လန်းတာကြောင့် မေးမြန်းကြည့်ရာ မှာတော့ ဖွေးဖွေးရယ် အမေရယ် ဒီဇိုင်နာရယ် ၃ ဦးပေါင်းပြီး စဉ်းစားတယ်။ နောက်ပြီး ဖက်ရှင် TV တွေ၊ နိုင်ငံခြား မဂ္ဂဇင်းတွေ MTV တွေကြည့်ပြီးတော့ အမြဲတမ်းလေ့လာနေပါတယ်။ ဖွေးဖွေးက ကိုယ်ဟာကိုယ် စိတ်ချမ်းသာအောင်လည်း နေပါတယ်။ သူများကို မုဒိတာ ထားတယ်။ ဒါမှ ကိုယ့်စိတ် ကြည်လင်မှာပါ။ ပြီးတော့ မေတ္တာဆိုတာ ရောင်ပြန်ဟပ် တတ်ပါတယ်။ ကောလာဟလတွေနဲ့ ပတ်သက်လို့လည်း ဖွေးဖွေး တစ်ယောက်တည်းပါပဲ။ ဖွေးက လူတွေကို မဝေဖန်တတ်ဘူး။ ကိုယ့်ဟာကိုပဲ ဝေဖန်တယ်။ ဖွေးဖွေးက ပရိသတ်ကြီးကို အမြဲတမ်းကြိုးစား နေပါတယ်။ ဖွေးဖွေးရဲ့ကြိုးစားမှုတွေ ပရိသတ် မျက်စိရှေ့ရောက်မှ အရာထင်မှာပါ။ ကြိုးစားသမျှ တွေကို ပရိသတ်ကြီးက အားပေးပါဦးလို့ တွေ့ဆုံခိုက်လေးမှာပြောပြ သွားခဲ့ပါကြောင်း။

                                                                                                               ဝဿန်
 

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management