Monday 12 September 2011

မယ်လိုဒီပရိတ်သတ်ကမြန်မာနိုင်ငံမှာ၅%ထက်မပိုပါဘူး

                                                
မျိုးအခွေအတွက် ကြိုးစားနေပါတယ်။ မျိုးတို့တီးဝိုင်းက ဂျပန်သွားတယ်။ အမေရိက၊ စင်ကာပူသွားတယ်။ ဒီတစ်ခေါက်ပြန်လာမှပဲ သေချာလုပ်ရတော့မယ်။ သီချင်းတွေက အားလုံးပြီးသွားပါပြီ။ Title လည်း ပေးပြီး သွားပြီ။ ရှင်ဖုန်းဆိုခဲ့တဲ့ သီချင်းလေးပဲ။ ချစ်ခဲ့ဖူးတယ် ဆိုတဲ့ Title လေးပေးထားတယ်။ ဒီအခွေထဲမှာ ကိုဖိုးကာ၊ ကို Rဇာနည်တို့နဲ့ စုံတွဲဆိုထားတယ်။ အိုင်လပ်ဖ်ယူ ဇာတ်ကားထဲမှာ စကားဆန်းဆန်းလေးတွေ ပြောထားတယ် ဆိုတာက ဇာတ်ညွှန်းဆရာနဲ့ ဒါရိုက်တာ သင်ပေးတာပါ။
ဒီကားမှာ မျိုးပြောတဲ့ စကားလုံးလေးတွေမှာ မင်းသမီးဖြစ်မယ့် ဇာတာပါလို့လားမသိဘူး၊ လူတိုင်းကို အီစီကလီ လုပ်လိုက်ရမှ ကျေနပ်တယ်ဆိုတာက ဇာတ်ညွှန်းထဲမှာ ရေးထားတဲ့အတိုင်း ပရိသတ်ကို ခံစားစေ ချင်လို့ပါ။ ဘယ်မင်းသမီးကိုမှ ရည်ရွယ်ပြီး ပြောတာမဟုတ်ပါဘူး။ စကားလုံးဆန်းဆန်းလေးတွေဆို ပရိသတ်က စိတ်ဝင်စားတယ်လေ။ မျိုးက အပြင်မှာဆို ကျားကျားလျားလျားနေတတ်တယ်။
ဒီကားထဲမှာက နုနုရွရွဖြစ်နေတယ်။ အပြင်နဲ့မတူဘူး။ ဒီကားကို ကြည့်ပြီး ကိုယ့်ကိုယ်ကိုယ် ပြန်နောက် နေသလို ဖြစ်နေတယ်။ မျိုးရဲ့ ပရိသတ်က မြန်မာနိုင်ငံမှာ (၁၀၀)ရာခိုင်နှုန်းရှိတယ်ဆိုရင် (၅) ရာခိုင်နှုန်းထက်တော့ မပိုပါဘူး။
မျိုးအခွေကို ကိုးလပိုင်းလောက် မှန်းထားတယ်။ ခဏခဏတော့ မှန်းထားတာပဲ။ ဒါပေမဲ့ ကိုးလပိုင်း မဖြစ်တော့ဘူးထင်တယ်။ ခရီးသွားရတာနဲ့ ကားရိုက် ရတာနဲ့ သီချင်းသွင်းရင်း recoding ထဲ ဝင်ရင်ကြောက်တဲ့စိတ်က ပိုများနေတာပေါ့။ နည်းနည်းတော့ကြာဦးမှာပါ။

Ref: 8 days

0 :ဦးမှတ်ချက်ပြုသည်။:

Post a Comment

ကျေးဇူးဆိုတဲ့စကားလေးက အားဆေးလေးပါ။

Twitter Delicious Facebook Digg Stumbleupon Favorites More

 
Design by Free WordPress Themes | Bloggerized by Lasantha - Premium Blogger Themes | Enterprise Project Management