PhotoInstrument 5.0 Download
ဝေမျှခြင်းသက်သက်ပါ...အဆင်မပြေခြင်းများရှိပါကနားလည်ပေးစေချင်ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
Replace these every slider sentences with your featured post descriptions.Go to Blogger edit html and find these sentences.Now replace these with your own descriptions.This theme is Bloggerized by Lasantha - Premiumbloggertemplates.com.
အေဒီ ခြောက်ရာစုကို သရီးဒီ နည်းပညာဖြင့် ဖန်တီးကာ ရုပ်ရှင်ဇာတ်ကား ရိုက်ကူး နေကြောင်း အဆိုပါ ရုပ်ရှင်ဇာတ်ကားတွင် သရီးဒီ ပညာ ဖန်တီးသူ ဦးသူရသိန်းတင် ထံမှ ၁၆-၆-၂၀၁၁ ရက် က သိရသည်။ ပြင်ဦးလွင်တွင် ရိုက်ကွင်း တည်၍ ရိုက်ကူးထားပြီး ရုပ်ရှင်ဇာတ်ကား တစ်ကားလုံး၏ သုံးပုံ နှစ်ပုံခန့်ကို သရီးဒီဖြင့် ဖန်တီးသွားမည် ဖြစ်ကြောင်း၊ ဇာတ်ကား ရိုက်ကူးမှု ပြီးစီးပြီ ဖြစ်ကာ အေဒီ ခြောက်ရာစု၏ နောက်ခံ ရှုခင်းများ၊ အပြင်အဆင်များကို သရီးဒီ နည်းပညာဖြင့် ဖန်တီးမှု သမိုင်းကို စတင် ဆောင်ရွက်သည့် ကာလသို့ ရောက်ရှိ နေပြီ ဖြစ်ကြောင်း သိရသည်။ " အေဒီ ခြောက်ရာစုရဲ့ သမိုင်း အထောက်အထား အပြင်အဆင်မျိုးနဲ့ အတိအကျ လုပ်တာမျိုး မဟုတ်ပါဘူး။
မတ်တတ် ရပ်ထားရင် ဦးခေါင်းနဲ့ ပခုံးက သူ့မိဘတွေ အထက်မှာ မြင့်မား ထိုးထွက် နေတဲ့ အဲ့ဒီ ဆယ်ကျော်သက် ကောင်မလေး ဟာ အရပ် ၆ ပေ ၁၀ လက်မ ရှိနေတာ တောင် ဆက်ပြီး ကြီးထွားနေဆဲ ပါပဲ။ သူ့ခန္ဓာကိုယ် အလေးချိန်က ၂၈၇ ပေါင် ရှိပါတယ်။ ထိုင်းနိုင်ငံ အရှေ့ပိုင်းမှာ နေထိုင်တဲ့ မာလီဒန်ဒီး အမည်ရှိ ကောင်မလေးဟာ အသက်ငယ်ငယ် ကတည်းက တခြား ရွယ်တူ ကျောင်းသူတွေ ထက် ကြီးထွားနှုန်း အရမ်း မြန်နေကြောင်း သတိပြုမိ ခဲ့ပါတယ်။ သူ အသက် ၉ နှစ် အရွယ်မှာ သူ့မိခင် ဂျီ(၄၀နှစ်) က သူ့ကို ဆရာဝန်ထံ ခေါ်သွားပြီး ပြသ ခဲ့ပါတယ်။ ဆရာဝန်က သူ့ဦးနှောက်မှာ အကျိတ်တစ်ခု ဖြစ်ပေါ် နေပြီး အဲဒီ အကျိတ်က နာ့ဗ်ကြော တစ်ခုကို ဖိထားတာ တွေ့ရှိခဲ့ ပါတယ်။ အဲ့ဒီ နာ့ဗ်ကြော အဖိခံထား ရမှုကြောင့် ကြီးထွားရေး ဟော်မုန်း ထွက်ရှိအောင် အမြဲမပြတ် လှုံ့ဆော် နေတာမို့ ကြီးထွားမှုက ဘယ်တော့မှ မရပ်ဘဲ ရှိနေ ပါတယ်။ ဒါကြောင့် သူဟာ သုံးလတစ်ကြိမ် ကြီးထွားမှုကို ထိန်းချုပ်တဲ့ ဆေးတွေကို အမေရိကန် ဒေါ်လာ ၃,၀၀၀ အကုန်ခံပြီး ထိုးရပါတယ်။ အခုအခါ အသက် ၁၉နှစ် ရှိပြီ ဖြစ်တဲ့ ကောင်မလေးဟာ သူရဲ့ အရပ်ကြောင့် ကျောင်းမှာ သရော် လှောင်ပြောင်တာ ခံရပြီး အပေါင်းအသင်း မရှိဘဲ အမြဲတမ်း အထီးကျန် နေရပါတယ်။

ဗြိတိန်နိုင်ငံ ဂလော်ဆက်စတာ ရှိုင်းယား ပြည်နယ် ဘစ်တွန်မြို့မှ မြင်းတစ်ကောင်၏ နှုတ်ခမ်းမှ နေ၍ လိမ်ကောက်နေသော ရွှေရောင် နှုတ်ခမ်းမွေးများ ခုနစ်လက်မ အရှည် အထိ ထွက်လာကြောင်း DM သတင်းဌာနက သြဂုတ်လ ၄ ရက် နေ့တွင် ဖော်ပြသည်။
အိန္ဒိယနိုင်ငံ မြတ်စွာဘုရား ပွင့်တော်မူရာ ဗုဒ္ဓဂယာဒေသ တွင် မြန်မာရုပ်ရှင် ဇာတ်ကားတစ်ကား ပထမဆုံးအကြိမ် အဖြစ် သွားရောက် ရိုက်ကူးရန် စီစဉ် နေကြောင်း ဒါရိုက်တာ ညွန့်မြန်မာညီညီအောင် က ၈-၄-၂၀၁၁ ရက် တွင် ပြောကြားသည်။ ထိုသို့ ရိုက်ကူးရာတွင် မြတ်စွာဘုရား ဟောကြားခဲ့သည် ဒေသနာတော် များထဲမှ တစ်စိတ် တစ်ဒေသကို ဇာတ်လမ်းဖွဲ့ ရိုက်ကူးမည် ဖြစ်ပြီး ဗီဒီယို အထူး ပြုလုပ်ချက်များ၊ Animation များ ပါဝင်မည် မဟုတ်ဘဲ သဘာဝ အတိုင်း ရိုက်ကူးမည် ဖြစ်ကြောင်း၊ ထိုဇာတ်ကားကို မြန်မာသရုပ် ဆောင်များ ဖြင့်သာ ရိုက်ကူးမည် ဖြစ်ကာ နိုင်ငံတကာသို့ ပြသရန် ရည်ရွယ်ကြောင်း သိရသည်။ ထိုဇာတ်ကား ရိုက်ကူးရန် စီစဉ်ဖြစ်ပုံ နှင့် ပတ်သက်၍ " ကျွန်တော် မနှစ်က ဗုဒ္ဓဂယာမှာ ဘုန်းကြီးဝတ် ဖြစ်တယ်။ အဲဒီက ပြန်လာတော့ ဇာတ်လမ်း တစ်ခု ရိုက်ဖို့ စိတ်ကူးမိတယ်။ သူငယ်ချင်း တစ်ယောက် ကလည်း ပရိုဂျူဆာ လုပ်မယ်။ ကားကြီး ရိုက်မယ်ပေါ့။
နိုင်ငံကျော် ဟာသ သရုပ်ဆောင် မော့စ်၏ သား ထိုက်စံ ကို စာနယ်ဇင်း နှင့် ပရိသတ်များ ထံ အပ်နှံပွဲ အား ၂၄-၄-၂၀၁၁ ရက်က Eagle Garden Restaurant တွင် ကျင်းပသည်။ ထိုက်စံမှာ ဒါရိုက်တာ သပြားသု နှင့် "အတီးနဲ့ ချစ်တီး" ၊ ဒါရိုက်တာဖေချစ်ကောင်းနှင့် "အပါယ်တံခါးပိတ်ပေးပါ" ဇာတ်ကား နှစ်ကားကို အဓိက နေရာမှ ရိုက်ကူး သရုပ်ဆောင် ထားပြီ ဖြစ်ပြီး လပ်ကီးဆဲဗင်း နှင့် ယွန်း ဗီဒီယို ထုတ်လုပ်ရေးတို့က ဖြန့်ချိမည် ဖြစ်သည်။ လက်ရှိတွင် မည်သည့် ကုမ္ပဏီ နှင့် မျှ စာချုပ် ချုပ်ဆို ထားခြင်း မရှိသေးဘဲ အနုပညာ လုပ်ငန်းများကို ဖခင်၏ ညွှန်ကြားမှု ဖြင့် မင်းသားကောင်း တစ်ဦး ဖြစ်လာရန် ကြိုးပမ်းနေကြောင်း သိရသည်။ ၀မ်းသာစရာသတင်းပါ။
ပူဖောင်းသမား ဆမ်ဆမ်ဟု နာမည်ကြီးသော ဆမ်ဟိသည် သူ၏ သတ္တမမြောက် ဂင်းနက်စ် ကမ္ဘာ့စံချိန်ကို ဇူလိုင်လ ၃ ရက်နေ့တွင် တင်နိုင်ခဲ့ကြောင်း သိရသည်။ ပူဖောင်းများ ပြုလုပ်၍ လည်းကောင်း၊ ပူဖောင်းများ မှုတ်၍ လည်းကောင်း ကမ္ဘာ့စံချိန်များ တင်ခဲ့သူ ဆမ်ဆမ်သည် ယခုအကြိမ်၌ ပူဖောင်းကြီး တစ်လုံး အတွင်း ပူဖောင်းငယ် အများဆုံး ထည့်သွင်း နိုင်မှု အဖြစ် ကမ္ဘာ့ စံချိန်တင်ခဲ့ခြင်း ဖြစ်သည်။
တရုတ်နိုင်ငံတွင် ကမ္ဘာ့ အလျား အရှည်ဆုံး ပင်လယ်တံတားကို ဖွင့်လှစ် လိုက်ကြောင်း DM သတင်းဌာနက ဇွန်လ ၃၀ရက် နေ့တွင် ဖော်ပြသည်။ အဆိုပါ တံတားသည် တရုတ်နိုင်ငံ အရှေ့ပိုင်း ဆိပ်ကမ်းမြို့ ဖြစ်သော ကင်ဒေါင် နှင့် ကမ်းလွန် ပင်လယ်ပြင်ရှိ ကျွန်းဖြစ်သော ဟန်ဒေါင်းတို့ကို ဆက်သွယ် ထားပြီး ၂၆ ဒသမ ၄ မိုင် ရှည်လျားသည်။ တံတားအကျယ်သည် ပေ ၁၁၀ ရှိပြီး တံတား တည်ဆောက်ရန် အတွက် အမေရိကန် ဒေါ်လာ ၁ ဒသမ ၅ ဘီလျံ သုံးစွဲ ခဲ့ရသည်။ တံတား၌ ထောက်တိုင်ပေါင်း ၅၀၀၀ ကျော်ကို အသုံးပြု ထားသည်။

